HomeEntertainmentFilmဘောလိဝုဒ်မင်းသမီး Alia Bhatt နဲ့ Gal Gadot တို့ကို အတူမြင်တွေ့ရမယ့် Heart of Stone ရုပ်ရှင်

ဘောလိဝုဒ်မင်းသမီး Alia Bhatt နဲ့ Gal Gadot တို့ကို အတူမြင်တွေ့ရမယ့် Heart of Stone ရုပ်ရှင်

ဘောလိဝုဒ် မင်းသမီးဖြစ်တဲ့ Alia Bhatt ဟာ သည်းထိတ်ရင်ဖို အမျိုးအစားရုပ်ရှင် Heart of Stone ထဲမှာ Gal Gadot နဲ့အတူ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ကိုတော့ Netflix နဲ့ Skydance Media တို့က ပူးပေါင်းဖန်တီးသွားမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Fifty Shades Trilogy ရဲ့ မင်းသား ဖြစ်တဲ့ Jamie Dornan လည်း ပါဝင်ထားပါတယ်။

Alia Bhatt ကတော့ ဘောလိဝုဒ်ရဲ့ အအောင်မြင်ဆုံး မင်းသမီးတွေထဲက တစ်ယောက် ဖြစ်ပြီး နာမည်ကြီး ပရောဂျက်များစွာမှာ ပါဝင်ထားသူ ဖြစ်ပါတယ်။ သူမရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ Gangubai Kathiawadi ကတော့ ကိုဗစ်ဖြစ်နေပေမယ့်လည်း အိန္ဒိယရဲ့ တတိယအများဆုံး Box Office ဝင်ငွေကို ရရှိထားပါတယ်။ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ Gully Boy ရုပ်ရှင်ဟာလည်း ၂၀၁၉ ခုနှစ်တုန်းက ဘာလင်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ Best Foreign Film အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

ဒီသတင်းကိုတော့ Film Updates သတင်းဌာနက မကြာသေးခင်က တွစ်တာပေါ်ကနေ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ Skydance Media က ဖန်တီးသွားမှာ ဖြစ်ပြီး Netflix ကတော့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ မူပိုင်ခွင့်ကို ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါရိုက်တာ Tom Harper က ရိုက်ကူးသွားမှာ ဖြစ်ပြီး ဇာတ်ညွှန်းရေးဆရာ Greg Rucka နဲ့ Allison Shroeder တို့လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ Heart of Stone ရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကို မသိရသေးသလို ဘယ်အချိန်မှာ ထွက်ရှိလာမယ် ဆိုတာလည်း မသိရသေးပါဘူး။ ဒီရုပ်ရှင်ကို ကြည့်ရှုဖို့အတွက် ပရိသတ်တွေအနေနဲ့ အနည်းဆုံးတော့ နောက်ထပ် တစ်နှစ်လောက် စောင့်ရဦးမယ်လို့ ယူဆရပါတယ်။ ဒီရုပ်ရှင်ကတော့ အမျိူးသမီးဇာတ်ကောင်တွေကို အဓိကထားပြီး ပြသသွားမယ်လို့လည်း သိရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular