HomeEntertainmentFilmHawkeye ဇာတ်လမ်းတွဲ ပထမဆုံးထွေလာထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

Hawkeye ဇာတ်လမ်းတွဲ ပထမဆုံးထွေလာထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Disney+ မှာ ပြသသွားမယ့် Hawkeye ဇာတ်လမ်းတွဲရဲ့ ပထမဆုံးထွေလာကတော့ မကြာခင်ကပဲ ထွက်ရှိလာပါတယ်။ Clint Barton ဟာ Avengers အဖွဲ့ရဲ့ မူလအဖွဲ့ဝင်တွေထဲမှာ ပါဝင်ခဲ့ပေမယ့်လည်း သူဟာ ဘယ်တုန်းကမှ ဆိုလိုရုပ်ရှင် မထွက်ရှိလာခဲ့ပါဘူး။ အသစ်ထွက်ရှိလာမယ့် Hawkeye ဇာတ်လမ်းတွဲဟာလည်း Hawkeye နေရာကို ဆက်ခံသွားမယ့် Kate Bishop အကြောင်းကို အဓိကထား ပြသသွားမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဇာတ်လမ်းတွဲထဲမှာတော့ Clint ကို အရင် MCU တွေထက် ပိုပြီးသေချာမြင်တွေ့ရမှာပါ။

(1) သားသမီးတွေနဲ့ ညစာစားနေတဲ့ Clint
photo via screenrant

ဒီထွေလာရဲ့ အစမှာတော့ Clint ဟာ သူ့ရဲ့ ကလေးသုံးယောက်ဖြစ်တဲ့ Nathaniel ၊ Lila နဲ့ Cooper တို့နဲ့အတူ ညစာစားနေတာ မြင်တွေ့ခဲ့ရပါတယ်။ “အခုလိုမျိူး ခရစ်စမတ်အချိန်အခါမှာ မိသားစုစုံညီ ညစာမစားရတာ နှစ်နဲ့ချီပြီ”လို့ Clint ရဲ့ သမီးက ပြောပါတယ်။ Infinity War ထဲမှာ Thanos လက်ဖျောက်တီးတဲ့အချိန်မှာတော့ Clint ရဲ့ မိသားစုတစ်စုလုံးဟာ ပျောက်ဆုံးသွားကြပါတယ်။ Endgame ထဲမှသာ ပျောက်ဆုံးသွားသူတွေကို ပြန်လည်ခေါ်ယူနိုင်ခဲ့တာကြောင့် Clint ဟာ သူ့ရဲ့မိသားစုနဲ့ ငါးနှစ်တောင် ကွဲကွာခဲ့ရပါတယ်။

ဒါ့အပြင် Thanos ကမ္ဘာပေါ်ကို ရောက်မလာခင်ကတည်းက Clint ဟာ SHIELD အဖွဲ့ဝင်အဖြစ်ရော၊ Avengers အဖွဲ့ဝင်အဖြစ်နဲ့ပါ နေထိုင်နေတာကြောင့် သူ့မိသားစုအတွက် အချိန်မပေးနိုင်ခဲ့ပါဘူး။ ထူးခြားတာတစ်ခုကတော့ ဒီဇာတ်ဝင်ခန်းထဲမှာ ညစာစားနေကြသူတွေဟာ Clint နဲ့ သူ့ရဲ့ကလေးသုံးယောက်ပဲ ဖြစ်ပြီး သူ့ရဲ့ဇနီး မပါဝင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Clint ရဲ့ ဇနီးက သူ့ဆီ ဖုန်းဆက်တာ မြင်ခဲ့ရတာကြောင့် သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ ပုံမှန်အတိုင်းပဲလို့ ယူဆလို့ ရပါတယ်။

(2) Steve Rogers: The Musical
photo via screenrant

Endgame အဖြစ်အပျက်တွေ ပြီးသွားတဲ့နောက်မှာတော့ Steve ဟာ Captain America အဖြစ်က အနားယူသွားပါတယ်။ ဒါကြောင့်ပဲ Steve ကို ဂုဏ်ပြုထားတဲ့ အရာတွေကို The Falcon and the Winter Soldier နဲ့ Spider-Man: No Way Home တို့မှာ မြင်တွေ့ခဲ့ရပါတယ်။

The Falcon and the Winter Soldier ထဲမှာတော့ Cap နဲ့ ပတ်သက်တဲ့ အရာတွေကို ပြသထားတဲ့ ပြတိုက်ကို မြင်တွေ့ခဲ့ရပြီး No Way Home ရဲ့ ရိုက်ကွင်းပေါ်က ဓာတ်ပုံတစ်ခုမှာတော့ Liberty ရုပ်တုက ဒိုင်းကိုင်ထားတဲ့ ပိုစတာကို မြင်တွေ့ခဲ့ရပါတယ်။ Hawkeye ဇာတ်လမ်းတွဲထဲမှာတော့ Cap ကို ဂုဏ်ပြုတဲ့အနေနဲ့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Avengers ရုပ်ရှင်အကြောင်းကို Musical အဖြစ် ဖန်တီးထားတာ တွေ့ခဲ့ရပါတယ်။

(3) Kate Bishop
photo via screenrant

Infinity War နဲ့ Endgame ကြားထဲက ကွာဟနေတဲ့အချိန်မှာတော့ Clint ဟာ Hawkeye အဖြစ်ကို စွန့်လွှတ်ပြီး Ronin အဖြစ်နဲ့ ပိုမို Dark ဖြစ်တဲ့ Identity နဲ့ နေထိုင်ခဲ့ပါတယ်။ ဒီထွေလာထဲမှာတော့ Clint ဟာ တီဗွီကြည့်နေတဲ့အချိန်မှာ တစ်ယောက်ယောက်က Ronin အဖြစ်နဲ့ ဒုစရိုက်သမားတွေကို ဆက်လက် တိုက်ခိုက်နေတာ တွေ့လိုက်ရပါတယ်။ အဲ့ဒီလူကတော့ Kate Bishop ပဲ ဖြစ်ပြီး အဆိုတော်၊ သရုပ်ဆောင် Hailee Steinfeld က ပါဝင်သရုပ်ဆောင်ထားပါတယ်။

(4) မိသားစုဆီက နောက်ထပ်တစ်ကြိမ် ထွက်ခွာလာရတဲ့ Clint
photo via screenrant

ကမ္ဘာပေါ်ကို Thanos ရောက်လာတဲ့အချိန်မှာတော့ Clint ဟာ နေအိမ်အကျယ်ချုပ်ကျနေတာ ဖြစ်ပြီး သူ့ရဲ့မိသားစုတွေ ပျောက်ဆုံးသွားတာကြောင့်သာ Ronin ဖြစ်လာခဲ့တာပါ။ Endgame အပြီးမှာတော့ သူဟာ သူ့ရဲ့မိသားစုနဲ့ ပြန်လည်ဆုံစည်းခဲ့ပြီး Avenger အဖြစ်ကနေ အနားယူသွားပါတယ်။ ဒီဇာတ်ဝင်ခန်းထဲမှာတော့ Clint ဟာ အပေါ်မှာ ဖော်ပြထားသလို တီဗွီမှာ Ronin ကို ပြန်လည်မြင်တွေ့ခဲ့ရတာကြောင့် သူ့ရဲ့သားသမီးတွေကို လုံခြုံတဲ့နေရာတစ်ခုကို ပို့လိုက်ရပါတယ်။

ပရိသတ်တွေကတော့ အနားယူပြီးသား လူတစ်ယောက်က ဘယ်လိုအကြောင်းပြချက်ကြောင့် ပြန်လည်တိုက်ခိုက်သွားမှာလည်းဆိုတာကို စိတ်ဝင်စားနေကြပါတယ်။ ဒီထွေလာမှာ မြင်တွေ့ခဲ့ရတဲ့ အတိုင်းဆိုရင်တော့ အပေါ်မှာ ဖော်ပြထားသလိုပဲ Ronin ဆိုတဲ့ Identity ကို တစ်ယောက်ယောက်က ဆက်လက်ခံယူပြီး ဒုစရိုက်သမားတွေကို တိုက်ခိုက်နေတာကြောင့် အဲ့ဒီသူကို စုံစမ်းဖို့အတွက် ဒီတိုက်ပွဲထဲမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီအချိန်ထိ Hawkeye နဲ့ Ronin ဟာ တစ်ယောက်တည်းပဲဆိုတာကို ကမ္ဘာကြီးက သိပုံမရသေးပါဘူး။

(5) နားကြားကိရိယာ တပ်ဆင်ထားရတဲ့ Clint
photo via screenrant

Marvel ကောမစ်ထဲမှာတော့ အကြားအာရုံ ချို့ယွင်းမှုဟာ Clint ရဲ့ တစိတ်တပိုင်း အမြဲတမ်း ဖြစ်ခဲ့ပါတယ်။ ၁၉၈၀ ကျော်လောက်မှာ ထွက်ရှိခဲ့တဲ့ ကောမစ်တွေထဲမှာလည်း Clint ဟာ အကြားအာရုံချို့ယွင်းခဲ့ပြီး ၂၀၁၀ နောက်ပိုင်းမှာ ထွက်ရှိခဲ့တဲ့ ကောမစ်တွေထဲမှာလည်း အလားတူပဲ ဖြစ်ပျက်ခဲ့ပါတယ်။ MCU Phase 4 ထဲမှာတော့ Marvel ဟာ ဇာတ်ကောင်တွေကို ကောမစ်ထဲကနဲ့ အနီးစပ်ဆုံးတူအောင် ဖန်တီးနေပြီး ဒီဇာတ်လမ်းတွဲထဲက Clint နဲ့ Kate တို့ရဲ့ ဝတ်စုံတွေကလည်း ကောမစ်ထဲကအတိုင်း အနီးစပ်ဆုံး ဖန်တီးထားတာ ဖြစ်ပါတယ်။

(6) ကမ္ဘာ့အကောင်းဆုံး လေးသည်တော်
photo via screenrant

Avengers အဖွဲ့ဟာ တစ်ကမ္ဘာလုံးကို ကယ်တင်ခဲ့တဲ့ စူပါဟီးရိုးအဖွဲ့ ဖြစ်တာကြောင့် ကမ္ဘာအနှံ့အပြားမှာ သူတို့ရဲ့ ပရိသတ်တွေ ရှိကြပါတယ်။ ဒီဇာတ်ဝင်ခန်းမှာတော့ Clint ဟာ ဘယ်သူက Ronin အဖြစ် ဆက်လက်နေထိုင်နေလည်း ဆိုတာကို စုံစမ်းရင်း Kate ဆီကို ရောက်သွားပါတယ်။ Kate ကတော့ Clint ကို မြင်မြင်ချင်း Hawkeye မှန်း သိသွားပြီး Kate ဟာ Clint ရဲ့ အမာခံပရိသတ် တစ်ယောက်လို့ ယူဆနိုင်ပါတယ်။ ဒါ့အပြင် သူမကို လူအချို့က ကမ္ဘာ့အကောင်းဆုံး လေးသည်တော်လို့ ခေါ်တယ် ဆိုပြီးတော့တောင် Clint ကို ပြောခဲ့ပါသေးတယ်။

(7) Kate ရဲ့ မြားပစ် skill
photo via screenrant

ဒီဇာတ်ဝင်ခန်းထဲမှာတော့ Kate ရဲ့ မြားပစ် skill ကို မြင်တွေ့ခဲ့ရပြီး သူမရဲ့ ပစ်ချက်ကလည်း ကွက်တိထိမှန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမဟာ Clint လိုမျိူး နည်းပညာတွေနဲ့ ပေါင်းစပ်ထားတဲ့ မြားတွေမရှိတာကြောင့် အလွယ်တကူ ရှာဖွေနိုင်တဲ့ ပစ္စည်းတွေနဲ့ သူမကိုယ်တိုင် ဖန်တီးပြီး အသုံးပြုနေရပါတယ်။

သူမရဲ့ မြားပစ် skill ဟာ ကောင်းပေမယ့်လည်း အမှားတစ်ခုကြောင့် သူမရဲ့ပစ်မှတ်ဖြစ်တဲ့ မျှော်စင်ကြီးကတော့ ပေါက်ကွဲသွားပါတယ်။ ကောမစ်ထဲမှာဆိုရင်တော့ Avengers တွေဟာ သူမကို El Matador လက်ထဲက ကယ်တင်ခဲ့ပြီး အဲ့ဒီနောက်မှာတော့ သူမဟာ Clint ဆီကနေ မြားပစ်နည်းကို သင်ယူခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၂ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ The Avengers ရုပ်ရှင်ထဲမှာတော့ Clint ဟာ ဘတ်စ်ကားတစ်စီးပေါ်က ကလေးတွေကို ကယ်တင်ခဲ့ပြီး သူမဟာ အဲ့ဒီကလေးတွေထဲက တစ်ယောက် ဖြစ်နေနိုင်ပါတယ်။

(8) Tracksuit နဲ့ လူဆိုးများ
photo via screenrant

Clint ဟာ Ronin အဖြစ်နဲ့ နေထိုင်ခဲ့တုန်းက ရန်သူတွေများစွာ ရှိခဲ့ပြီး အခုချိန်မှာတော့ Kate ဟာ အခြေအနေတွေကို ပိုဆိုးအောင် ပြုလုပ်နေပါတယ်။ ဒီဇာတ်ဝင်ခန်းထဲမှာတော့ လူဆိုးတစ်အုပ်ဟာ Molotov တစ်လုံးကို Clint ဆီ ပစ်ခဲ့ပြီး Clint က ဖမ်းယူကာ အဲ့ဒီလူဆိုးတွေဆီ ပြန်လည်ပစ်ပေါက်ခဲ့ပါတယ်။ ဒီအချိန်မှာ မေးစရာရှိလာတာကတော့ ဘယ်သူက ဒီလူဆိုးတွေကို ငှားရမ်းထားတာလည်း ဆိုတာပဲ ဖြစ်ပါတယ်။

ပရိသတ်အချို့ကတော့ Kingpin ဟာ ဒီဇာတ်လမ်းတွဲထဲမှာ စတင်ပါဝင်လာမယ်လို့ ခန့်မှန်းနေကြသလို Swordsman ကလည်း ဒီဇာတ်လမ်းတွဲထဲမှာ ပါဝင်လာမယ်လို့ အတည်ပြုထားပါတယ်။ နောက်ထပ် ဖြစ်နိုင်ချေတစ်ခုကတော့ Ivan Banionis ဖြစ်ပြီး ကောမစ်ထဲမှာလည်း သူဟာ Clint နဲ့ တိုက်ခိုက်ဖို့အတွက် Tracksuit ဝတ်ဆင်ထားတဲ့ ဂိုဏ်းကို ဦးဆောင်ခဲ့ပါတယ်။

(9) Clint ကိုကယ်ဖို့ ရောက်လာတဲ့ Kate
photo via screenrant

ဒီဇာတ်ဝင်ခန်းထဲမှာတော့ အပေါ်မှာ ဖော်ပြထားတဲ့ Tracksuit နဲ့ ဂိုဏ်းကပဲ Clint ကို ဖမ်းဆီးထားတာ တွေ့ရပြီး Kate ကတော့ သူ့ကို ကယ်တင်ဖို့အတွက် ခေါင်မိုးက ဆင်းလာပါတယ်။ ဒါပေမယ့်လည်း သူမဟာ စူပါဟီးရိုးတွေရဲ့ ထုံးစံအတိုင်း Superhero Landing နဲ့ ကျမလာဘဲ ဒီအတိုင်း ပြုတ်ကျလာပါတယ်။ ဒီဇာတ်ဝင်ခန်းကို ကြည့်ခြင်းအားဖြင့် ဒီဇာတ်လမ်းတွဲဟာ အက်ရှင်တွေပဲ ပါဝင်မှာ မဟုတ်ဘဲ ရီစရာ ဟာသလေးတွေလည်း ပါဝင်လာဦးမယ်လို့ ယူဆနိုင်ပါတယ်။

(10) Eleanor Bishop
photo via screenrant

ဒီထွေလာထဲမှာတော့ Vera Farmiga ပါဝင်သရုပ်ဆောင်ထားတဲ့ Eleanor Bishop ကိုလည်း ခဏတာ မြင်တွေ့လိုက်ရပါတယ်။ ကောမစ်ထဲမှာတော့ Eleanor ဟာ Kate ရဲ့ အမေဖြစ်ပြီး လူချမ်းသာတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီဇာတ်ဝင်ခန်းထဲမှာ မြင်တွေ့ရတဲ့ ပုံစံအရ ဆိုရင်တော့ MCU ထဲမှာလည်း Eleanor ဟာ လူချမ်းသာတစ်ယောက် ဖြစ်ပုံရပါတယ်။ ကောမစ်ထဲမှာတော့ Kate ဟာ သူမရဲ့အမေ သေဆုံးသွားပြီလို့ပဲ ထင်နေပြီး Live Action ထဲမှာတော့ အဲ့ဒီအချက် ပါဝင်လားဆိုတာ မသေချာသေးပါဘူး။

(11) The Avengers ရုပ်ရှင်ထဲက တိုက်ပွဲကို ပြန်လည်ပုံဖော်ထားတဲ့ Steve Rogers: The Musical
photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ ဒီ Musical ဟာ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Avengers ရုပ်ရှင်ထဲက အကြောင်းတွေကို ပြန်လည်ပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ဝင်ခန်းထဲမှာတော့ နောက်ခံအကသမားတွေက Chitauri တွေအဖြစ် ပုံဖော်ထားပြီး Captain America ၊ Iron Man ၊ Thor ၊ Hulk ၊ Black Widow ၊ Hawkeye နဲ့ Loki တို့ ပါဝင်နေပါတယ်။ ဒေါက်တာတစ်ယောက်လို ဝတ်စားထားသူကတော့ The Avengers ထဲမှာ ပါဝင်ထားတဲ့ Erik Selvig ဖြစ်နိုင်ပါတယ်။

(12) Lucky the Pizza Dog
photo via screenrant

ကောမစ်ထဲမှာ‌တော့ Lucky the Pizza Dog ဟာ မျက်လုံးဒဏ်ရာ ရရှိသွားတာကြောင့် ဆေးကုသပေးဖို့အတွက် Clint က Ivan Banionis ဆီကနေ မွေးစားခဲ့ပါတယ်။ ဒီဇာတ်ဝင်ခန်းထဲမှာလည်း ခွေးလေးရဲ့ မျက်လုံးတစ်ဘက်ဟာ တစ်ခုခု ဖြစ်နေပုံရပြီး သေချာတာတစ်ခုကတော့ ဒီဇာတ်လမ်းတွဲဟာ ကောမစ်ထဲက အချက်တွေများစွာကို Live Action မှာ မြင်တွေ့ရမယ့် အခွင့်အရေးတစ်ခုပဲ ဖြစ်ပါတယ်။

(13) Echo
photo via screenrant

ဒီထွေလာထဲက တစ်နေရာမှာတော့ Alaqua Cox ပါဝင်သရုပ်ဆောင်ထားတဲ့ Echo ဇာတ်ကောင်ကိုလည်း ခဏတာ မြင်တွေ့ခဲ့ရပါတယ်။ ကောမစ်ထဲမှာတော့ Echo ဟာ Kingpin ရဲ့ နောက်လိုက်တစ်ယောက် ဖြစ်ပြီး Daredevil ကို တိုက်ခိုက်မယ့် အစီအစဉ်မှာ နယ်ရုပ်လေးတစ်ခုအဖြစ် အသုံးချခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ သူမဟာ ဟီးရိုးတစ်ယောက် ဖြစ်လာပြီး Ronin ဆိုတဲ့ Identity ကိုပဲ ဆက်လက်ခံယူခဲ့ပါတယ်။

သူမဟာလည်း အကြားအာရုံ ချို့ယွင်းနေသူ ဖြစ်ပြီး Marvel စတူဒီယိုဟာ သူမအတွက် Disney+ က ပြသသွားမယ့် ဇာတ်လမ်းတွဲ ထွက်ရှိလာမယ်လို့ အတည်ပြုထားပါတယ်။ ဒါကြောင့်ပဲ Hawkeye ဇာတ်လမ်းတွဲထဲမှာတော့ Echo ဟာ သူမရဲ့ ကိုယ်ပိုင် Disney+ ဇာတ်လမ်းတွဲအတွက် Setup လုပ်သွားမှာပါ။ ဒီဇာတ်ကောင်နေရာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Alaqua Cox ကလည်း တကယ်အကြားအာရုံ ချို့ယွင်းနေသူ ဖြစ်ပါတယ်။

(14) ကားမောင်းပြေးနေရတဲ့ Clint နဲ့ Kate
photo via screenrant

ဒီထွေလာရဲ့ နောက်ဆုံးဇာတ်ဝင်ခန်းထဲမှာတော့ Tracksuit နဲ့ ဂိုဏ်းဟာ Clint နဲ့ Kate တို့ရဲ့ နောက်ကို လိုက်လာပါတယ်။ သူတို့နှစ်ယောက်ကတော့ အဲ့ဒီဂိုဏ်းလက်က လွတ်အောင်ပြေးနေရင်း Kate ဟာ Clint ရဲ့ မြားကို အသုံးပြုပြီး တိုက်ခိုက်တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာတော့ သူမဟာ အလွန်အံ့ဩသွားတဲ့ ပုံစံဖြစ်သွားပါတယ်။

Kate အသုံးပြုလိုက်တဲ့ မြားကတော့ ဗုံးပါဝင်နေတာကြောင့် ဖြစ်ပါတယ်။ Clint အသုံးပြုနေတဲ့ မြားတွေဟာ အခြေအနေ အမျိူးမျိူးမှာ အသုံးပြုနိုင်တဲ့ လက်နက်တွေ ပါဝင်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ‌တော့ အဲ့ဒီမြားတွေကို သေချာမြင်တွေ့ရမှာ ဖြစ်ပြီး ဒီဇာတ်ဝင်ခန်းမှာ‌တော့ Kate ရဲ့ ဝတ်စုံကိုလည်း သေချာမြင်တွေ့နိုင်ပါတယ်။

ဒါတွေကတော့ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Hawkeye ဇာတ်လမ်းတွဲ ပထမဆုံးထွေလာရဲ့ Breakdown ဖြစ်ပြီး နောက်ထပ်ထွေလာတွေ ထွက်ရှိလာရင်လည်း ထပ်မံဖော်ပြပေးသွားဦးမှာပါ။ Hawkeye ဇာတ်လမ်းတွဲကတော့ နိုဝင်ဘာလ (၂၄)ရက်နေ့မှာ Disney+ ကနေ စတင်ပြသသွားမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Disney+ မွာ ျပသသြားမယ့္ Hawkeye ဇာတ္လမ္းတြဲရဲ့ ပထမဆုံးေထြလာကေတာ့ မၾကာခင္ကပဲ ထြက္ရွိလာပါတယ္။ Clint Barton ဟာ Avengers အဖြဲ႕ရဲ့ မူလအဖြဲ႕ဝင္ေတြထဲမွာ ပါဝင္ခဲ့ေပမယ့္လည္း သူဟာ ဘယ္တုန္းကမွ ဆိုလို႐ုပ္ရွင္ မထြက္ရွိလာခဲ့ပါဘူး။ အသစ္ထြက္ရွိလာမယ့္ Hawkeye ဇာတ္လမ္းတြဲဟာလည္း Hawkeye ေနရာကို ဆက္ခံသြားမယ့္ Kate Bishop အေၾကာင္းကို အဓိကထား ျပသသြားမွာပါ။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီဇာတ္လမ္းတြဲထဲမွာေတာ့ Clint ကို အရင္ MCU ေတြထက္ ပိုၿပီးေသခ်ာျမင္ေတြ႕ရမွာပါ။

(1) သားသမီးေတြနဲ႔ ညစာစားေနတဲ့ Clint
photo via screenrant

ဒီေထြလာရဲ့ အစမွာေတာ့ Clint ဟာ သူ႔ရဲ့ ကေလးသုံးေယာက္ျဖစ္တဲ့ Nathaniel ၊ Lila နဲ႔ Cooper တို႔နဲ႔အတူ ညစာစားေနတာ ျမင္ေတြ႕ခဲ့ရပါတယ္။ “အခုလိုမ်ိဴး ခရစ္စမတ္အခ်ိန္အခါမွာ မိသားစုစုံညီ ညစာမစားရတာ ႏွစ္နဲ႔ခ်ီၿပီ”လို႔ Clint ရဲ့ သမီးက ေျပာပါတယ္။ Infinity War ထဲမွာ Thanos လက္ေဖ်ာက္တီးတဲ့အခ်ိန္မွာေတာ့ Clint ရဲ့ မိသားစုတစ္စုလုံးဟာ ေပ်ာက္ဆုံးသြားၾကပါတယ္။ Endgame ထဲမွသာ ေပ်ာက္ဆုံးသြားသူေတြကို ျပန္လည္ေခၚယူနိုင္ခဲ့တာေၾကာင့္ Clint ဟာ သူ႔ရဲ့မိသားစုနဲ႔ ငါးႏွစ္ေတာင္ ကြဲကြာခဲ့ရပါတယ္။

ဒါ့အျပင္ Thanos ကမၻာေပၚကို ေရာက္မလာခင္ကတည္းက Clint ဟာ SHIELD အဖြဲ႕ဝင္အျဖစ္ေရာ၊ Avengers အဖြဲ႕ဝင္အျဖစ္နဲ႔ပါ ေနထိုင္ေနတာေၾကာင့္ သူ႔မိသားစုအတြက္ အခ်ိန္မေပးနိုင္ခဲ့ပါဘူး။ ထူးျခားတာတစ္ခုကေတာ့ ဒီဇာတ္ဝင္ခန္းထဲမွာ ညစာစားေနၾကသူေတြဟာ Clint နဲ႔ သူ႔ရဲ့ကေလးသုံးေယာက္ပဲ ျဖစ္ၿပီး သူ႔ရဲ့ဇနီး မပါဝင္ခဲ့ပါဘူး။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာ ပါဝင္တဲ့ ဇာတ္ဝင္ခန္းတစ္ခုမွာေတာ့ Clint ရဲ့ ဇနီးက သူ႔ဆီ ဖုန္းဆက္တာ ျမင္ခဲ့ရတာေၾကာင့္ သူတို႔ႏွစ္ေယာက္ရဲ့ အိမ္ေထာင္ေရးဟာ ပုံမွန္အတိုင္းပဲလို႔ ယူဆလို႔ ရပါတယ္။

(2) Steve Rogers: The Musical
photo via screenrant

Endgame အျဖစ္အပ်က္ေတြ ၿပီးသြားတဲ့ေနာက္မွာေတာ့ Steve ဟာ Captain America အျဖစ္က အနားယူသြားပါတယ္။ ဒါေၾကာင့္ပဲ Steve ကို ဂုဏ္ျပဳထားတဲ့ အရာေတြကို The Falcon and the Winter Soldier နဲ႔ Spider-Man: No Way Home တို႔မွာ ျမင္ေတြ႕ခဲ့ရပါတယ္။

The Falcon and the Winter Soldier ထဲမွာေတာ့ Cap နဲ႔ ပတ္သက္တဲ့ အရာေတြကို ျပသထားတဲ့ ျပတိုက္ကို ျမင္ေတြ႕ခဲ့ရၿပီး No Way Home ရဲ့ ရိုက္ကြင္းေပၚက ဓာတ္ပုံတစ္ခုမွာေတာ့ Liberty ႐ုပ္တုက ဒိုင္းကိုင္ထားတဲ့ ပိုစတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ Hawkeye ဇာတ္လမ္းတြဲထဲမွာေတာ့ Cap ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ၂၀၁၂ ခုႏွစ္က ထြက္ရွိခဲ့တဲ့ The Avengers ႐ုပ္ရွင္အေၾကာင္းကို Musical အျဖစ္ ဖန္တီးထားတာ ေတြ႕ခဲ့ရပါတယ္။

(3) Kate Bishop
photo via screenrant

Infinity War နဲ႔ Endgame ၾကားထဲက ကြာဟေနတဲ့အခ်ိန္မွာေတာ့ Clint ဟာ Hawkeye အျဖစ္ကို စြန႔္လႊတ္ၿပီး Ronin အျဖစ္နဲ႔ ပိုမို Dark ျဖစ္တဲ့ Identity နဲ႔ ေနထိုင္ခဲ့ပါတယ္။ ဒီေထြလာထဲမွာေတာ့ Clint ဟာ တီဗြီၾကည့္ေနတဲ့အခ်ိန္မွာ တစ္ေယာက္ေယာက္က Ronin အျဖစ္နဲ႔ ဒုစရိုက္သမားေတြကို ဆက္လက္ တိုက္ခိုက္ေနတာ ေတြ႕လိုက္ရပါတယ္။ အဲ့ဒီလူကေတာ့ Kate Bishop ပဲ ျဖစ္ၿပီး အဆိုေတာ္၊ သ႐ုပ္ေဆာင္ Hailee Steinfeld က ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(4) မိသားစုဆီက ေနာက္ထပ္တစ္ႀကိမ္ ထြက္ခြာလာရတဲ့ Clint
photo via screenrant

ကမၻာေပၚကို Thanos ေရာက္လာတဲ့အခ်ိန္မွာေတာ့ Clint ဟာ ေနအိမ္အက်ယ္ခ်ဳပ္က်ေနတာ ျဖစ္ၿပီး သူ႔ရဲ့မိသားစုေတြ ေပ်ာက္ဆုံးသြားတာေၾကာင့္သာ Ronin ျဖစ္လာခဲ့တာပါ။ Endgame အၿပီးမွာေတာ့ သူဟာ သူ႔ရဲ့မိသားစုနဲ႔ ျပန္လည္ဆုံစည္းခဲ့ၿပီး Avenger အျဖစ္ကေန အနားယူသြားပါတယ္။ ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ Clint ဟာ အေပၚမွာ ေဖာ္ျပထားသလို တီဗြီမွာ Ronin ကို ျပန္လည္ျမင္ေတြ႕ခဲ့ရတာေၾကာင့္ သူ႔ရဲ့သားသမီးေတြကို လုံျခဳံတဲ့ေနရာတစ္ခုကို ပို႔လိုက္ရပါတယ္။

ပရိသတ္ေတြကေတာ့ အနားယူၿပီးသား လူတစ္ေယာက္က ဘယ္လိုအေၾကာင္းျပခ်က္ေၾကာင့္ ျပန္လည္တိုက္ခိုက္သြားမွာလည္းဆိုတာကို စိတ္ဝင္စားေနၾကပါတယ္။ ဒီေထြလာမွာ ျမင္ေတြ႕ခဲ့ရတဲ့ အတိုင္းဆိုရင္ေတာ့ အေပၚမွာ ေဖာ္ျပထားသလိုပဲ Ronin ဆိုတဲ့ Identity ကို တစ္ေယာက္ေယာက္က ဆက္လက္ခံယူၿပီး ဒုစရိုက္သမားေတြကို တိုက္ခိုက္ေနတာေၾကာင့္ အဲ့ဒီသူကို စုံစမ္းဖို႔အတြက္ ဒီတိုက္ပြဲထဲမွာ ပါဝင္လာမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ အဲ့ဒီအခ်ိန္ထိ Hawkeye နဲ႔ Ronin ဟာ တစ္ေယာက္တည္းပဲဆိုတာကို ကမၻာႀကီးက သိပုံမရေသးပါဘူး။

(5) နားၾကားကိရိယာ တပ္ဆင္ထားရတဲ့ Clint
photo via screenrant

Marvel ေကာမစ္ထဲမွာေတာ့ အၾကားအာ႐ုံ ခ်ိဳ႕ယြင္းမွုဟာ Clint ရဲ့ တစိတ္တပိုင္း အျမဲတမ္း ျဖစ္ခဲ့ပါတယ္။ ၁၉၈၀ ေက်ာ္ေလာက္မွာ ထြက္ရွိခဲ့တဲ့ ေကာမစ္ေတြထဲမွာလည္း Clint ဟာ အၾကားအာ႐ုံခ်ိဳ႕ယြင္းခဲ့ၿပီး ၂၀၁၀ ေနာက္ပိုင္းမွာ ထြက္ရွိခဲ့တဲ့ ေကာမစ္ေတြထဲမွာလည္း အလားတူပဲ ျဖစ္ပ်က္ခဲ့ပါတယ္။ MCU Phase 4 ထဲမွာေတာ့ Marvel ဟာ ဇာတ္ေကာင္ေတြကို ေကာမစ္ထဲကနဲ႔ အနီးစပ္ဆုံးတူေအာင္ ဖန္တီးေနၿပီး ဒီဇာတ္လမ္းတြဲထဲက Clint နဲ႔ Kate တို႔ရဲ့ ဝတ္စုံေတြကလည္း ေကာမစ္ထဲကအတိုင္း အနီးစပ္ဆုံး ဖန္တီးထားတာ ျဖစ္ပါတယ္။

(6) ကမာၻ႔အေကာင္းဆုံး ေလးသည္ေတာ္
photo via screenrant

Avengers အဖြဲ႕ဟာ တစ္ကမၻာလုံးကို ကယ္တင္ခဲ့တဲ့ စူပါဟီးရိုးအဖြဲ႕ ျဖစ္တာေၾကာင့္ ကမၻာအႏွံ့အျပားမွာ သူတို႔ရဲ့ ပရိသတ္ေတြ ရွိၾကပါတယ္။ ဒီဇာတ္ဝင္ခန္းမွာေတာ့ Clint ဟာ ဘယ္သူက Ronin အျဖစ္ ဆက္လက္ေနထိုင္ေနလည္း ဆိုတာကို စုံစမ္းရင္း Kate ဆီကို ေရာက္သြားပါတယ္။ Kate ကေတာ့ Clint ကို ျမင္ျမင္ခ်င္း Hawkeye မွန္း သိသြားၿပီး Kate ဟာ Clint ရဲ့ အမာခံပရိသတ္ တစ္ေယာက္လို႔ ယူဆနိုင္ပါတယ္။ ဒါ့အျပင္ သူမကို လူအခ်ိဳ႕က ကမၻာ့အေကာင္းဆုံး ေလးသည္ေတာ္လို႔ ေခၚတယ္ ဆိုၿပီးေတာ့ေတာင္ Clint ကို ေျပာခဲ့ပါေသးတယ္။

(7) Kate ရဲ႕ ျမားပစ္ skill
photo via screenrant

ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ Kate ရဲ့ ျမားပစ္ skill ကို ျမင္ေတြ႕ခဲ့ရၿပီး သူမရဲ့ ပစ္ခ်က္ကလည္း ကြက္တိထိမွန္ခဲ့ပါတယ္။ ဒါေပမယ့္လည္း သူမဟာ Clint လိုမ်ိဴး နည္းပညာေတြနဲ႔ ေပါင္းစပ္ထားတဲ့ ျမားေတြမရွိတာေၾကာင့္ အလြယ္တကူ ရွာေဖြနိုင္တဲ့ ပစၥည္းေတြနဲ႔ သူမကိုယ္တိုင္ ဖန္တီးၿပီး အသုံးျပဳေနရပါတယ္။

သူမရဲ့ ျမားပစ္ skill ဟာ ေကာင္းေပမယ့္လည္း အမွားတစ္ခုေၾကာင့္ သူမရဲ့ပစ္မွတ္ျဖစ္တဲ့ ေမၽွာ္စင္ႀကီးကေတာ့ ေပါက္ကြဲသြားပါတယ္။ ေကာမစ္ထဲမွာဆိုရင္ေတာ့ Avengers ေတြဟာ သူမကို El Matador လက္ထဲက ကယ္တင္ခဲ့ၿပီး အဲ့ဒီေနာက္မွာေတာ့ သူမဟာ Clint ဆီကေန ျမားပစ္နည္းကို သင္ယူခဲ့ပါတယ္။ ဒါ့အျပင္ ၂၀၁၂ ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ The Avengers ႐ုပ္ရွင္ထဲမွာေတာ့ Clint ဟာ ဘတ္စ္ကားတစ္စီးေပၚက ကေလးေတြကို ကယ္တင္ခဲ့ၿပီး သူမဟာ အဲ့ဒီကေလးေတြထဲက တစ္ေယာက္ ျဖစ္ေနနိုင္ပါတယ္။

(8) Tracksuit နဲ႔ လူဆိုးမ်ား
photo via screenrant

Clint ဟာ Ronin အျဖစ္နဲ႔ ေနထိုင္ခဲ့တုန္းက ရန္သူေတြမ်ားစြာ ရွိခဲ့ၿပီး အခုခ်ိန္မွာေတာ့ Kate ဟာ အေျခအေနေတြကို ပိုဆိုးေအာင္ ျပဳလုပ္ေနပါတယ္။ ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ လူဆိုးတစ္အုပ္ဟာ Molotov တစ္လုံးကို Clint ဆီ ပစ္ခဲ့ၿပီး Clint က ဖမ္းယူကာ အဲ့ဒီလူဆိုးေတြဆီ ျပန္လည္ပစ္ေပါက္ခဲ့ပါတယ္။ ဒီအခ်ိန္မွာ ေမးစရာရွိလာတာကေတာ့ ဘယ္သူက ဒီလူဆိုးေတြကို ငွားရမ္းထားတာလည္း ဆိုတာပဲ ျဖစ္ပါတယ္။

ပရိသတ္အခ်ိဳ႕ကေတာ့ Kingpin ဟာ ဒီဇာတ္လမ္းတြဲထဲမွာ စတင္ပါဝင္လာမယ္လို႔ ခန႔္မွန္းေနၾကသလို Swordsman ကလည္း ဒီဇာတ္လမ္းတြဲထဲမွာ ပါဝင္လာမယ္လို႔ အတည္ျပဳထားပါတယ္။ ေနာက္ထပ္ ျဖစ္နိုင္ေခ်တစ္ခုကေတာ့ Ivan Banionis ျဖစ္ၿပီး ေကာမစ္ထဲမွာလည္း သူဟာ Clint နဲ႔ တိုက္ခိုက္ဖို႔အတြက္ Tracksuit ဝတ္ဆင္ထားတဲ့ ဂိုဏ္းကို ဦးေဆာင္ခဲ့ပါတယ္။

(9) Clint ကို ကယ္ဖို႔ ေရာက္လာတဲ့ Kate
photo via screenrant

ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ အေပၚမွာ ေဖာ္ျပထားတဲ့ Tracksuit နဲ႔ ဂိုဏ္းကပဲ Clint ကို ဖမ္းဆီးထားတာ ေတြ႕ရၿပီး Kate ကေတာ့ သူ႔ကို ကယ္တင္ဖို႔အတြက္ ေခါင္မိုးက ဆင္းလာပါတယ္။ ဒါေပမယ့္လည္း သူမဟာ စူပါဟီးရိုးေတြရဲ့ ထုံးစံအတိုင္း Superhero Landing နဲ႔ က်မလာဘဲ ဒီအတိုင္း ျပဳတ္က်လာပါတယ္။ ဒီဇာတ္ဝင္ခန္းကို ၾကည့္ျခင္းအားျဖင့္ ဒီဇာတ္လမ္းတြဲဟာ အက္ရွင္ေတြပဲ ပါဝင္မွာ မဟုတ္ဘဲ ရီစရာ ဟာသေလးေတြလည္း ပါဝင္လာဦးမယ္လို႔ ယူဆနိုင္ပါတယ္။

(10) Eleanor Bishop
photo via screenrant

ဒီေထြလာထဲမွာေတာ့ Vera Farmiga ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Eleanor Bishop ကိုလည္း ခဏတာ ျမင္ေတြ႕လိုက္ရပါတယ္။ ေကာမစ္ထဲမွာေတာ့ Eleanor ဟာ Kate ရဲ့ အေမျဖစ္ၿပီး လူခ်မ္းသာတစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒီဇာတ္ဝင္ခန္းထဲမွာ ျမင္ေတြ႕ရတဲ့ ပုံစံအရ ဆိုရင္ေတာ့ MCU ထဲမွာလည္း Eleanor ဟာ လူခ်မ္းသာတစ္ေယာက္ ျဖစ္ပုံရပါတယ္။ ေကာမစ္ထဲမွာေတာ့ Kate ဟာ သူမရဲ့အေမ ေသဆုံးသြားၿပီလို႔ပဲ ထင္ေနၿပီး Live Action ထဲမွာေတာ့ အဲ့ဒီအခ်က္ ပါဝင္လားဆိုတာ မေသခ်ာေသးပါဘူး။

(11) The Avengers ႐ုပ္ရွင္ထဲက တိုက္ပြဲကို ျပန္လည္ပုံေဖာ္ထားတဲ့ Steve Rogers: The Musical
photo via screenrant

အေပၚမွာ ေဖာ္ျပခဲ့သလိုပဲ ဒီ Musical ဟာ ၂၀၁၂ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ The Avengers ႐ုပ္ရွင္ထဲက အေၾကာင္းေတြကို ျပန္လည္ပုံေဖာ္ထားတာ ျဖစ္ပါတယ္။ ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ ေနာက္ခံအကသမားေတြက Chitauri ေတြအျဖစ္ ပုံေဖာ္ထားၿပီး Captain America ၊ Iron Man ၊ Thor ၊ Hulk ၊ Black Widow ၊ Hawkeye နဲ႔ Loki တို႔ ပါဝင္ေနပါတယ္။ ေဒါက္တာတစ္ေယာက္လို ဝတ္စားထားသူကေတာ့ The Avengers ထဲမွာ ပါဝင္ထားတဲ့ Erik Selvig ျဖစ္နိုင္ပါတယ္။

(12) Lucky the Pizza Dog
photo via screenrant

ေကာမစ္ထဲမွာ‌ေတာ့ Lucky the Pizza Dog ဟာ မ်က္လုံးဒဏ္ရာ ရရွိသြားတာေၾကာင့္ ေဆးကုသေပးဖို႔အတြက္ Clint က Ivan Banionis ဆီကေန ေမြးစားခဲ့ပါတယ္။ ဒီဇာတ္ဝင္ခန္းထဲမွာလည္း ေခြးေလးရဲ့ မ်က္လုံးတစ္ဘက္ဟာ တစ္ခုခု ျဖစ္ေနပုံရၿပီး ေသခ်ာတာတစ္ခုကေတာ့ ဒီဇာတ္လမ္းတြဲဟာ ေကာမစ္ထဲက အခ်က္ေတြမ်ားစြာကို Live Action မွာ ျမင္ေတြ႕ရမယ့္ အခြင့္အေရးတစ္ခုပဲ ျဖစ္ပါတယ္။

(13) Echo
photo via screenrant

ဒီေထြလာထဲက တစ္ေနရာမွာေတာ့ Alaqua Cox ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Echo ဇာတ္ေကာင္ကိုလည္း ခဏတာ ျမင္ေတြ႕ခဲ့ရပါတယ္။ ေကာမစ္ထဲမွာေတာ့ Echo ဟာ Kingpin ရဲ့ ေနာက္လိုက္တစ္ေယာက္ ျဖစ္ၿပီး Daredevil ကို တိုက္ခိုက္မယ့္ အစီအစဥ္မွာ နယ္႐ုပ္ေလးတစ္ခုအျဖစ္ အသုံးခ်ခံခဲ့ရပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူမဟာ ဟီးရိုးတစ္ေယာက္ ျဖစ္လာၿပီး Ronin ဆိုတဲ့ Identity ကိုပဲ ဆက္လက္ခံယူခဲ့ပါတယ္။

သူမဟာလည္း အၾကားအာ႐ုံ ခ်ိဳ႕ယြင္းေနသူ ျဖစ္ၿပီး Marvel စတူဒီယိုဟာ သူမအတြက္ Disney+ က ျပသသြားမယ့္ ဇာတ္လမ္းတြဲ ထြက္ရွိလာမယ္လို႔ အတည္ျပဳထားပါတယ္။ ဒါေၾကာင့္ပဲ Hawkeye ဇာတ္လမ္းတြဲထဲမွာေတာ့ Echo ဟာ သူမရဲ့ ကိုယ္ပိုင္ Disney+ ဇာတ္လမ္းတြဲအတြက္ Setup လုပ္သြားမွာပါ။ ဒီဇာတ္ေကာင္ေနရာမွာ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Alaqua Cox ကလည္း တကယ္အၾကားအာ႐ုံ ခ်ိဳ႕ယြင္းေနသူ ျဖစ္ပါတယ္။

(14) ကားေမာင္းေျပးေနရတဲ့ Clint နဲ႔ Kate
photo via screenrant

ဒီေထြလာရဲ့ ေနာက္ဆုံးဇာတ္ဝင္ခန္းထဲမွာေတာ့ Tracksuit နဲ႔ ဂိုဏ္းဟာ Clint နဲ႔ Kate တို႔ရဲ့ ေနာက္ကို လိုက္လာပါတယ္။ သူတို႔ႏွစ္ေယာက္ကေတာ့ အဲ့ဒီဂိုဏ္းလက္က လြတ္ေအာင္ေျပးေနရင္း Kate ဟာ Clint ရဲ့ ျမားကို အသုံးျပဳၿပီး တိုက္ခိုက္တာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ သူမဟာ အလြန္အံ့ဩသြားတဲ့ ပုံစံျဖစ္သြားပါတယ္။

Kate အသုံးျပဳလိုက္တဲ့ ျမားကေတာ့ ဗုံးပါဝင္ေနတာေၾကာင့္ ျဖစ္ပါတယ္။ Clint အသုံးျပဳေနတဲ့ ျမားေတြဟာ အေျခအေန အမ်ိဴးမ်ိဴးမွာ အသုံးျပဳနိုင္တဲ့ လက္နက္ေတြ ပါဝင္ပါတယ္။ ဒီဇာတ္လမ္းတြဲထဲမွာ‌ေတာ့ အဲ့ဒီျမားေတြကို ေသခ်ာျမင္ေတြ႕ရမွာ ျဖစ္ၿပီး ဒီဇာတ္ဝင္ခန္းမွာ‌ေတာ့ Kate ရဲ့ ဝတ္စုံကိုလည္း ေသခ်ာျမင္ေတြ႕နိုင္ပါတယ္။

ဒါေတြကေတာ့ မၾကာေသးခင္ကမွ ထြက္ရွိထားတဲ့ Hawkeye ဇာတ္လမ္းတြဲ ပထမဆုံးေထြလာရဲ့ Breakdown ျဖစ္ၿပီး ေနာက္ထပ္ေထြလာေတြ ထြက္ရွိလာရင္လည္း ထပ္မံေဖာ္ျပေပးသြားဦးမွာပါ။ Hawkeye ဇာတ္လမ္းတြဲကေတာ့ နိုဝင္ဘာလ (၂၄)ရက္ေန႔မွာ Disney+ ကေန စတင္ျပသသြားမွာ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular