HomeEntertainmentFilmဧပြီလ (၁၈)ရက်နေ့မှာ HBO Max က ပြသတော့မယ့် The Batman ရုပ်ရှင်

ဧပြီလ (၁၈)ရက်နေ့မှာ HBO Max က ပြသတော့မယ့် The Batman ရုပ်ရှင်

နိုင်ငံတကာ ပရိသတ်တွေရဲ့ ချီးကျူးမှုကို ရရှိထားတဲ့ The Batman ရုပ်ရှင်ကိုတော့ လာမယ့် (၁၈)ရက်နေ့မှာ HBO Max ကနေ စတင်ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Robert Pattinson က Batman အနေနဲ့ အဓိက ပါဝင်ထားပြီး Zoe Kravitz ကလည်း Catwoman အနေနဲ့ ပါဝင်ထားပါသေးတယ်။ ဒါရိုက်တာ Matt Reeves က ရိုက်ကူးပေးထားပြီး ပရိသတ်တွေ အချိန်အတော်ကြာ စောင့်မျှော်နေတဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Bruce Wayne ဟာ Batman အဖြစ် ရာဇဝတ်မှုတွေကို တိုက်ဖျက်နေတာ (၂)နှစ်ပဲ ရှိသေးပြီး IQ မြင့်လွန်းတဲ့ Riddler နဲ့ ရင်ဆိုင်ရတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Batman ဟာ Riddler နဲ့ ရင်ဆိုင်ဖို့အတွက် Catwoman နဲ့ ပူးပေါင်းခဲ့ရပြီး Riddler ကို ဘယ်လိုမျိူး ရင်ဆိုင်တွေ့မလည်း ဆိုတာကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

The Batman ရုပ်ရှင်ကတော့ ရုံတင်တာ တစ်လကျော်ပဲ ရှိသေးပေမယ့် ယခုဆိုရင်တော့ Warner Bros. စတူဒီယိုဟာ ဒီရုပ်ရှင်အတွက် Digital Released Date ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ HBO Max မှာ ပြသသွားမယ့် ရက်ကတော့ ဧပြီလ (၁၈)ရက်ပဲ ဖြစ်ပြီး စတင်ပြသမယ့် အချိန်ကတော့ အနောက်တိုင်း စံတော်ချိန် ည(၈)နာရီပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ဆီမှာတော့ မနက် (၆)နာရီကျော်လောက်ကတည်းက ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

photo via screenrant

ဒီရုပ်ရှင်အတွက် သုံးစွဲခဲ့တဲ့ ဘတ်ဂျက်ကတော့ ဒေါ်လာ သန်း(၂၀၀)ဝန်းကျင် ရှိပြီး Box Office မှာတော့ ဝင်ငွေ ဒေါ်လာ (၇၃၅)သန်းကျော် ရရှိခဲ့ပါတယ်။ လောလောဆယ်မှာတော့ The Batman ဟာ ၂၀၂၂ ခုနှစ်ရဲ့ ဝင်ငွေအများဆုံးရုပ်ရှင် ဖြစ်နေသလို ထွက်ခဲ့သမျှ လူသတ်သမားရုပ်ရှင်တွေထဲက ဝင်ငွေအများဆုံးအဖြစ်လည်း စံချိန်တင်ထားပါသေးတယ်။ ဒီရုပ်ရှင်ကို ရက်ပိုင်းအတွင်းမှာ ကြည့်ရှုရတော့မယ်ဆိုတဲ့ သတင်းကတော့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် သတင်းကောင်းပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular