HomeEntertainmentFilmHawkeye ဇာတ်လမ်းတွဲထဲမှာ Clint ရဲ့ အကြားအာရုံ ဆုံးရှုံးသွားရတဲ့ အကြောင်းအရင်း

Hawkeye ဇာတ်လမ်းတွဲထဲမှာ Clint ရဲ့ အကြားအာရုံ ဆုံးရှုံးသွားရတဲ့ အကြောင်းအရင်း

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

သိပ်မကြာခင်တုန်းကတော့ Hawkeye ဇာတ်လမ်းတွဲရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီပုံတွေထဲမှာတော့ Clint ဟာ နားကြားကိရိယာ တပ်ထားတာကို တွေ့ရခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ကောမစ်ထဲကလိုမျိူး Clint ဟာ အကြားအာရုံ ဆုံးရှုံးသွားတာကို တွေ့ရမှာပဲ ဖြစ်ပြီးတော့ Clint ဟာ ဘာကြောင့် အဲ့လိုမျိူး အကြားအာရုံ ဆုံးရှုံးသွားတာလည်း ဆိုတာကို သိချင်နေကြမယ် ထင်ပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Clint ရဲ့ အကြားအာရုံ ဆုံးရှုံးသွားရတဲ့ အကြောင်းအရင်းကို ဖော်ပြပေးချင်ပါတယ်။

photo via screenrant

အဲ့လိုမျိူး Clint ရဲ့ အကြားအာရုံ ဆုံးရှုံးသွားတာကတော့ ၁၉၈၃ ခုနှစ်မှာ ထွက်ခဲ့တဲ့ မီနီစီးရီးထဲမှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီထဲမှာတော့ Clint ဟာ SHIELD ရဲ့ Mockingbird အဖွဲ့နဲ့ ပူးပေါင်းပြီးတော့ Crossfire ဆိုတဲ့ ဗီလိန်နဲ့ ရင်ဆိုင်ခဲ့ကြပါတယ်။ Crossfire ကတော့ စူပါဟီးရိုးတွေကို အနိုင်ယူဖို့အတွက် အသံလှိုင်းတွေ ထုတ်လွှင့်တဲ့ လက်နက်ကို တီထွင်ထားခဲ့ပါတယ်။ တိုက်ခိုက်ကြရင်းနဲ့ အဲ့ဒီလက်နက်ကြောင့်ပဲ Clint ဟာ ခဏတာ အကြားအာရုံ ဆုံးရှုံးသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Clint ဟာ အဲ့ဒီဒဏ်ရာက သက်သာလာပြီး အကောင်းတိုင်း ပြန်ဖြစ်သွားခဲ့ပါတယ်။

အဲ့ဒါတင်မကသေးဘဲ Clint ဟာ Clown ဆိုတဲ့ ဗီလိန်နဲ့ တိုက်ခိုက်ခဲ့ရပြီး အကြားအာရုံ ထပ်မံဆုံးရှုံးခဲ့ရပါတယ်။ အကြောင်းကတော့  Clown ဟာ Clint ရဲ့ မြားနှစ်ချောင်းနဲ့ Clint ရဲ့ နားနှစ်ဘက်ထဲကို ထိုးခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ ကောမစ်ထဲမှာတော့ Clint ရဲ့ အကြားအာရုံ ဆုံးရှုံးသွားရတဲ့ အကြောင်းဟာ ငယ်ဘဝတုန်းက အလွန်နှိပ်စက်ခံခဲ့ရလို့ပဲ ဖြစ်ပါတယ်လို့ ဖော်ပြခဲ့ပါတယ်။ Marvel ဟာ နှစ်တွေကြာလာတဲ့အမျှ ဇာတ်လမ်းတွေကို ပြောင်းလဲဖန်တီးခဲ့ပေမယ့်လည်း Clint ကတော့ အကြောင်းအမျိူးမျိူးနဲ့ အကြားအာရုံ ဆုံးရှုံးခဲ့ရပါတယ်။

photo via screenrant

အခုလိုမျိူး MCU ထဲမှာ Clint အကြားအာရုံ ဆုံးရှုံးတာကို ထည့်သွင်းတာကလည်း Clint ရဲ့ ဇာတ်ကောင်စရိုက် ပြောင်းလဲပုံတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Clint ဟာ စူပါဟီးရိုးဖြစ်နေပေမယ့်လည်း သာမန်လူသားတစ်ယောက်ပဲ ဖြစ်တာကြောင့် ဒီဇာတ်လမ်းတွဲထဲမှာတော့ ပိုပြီးတော့ သဘာဝဆန်တဲ့ လူသားတစ်ယောက်ရဲ့ အခက်အခဲတွေကိုလည်း မြင်တွေ့ရမှာပါ။ ကောမစ်ထဲမှာတော့ Clint ရဲ့ အကြားအာရုံဆုံးရှုံးရတဲ့ အကြောင်းအရင်းတွေဟာ အများကြီးရှိပြီး Hawkeye ဇာတ်လမ်းတွဲထဲမှာတော့ ဘယ်လိုမျိူး ပုံဖော်သွားမလည်း ဆိုတာကိုတော့ မသိရသေးပါဘူး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

သိပ္မၾကာခင္တုန္းကေတာ့ Hawkeye ဇာတ္လမ္းတြဲရဲ႕ ႐ိုက္ကြင္းေပၚက ပုံရိပ္ေတြ ထြက္ေပၚလာခဲ့ပါတယ္။ အဲ့ဒီပုံေတြထဲမွာေတာ့ Clint ဟာ နားၾကားကိရိယာ တပ္ထားတာကို ေတြ႕ရခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ေကာမစ္ထဲကလိုမ်ိဴး Clint ဟာ အၾကားအာ႐ုံ ဆုံးရႈံးသြားတာကို ေတြ႕ရမွာပဲ ျဖစ္ၿပီးေတာ့ Clint ဟာ ဘာေၾကာင့္ အဲ့လိုမ်ိဴး အၾကားအာ႐ုံ ဆုံးရႈံးသြားတာလည္း ဆိုတာကို သိခ်င္ေနၾကမယ္ ထင္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ Clint ရဲ႕ အၾကားအာ႐ုံ ဆုံးရႈံးသြားရတဲ့ အေၾကာင္းအရင္းကို ေဖာ္ျပေပးခ်င္ပါတယ္။

photo via screenrant

အဲ့လိုမ်ိဴး Clint ရဲ႕ အၾကားအာ႐ုံ ဆုံးရႈံးသြားတာကေတာ့ ၁၉၈၃ ခုႏွစ္မွာ ထြက္ခဲ့တဲ့ မီနီစီးရီးထဲမွာ ျဖစ္ပ်က္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီထဲမွာေတာ့ Clint ဟာ SHIELD ရဲ႕ Mockingbird အဖြဲ႕နဲ႔ ပူးေပါင္းၿပီးေတာ့ Crossfire ဆိုတဲ့ ဗီလိန္နဲ႔ ရင္ဆိုင္ခဲ့ၾကပါတယ္။ Crossfire ကေတာ့ စူပါဟီး႐ိုးေတြကို အႏိုင္ယူဖို႔အတြက္ အသံလႈိင္းေတြ ထုတ္လႊင့္တဲ့ လက္နက္ကို တီထြင္ထားခဲ့ပါတယ္။ တိုက္ခိုက္ၾကရင္းနဲ႔ အဲ့ဒီလက္နက္ေၾကာင့္ပဲ Clint ဟာ ခဏတာ အၾကားအာ႐ုံ ဆုံးရႈံးသြားခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ Clint ဟာ အဲ့ဒီဒဏ္ရာက သက္သာလာၿပီး အေကာင္းတိုင္း ျပန္ျဖစ္သြားခဲ့ပါတယ္။

အဲ့ဒါတင္မကေသးဘဲ Clint ဟာ Clown ဆိုတဲ့ ဗီလိန္နဲ႔ တိုက္ခိုက္ခဲ့ရၿပီး အၾကားအာ႐ုံ ထပ္မံဆုံးရႈံးခဲ့ရပါတယ္။ အေၾကာင္းကေတာ့  Clown ဟာ Clint ရဲ႕ ျမားႏွစ္ေခ်ာင္းနဲ႔ Clint ရဲ႕ နားႏွစ္ဘက္ထဲကို ထိုးခဲ့တာေၾကာင့္ပဲ ျဖစ္ပါတယ္။ ၂၀၁၄ ခုႏွစ္မွာ ထြက္ခဲ့တဲ့ ေကာမစ္ထဲမွာေတာ့ Clint ရဲ႕ အၾကားအာ႐ုံ ဆုံးရႈံးသြားရတဲ့ အေၾကာင္းဟာ ငယ္ဘဝတုန္းက အလြန္ႏွိပ္စက္ခံခဲ့ရလို႔ပဲ ျဖစ္ပါတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ Marvel ဟာ ႏွစ္ေတြၾကာလာတဲ့အမွ် ဇာတ္လမ္းေတြကို ေျပာင္းလဲဖန္တီးခဲ့ေပမယ့္လည္း Clint ကေတာ့ အေၾကာင္းအမ်ိဴးမ်ိဴးနဲ႔ အၾကားအာ႐ုံ ဆုံးရႈံးခဲ့ရပါတယ္။

photo via screenrant

အခုလိုမ်ိဴး MCU ထဲမွာ Clint အၾကားအာ႐ုံ ဆုံးရႈံးတာကို ထည့္သြင္းတာကလည္း Clint ရဲ႕ ဇာတ္ေကာင္စ႐ိုက္ ေျပာင္းလဲပုံေတြကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Clint ဟာ စူပါဟီး႐ိုးျဖစ္ေနေပမယ့္လည္း သာမန္လူသားတစ္ေယာက္ပဲ ျဖစ္တာေၾကာင့္ ဒီဇာတ္လမ္းတြဲထဲမွာေတာ့ ပိုၿပီးေတာ့ သဘာဝဆန္တဲ့ လူသားတစ္ေယာက္ရဲ႕ အခက္အခဲေတြကိုလည္း ျမင္ေတြ႕ရမွာပါ။ ေကာမစ္ထဲမွာေတာ့ Clint ရဲ႕ အၾကားအာ႐ုံဆုံးရႈံးရတဲ့ အေၾကာင္းအရင္းေတြဟာ အမ်ားႀကီးရွိၿပီး Hawkeye ဇာတ္လမ္းတြဲထဲမွာေတာ့ ဘယ္လိုမ်ိဴး ပုံေဖာ္သြားမလည္း ဆိုတာကိုေတာ့ မသိရေသးပါဘူး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular