HomeEntertainmentFilmGal Gadot နဲ့ Alia Bhatt တို့အပြိုင်ကြဲကြမယ့် စပိုင်ရုပ်ရှင် Heart of Stone ရဲ့ First...

Gal Gadot နဲ့ Alia Bhatt တို့အပြိုင်ကြဲကြမယ့် စပိုင်ရုပ်ရှင် Heart of Stone ရဲ့ First Look

Netflix ကတော့ Global Fan Event ဖြစ်တဲ့ TUDUM ပွဲမှာ Gal Gadot နဲ့ Alia Bhatt တို့ အတူသရုပ်ဆောင်ထားတဲ့ Heart of Stone ရုပ်ရှင်ရဲ့ First Look Video ကို ပြသသွားပါတယ်။ Netflix ကတော့ မကြာသေးခင်ကလည်း Gal Gadot နဲ့အတူ Red Notice ကို ဖန်တီးခဲ့ပြီး ဒီရုပ်ရှင်ဟာ ပရိသတ်တွေကြားမှာ အောင်မြင်မှု‌တွေ ရရှိခဲ့တာကြောင့် နောက်ထပ် အလားတူ အက်ရှင်ရုပ်ရှင်ဖြစ်တဲ့ Heart of Stone ကိုလည်း ထပ်မံဖန်တီးလိုက်တာ ဖြစ်ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Gal Gadot ဟာ 50 Shades of Grey မင်းသား Jamie Dornan အပြင် နာမည်ကျော် ဘောလိဝုဒ်မင်းသမီး Alia Bhatt တို့နဲ့အတူ သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ကိုတော့ The Aeronauts ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Tom Harper က ရိုက်ကူးထားပြီး ဇာတ်ညွှန်းကိုတော့ The Old Guard နဲ့ Hidden Figure တို့ကို ရေးသားခဲ့တဲ့ Greg Rucka နဲ့ Allison Schroeder တို့က ရေးသားထားပါတယ်။

ဇာတ်လမ်းကတော့ စပိုင်အုပ်စုတစ်ခုအကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပြီး Mission Impossible နဲ့ အလားသဏ္ဍာန်တူတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ယခုထွက်ရှိထားတဲ့ first look video ထဲမှာတော့ ဒီရုပ်ရှင်အတွက် ပြုလုပ်ထားတဲ့ စတန့်ပြကွက်တွေနဲ့ ရုပ်ရှင်နောက်ကွယ်က ပုံရိပ်တွေကို ဖော်ပြထားသလို ဇာတ်ဝင်ခန်းအချို့ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

Netflix ရဲ့ ယခုနောက်ပိုင်း ဖန်တီးထားတဲ့ အက်ရှင်ဇာတ်လမ်းတွေကတော့ နာမည်ကြီးသရုပ်ဆောင်တွေနဲ့ ဘတ်ဂျက်များများ အသုံးပြုထားတာကြောင့် ပရိသတ်တွေအကြိုက် ဖြစ်နေပါတယ်။ ဒါကြောင့်ပဲ ထူးခြားတဲ့ သရုပ်ဆောင်တွေရဲ့ ပေါင်းစပ်မှုနဲ့ ဖန်တီးထားတဲ့ Heart of Stone ရုပ်ရှင်ကတော့ The Gray Man နဲ့ Red Notice တို့လို အောင်မြင်မှုတွေ ရလာမလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၂၃ ခုနှစ်အတွင်းမှာ ထွက်ရှိလာမှာ ဖြစ်ပြီး နေ့ရက်အတိအကျကိုတော့ မသိရသေးပါဘူး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular