HomeCharacterLive Action ထဲမှာထက် ပိုကြမ်းတမ်းတဲ့ပုံစံနဲ့ ကောမစ်ထဲမှာ အကြားအာရုံ ဆုံးရှုံးခဲ့ရတဲ့ Hawkeye 

Live Action ထဲမှာထက် ပိုကြမ်းတမ်းတဲ့ပုံစံနဲ့ ကောမစ်ထဲမှာ အကြားအာရုံ ဆုံးရှုံးခဲ့ရတဲ့ Hawkeye 

Hawkeye ဇာတ်လမ်းတွဲဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလထဲမှာ ဇာတ်သိမ်းသွားခဲ့ပြီ ဖြစ်ပြီး အဲ့ဒီဇာတ်လမ်းတွဲထဲမှာတော့ Clint Barton ဟာ ပေါက်ကွဲမှုတွေများစွာနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် အကြားအာရုံ သိပ်မကောင်းတော့တာကို မြင်တွေ့ခဲ့ရပါတယ်။

တကယ်တော့ ကောမစ်ထဲက Clint ရဲ့ အကြားအာရုံ ဆုံးရှုံးမှုဟာ live action ထဲမှာ ဖော်ပြထားသလို မဟုတ်ဘဲ အတော်လေး ကြမ်းတမ်းပါတယ်။ ဒါကြောင့်လည်း Disney+ ရဲ့ ဇာတ်လမ်းတွဲထဲမှာတော့ ဒီအကြောင်းရင်းကို ပြန်လည် ပြောင်းလဲထားတာ ဖြစ်ပါတယ်။

photo via screenrant

၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Hawkeye ကောမစ်ထဲမှာတော့ Clint ဟာ Tracksuit Mafia ဂိုဏ်းနဲ့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲ့ဒီဂိုဏ်းရဲ့ ခေါင်းဆောင်ကတော့ Clint ရဲ့ တိုက်ခန်းပိုင်ရှင် ဖြစ်နေပြီး Clint ကတော့ တခြားအိမ်ငှားတွေကို ပြောင်းရွှေ့မှုတွေ မပြုလုပ်စေချင်တာကြောင့် အဲ့ဒီတိုက်တစ်တိုက်လုံးကို ဝယ်ပစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း Tracksuit Mafia ဂိုဏ်းဟာ သူတို့ ပုံမှန်ရနေကျ ပိုက်ဆံတွေ မရတော့တာကြောင့် Clint ကို ပိုပြီးအငြိုးထားကာ အဲ့ဒီတိုက်ထဲကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲ့ဒီနောက် Tracksuit Mafia ဂိုဏ်းဟာ ကြေးစားတစ်ယောက်ဖြစ်တဲ့ Kazi ကို ငှားရမ်းကာ Clint ကို သတ်ဖို့ စေခိုင်းခဲ့ပါတယ်။ Kazi ကတော့ Kingpin နဲ့ The Owl တို့လို အဖွဲ့အစည်းတွေအတွက် အလုပ်လုပ်ပေးခဲ့ဖူးသူ ဖြစ်ပြီး ကျွမ်းကျင်တဲ့ ကြေးစားတစ်ယောက် ဖြစ်ပါတယ်။ Clint ကတော့ Kazi ရဲ့ ပထမဆုံး တိုက်ခိုက်မှုကို ရှောင်တိမ်းခဲ့တာကြောင့် Kazi ဟာ ဒေါသထွက်ပြီး Clint ရဲ့ အိမ်နီးချင်းဖြစ်တဲ့ Grill ကို သတ်ပစ်ခဲ့ပါတယ်။

photo via screenrant

ဒါတင်မကသေးဘဲ သူဟာ Clint ရဲ့ တိုက်ခန်းထဲအထိ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးမှာတော့ Clint နဲ့ Kate Bishop တို့ဟာ Kazi နဲ့ Tracksuit Mafia အဖွဲ့သားတွေကို အနိုင်ယူလိုက်နိုင်ပါတယ်။ ဒါပေမယ့်လည်း သူတို့တွေ တိုက်ခိုက်နေကြတဲ့ အချိန်မှာတော့ Kazi ဟာ Clint ကို အနောက်ကနေ ခုန်အုပ်ပြီး Clint ရဲ့ နားထဲကို မြားနဲ့ ထိုးစိုက်ပစ်လိုက်ပါတယ်။

ဒီလုပ်ရပ်ကြောင့်ပဲ Clint ကို ကြမ်းပြင်ပေါ်မှာ သွေးတွေနဲ့ လူးလိမ့်သွားစေပြီး သူ့ရဲ့အကြားအာရုံကိုလည်း ထာဝရ ဆုံးရှုံးစေခဲ့ပါတယ်။ ဒီလို Origin မျိူးကတော့ Netflix ရဲ့ Marvel ဇာတ်လမ်းတွဲတွေမှာဆိုရင် အသုံးပြုနိုင်မှာ ဖြစ်ပေမယ့်လည်း ဆင်ဆာသတ်မှတ်ချက် PG-13 ပဲ ဖန်တီးတဲ့ Disney+ ရဲ့ ဇာတ်လမ်းတွဲမှာတော့ ဒီလိုကြမ်းတမ်းတဲ့ ပြကွက်တွေ ပြသဖို့ အဆင်မပြေတာကြောင့် အခုလို ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular