HomeEntertainmentFilm၂၀၂၅ ခုနှစ်မှာ ဇာတ်အိမ်တည်ထားတာကို အတည်ပြုပေးခဲ့တဲ့ Hawkeye ရိုက်ကွင်းပေါ်က ပုံရိပ်များ

၂၀၂၅ ခုနှစ်မှာ ဇာတ်အိမ်တည်ထားတာကို အတည်ပြုပေးခဲ့တဲ့ Hawkeye ရိုက်ကွင်းပေါ်က ပုံရိပ်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Hawkeye ဇာတ်လမ်းတွဲဟာ ၂၀၂၅ ခုနှစ်မှာ ဇာတ်အိမ်တည်ထားတာကို ရိုက်ကွင်းပေါ်က ပုံရိပ်တစ်ချို့က ပြသသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီဇာတ်လမ်းတွဲဟာ Avengers: Endgame နဲ့တောင် (၂) နှစ် ကွာခြားနေပါတယ်။ MCU ကထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင်တွေအများစုဟာ ဘယ်အချိန်ကာလမှာ ဇာတ်အိမ်တည်ထားတာလည်း ဆိုတာကို မှတ်မိဖို့ လွယ်ပါတယ်။ အကြောင်းကတော့ အရင်ကထွက်ခဲ့တဲ့ ရုပ်ရှင်တွေအများစုဟာ ၂၀၁၂ ခုနှစ်မှာ ထွက်ခဲ့တယ်ဆိုရင် ဇာတ်လမ်းကိုလည်း ၂၀၁၂ ခုနှစ်မှာပဲ ဇာတ်အိမ်တည်ထားတာကြောင့် ဖြစ်ပါတယ်။ Avengers: Endgame ထဲမှာတော့ Infinity War နဲ့ ငါးနှစ်ကွာခြားသွားပြီးတော့ ၂၀၂၃ ခုနှစ်မှာ ဇာတ်အိမ်တည်ခဲ့ပါတယ်။

photo via CreamOrScream/twitter

အဲ့ဒါကြောင့်ပဲ နောက်ဆုံးထွက်ထားတဲ့ Spider-Man: Far From Home ဟာ ၂၀၂၄ ခုနှစ်မှာ ဇာတ်အိမ်တည်ခဲ့ပါတယ်။ အခုချိန်မှာတော့ Marvel ဟာ Phase 4 အတွက် ထွက်ရှိလာမယ့် ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲတွေအများကြီးကို ကြေညာခဲ့ပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ timeline တွေဟာ မတူညီတော့ပါဘူး။ Black Widow ဆိုလိုရုပ်ရှင်ကတော့ Infinity War မဖြစ်ခင်အချိန်မှာ ဇာတ်အိမ်တည်ထားသလို Falcon and Winter Solider ကတော့ ၂၀၂၃ ခုနှစ်မှာပဲ ဇာတ်အိမ်တည်ထားပါတယ်။ Hawkeye ဇာတ်လမ်းတွဲကလည်း Endgame အပြီးမှာ ဖြစ်ပျက်မယ်ဆိုတာကို သိကြပေမယ့်လည်း အခုချိန်မှာတော့ ဘယ်ကာလမှာ ဇာတ်အိမ်တည်ထားတာလည်း ဆိုတာကို အတိအကျသိလိုက်ရပါပြီ။

Hawkeye ဇာတ်လမ်းတွဲရဲ့ ရိုက်ကူးရေးဒုတိယနေ့မှာလည်း ရိုက်ကွင်းပေါ်က ပုံရိပ်တွေ ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီပုံတွေထဲမှာတော့ Clint ၊ Kate Bishop နဲ့ သူတို့ရဲ့ခွေးလေးတို့ဟာ တရုတ်တန်းမှာ ရိုက်ကူးနေတာကို တွေ့ခဲ့ရပါတယ်။ အဲ့ဒီပုံတွေဟာ ဒီအတိုင်းကြည့်လိုက်ရင်တော့ ဘာမှထူးခြားတာ မပါပေမယ့်လည်း သေချာကြည့်လိုက်ရင်တော့ ဒီဇာတ်လမ်းဟာ ဘယ်ကာလမှာ အခြေခံထားတာလည်း ဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဲ့ဒါကတော့ ဒီပုံထဲမှာ ၂၀၂၅ ခုနှစ်ရဲ့ တရုတ်နှစ်သစ်ကူးကို ကြိုဆိုတဲ့ ပိုစတာကို မြင်ခဲ့ရလို့ပဲ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်ရဲ့ တရုတ်နှစ်သစ်ကူးကတော့ ဇန်နဝါရီလ (၂၉) ရက်နေ့မှာ ကျရောက်တာကြောင့် ဒီဇာတ်လမ်းရဲ့ အချိန်ကာလကို ပျမ်းပျှအားဖြင့် သိရခဲ့ပါတယ်။

photo via JRennerNet/twitter

Clint ဟာ Avengers အဖွဲ့ဝင်တစ်ယောက်အနေနဲ့ နှစ်တွေအများကြီး လူသားတွေကို ကာကွယ်ပေးခဲ့ပါတယ်။ Endgame ပြီးဆုံးသွားတဲ့အချိန်မှာတော့ သူဟာ သူ့ရဲ့မိသားစုဆီကို ပြန်သွားပြီး Tony ရဲ့ ဈာပနကို တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ မိသားစုဘဝလေးနဲ့ပဲ နေချင်တာကြောင့် ဟီးရိုးအလုပ်ကနေ အနားယူဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ရဲ့နေရာမှာ ဆက်ခံဖို့အတွက် Kate Bishop ကို လေ့ကျင့်ပေးတာတွေကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ အဲ့ဒါတင်မကသေးဘဲ နောက်ထပ်ရိုက်ကွင်းပေါ်က ပုံထဲမှာ Clint ဟာ နားကြားကိရိယာကို တပ်ဆင်ထားတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒါကြောင့်ပဲ ကောမစ်ထဲလို Clint ရဲ့ အကြားအာရုံဆုံးရှုံးသွားရတဲ့ အကြောင်းတွေကို မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Hawkeye ဇာတ္လမ္းတြဲဟာ ၂၀၂၅ ခုႏွစ္မွာ ဇာတ္အိမ္တည္ထားတာကို ႐ိုက္ကြင္းေပၚက ပုံရိပ္တစ္ခ်ိဳ႕က ျပသသြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီဇာတ္လမ္းတြဲဟာ Avengers: Endgame နဲ႔ေတာင္ (၂) ႏွစ္ ကြာျခားေနပါတယ္။ MCU ကထုတ္လုပ္ခဲ့တဲ့ ႐ုပ္ရွင္ေတြအမ်ားစုဟာ ဘယ္အခ်ိန္ကာလမွာ ဇာတ္အိမ္တည္ထားတာလည္း ဆိုတာကို မွတ္မိဖို႔ လြယ္ပါတယ္။ အေၾကာင္းကေတာ့ အရင္ကထြက္ခဲ့တဲ့ ႐ုပ္ရွင္ေတြအမ်ားစုဟာ ၂၀၁၂ ခုႏွစ္မွာ ထြက္ခဲ့တယ္ဆိုရင္ ဇာတ္လမ္းကိုလည္း ၂၀၁၂ ခုႏွစ္မွာပဲ ဇာတ္အိမ္တည္ထားတာေၾကာင့္ ျဖစ္ပါတယ္။ Avengers: Endgame ထဲမွာေတာ့ Infinity War နဲ႔ ငါးႏွစ္ကြာျခားသြားၿပီးေတာ့ ၂၀၂၃ ခုႏွစ္မွာ ဇာတ္အိမ္တည္ခဲ့ပါတယ္။

photo via CreamOrScream/twitter

အဲ့ဒါေၾကာင့္ပဲ ေနာက္ဆုံးထြက္ထားတဲ့ Spider-Man: Far From Home ဟာ ၂၀၂၄ ခုႏွစ္မွာ ဇာတ္အိမ္တည္ခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ Marvel ဟာ Phase 4 အတြက္ ထြက္ရွိလာမယ့္ ႐ုပ္ရွင္ေတြနဲ႔ ဇာတ္လမ္းတြဲေတြအမ်ားႀကီးကို ေၾကညာခဲ့ေပမယ့္လည္း ဒီတစ္ႀကိမ္မွာေတာ့ timeline ေတြဟာ မတူညီေတာ့ပါဘူး။ Black Widow ဆိုလို႐ုပ္ရွင္ကေတာ့ Infinity War မျဖစ္ခင္အခ်ိန္မွာ ဇာတ္အိမ္တည္ထားသလို Falcon and Winter Solider ကေတာ့ ၂၀၂၃ ခုႏွစ္မွာပဲ ဇာတ္အိမ္တည္ထားပါတယ္။ Hawkeye ဇာတ္လမ္းတြဲကလည္း Endgame အၿပီးမွာ ျဖစ္ပ်က္မယ္ဆိုတာကို သိၾကေပမယ့္လည္း အခုခ်ိန္မွာေတာ့ ဘယ္ကာလမွာ ဇာတ္အိမ္တည္ထားတာလည္း ဆိုတာကို အတိအက်သိလိုက္ရပါၿပီ။

Hawkeye ဇာတ္လမ္းတြဲရဲ႕ ႐ိုက္ကူးေရးဒုတိယေန႔မွာလည္း ႐ိုက္ကြင္းေပၚက ပုံရိပ္ေတြ ထပ္မံထြက္ေပၚလာခဲ့ပါတယ္။ အဲ့ဒီပုံေတြထဲမွာေတာ့ Clint ၊ Kate Bishop နဲ႔ သူတို႔ရဲ႕ေခြးေလးတို႔ဟာ တ႐ုတ္တန္းမွာ ႐ိုက္ကူးေနတာကို ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီပုံေတြဟာ ဒီအတိုင္းၾကည့္လိုက္ရင္ေတာ့ ဘာမွထူးျခားတာ မပါေပမယ့္လည္း ေသခ်ာၾကည့္လိုက္ရင္ေတာ့ ဒီဇာတ္လမ္းဟာ ဘယ္ကာလမွာ အေျခခံထားတာလည္း ဆိုတာကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ အဲ့ဒါကေတာ့ ဒီပုံထဲမွာ ၂၀၂၅ ခုႏွစ္ရဲ႕ တ႐ုတ္ႏွစ္သစ္ကူးကို ႀကိဳဆိုတဲ့ ပိုစတာကို ျမင္ခဲ့ရလို႔ပဲ ျဖစ္ပါတယ္။ ၂၀၂၅ ခုႏွစ္ရဲ႕ တ႐ုတ္ႏွစ္သစ္ကူးကေတာ့ ဇန္နဝါရီလ (၂၉) ရက္ေန႔မွာ က်ေရာက္တာေၾကာင့္ ဒီဇာတ္လမ္းရဲ႕ အခ်ိန္ကာလကို ပ်မ္းပွ်အားျဖင့္ သိရခဲ့ပါတယ္။

photo via JRennerNet/twitter

Clint ဟာ Avengers အဖြဲ႕ဝင္တစ္ေယာက္အေနနဲ႔ ႏွစ္ေတြအမ်ားႀကီး လူသားေတြကို ကာကြယ္ေပးခဲ့ပါတယ္။ Endgame ၿပီးဆုံးသြားတဲ့အခ်ိန္မွာေတာ့ သူဟာ သူ႔ရဲ႕မိသားစုဆီကို ျပန္သြားၿပီး Tony ရဲ႕ ဈာပနကို တက္ေရာက္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ မိသားစုဘဝေလးနဲ႔ပဲ ေနခ်င္တာေၾကာင့္ ဟီး႐ိုးအလုပ္ကေန အနားယူဖို႔အတြက္ ဆုံးျဖတ္လိုက္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူ႔ရဲ႕ေနရာမွာ ဆက္ခံဖို႔အတြက္ Kate Bishop ကို ေလ့က်င့္ေပးတာေတြကို ျမင္ေတြ႕ရမွာပဲ ျဖစ္ပါတယ္။ အဲ့ဒါတင္မကေသးဘဲ ေနာက္ထပ္႐ိုက္ကြင္းေပၚက ပုံထဲမွာ Clint ဟာ နားၾကားကိရိယာကို တပ္ဆင္ထားတာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ ေကာမစ္ထဲလို Clint ရဲ႕ အၾကားအာ႐ုံဆုံးရႈံးသြားရတဲ့ အေၾကာင္းေတြကို ျမင္ေတြ႕ရဦးမွာ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular