HomeEntertainmentFilmHawkeye ဇာတ်လမ်းတွဲထဲမှာ ပါဝင်လာနိုင်တဲ့ ဗီလိန်များ

Hawkeye ဇာတ်လမ်းတွဲထဲမှာ ပါဝင်လာနိုင်တဲ့ ဗီလိန်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

HBO Max က ပြသသွားမယ့် Hawkeye ဇာတ်လမ်းတွဲဟာ သိပ်မကြာခင်မှာ ရိုက်ကူးရေး စတင်တော့မှာ ဖြစ်ပြီး ၂၀၂၂ လောက်ဆိုရင် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ စူပါဟီးရိုးဇာတ်လမ်းတွေရဲ့ ထုံးစံအရ စူပါဟီးရိုးဇာတ်လမ်းတစ်ခု ထွက်လာပြီဆိုရင်သူနဲ့ယှဉ်နိုင်တဲ့ ဗီလိန်တော့ ပါဝင်ရမှာပဲ ဖြစ်ပါတယ်။ Clint ဟာ Avengers တွေနဲ့အတူတူ ဗီလိန်များစွာကို ရင်ဆိုင်ခဲ့ဖူးပေမယ့်လည်း သူ့ရဲ့ကိုယ်ပိုင်ဗီလိန်ဆိုပြီးတော့ မမြင်ခဲ့ရပါဘူး။ ဒါကြောင့် သူ့ရဲ့ဆိုလိုဇာတ်လမ်းတွဲထဲမှာတော့ သူ့ရဲ့ကိုယ်ပိုင်ဗီလိန်တွေ ပါဝင်လာမှာ ဖြစ်တာကြောင့် ပါဝင်လာနိုင်ချေ ရှိတဲ့ ဗီလိန်တွေကို ဖော်ပြပေးချင်ပါတယ်။

Taskmaster
photo via screenrant

Black Widow ရုပ်ရှင်ရဲ့ ဗီလိန်ဖြစ်တဲ့ Taskmaster ဟာလည်း အဲ့ဒီရုပ်ရှင်ထဲမှာ မသေခဲ့ဘူးဆိုရင် Hawkeye ဇာတ်လမ်းတွဲထဲမှာ ပြန်လည်ပါဝင်လာနိုင်ပါတယ်။ ကောမစ်ထဲမှာဆိုရင် သူတို့နှစ်ယောက်ဟာ မကြာခဏ တိုက်ခိုက်လေ့ရှိကြတဲ့ ရန်သူနှစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Taskmaster ကို အနိုင်ယူဖို့ဆိုရင်တော့ တော်တော်လေးကို အခက်တွေ့မှာ ဖြစ်ပါတယ်။ အကြောင်းကတော့ Taskmaster ရဲ့စွမ်းအားဟာ သူ့ရန်သူရဲ့ ကျွမ်းကျင်မှုတွေကို ပုံတူကူးယူနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် Clint ဟာ သူလုပ်နိုင်တဲ့အရာမှန်သမျှအပြင် သူ မလုပ်နိုင်တဲ့အရာတွေကိုပါ လုပ်နိုင်စွမ်းရှိတဲ့ ဗီလိန်တစ်ယောက်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Taskmaster ကို အကြောင်းပြုပြီးတော့ Clint နဲ့ Natasha တို့ကြားက ဆက်ဆံရေးကိုလည်း မြင်ရနိုင်ပါတယ်။

Crossfire
photo via screenrant

Marvel ဟာ ကောမစ်ထဲက ဗီလိန်ဖြစ်သူ Crossfire ကိုလည်း ဒီ Live Action ထဲမှာ ထည့်သွင်းနိုင်ပါသေးတယ်။ Crossfire ကတော့ Ant-Man ရဲ့ အဓိကဗီလိန်ဖြစ်သူ Yellowjacket ရဲ့ ဝမ်းကွဲ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Crossfire ဟာ စူပါဟီးရိုးတွေကို ဦးနှောက်ဆေးဖို့အတွက် စီစဉ်ခဲ့သူ ဖြစ်ပါတယ်။ Hawkeye ရဲ့ ပထမဆုံး ကောမစ်မီနီစီးရီးထဲမှာတော့ Crossfire ဟာ Hawkeye ကို ပစ်မှတ်ထားခဲ့ပါတယ်။ အကြောင်းကတော့ Hawkeye ဟာ Avengers ရဲ့ အားအနည်းဆုံးအဖွဲ့ဝင် ဖြစ်ပြီးတော့ အနိုင်ယူဖို့ အလွယ်ကူဆုံး အဖွဲ့ဝင် ဖြစ်တယ်လို့ ယုံကြည်တာကြောင့်ပဲ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း Clint ဟာ သူ့ရဲ့တစ်ဘဝလုံးမှာ လူတိုင်းနီးပါးက သူ့ကို စူပါဟီးရိုးတစ်ယောက်လို့ကို သတ်မှတ်ကြတာမျိူး မရှိဘဲ အမြဲတမ်း အထင်သေးခံခဲ့ရသူ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ Clint ဟာ Crossfire ရဲ့ အစီအစဉ်တွေကို ချိူးဖျက်ပြပြီး အနိုင်ယူခဲ့ကာ သူ့ကိုယ်သူ ဟီးရိုးဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။ ဒါကြောင့် Marvel ဟာလည်း ဒီလိုမျိူး ခပ်ဆင်ဆင်ဇာတ်လမ်းမျိူး ဖန်တီးပြီး Crossfire ကို ဒီဇာတ်လမ်းတွဲထဲမှာ ထည့်သွင်းနိုင်ပါတယ်။ ဒါ့အပြင် Crossfire ဟာ Yellowjacket ရဲ့ဝမ်းကွဲ ဖြစ်တာကြောင့် ဒီဇာတ်လမ်းနဲ့ Ant-Man ရုပ်ရှင်တို့ကလည်း ဆက်စပ်သွားနိုင်ပါတယ်။

Swordsman
photo via screenrant

Marvel ဟာ ၁၉၆၅ခုနှစ်မှာ Swordsman တစ်ဖြစ်လည်း Jacques Duquesne ဆိုတဲ့ ဗီလိန်တစ်ယောက်ကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ သူကတော့ ဓားနဲ့ တိုက်ခိုက်တဲ့နေရာမှာ အလွန်ကျွမ်းကျင်ပြီး Mandarin’s Ten Rings ရဲ့ စွမ်းအားတွေကိုလည်း အသုံးပြုသူ ဖြစ်ပါတယ်။ သူဟာ Avengers Mansion ကို ရောက်လာပြီး Avengers အဖွဲ့ဝင်တစ်ယောက် ဖြစ်ဖို့အတွက် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း Clint ဟာ ချက်ချင်းပဲ သူ့ရဲ့တောင်းဆိုမှုကို ငြင်းပယ်ခဲ့ပါတယ်။ အကြောင်းကတော့ သူတို့နှစ်ယောက်ဟာ အတိတ်မှာ တွေ့ဆုံခဲ့ဖူးပြီး Swordsman ဟာ လူကောင်းတစ်ယောက် မဟုတ်ဘူးလို့ ယုံကြည်တာကြောင့်ပဲ ဖြစ်ပါတယ်။

Clint ဟာ ငယ်ဘဝတုန်းက Iowa မြို့မှာနေထိုင်တဲ့ မိဘမဲ့ကလေးတစ်ယောက် ဖြစ်ပြီး တစ်ရက်မှာတော့ ဆက်ကပ်အဖွဲ့နားကို ရောက်သွားပါတယ်။ အဲ့ဒီအချိန်မှာတော့ Swordsman ဟာ ဆက်ကပ်ခေါင်းဆောင်ရဲ့ ပိုက်ဆံကို ခိုးနေတာကို Clint က မြင်တွေ့သွားခဲ့ပါတယ်။ Swordsman ကတော့ အဲ့ဒီဆက်ကပ်ရဲ့ အတော်ဆုံးဓားသမားတစ်ယောက် ဖြစ်ပြီး Clint ကို နှုတ်ပိတ်ဖို့အတွက် သူ့ရဲ့လက်ထောက်အဖြစ် ခန့်လိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ရဲ့ကျွမ်းကျင်မှုတွေနဲ့ ဓားပညာတွေကို သင်ပေးခဲ့ပြီးတော့ သူတို့နှစ်ယောက်ဟာ ပါတနာတွေ ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Swordsman က လူကောင်းမဟုတ်ဘူးဆိုတာ သိသွားတာကြောင့် Clint ဟာ အဲ့ဒီဆက်ကပ်ကနေ ထွက်ပြေးလာခဲ့ပါတယ်။

ဒီလို ဆရာတပည့် သဘောထားကွဲလွဲမှုတွေကြောင့် နောက်ပိုင်းမှာတော့ တိုက်ခိုက်ကြရင်းနဲ့ Clint ဟာ သူ့ရဲ့အရင်က ဆရာကို အနိုင်ယူနိုင်ခဲ့ပါတယ်။ Clint ဟာ ယခင်က ထွက်ရှိထားတဲ့ Avengers ရုပ်ရှင်တွေထဲမှာ ပါဝင်ခဲ့ပေမယ့်လည်း သူ့ရဲ့အတိတ်အကြောင်းကိုတော့ ဖော်ပြခဲ့ခြင်း မရှိပါဘူး။ အဲ့ဒါကြောင့် ဒီဇာတ်လမ်းတွဲထဲမှာ သူ့ရဲ့အတိတ်အကြောင်းကို ဖော်ပြမယ်ဆိုရင်တော့ Swordsman ဟာ သေချာပေါက် ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Endgame ထဲက သူ့ရဲ့ ဓားပညာဟာလည်း Swordsman ဆီက သင်ယူလာတာလို့ ယူဆလို့ရပါတယ်။

Trick Shot
photo via screenrant

Marvel ဟာ ၁၉၈၀ကျော်လောက်မှာတော့ Clint ရဲ့ origin ကို ထပ်မံပြည့်စုံအောင် ပြုလုပ်ပေးခဲ့ပါတယ်။ အကြောင်းကတော့ Clint ဟာ ဓားရေးကျွမ်းကျင်သူရဲ့ လက်အောက်မှာ လေ့ကျင့်ရင်းနဲ့ ဘယ်လိုကြောင့် လေးနဲ့မြားကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်စွာ အသုံးပြုတတ်သွားတာလည်းဆိုတဲ့ မေးခွန်းကို ပရိသတ်အများစုက မေးခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ တကယ်တော့ Trick Shot ဟာ Swordsman နဲ့ မကောင်းမှုတွေကို အတူပြုလုပ်နေတဲ့ ပါတနာတစ်ယောက် ဖြစ်ပါတယ်။

Clint ဟာ လေးနဲ့မြားကို အသုံးပြုတဲ့နေရာမှာ ပါရမီပါလာတယ်ဆိုတာကို Swordsman က သိသွားတာကြောင့် Clint ကို လေ့ကျင့်ပေးဖို့အတွက် Trick Shot ကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ နှစ်တွေအများကြီး ကြာလာတဲ့အချိန်မှာတော့ Trick Shot ဟာ Hawkeye နဲ့ သေသည်အထိ တစ်ယောက်ချင်း တိုက်ခိုက်ဖို့အတွက် တွန်းအားပေးခဲ့ပါတယ်။ နောက်ပိုင်းမှ သိရတာကတော့ Trick Shot ဟာ ကင်ဆာရောဂါကြောင့် သေဆုံးခါနီး ဖြစ်နေပြီး လေးနဲ့မြားနေရာမှာ Clint ဟာ သူ့ထက်သာလွန်နေတာကြောင့် တိုက်ပွဲထဲမှာ Clint က သတ်ပစ်တာကို ခံချင်လို့ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ Marvel ဟာ ဒီဇာတ်လမ်းတွဲထဲမှာတော့ Trick Shot ကိုလည်း ပုံစံတစ်မျိူးမျိူးနဲ့ ထည့်သွင်းနိုင်ချေ ရှိပါသေးတယ်။

Barney Barton
photo via screenrant

Barney ကတော့ Clint ရဲ့ အစ်ကိုရင်းတစ်ယောက် ဖြစ်ပြီးတော့ သူတို့နှစ်ယောက်လုံးဟာ ဆက်ကပ်ထဲကို အတူရောက်သွားကြတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ဟာ သဘောထား ကွဲလွဲမှုတွေ ဖြစ်ခဲ့ပြီး Clint ကတော့ Swordsman နဲ့ နေထိုင်ခဲ့ပြီး Barney ကတော့ FBI အေးဂျင့် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာလည်း Barney ဟာ Clint နဲ့ ပြန်လည်ဆုံတွေ့ခဲ့ပြီး သိပ်မကြာခင်မှာတော့ Egghead လို့ခေါ်တဲ့ ဗီလိန်တစ်ယောက်နဲ့ တိုက်ခိုက်ရင်း သေဆုံးသွားခဲ့ပါတယ်။

နောက်ထပ် နှစ်တွေအများကြီး ကြာသွားတော့မှ Barney ဟာ ဘယ်သူမှမသိဘဲ အသက်ရှင်သန်နိုင်ခဲ့ပြီး Trick Shot ကို သတ်ပစ်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ကိုယ်သူ Trick Shot ဆိုတဲ့နာမည်နဲ့ ဆက်လက်နေထိုင်ခဲ့ပြီး Clint ရဲ့ ဗီလိန်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ Barney ကိုလည်း ဒီဇာတ်လမ်းတွဲထဲမှာ ထည့်သွင်းခဲ့မယ်ဆိုရင်တော့ Clint ရဲ့ အတိတ်ဇာတ်ကြောင်းတွေအပြင် ညီအစ်ကိုနှစ်ယောက်ရဲ့ ဝမ်းနည်းစရာ နောက်ကြောင်းတွေကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

HBO Max က ျပသသြားမယ့္ Hawkeye ဇာတ္လမ္းတြဲဟာ သိပ္မၾကာခင္မွာ ႐ိုက္ကူးေရး စတင္ေတာ့မွာ ျဖစ္ၿပီး ၂၀၂၂ ေလာက္ဆိုရင္ ၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။ စူပါဟီး႐ိုးဇာတ္လမ္းေတြရဲ႕ ထုံးစံအရ စူပါဟီး႐ိုးဇာတ္လမ္းတစ္ခု ထြက္လာၿပီဆိုရင္သူနဲ႔ယွဥ္ႏိုင္တဲ့ ဗီလိန္ေတာ့ ပါဝင္ရမွာပဲ ျဖစ္ပါတယ္။ Clint ဟာ Avengers ေတြနဲ႔အတူတူ ဗီလိန္မ်ားစြာကို ရင္ဆိုင္ခဲ့ဖူးေပမယ့္လည္း သူ႔ရဲ႕ကိုယ္ပိုင္ဗီလိန္ဆိုၿပီးေတာ့ မျမင္ခဲ့ရပါဘူး။ ဒါေၾကာင့္ သူ႔ရဲ႕ဆိုလိုဇာတ္လမ္းတြဲထဲမွာေတာ့ သူ႔ရဲ႕ကိုယ္ပိုင္ဗီလိန္ေတြ ပါဝင္လာမွာ ျဖစ္တာေၾကာင့္ ပါဝင္လာႏိုင္ေခ် ရွိတဲ့ ဗီလိန္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Taskmaster
photo via screenrant

Black Widow ႐ုပ္ရွင္ရဲ႕ ဗီလိန္ျဖစ္တဲ့ Taskmaster ဟာလည္း အဲ့ဒီ႐ုပ္ရွင္ထဲမွာ မေသခဲ့ဘူးဆိုရင္ Hawkeye ဇာတ္လမ္းတြဲထဲမွာ ျပန္လည္ပါဝင္လာႏိုင္ပါတယ္။ ေကာမစ္ထဲမွာဆိုရင္ သူတို႔ႏွစ္ေယာက္ဟာ မၾကာခဏ တိုက္ခိုက္ေလ့ရွိၾကတဲ့ ရန္သူႏွစ္ေယာက္ပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ Taskmaster ကို အႏိုင္ယူဖို႔ဆိုရင္ေတာ့ ေတာ္ေတာ္ေလးကို အခက္ေတြ႕မွာ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ Taskmaster ရဲ႕စြမ္းအားဟာ သူ႔ရန္သူရဲ႕ ကြၽမ္းက်င္မႈေတြကို ပုံတူကူးယူႏိုင္တာေၾကာင့္ပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ Clint ဟာ သူလုပ္ႏိုင္တဲ့အရာမွန္သမွ်အျပင္ သူ မလုပ္ႏိုင္တဲ့အရာေတြကိုပါ လုပ္ႏိုင္စြမ္းရွိတဲ့ ဗီလိန္တစ္ေယာက္နဲ႔ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Taskmaster ကို အေၾကာင္းျပဳၿပီးေတာ့ Clint နဲ႔ Natasha တို႔ၾကားက ဆက္ဆံေရးကိုလည္း ျမင္ရႏိုင္ပါတယ္။

Crossfire
photo via screenrant

Marvel ဟာ ေကာမစ္ထဲက ဗီလိန္ျဖစ္သူ Crossfire ကိုလည္း ဒီ Live Action ထဲမွာ ထည့္သြင္းႏိုင္ပါေသးတယ္။ Crossfire ကေတာ့ Ant-Man ရဲ႕ အဓိကဗီလိန္ျဖစ္သူ Yellowjacket ရဲ႕ ဝမ္းကြဲ ျဖစ္ပါတယ္။ ေကာမစ္ထဲမွာေတာ့ Crossfire ဟာ စူပါဟီး႐ိုးေတြကို ဦးေႏွာက္ေဆးဖို႔အတြက္ စီစဥ္ခဲ့သူ ျဖစ္ပါတယ္။ Hawkeye ရဲ႕ ပထမဆုံး ေကာမစ္မီနီစီးရီးထဲမွာေတာ့ Crossfire ဟာ Hawkeye ကို ပစ္မွတ္ထားခဲ့ပါတယ္။ အေၾကာင္းကေတာ့ Hawkeye ဟာ Avengers ရဲ႕ အားအနည္းဆုံးအဖြဲ႕ဝင္ ျဖစ္ၿပီးေတာ့ အႏိုင္ယူဖို႔ အလြယ္ကူဆုံး အဖြဲ႕ဝင္ ျဖစ္တယ္လို႔ ယုံၾကည္တာေၾကာင့္ပဲ ျဖစ္ပါတယ္။

တစ္ဖက္မွာလည္း Clint ဟာ သူ႔ရဲ႕တစ္ဘဝလုံးမွာ လူတိုင္းနီးပါးက သူ႔ကို စူပါဟီး႐ိုးတစ္ေယာက္လို႔ကို သတ္မွတ္ၾကတာမ်ိဴး မရွိဘဲ အၿမဲတမ္း အထင္ေသးခံခဲ့ရသူ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Clint ဟာ Crossfire ရဲ႕ အစီအစဥ္ေတြကို ခ်ိဴးဖ်က္ျပၿပီး အႏိုင္ယူခဲ့ကာ သူ႔ကိုယ္သူ ဟီး႐ိုးျဖစ္ေၾကာင္း သက္ေသျပခဲ့ပါတယ္။ ဒါေၾကာင့္ Marvel ဟာလည္း ဒီလိုမ်ိဴး ခပ္ဆင္ဆင္ဇာတ္လမ္းမ်ိဴး ဖန္တီးၿပီး Crossfire ကို ဒီဇာတ္လမ္းတြဲထဲမွာ ထည့္သြင္းႏိုင္ပါတယ္။ ဒါ့အျပင္ Crossfire ဟာ Yellowjacket ရဲ႕ဝမ္းကြဲ ျဖစ္တာေၾကာင့္ ဒီဇာတ္လမ္းနဲ႔ Ant-Man ႐ုပ္ရွင္တို႔ကလည္း ဆက္စပ္သြားႏိုင္ပါတယ္။

Swordsman
photo via screenrant

Marvel ဟာ ၁၉၆၅ခုႏွစ္မွာ Swordsman တစ္ျဖစ္လည္း Jacques Duquesne ဆိုတဲ့ ဗီလိန္တစ္ေယာက္ကို ပရိသတ္ေတြနဲ႔ မိတ္ဆက္ေပးခဲ့ပါတယ္။ သူကေတာ့ ဓားနဲ႔ တိုက္ခိုက္တဲ့ေနရာမွာ အလြန္ကြၽမ္းက်င္ၿပီး Mandarin’s Ten Rings ရဲ႕ စြမ္းအားေတြကိုလည္း အသုံးျပဳသူ ျဖစ္ပါတယ္။ သူဟာ Avengers Mansion ကို ေရာက္လာၿပီး Avengers အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္ဖို႔အတြက္ ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္လည္း Clint ဟာ ခ်က္ခ်င္းပဲ သူ႔ရဲ႕ေတာင္းဆိုမႈကို ျငင္းပယ္ခဲ့ပါတယ္။ အေၾကာင္းကေတာ့ သူတို႔ႏွစ္ေယာက္ဟာ အတိတ္မွာ ေတြ႕ဆုံခဲ့ဖူးၿပီး Swordsman ဟာ လူေကာင္းတစ္ေယာက္ မဟုတ္ဘူးလို႔ ယုံၾကည္တာေၾကာင့္ပဲ ျဖစ္ပါတယ္။

Clint ဟာ ငယ္ဘဝတုန္းက Iowa ၿမိဳ႕မွာေနထိုင္တဲ့ မိဘမဲ့ကေလးတစ္ေယာက္ ျဖစ္ၿပီး တစ္ရက္မွာေတာ့ ဆက္ကပ္အဖြဲ႕နားကို ေရာက္သြားပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Swordsman ဟာ ဆက္ကပ္ေခါင္းေဆာင္ရဲ႕ ပိုက္ဆံကို ခိုးေနတာကို Clint က ျမင္ေတြ႕သြားခဲ့ပါတယ္။ Swordsman ကေတာ့ အဲ့ဒီဆက္ကပ္ရဲ႕ အေတာ္ဆုံးဓားသမားတစ္ေယာက္ ျဖစ္ၿပီး Clint ကို ႏႈတ္ပိတ္ဖို႔အတြက္ သူ႔ရဲ႕လက္ေထာက္အျဖစ္ ခန႔္လိုက္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူ႔ရဲ႕ကြၽမ္းက်င္မႈေတြနဲ႔ ဓားပညာေတြကို သင္ေပးခဲ့ၿပီးေတာ့ သူတို႔ႏွစ္ေယာက္ဟာ ပါတနာေတြ ျဖစ္လာခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ Swordsman က လူေကာင္းမဟုတ္ဘူးဆိုတာ သိသြားတာေၾကာင့္ Clint ဟာ အဲ့ဒီဆက္ကပ္ကေန ထြက္ေျပးလာခဲ့ပါတယ္။

ဒီလို ဆရာတပည့္ သေဘာထားကြဲလြဲမႈေတြေၾကာင့္ ေနာက္ပိုင္းမွာေတာ့ တိုက္ခိုက္ၾကရင္းနဲ႔ Clint ဟာ သူ႔ရဲ႕အရင္က ဆရာကို အႏိုင္ယူႏိုင္ခဲ့ပါတယ္။ Clint ဟာ ယခင္က ထြက္ရွိထားတဲ့ Avengers ႐ုပ္ရွင္ေတြထဲမွာ ပါဝင္ခဲ့ေပမယ့္လည္း သူ႔ရဲ႕အတိတ္အေၾကာင္းကိုေတာ့ ေဖာ္ျပခဲ့ျခင္း မရွိပါဘူး။ အဲ့ဒါေၾကာင့္ ဒီဇာတ္လမ္းတြဲထဲမွာ သူ႔ရဲ႕အတိတ္အေၾကာင္းကို ေဖာ္ျပမယ္ဆိုရင္ေတာ့ Swordsman ဟာ ေသခ်ာေပါက္ ပါဝင္လာမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Endgame ထဲက သူ႔ရဲ႕ ဓားပညာဟာလည္း Swordsman ဆီက သင္ယူလာတာလို႔ ယူဆလို႔ရပါတယ္။

Trick Shot
photo via screenrant

Marvel ဟာ ၁၉၈၀ေက်ာ္ေလာက္မွာေတာ့ Clint ရဲ႕ origin ကို ထပ္မံျပည့္စုံေအာင္ ျပဳလုပ္ေပးခဲ့ပါတယ္။ အေၾကာင္းကေတာ့ Clint ဟာ ဓားေရးကြၽမ္းက်င္သူရဲ႕ လက္ေအာက္မွာ ေလ့က်င့္ရင္းနဲ႔ ဘယ္လိုေၾကာင့္ ေလးနဲ႔ျမားကို တစ္ဖက္ကမ္းခတ္ ကြၽမ္းက်င္စြာ အသုံးျပဳတတ္သြားတာလည္းဆိုတဲ့ ေမးခြန္းကို ပရိသတ္အမ်ားစုက ေမးခဲ့ၾကလို႔ပဲ ျဖစ္ပါတယ္။ တကယ္ေတာ့ Trick Shot ဟာ Swordsman နဲ႔ မေကာင္းမႈေတြကို အတူျပဳလုပ္ေနတဲ့ ပါတနာတစ္ေယာက္ ျဖစ္ပါတယ္။

Clint ဟာ ေလးနဲ႔ျမားကို အသုံးျပဳတဲ့ေနရာမွာ ပါရမီပါလာတယ္ဆိုတာကို Swordsman က သိသြားတာေၾကာင့္ Clint ကို ေလ့က်င့္ေပးဖို႔အတြက္ Trick Shot ကို ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။ ႏွစ္ေတြအမ်ားႀကီး ၾကာလာတဲ့အခ်ိန္မွာေတာ့ Trick Shot ဟာ Hawkeye နဲ႔ ေသသည္အထိ တစ္ေယာက္ခ်င္း တိုက္ခိုက္ဖို႔အတြက္ တြန္းအားေပးခဲ့ပါတယ္။ ေနာက္ပိုင္းမွ သိရတာကေတာ့ Trick Shot ဟာ ကင္ဆာေရာဂါေၾကာင့္ ေသဆုံးခါနီး ျဖစ္ေနၿပီး ေလးနဲ႔ျမားေနရာမွာ Clint ဟာ သူ႔ထက္သာလြန္ေနတာေၾကာင့္ တိုက္ပြဲထဲမွာ Clint က သတ္ပစ္တာကို ခံခ်င္လို႔ပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Marvel ဟာ ဒီဇာတ္လမ္းတြဲထဲမွာေတာ့ Trick Shot ကိုလည္း ပုံစံတစ္မ်ိဴးမ်ိဴးနဲ႔ ထည့္သြင္းႏိုင္ေခ် ရွိပါေသးတယ္။

Barney Barton
photo via screenrant

Barney ကေတာ့ Clint ရဲ႕ အစ္ကိုရင္းတစ္ေယာက္ ျဖစ္ၿပီးေတာ့ သူတို႔ႏွစ္ေယာက္လုံးဟာ ဆက္ကပ္ထဲကို အတူေရာက္သြားၾကတာ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ သေဘာထား ကြဲလြဲမႈေတြ ျဖစ္ခဲ့ၿပီး Clint ကေတာ့ Swordsman နဲ႔ ေနထိုင္ခဲ့ၿပီး Barney ကေတာ့ FBI ေအးဂ်င့္ ျဖစ္လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာလည္း Barney ဟာ Clint နဲ႔ ျပန္လည္ဆုံေတြ႕ခဲ့ၿပီး သိပ္မၾကာခင္မွာေတာ့ Egghead လို႔ေခၚတဲ့ ဗီလိန္တစ္ေယာက္နဲ႔ တိုက္ခိုက္ရင္း ေသဆုံးသြားခဲ့ပါတယ္။

ေနာက္ထပ္ ႏွစ္ေတြအမ်ားႀကီး ၾကာသြားေတာ့မွ Barney ဟာ ဘယ္သူမွမသိဘဲ အသက္ရွင္သန္ႏိုင္ခဲ့ၿပီး Trick Shot ကို သတ္ပစ္ခဲ့ပါတယ္။ ဒါ့အျပင္ သူ႔ကိုယ္သူ Trick Shot ဆိုတဲ့နာမည္နဲ႔ ဆက္လက္ေနထိုင္ခဲ့ၿပီး Clint ရဲ႕ ဗီလိန္တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ Barney ကိုလည္း ဒီဇာတ္လမ္းတြဲထဲမွာ ထည့္သြင္းခဲ့မယ္ဆိုရင္ေတာ့ Clint ရဲ႕ အတိတ္ဇာတ္ေၾကာင္းေတြအျပင္ ညီအစ္ကိုႏွစ္ေယာက္ရဲ႕ ဝမ္းနည္းစရာ ေနာက္ေၾကာင္းေတြကိုလည္း ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular