HomeEntertainmentFilmHBO Max ရဲ့ ကြည့်ရှုသူစံချိန်ကို ချိူးဖျက်သွားတဲ့ Peacemaker ဇာတ်သိမ်းပိုင်း

HBO Max ရဲ့ ကြည့်ရှုသူစံချိန်ကို ချိူးဖျက်သွားတဲ့ Peacemaker ဇာတ်သိမ်းပိုင်း

မကြာသေးခင်ကပဲ James Gunn နဲ့ John Cena တို့နှစ်ယောက်ဟာ Peacemaker ဇာတ်သိမ်းပိုင်းက HBO Max ရဲ့ ကြည့်ရှုသူစံချိန်ကို ချိူးဖျက်သွားတဲ့အကြောင်း ဝမ်းသာအားရ ပြောပြလာကြပါတယ်။

Peacemaker ဇာတ်လမ်းတွဲဟာ The Suicide Squad ရဲ့ Spin-Off ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ John Cena ကတော့ အဓိက ပါဝင်ထားပြီး Danielle Brooks ၊ Freddie Stroma ၊ Chukwudi Iwuji ၊ Jennifer Holland ၊ Steve Agee နဲ့ Robert Patrick တို့လည်း ပါဝင်ထားပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ The Suicide Squad အပြီး ငါးလအကြာမှာ ဇာတ်အိမ်တည်ထားပြီး Peacemaker ဟာ သူ့ရဲ့ ထောင်ဒဏ်တွေအစား Butterfly ပရောဂျက်ကို ပြုလုပ်ခဲ့ရပါတယ်။ Butterfly တွေကတော့ ဂြိုဟ်သားတွေပဲ ဖြစ်ပြီး လူသားတွေကို သတ်ပစ်ကာ အဲ့ဒီလူရဲ့ ခေါင်းထဲမှာ ဝင်ရောက်နေကြပါတယ်။ Peacemaker ကတော့ Butterfly တွေကို သတ်ပစ်ရမှာပဲ ဖြစ်ပြီး ဒီဇာတ်လမ်းတွဲဟာ အပိုင်း(၈)ပိုင်းနဲ့ Season 1 ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

ယခုအချိန်မှာတော့ John Cena နဲ့ James Gunn တို့ နှစ်ယောက်လုံးဟာ Peacemaker ဇာတ်သိမ်းပိုင်းဟာ HBO Max ရဲ့ ကြည့်ရှုသူနှုန်း စံချိန်ကို ချိူးသွားတဲ့အကြောင်း တွစ်တာပေါ်ကနေ ဖော်ပြခဲ့ကြပါတယ်။ ဒါတင်မကသေးဘဲ Peacemaker ဇာတ်လမ်းတွဲ စတင်ထွက်ရှိတဲ့ အချိန်ကနေ နောက်ဆုံးပိုင်း ထွက်ရှိတဲ့အချိန်မှာတော့ ကြည့်ရှုသူ (၄၄)ရာခိုင်နှုန်း တက်လာတယ်လို့လည်း ဆိုပါတယ်။

ဒီဇာတ်လမ်းတွဲဟာ Season 2 ထပ်မံ ထွက်ရှိလာမယ့်အကြောင်း James Gunn က အတည်ပြုပြီးသွားပြီ ဖြစ်ပါတယ်။ မကြာသေးခင်ကမှ ဒီသတင်းကို အတည်ပြုထားတာကြောင့် ဘယ်အချိန်မှာ ထွက်ရှိလာမယ်ဆိုတာတော့ မသိရသေးပါဘူး။

ဒါ့အပြင် James Gunn ဟာ The Suicide Squad ရဲ့ နောက်ထပ် Spin-Off ဇာတ်လမ်းတွဲတစ်ခုကို ထပ်မံဖန်တီးသွားဦးမယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ James Gunn ပါဝင်ထားတဲ့ DCEU ရဲ့ အနာဂတ်ကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular