HomeEntertainmentFilmဒါရိုက်တာကိုတောင် ကြောင်တောင်တောင် ဖြစ်သွားစေတဲ့ Hawkeye Credit Scene

ဒါရိုက်တာကိုတောင် ကြောင်တောင်တောင် ဖြစ်သွားစေတဲ့ Hawkeye Credit Scene

Hawkeye ဇာတ်လမ်းတွဲရဲ့ Credit Scene ကတော့ ပရိသတ်တွေကိုတင် မဟုတ်ဘဲ ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာကိုယ်တိုင်ကိုပါ ကြောင်တောင်တောင် ဖြစ်သွားစေခဲ့တယ်လို့ သိရပါတယ်။

MCU စတင်ဖြစ်ပေါ်လာတဲ့ အချိန်ကတည်းက အခုချိန်ထိ Credit Scene တွေဟာ ဇာတ်လမ်းတစ်ခုရဲ့ အရေးပါဆုံးနေရာမှာ ပါဝင်လေ့ရှိပြီး နောက်ထပ် ဘာတွေဆက်ဖြစ်လာမလည်းဆိုတာကို Setup လုပ်ထားလေ့ ရှိပါတယ်။ ဒီအချက်ကြောင့်လည်း ပရိသတ်တွေဟာ ရုပ်ရှင်ပြီးဆုံးသွားရင်တောင် ထမပြန်ကြသေးဘဲ Credit Scene ကို စောင့်နေလေ့ ရှိပါတယ်။

photo via screenrant

Hawkeye ရဲ့ ဇာတ်သိမ်းမှာတော့ Clint ဟာ Kate Bishop ကို သူ့ရဲ့လယ်တောအိမ်လေးဆီကို ခေါ်သွားတာ မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် Kingpin ၊ Echo နဲ့ Yelena Belova တို့ရဲ့ အနာဂတ်ဟာ ဘယ်လိုဖြစ်လာမလည်းဆိုတာကို မပြသသွားပါဘူး။ ဒါကြောင့်လည်း ပရိသတ်တွေဟာ ဘယ်လို Credit Scene မျိူးကို မြင်တွေ့ရမလည်းဆိုပြီး စိတ်လှုပ်ရှားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Credit Scene ကတော့ ပရိသတ်တွေ မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။

အဆိုပါ Credit Scene မှာတော့ ဇာတ်ကောင်တချို့ရဲ့ အနာဂတ်တွေကို အရိပ်အမြွက် ပြသသွားလို့ ရပေမယ့်လည်း Marvel ကတော့ မပြသခဲ့ပါဘူး။ အဲ့ဒီ Credit Scene ထဲမှာတော့ Rogers: The Musical ကို အစအဆုံး ပြသသွားပါတယ်။

ဒီအချက်ကြောင့်ပဲ Hawkeye ဇာတ်လမ်းတွဲရဲ့ အပိုင်းအများစုကို ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ Rhys Thomas  ကိုယ်တိုင်တောင် ကြောင်တောင်တောင် ဖြစ်သွားတယ်လို့ ပြောပြခဲ့ပါတယ်။ Collider သတင်းဌာနနဲ့ အင်တာဗျူးထဲမှာတော့ ဒါရိုက်တာ Rhys Thomas က ဒီ Credit Scene ဟာ ပရိသတ်တွေအတွက် စိတ်ပျက်စရာ ဖြစ်သွားနိုင်ပါတယ်လို့ ပြောပြခဲ့ပါတယ်။

photo via screenrant

ဒါ့အပြင် ဒါရိုက်တာ ကိုယ်တိုင်တောင်မှ Credit Scene ကို Rogers: The Musical ကို ထည့်သွင်းသွားမယ်မှန်း မသိခဲ့ပါဘူး။ ပရိသတ်တွေကလည်း Rogers: The Musical ကို အပြည့်အစုံ မြင်တွေ့ရတာ သဘောကျပေမယ့်လည်း အခုလိုမျိူး Credit Scene နေရာမှာ ထည့်သွင်းလိုက်တာကတော့ အနည်းငယ် စိတ်ပျက်စရာ ဖြစ်နေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခရစ်စမတ်ဇာတ်လမ်း ဖြစ်ပြီး အပျော်လေးတွေနဲ့ ဇာတ်သိမ်းချင်တာကြောင့် Marvel ဘက်ကတော့ အခုလိုမျိူး ပြုလုပ်လိုက်တာ ဖြစ်နိုင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular