HomeEntertainmentFilmHarry Styles ကို အိမ်ထောင်ရေးဖောက်ပြန်သူအဖြစ် မြင်တွေ့ရမယ့် My Policeman ရုပ်ရှင်

Harry Styles ကို အိမ်ထောင်ရေးဖောက်ပြန်သူအဖြစ် မြင်တွေ့ရမယ့် My Policeman ရုပ်ရှင်

Harry Styles ပါဝင်သရုပ်ဆောင်ထားတဲ့ My Policeman ရုပ်ရှင်ရဲ့ ထွေလာအသစ်ကတော့ မကြာခင်ကပဲ ထွက်ရှိခဲ့ပါတယ်။ ဒီရုပ်ရှင်ကိုတော့ စာရေးဆရာမ Bethan Roberts ရဲ့ဝတ္ထုကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ Harry Styles ကတော့ ယခုဆိုရင် ဂီတလောကထဲမှာတင် မဟုတ်တော့ဘဲ သရုပ်ဆောင်လောကထဲကိုပါ တဖြည်းဖြည်း ဝင်ရောက်လာသူ ဖြစ်ပါတယ်။ သူဟာ Dunkirk ရုပ်ရှင်မှာ စတင်ပါဝင်ခဲ့ပြီး Eternals ရုပ်ရှင်ထဲမှာလည်း Cameo ပါဝင်ခဲ့သလို Don’t Worry Darling ထဲမှာလည်း ပါဝင်ထားပါတယ်။

photo via screenrant

ဇာတ်လမ်းကတော့ ၁၉၅၀ ခုနှစ်ကျော် Brighton မြို့မှာ ဇာတ်အိမ်တည်ထားပြီး Harry Styles ကတော့ Tom ဆိုတဲ့ ရဲသားတစ်ယောက်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ Tom ဟာ ကျောင်းဆရာမတစ်ယောက် ဖြစ်တဲ့ Marion (Emma Corrin) နဲ့ လက်ထပ်ထားပေမယ့်လည်း Patrick (David Dawson)ဆိုတဲ့ လူတစ်ယောက်နဲ့ တိတ်တဆိတ် ချစ်ကြိုက်နေပါတယ်။ ဒါကြောင့်ပဲ သူတို့ရဲ့အိမ်ထောင်ရေးဟာ ဘယ်လို ဆက်ဖြစ်သွားမလည်းဆိုတာ မြင်တွေ့ရမယ့် LGBT Romance ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။

အသစ်ထွက်ရှိလာတဲ့ ထွေလာထဲမှာတော့ Harry Styles ရဲ့ ဇာတ်ကောင် Tom ဟာ ဘဝနှစ်ခုနဲ့ နေထိုင်နေတာကို တွေ့ရပါတယ်။ ဒီထွေလာရဲ့ အစမှာတော့ Tom နဲ့ Marion တို့ရဲ့ မင်္ဂလာပွဲကို ပြသသွားပြီး ကြင်စဦးဇနီးမောင်နှံ နှစ်ယောက်လုံးဟာလည်း ပျော်ရွှင်နေကြပါတယ်။ သို့ပေမယ့်လည်း နောက်ပိုင်းမှာတော့ Tom ဟာ Patrick နဲ့ ချစ်ကြိုက်သွားတာကြောင့် ခိုးတွေ့နေတာကို Marion က မြင်သွားတဲ့ အခါမှာတော့…။

ဒီရုပ်ရှင် ဇာတ်အိမ်တည်ထားတဲ့ ၁၉၅၀ ကျော် အချိန်လောက်မှာတော့ လူအများစုဟာ LGBT တွေကို လက်မခံကြသေးပါဘူး။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ထဲမှာတော့ သမိုင်းတလျှောက်မှာ LGBT တွေ ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေကို မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ လာမယ့်အောက်တိုဘာလ (၂၁)ရက်မှာ ရုံတင်ပြသသွားမှာ ဖြစ်ပြီး Amazon Prime Video မှာတော့ နိုဝင်ဘာလ (၄)ရက်နေ့မှာ streaming ပြသသွားမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular