HomeEntertainmentFilmGame of Thrones ရဲ့ prequel အတွက် သရုပ်ဆောင်တွေ စတင်ရွေးချယ်နေပြီဖြစ်တဲ့ HBO

Game of Thrones ရဲ့ prequel အတွက် သရုပ်ဆောင်တွေ စတင်ရွေးချယ်နေပြီဖြစ်တဲ့ HBO

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

HBO ရုပ်သံလိုင်းဟာ နိုင်ငံတကာမှာ အကြီးအကျယ် အောင်မြင်ခဲ့တဲ့ Game of Thrones ဇာတ်လမ်းတွဲရဲ့ နောက်ဆက်တွဲအဖြစ် prequel စီးရီးတစ်ခုကို ရိုက်ကူးဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။

Entertainment Weekly သတင်းဌာနရဲ့ ဖော်ပြချက်အရ HBO ဟာ စိုင်းပြင်းနေတာ ကြာပြီဖြစ်တဲ့ Game of Thrones ရဲ့ prequel စီးရီး House of the Dragon အတွက် သရုပ်ဆောင်တွေ စတင်ရွေးချယ်နေပြီလို့ သိရပါတယ်။ ယခုရိုက်ကူးတင်ဆက်မယ့် ဇာတ်လမ်းတွဲဟာ စာရေးဆရာကြီး George R.R. Martin ရဲ့ Fire & Blood ဝတ္ထုကို အခြေခံရိုက်ကူးမှာဖြစ်ပြီး Game of Thrones ဇာတ်လမ်းတွဲထဲမှာ ဖော်ပြခဲ့တဲ့ အဖြစ်အပျက်တွေ မတိုင်မီ နှစ်ပေါင်းသုံးရာက ဖြစ်ပျက်ခဲ့တဲ့ တာဂေးရီးယန်းအိမ်တော်ရဲ့ ဇာတ်လမ်းကို တင်ဆက်ပြသသွားမှာ ဖြစ်ပါတယ်။

Photo: indianexpress

HBO က ထုတ်လွှင့်ပြသခဲ့တဲ့ ပထမဇာတ်လမ်းတွဲ Game of Thrones ကတော့ season (၈)ခုနဲ့ ၂၀၁၉ခုနှစ်မှာ ဇာတ်သိမ်းခဲ့ပါတယ်။ ယခုထပ်မံရိုက်ကူးမယ့် House of the Dragon ဇာတ်လမ်းတွဲကတော့ ၂၀၂၂ခုနှစ်မှာ ပြသမယ်လို့ လျာထားပါတယ်။

ယခုဇာတ်လမ်းတွဲရဲ့ ဖန်တီးရှင်နေရာကိုတော့ Game of Thrones ထဲမှာ Battle of the Bastards နဲ့ Winds of the Winter တို့လို အပိုင်းတွေကို ကြိုးကိုင်ဖန်တီးခဲ့တဲ့ Miguel Sapochnik နဲ့ Ryan Condal တို့က ပူးတွဲတာဝန်ယူသွားမှာ ဖြစ်ပါတယ်။ House of the Dragon ရဲ့ ပထမဆုံးအပိုင်းနဲ့ တစ်ခြားအပိုင်းအချို့ကို Miguel Sapochnik က ရိုက်ကူးသွားမှာဖြစ်ပြီး Season 1 မှာ အပိုင်း(၁၀)ပိုင်း ပါဝင်မယ်လို့ HBO က ပြောကြားထားပါတယ်။

Photo Courtesy: HBO

ဆရာကြီး George R.R. Marin ရဲ့ ဒီဝတ္ထုထဲမှာတော့ Westeros ရဲ့ နှစ်ပေါင်း(၁၅၀)ကြာကာလကို ရေးဖွဲ့ထားပြီး ခေါင်းဆောင်ပေါင်း မြောက်များစွာရဲ့ အတက်အကျ ဖြစ်ရပ်ဇာတ်လမ်းများစွာကို ထည့်သွင်းရေးသားထားပါတယ်။ သို့ပေမယ့် ယခုအချိန်အထိတော့ သရုပ်ဆောင်တွေ ရွေးချယ်နေဆဲ ဖြစ်တာကြောင့် ဘယ်သူက ဘယ်ဇာတ်ရုပ်မှာ ပါဝင်မယ်ဆိုတာ မသိရသေးပါဘူး။

HBO ရဲ့ ပထမကြေငြာထားချက်အရ prequel စီးရီးဟာ House of the Dragon အနေနဲ့ ပုံပေါ်လာပြီဖြစ်ပြီး ကနဦးသတင်းများအရ အဓိက သရုပ်ဆောင်တစ်ယောက်အနေနဲ့ မင်းသမီး Naomi Watts ကို ရွေးချယ်ထားပြီး ဖြစ်ပါတယ်။

LaNina

Source: indianexpress

(Zawgyi Version)

HBO ႐ုပ္သံလိုင္းဟာ ႏိုင္ငံတကာမွာ အႀကီးအက်ယ္ ေအာင္ျမင္ခဲ့တဲ့ Game of Thrones ဇာတ္လမ္းတြဲရဲ႕ ေနာက္ဆက္တြဲအျဖစ္ prequel စီးရီးတစ္ခုကို ႐ိုက္ကူးဖို႔ စီစဥ္ေနၿပီ ျဖစ္ပါတယ္။

Entertainment Weekly သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ HBO ဟာ စိုင္းျပင္းေနတာ ၾကာၿပီျဖစ္တဲ့ Game of Thrones ရဲ႕ prequel စီးရီး House of the Dragon အတြက္ သ႐ုပ္ေဆာင္ေတြ စတင္ေ႐ြးခ်ယ္ေနၿပီလို႔ သိရပါတယ္။ ယခု႐ိုက္ကူးတင္ဆက္မယ့္ ဇာတ္လမ္းတြဲဟာ စာေရးဆရာႀကီး George R.R. Martin ရဲ႕ Fire & Blood ဝတၳဳကို အေျခခံ႐ိုက္ကူးမွာျဖစ္ၿပီး Game of Thrones ဇာတ္လမ္းတြဲထဲမွာ ေဖာ္ျပခဲ့တဲ့ အျဖစ္အပ်က္ေတြ မတိုင္မီ ႏွစ္ေပါင္းသုံးရာက ျဖစ္ပ်က္ခဲ့တဲ့ တာေဂးရီးယန္းအိမ္ေတာ္ရဲ႕ ဇာတ္လမ္းကို တင္ဆက္ျပသသြားမွာ ျဖစ္ပါတယ္။

Photo: indianexpress

HBO က ထုတ္လႊင့္ျပသခဲ့တဲ့ ပထမဇာတ္လမ္းတြဲ Game of Thrones ကေတာ့ season (၈)ခုနဲ႔ ၂၀၁၉ခုႏွစ္မွာ ဇာတ္သိမ္းခဲ့ပါတယ္။ ယခုထပ္မံ႐ိုက္ကူးမယ့္ House of the Dragon ဇာတ္လမ္းတြဲကေတာ့ ၂၀၂၂ခုႏွစ္မွာ ျပသမယ္လို႔ လ်ာထားပါတယ္။

ယခုဇာတ္လမ္းတြဲရဲ႕ ဖန္တီးရွင္ေနရာကိုေတာ့ Game of Thrones ထဲမွာ Battle of the Bastards နဲ႔ Winds of the Winter တို႔လို အပိုင္းေတြကို ႀကိဳးကိုင္ဖန္တီးခဲ့တဲ့ Miguel Sapochnik နဲ႔ Ryan Condal တို႔က ပူးတြဲတာဝန္ယူသြားမွာ ျဖစ္ပါတယ္။ House of the Dragon ရဲ႕ ပထမဆုံးအပိုင္းနဲ႔ တစ္ျခားအပိုင္းအခ်ိဳ႕ကို Miguel Sapochnik က ႐ိုက္ကူးသြားမွာျဖစ္ၿပီး Season 1 မွာ အပိုင္း(၁၀)ပိုင္း ပါဝင္မယ္လို႔ HBO က ေျပာၾကားထားပါတယ္။

Photo Courtesy: HBO

ဆရာႀကီး George R.R. Marin ရဲ႕ ဒီဝတၳဳထဲမွာေတာ့ Westeros ရဲ႕ ႏွစ္ေပါင္း(၁၅၀)ၾကာကာလကို ေရးဖြဲ႕ထားၿပီး ေခါင္းေဆာင္ေပါင္း ေျမာက္မ်ားစြာရဲ႕ အတက္အက် ျဖစ္ရပ္ဇာတ္လမ္းမ်ားစြာကို ထည့္သြင္းေရးသားထားပါတယ္။ သို႔ေပမယ့္ ယခုအခ်ိန္အထိေတာ့ သ႐ုပ္ေဆာင္ေတြ ေ႐ြးခ်ယ္ေနဆဲ ျဖစ္တာေၾကာင့္ ဘယ္သူက ဘယ္ဇာတ္႐ုပ္မွာ ပါဝင္မယ္ဆိုတာ မသိရေသးပါဘူး။

HBO ရဲ႕ ပထမေၾကျငာထားခ်က္အရ prequel စီးရီးဟာ House of the Dragon အေနနဲ႔ ပုံေပၚလာၿပီျဖစ္ၿပီး ကနဦးသတင္းမ်ားအရ အဓိက သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ မင္းသမီး Naomi Watts ကို ေ႐ြးခ်ယ္ထားၿပီး ျဖစ္ပါတယ္။

LaNina

Source: indianexpress

 

RELATED ARTICLES

Most Popular