HomeEntertainmentFilmHawkeye ဇာတ်လမ်းတွဲ အပိုင်း (၁)နဲ့(၂)ထဲက စိတ်ဝင်စားစရာအချက်များ(Breakdown)

Hawkeye ဇာတ်လမ်းတွဲ အပိုင်း (၁)နဲ့(၂)ထဲက စိတ်ဝင်စားစရာအချက်များ(Breakdown)

***Spoiler Alert***

Hawkeye ဇာတ်လမ်းတွဲဟာ မနေ့က နိုဝင်ဘာလ(၂၄)ရက်နေ့မှာပဲ ထွက်ရှိလာပြီး ပထမဆုံးနှစ်ပိုင်းကို တစ်ရက်တည်းမှာတင် ပြသသွားပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ စုစုပေါင်း အပိုင်း(၆)ပိုင်း ထွက်ရှိလာမှာ ဖြစ်ပြီး Kate Bishop အပါအဝင် တခြားဇာတ်ကောင်အသစ်တွေလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ အသစ်ထွက်ရှိထားတဲ့ အပိုင်းနှစ်ပိုင်းထဲမှာ ပါဝင်တဲ့ စိတ်ဝင်စားစရာအချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Hawkeye ရဲ့ Opening Intro
photo via screenrant

Hawkeye ဇာတ်လမ်းတွဲဟာ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Matt Fraction နဲ့ David Aja တို့ ဖန်တီးခဲ့တဲ့ ကောမစ်ကို အခြေခံပြီး ပြန်လည်ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ Matt Fraction ကတော့ ဒီဇာတ်လမ်းတွဲအတွက် အကြံပေးနေရာက ပါဝင်ထားပြီး ဒီဇာတ်လမ်းတွဲရဲ့ Opening Intro မှာတော့ David Aja ရဲ့ ထူးခြားတဲ့ Art Style နဲ့ အရောင်သုံးစွဲမှုတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြန်လည်အသုံးပြုထားပါတယ်။

(2) Stane Tower
photo via screenrant

Kate Bishop ဟာ အလောင်းအစားတစ်ခု ပြုလုပ်ပြီး နာရီစင်ကြီးကို မဖျက်ဆီးမိခင်မှာပဲ Stane Tower ပေါ်ကို တက်သွားပါတယ်။ ဒီအချက်ကတော့ MCU ရဲ့ ပထမဆုံးဗီလိန် ဖြစ်တဲ့ Obadiah Stane ကို Reference လုပ်ထားတဲ့ Easter Egg တစ်ခုပဲ ဖြစ်ပါတယ်။ Obadiah Stane ကတော့ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Iron Man ရုပ်ရှင်ထဲမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ လူချမ်းသာတစ်ယောက် ဖြစ်တာကြောင့် အဲ့ဒီတာဝါကို တည်ဆောက်ခဲ့တယ်ဆိုတာ မဖြစ်နိုင်တဲ့အချက်တော့ မဟုတ်ပါဘူး။

(3) Kate Bishop ရဲ့ ဝတ်စုံ
photo via screenrant

ဒီဇာတ်လမ်းတွဲရဲ့ အစမှာပဲ Kate Bishop ရဲ့ ဝတ်စုံကို မြင်တွေ့ခဲ့ရပြီး ဒီဝတ်စုံဟာ ကောမစ်ထဲမှာ David Aja ရေးဆွဲခဲ့တဲ့ ဒီဇိုင်းအတိုင်းပဲ ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ကောမစ်ထဲက အချက်အလက်တွေနဲ့ အနီးစပ်ဆုံး ဆင်တူအောင်ထားတဲ့ ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။

(4) Rogers: Musical စာသားထဲက Reference
photo via screenrant

Rogers: Musical ဇာတ်ဝင်ခန်းကိုတော့ ထွေလာမှာတည်းက မြင်တွေ့ခဲ့ရပြီး ပရိသတ်အများစု စိတ်ဝင်စားနေတဲ့ ဇာတ်ဝင်ခန်းဆိုလည်း မမှားပါဘူး။ ဒီ musical ပြဇာတ်ထဲက သီချင်းစာသားတွေထဲမှာတော့ Steve Rogers ရဲ့ “I can do this all day” တို့လို အထင်ကရ စကားတွေလည်း ပါဝင်သလို Iron Man ရဲ့ နျူကလီးယားဒုံးကျည်ကို အာကာသထဲ ပစ်လွှတ်လိုက်တဲ့ အချက်တွေလည်း ပါဝင်နေပါတယ်။

စိတ်ဝင်စားဖို့ အကောင်းဆုံးကတော့ “We’ll blame you then, but you are good for now” ဆိုတဲ့ စာသားပဲ ဖြစ်ပါတယ်။ အဲ့ဒီစာသားကတော့ Avengers တွေရဲ့ လုပ်ရပ်ကြောင့် အစပိုင်းမှာ ကျေးဇူးတင်ခံရပေမယ့်လည်း နောက်ပိုင်းမှာတော့ ဆိုကိုဗီးယားစာချုပ်ကြောင့် ပြဿနာတွေ တက်ခဲ့ရပုံကို ဆိုလိုတာ ဖြစ်ပါတယ်။

(5) Clint ရဲ့ အကြားအာရုံ ချို့ယွင်းမှု
photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာတော့ Clint ရဲ့ အကြားအာရုံ ချို့ယွင်းမှုကို စတင်ပြသခဲ့ပြီး နားကြားကိရိယာ တပ်ဆင်ထားရတာကို မြင်တွေ့ခဲ့ရပါတယ်။ Clint ဟာ အခုလို အကြားအာရုံ ချို့ယွင်းမှု ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းကတော့ Avengers အဖွဲ့ဝင်တစ်ယောက်အနေနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်နေရင်း ကျယ်လောင်လွန်းတဲ့ အသံတွေကို ကြားရဖန်များတာကြောင့်လို့ ပြသသွားပါတယ်။

(6) Rogers: Musical ထဲမှာ ပါဝင်နေတဲ့ Ant-Man
photo via screenrant

Clint ပြောသွားသလိုပဲ ၂၀၁၂ ခုနှစ် New York Battle မှာတော့ Ant-Man ဟာ ဘယ်တုန်းကမှ မပါဝင်ခဲ့သလို စူပါဟီးရိုးလည်း ဖြစ်မလာသေးပါဘူး။ ဒါပေမယ့်လည်း Rogers: Musical ထဲမှာတော့ Ant-Man ကိုပါ ထည့်သွင်းထားတာ တွေ့ရပါတယ်။ အကြောင်းကတော့ Ant-Man ဟာ သူ့ကိုယ်သူ ချုံ့ပြီး New York Battle ထဲမှာ Chitauri တွေကို တိုက်ခိုက်ခဲ့တယ်လို့ လူတွေက ယူဆနေကြလို့ပဲ ဖြစ်ပါတယ်။ Ant-Man ကသာ သူ့ကိုယ်သူ ချုံ့ထားရင် လူတွေရဲ့ သာမန်မျက်စိနဲ့ မြင်ရဖို့ ခက်ခဲတာကြောင့် ဒီ Battle ထဲမှာ ပါဝင်တယ်လို့ ယူဆပြီး ထည့်သွင်းခဲ့တာ ဖြစ်နိုင်ပါတယ်။

(7) Natasha ရဲ့ ဆံပင်ပုံစံနဲ့ ကလေးမလေး
photo via screenrant

Rogers: Musical နဲ့ ပတ်သက်ပြီး Clint အတွက် စိတ်ဒဏ်ရာအရဆုံး အချက်ကတော့ သီချင်းသံစဉ်ကြောင့် မဟုတ်သလို စာသားတွေကြောင့်လည်း မဟုတ်ပါဘူး။ အဓိကအချက်ကတော့ Natasha နေရာမှာ တခြားတစ်ယောက်ယောက်က သရုပ်ဆောင်နေတာကြောင့်ပဲ ဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ ဒီဇာတ်လမ်းတွဲထဲမှာဆိုရင် Clint ဟာ Natasha ကို သတိရသွားစေမယ့် အချက်တွေများစွာကို တွေ့မြင်ခဲ့ရပါတယ်။ အဲ့ဒီအချက်တွေထဲမှာတော့ Rogers: Musical ကို ကြည့်နေတဲ့အချိန်မှာ Natasha ရဲ့ ဆံပင်ပုံစံနဲ့ ကောင်မလေးတစ်ယောက်က လက်ပြနှုတ်ဆက်နေတာလည်း ပါဝင်ပါတယ်။

(8) Jack Duquesne
photo via screenrant

Kate Bishop ဟာ မိခင်ဖြစ်သူရဲ့ နေအိမ်ကို ရောက်လာတဲ့အချိန်မှာ အိမ်ထဲမှာ ဓားတွေထားထားတာကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့အမေနဲ့ တွဲနေတဲ့ Jack Duquesne ဟာ သူတို့အိမ်မှာပဲ နေနေတယ်ဆိုတာကိုပါ သိလိုက်ရပါတယ်။

ဒီအချက်ကတော့ Foreshadow ပြသထားတာ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Jaques Duquesne ဆိုတဲ့ ဇာတ်ကောင်ရှိပြီး သူဟာ Swordsman လို့ခေါ်တဲ့ ဗီလိန်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ အဲ့ဒီအချက်ကို ဘယ်လိုပြသသွားမလည်းဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

(9) Armand Duquesne
photo via screenrant

Armand Duquesne ကလည်း ကောမစ်ထဲက ဇာတ်ကောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ သူဟာ Jack Duquesne ရဲ့ ဦးလေးအဖြစ် ဖော်ပြထားပေမယ့်လည်း ကောမစ်ထဲမှာတော့ Armand ဟာ Swordsman ရဲ့ အဖေပဲ ဖြစ်ပါတယ်။

(10) Lucky the Pizza Dog
photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာတော့ မျက်လုံးတစ်ဖက် ကန်းနေတဲ့ ခွေးလေးတစ်ကောင် ပါဝင်နေပြီး Kate Bishop ဟာ ဒီခွေးလေးကို ကားတိုက်ခံရမယ့် အန္တရာယ်ကနေ ကယ်တင်လာပြီး သူမအိမ်ကို ခေါ်လာခဲ့ပါတယ်။ ကောမစ်ထဲမှာတော့ ဒီခွေးလေးကို Clint က ရှာတွေ့ခဲ့တာ ဖြစ်ပြီး Lucky လို့ နာမည်ပေးခဲ့ပါတယ်။

(11) လေလံဆွဲပွဲ
photo via screenrant

ဒီဇာတ်လမ်းတွဲရဲ့ အပိုင်း(၁)ထဲမှာတော့ လေလံပွဲတစ်ခု ပါဝင်ခဲ့ပြီး အဲ့ဒီအဖြစ်အပျက်ကတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Hawkeye ကောမစ်ထဲမှာ ပါဝင်တဲ့ အဖြစ်အပျက်ကို အနည်းငယ် ပြုပြင်ပြီး ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ လေလံတင်တဲ့ ပစ္စည်းဟာ Clint ရဲ့ ပြစ်မှုကျူးလွန်ထားတယ်လို့ ယူဆရတဲ့ ဗွီဒီယိုပဲ ဖြစ်ပြီး ဒီဇာတ်လမ်းတွဲထဲမှာတော့ Ronin ရဲ့ ဝတ်စုံနဲ့ ဓားကို လေလံတင်ထားတာ ဖြစ်နေပါတယ်။

(12) အရေးတကြီး ရှာဖွေခံနေရတဲ့ နာရီ
photo via screenrant

အပေါ်မှာဖော်ပြထားတဲ့ လေလံပွဲကိုတော့ Tracksuit Mafia တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နာရီတစ်ခုကို ရှာဖွေခဲ့ပါတယ်။ Tracksuit Mafia ဟာ ဒီနာရီကို ဘာကြောင့် ရှာနေရတာလည်းဆိုတာတော့ မပြသွားပါဘူး။ အနည်းဆုံးတော့ ဒီနာရီဟာ အလွန်ဈေးကြီးတာကြောင့် ဖြစ်နိုင်ပါတယ်။

အဲ့ဒီနာရီပုံစံကို ကြည့်ခြင်းအားဖြင့် Tony Stark ရဲ့ နာရီ ဖြစ်နိုင်ပြီး သေဆုံးသွားတဲ့ စူပါဟီးရိုးရဲ့ ပိုင်ဆိုင်မှုဆိုရင်တော့ ပိုပြီးတော့ တန်ဖိုးကြီးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Avengers Compound ဆိုတဲ့ စာနဲ့ 268 ဆိုတဲ့နံပါတ် ပါဝင်နေတာ တွေ့ရပါတယ်။ တိုက်ဆိုင်မှုလည်း ဖြစ်နေနိုင်ပေမယ့် Avengers #268 ကောမစ်ထဲက အဓိကဗီလိန်ကတော့ Kang the Conqueror ပဲ ဖြစ်ပါတယ်။

(13) Tracksuit Mafia တွေရဲ့ Bro ဆိုတဲ့စကားဟာ ကောမစ်ထဲက အစဉ်အလာတစ်ခု ဖြစ်ပါတယ်။
photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာ မြင်တွေ့ခဲ့ရသလိုဆိုရင် Tracksuit Mafia တွေဟာ Bro ဆိုတဲ့ စကားကို မုန်းလောက်အောင်ကို ပြောကြတာ သတိထားမိကြမယ် ထင်ပါတယ်။ ဒီအချက်ကတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Hawkeye ကောမစ်ထဲက သူတို့အဖွဲ့တွေရဲ့ အစဉ်အလာတစ်ခုပဲ ဖြစ်ပါတယ်။

(14) Marvel ရဲ့ Joker
photo via screenrant

အပိုင်း(၁) ပြီးခါနီးမှာတော့ Tracksuit Mafia ထဲကတစ်ယောက်ဟာ မျက်နှာဖုံးချွတ်ပြီး Kate Bishop ကို သေချာကြည့်သွားပါတယ်။ အဲ့ဒီအချိန်မှာတော့ တခြား Mafia တွေက သူ့ကို Kazi လို့ လှမ်းခေါ်တာ တွေ့ရပါတယ်။ Hawkeye ကောမစ်ထဲမှာတော့ Kazimierz Kazimierczak ဆိုတဲ့ ဇာတ်ကောင် ပါဝင်ပြီး သူဟာ Marvel ရဲ့ Joker ဗားရှင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုချိန်ထိတော့ ဒီဇာတ်လမ်းတွဲထဲမှာ သူ့ကို လူပြက်လိုပုံစံမျိူး မတွေ့ရသေးပါဘူး။

(15) Avengers Tower
photo via screenrant

Kate Bishop ဟာ သူ့ရဲ့ အကြိုက်ဆုံးဟီးရိုး Clint နဲ့ တွေ့ဆုံတဲ့ အချိန်မှာတော့ အလွန်ဝမ်းသာသွားပြီး Avengers Tower ကို အလည်လိုက်ပို့ပေးနိုင်မလားလို့ မေးမြန်းခဲ့ပါတယ်။ အဲ့ဒီအခါ Avengers Tower ကို Tony က ရောင်းလိုက်တာ နှစ်နဲ့ချီပြီလို့ Clint က ပြန်လည် ဖြေကြားခဲ့ပါတယ်။

Spider-Man: Far From Home ထဲမှာလည်း Avengers Tower ကြီးကို ပြန်လည် ပြုပြင်မှုတွေ ပြုလုပ်နေတာ မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ Avengers Tower ရဲ့ ပိုင်ရှင်အသစ်ဟာ ဘယ်သူ ဖြစ်လာမလည်းဆိုပြီး ပရိသတ်တွေက ခန့်မှန်းမှုတွေ ပြုလုပ်ကြပါတော့တယ်။ ဖြစ်နိုင်ချေရှိတဲ့ လူတွေကတော့ Fantastic Four ထဲက Reed Richards ၊ Kang the Conqueror နဲ့ Kang ရဲ့ နောက်ထပ် Variant ဖြစ်တဲ့ Qeng တို့ ပါဝင်ပါတယ်။

(16) Marvel ရဲ့ ဝန်ထမ်းများ
photo via screenrant

Kate Bishop ဟာ သူမနောက်ကို Tracksuit Mafia တွေ လိုက်နေတာ သိလိုက်ရတဲ့အချိန်မှာတော့ ခြေရာဖျောက်ဖို့အတွက် သူမအဒေါ်ရဲ့ တိုက်ခန်းကို သွားခဲ့ပါတယ်။ အဲ့ဒီတိုက်အောက်မှာ ကပ်ထားတဲ့ နာမည်တွေကတော့ Marvel မှာ အရင်တုန်းက အလုပ်လုပ်ခဲ့သူတွေနဲ့ လက်ရှိအလုပ်လုပ်နေသူတွေရဲ့ နာမည်ပဲ ဖြစ်ပါတယ်။

(17) Kate ရဲ့ အဒေါ်ဟာလည်း ကောမစ်ထဲက ဇာတ်ကောင်ပဲ ဖြစ်ပါတယ်။
photo via screenrant

Kate အဒေါ်ရဲ့ တိုက်ခန်းအောက်က နာမည်တွေထဲမှာတော့ Moira Brandon ဆိုတဲ့ နာမည်ပါဝင်ပြီး အဲ့ဒီနာမည်ကတော့ Kate အဒေါ်ရဲ့ နာမည်ပဲ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ သူမဟာ သူမရဲ့နေအိမ်ကို ရောင်းချခဲ့ပြီး အဲ့ဒီအိမ်ဟာ နောက်ပိုင်းမှာတော့ West Coast Avengers ရုံးချုပ် ဖြစ်လာပါတယ်။

သူမဟာ ဗီလိန်တစ်ယောက်ကို သူမ တစ်ယောက်တည်းအားနဲ့ အပြတ်ရှင်းနိုင်ခဲ့တာကြောင့် Clint ဟာ သူမကို အသက်မဆုံးရှုံးခင်လေးမှာ ဂုဏ်ယူစရာကောင်းတဲ့ Avengers အဖွဲ့ဝင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ Moira Brandon ဆိုတဲ့ နာမည်ကို ထည့်သွင်းထားတာဟာ Easter Egg အနေနဲ့ပဲလား၊ ဒါမှမဟုတ် ဘယ်လိုဇာတ်ကောင်ပုံစံနဲ့ ပါဝင်လာမလည်းဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

(18) စုံထောက် Caudle
photo via screenrant

အပိုင်း(၂)ထဲမှာတော့ စုံထောက် Caudle ဟာ Kate ကို သူမရဲ့ တိုက်ခန်းမီးလောင်မှုနဲ့ ပတ်သက်ပြီး ဖုန်းခေါ်လာပါတယ်။ စုံထောက် Caudle ကလည်း ၂၀၁၂ Hawkeye ကောမစ်ထဲမှာ ပါဝင်ခဲ့တဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒီကောမစ်ထဲမှာတော့ Kate ဟာ စုံထောက် Caudle အတွက် ရာဇဝတ်သားတစ်ယောက်ကို ဖမ်းပေးခဲ့ပါသေးတယ်။

(19) Kate ရဲ့ Username
photo via screenrant

Kate ဟာ Clint ဒုက္ခရောက်နေမှန်း သိသွားတဲ့အချိန်မှာတော့ သူ့မိခင်ရဲ့ လုံခြုံရေး နည်းပညာကို အသုံးပြုကာ Clint ရှိနေတဲ့ နေရာကို ခြေရာခံခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ သူမရဲ့ Username ဟာ “bishop112012” လို့ တွေ့ခဲ့ရပါတယ်။

သူမရဲ့ နာမည်အနောက်မှာ ပါဝင်နေတဲ့ နံပါတ်တွေကတော့ ကြုံရာကျပန်း နံပါတ်တွေ မဟုတ်ဘဲ Easter Egg တစ်ခုပဲ ဖြစ်ပါတယ်။ “11” ဆိုတာ နိုဝင်ဘာလကို ဆိုလိုဖြစ်ပြီး “2012” ကတော့ ခုနှစ်သက္ကရာဇ်ကို ပြောတာပဲ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှာတော့ Hawkeye #2 ကောမစ်ထွက်ရှိလာပြီး အဲ့ဒီ issue ကျတော့မှ Kate ဟာ ကောမစ်ထဲမှာ စတင်ပါဝင်လာတာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular