HomeEntertainmentFilmHarry Styles ရဲ့ ပထမဆုံး Nude Scene တွေကို မြင်တွေ့ရမယ့် Don't Worry Darling နဲ့...

Harry Styles ရဲ့ ပထမဆုံး Nude Scene တွေကို မြင်တွေ့ရမယ့် Don’t Worry Darling နဲ့ My Policeman

One Direction အဖွဲ့ဝင်ဟောင်း ဖြစ်တဲ့ Harry Styles ဟာ ယခုအချိန်မှာတော့ သရုပ်ဆောင်လောကထဲကိုပါ ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ သူဟာ Don’t Worry Darling နဲ့ My Police Man ရုပ်ရှင်တို့မှာ ပါဝင်ထားပြီး အဲဒီရုပ်ရှင်နှစ်ကားထဲမှာတော့ သူ့ရဲ့ပထမဦးဆုံး Nude Scene တွေ ပါဝင်နေမယ်လို့ သိရပါတယ်။ မကြာသေးခင်ကပဲ Harry ဟာ အင်တာဗျူးတစ်ခုမှာ အဲဒီဇာတ်ဝင်ခန်းတွေကို ရိုက်ကူးရတဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

photo via screenrant

Harry ဟာ ဒါရိုက်တာ Christopher Nolan ရိုက်ကူးထားတဲ့ Dunkirk ရုပ်ရှင်ထဲမှာ ဇာတ်ပို့နေရာက စတင်ပါဝင်ခဲ့ပြီး ပြီးခဲ့တဲ့ နှစ်တုန်းက ထွက်ရှိခဲ့တဲ့ Eternals ရုပ်ရှင်ရဲ့ Credit Scene ထဲမှာလည်း Thanos ရဲ့ညီဖြစ်သူ Eros နေရာက ပါဝင်ထားပါတယ်။ ဒါ့အပြင် ယခုနှစ်အတွင်းမှာပဲ ထွက်ရှိလာမယ့် Don’t Worry Darling နဲ့ My Policeman ရုပ်ရှင်တွေမှာလည်း ပါဝင်ထားသေးပါတယ်။

Harry ကတော့ ဒီရုပ်ရှင်နှစ်ကားထဲမှာ ပါဝင်နေတဲ့ အိပ်ရာခန်းတွေကို ရိုက်ကူးရတဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပြီး The Howard Stern Show မှာ အခုလိုပြောပြခဲ့ပါတယ်။

“ထိခိုက်လွယ်တယ်လို့ ခံစားရတာတော့ အမှန်ပဲဗျ။ ကင်မရာရှေ့မှာ ဘယ်သူ့ကိုမှလည်း မနမ်းခဲ့ဖူးဘူးလေ။ ဒီလိုကိစ္စတွေမှာ အရေးကြီးဆုံးကတော့ ယုံကြည်မှုပဲပေါ့။ ဒီထဲမှာ ပါဝင်နေတဲ့ လူတွေအားလုံးနဲ့ သေချာပြောဆိုထားရတာပေါ့။ သရုပ်ဆောင်နေတဲ့ လူနှစ်ယောက်မှာ တစ်ယောက်ယောက်က အဆင်မပြေသလို ခံစားလာရရင်တော့ ရပ်လိုက်မယ်ဆိုတဲ့ စကားမျိူးတွေပေါ့။ သရုပ်ဆောင်ရတာက တခါတလေမှာ တော်တော်လေးကို အဆင်မပြေတဲ့ အချိန်တွေ ရှိပါတယ် …”

photo via screenrant

ဒီရုပ်ရှင်နှစ်ကားလုံးမှာတော့ Harry ဟာ အိပ်ရာခန်းတွေ ရိုက်ကူးခဲ့ရပြီး Don’t Worry Darling ထဲမှာတော့ ကိုယ်လုံးတီး ဖြစ်မနေဘူးလို့ ဆိုပါတယ်။ သို့ပေမယ့်လည်း My Policeman ရုပ်ရှင်ထဲမှာတော့ ကိုယ်လုံးတီးခန်းတွေ ပါဝင်နေတယ်လို့ သိရပါတယ်။ Don’t Worry Darling ကတော့ လာမယ့် စက်တင်ဘာလ (၂၃)ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပြီး My Policeman ကတော့ ယခုနှစ်နှောင်းပိုင်းမှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular