HomeEntertainmentFilmHarry Styles ကို အိမ်ထောင်ရေးဖောက်ပြန်သူအဖြစ် မြင်တွေ့ရမယ့် My Policeman ရုပ်ရှင်

Harry Styles ကို အိမ်ထောင်ရေးဖောက်ပြန်သူအဖြစ် မြင်တွေ့ရမယ့် My Policeman ရုပ်ရှင်

Harry Styles အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ My Policeman ရုပ်ရှင်ရဲ့ ပထမဆုံးထွေလာကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာပါတယ်။ ဒီရုပ်ရှင်ကတော့ စာရေးဆရာ Bethan Roberts ရေးသားထားတဲ့ Policeman ဆိုတဲ့ဝတ္ထုကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပြီး LGBT Romance ဇာတ်လမ်းအမျိူးအစားပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကို မြင်တွေ့ရမှာ ဖြစ်ပြီး Harry Styles ၊ Emma Corrin နဲ့ David Dawson တို့ အဓိကပါဝင်ထားပါတယ်။

၁၉၅၀ ခုနှစ်ကျော် အင်္ဂလန်နိုင်ငံရဲ့ ကမ်းခြေမြို့လေးတစ်မြို့မှာ ဇာတ်အိမ်တည်ထားပြီး Harry Styles သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင် ရဲဝန်ထမ်း Tom ကတော့ Emma Corrin သရုပ်ဆောင်ထားတဲ့ Marrison ဆိုတဲ့ အမျိူးသမီးတစ်ယောက်နဲ့ လက်ထပ်ထားပါတယ်။ ဒါပေမယ့်လည်း Tom ကတော့ Patrick ဆိုတဲ့ လူတစ်ယောက်နဲ့ ဖောက်ပြန်နေပြီး ဒီကိစ္စကြောင့်ပဲ Tom ရဲ့ အိမ်ထောင်ရေးအပြင် နာမည်ပျက်ဖို့ပါ ဦးတည်လာပါတော့တယ်။

မကြာသေးခင်ကပဲ Prime Video ဟာ ဒီရုပ်ရှင်ရဲ့ ပထမဆုံးထွေလာကို ထုတ်ပေးလိုက်ပါတယ်။ ဒီထွေလာထဲမှာတော့ Tom နဲ့ Marrison တို့ရဲ့ ပျော်ရွှင်နေတဲ့ အိမ်ထောင်ရေးကို မြင်တွေ့ခဲ့ရပြီး သူတို့နှစ်ယောက်ကြားမှာ Patrick ဝင်ရောက်လာတဲ့ အချိန်မှာတော့ ကိစ္စတွေဟာ ရှုပ်ထွေးလာပါတော့တယ်။ ဒါ့အပြင် သူတို့သုံးယောက်ဟာလည်း သူငယ်ချင်းတွေ ဖြစ်နေသေးတာကို တွေ့လိုက်ရတဲ့အခါမှာတော့ … ။

Harry Styles ကတော့ အဆိုတော်ကနေ သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာတာဖြစ်ပြီး သူ့ရဲ့ပထမဆုံး ပါဝင်ခဲ့တဲ့ Dunkirk ရုပ်ရှင်မှာတော့ ဇာတ်ပို့အနေလောက်သာ ပါဝင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ယခုဆိုရင်တော့ Harry ဟာ Florence Pugh နဲ့အတူ သရုပ်ဆောင်ထားတဲ့ Don’t Worry Darling နဲ့ My Policeman ရုပ်ရှင်တွေထဲမှာတော့ အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်လာပြီ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ လာမယ့် အောက်တိုဘာ (၂၁)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပြီး နိုဝင်ဘာလ (၄)ရက်နေ့မှာ Prime Video က စတင်ပြသသွားမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular