HomeEntertainmentFilmSuperman ဇာတ်ကောင်ရော Geralt ဇာတ်ကောင်ကို ဆုံးရှုံးသွားတဲ့ Henry Cavill

Superman ဇာတ်ကောင်ရော Geralt ဇာတ်ကောင်ကို ဆုံးရှုံးသွားတဲ့ Henry Cavill

Henry Cavill ဟာ Superman အဖြစ် ပြန်မလာတော့ဘူး ဆိုပေမယ့် ဒီသတင်းဟာ Witcher Season 4 အတွက် အပြောင်းအလဲ ဖြစ်သွားမှာ မဟုတ်ဘဲ ကြေညာထားသလို Liam Hemsworth ကပဲ Geralt အနေနဲ့ သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ Henry Cavill ဟာ မကြာခင်က ထွက်ရှိခဲ့တဲ့ Black Adam ရုပ်ရှင်ထဲမှာ Superman အနေနဲ့ ပါဝင်ခဲ့ပြီး သူကိုယ်တိုင်ကလည်း Superman အဖြစ် ပြန်လာပါပြီလို့ ကြေညာခဲ့တာကြောင့် ပရိသတ်တွေဟာ ပျော်ရွှင်ခဲ့ကြပါတယ်။

photo via screenrant

သိပ်မကြာခင်မှာပဲ Henry Cavill ဟာ Witcher ဇာတ်လမ်းတွဲရဲ့ Geralt ဇာတ်ကောင်ကနေ နှုတ်ထွက်ခဲ့ပြီး Geralt နေရာမှာတော့ Liam Hemsworth က ပါဝင်သရုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ယခုအချိန်မှာတော့ Henry Cavill ဟာ James Gunn နဲ့ Peter Safran တို့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး James Gunn ဟာ ပိုမိုငယ်ရွယ်တဲ့ Superman ကို ဖန်တီးချင်တာကြောင့် Henry Cavill ဟာ Superman အနေနဲ့ ပြန်မလာတော့ပါဘူးလို့ ကြေညာခဲ့ပါတယ်။

ဒီသတင်းဟာ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ပရိသတ်တွေအတွက် ဝမ်းနည်းစရာ ဖြစ်ခဲ့ပါတယ်။ အစတုန်းကတော့ Henry Cavill ဟာ Superman အနေနဲ့ သရုပ်ဆောင်ဖို့အတွက် Geralt ဇာတ်ကောင်ကနေ ထွက်ခွာခဲ့တယ်လို့ ပရိသတ်တွေက ယူဆထားကြပါတယ်။ ဒါကြောင့်ပဲ ယခုလိုမျိူး Superman အနေနဲ့ ပြန်မလာတော့ဘူး ဆိုတဲ့ သတင်းထွက်လာတဲ့ အချိန်မှာတော့ Witcher ဇာတ်လမ်းတွဲ ပရိသတ်တွေဟာ Season 4 မှာ Recast မလုပ်တော့ဘဲ Henry Cavill ကိုပဲ ဆက်လက်သရုပ်ဆောင်စေချင်ကြပါတယ်။ ဝမ်းနည်းစရာကတော့ Henry Cavill ဟာ Superman နေရာက ထွက်ခွာလာခဲ့ပေမယ့်လည်း Witcher Season 4 မှာတော့ ကြေညာထားတဲ့အတိုင်း Liam Hemsworth ကပဲ သရုပ်ဆောင်သွားမှာပါလို့ Gizmodo သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

photo via screenrant

Witcher ဇာတ်လမ်းတွဲကိုတော့ Season (၇)ခု ဖန်တီးသွားမယ်လို့ ဖန်တီးသူက ပြောခဲ့ဖူးတာကြောင့် Season 4 အပြီးမှာတော့ Henry Cavill ကို ပြန်လည်မြင်တွေ့ရဖို့ မျှော်လင့်ချက်အနည်းငယ်တော့ ရှိပါတယ်။ အထူးသဖြင့် လောလောဆယ်မှာတော့ Geralt ဇာတ်ကောင်ကို သရုပ်ဆောင်ပြောင်းလဲသွားမယ့် အချက်ကို ပရိသတ်အများစုက မကြိုက်နှစ်သက်ကြတာကြောင့် Season 4 ထွက်အပြီးမှာ Bad Review တွေ ဖြစ်လာရင်တော့ ဇာတ်လမ်းတွဲဖန်တီးသူတွေဟာ Henry Cavill ကို ပြန်လည်ခေါ်ယူသွားနိုင်ပါတယ်။ ဒါပေမယ့်လည်း ကောလာဟလအချို့ကတော့ Henry Cavill ဟာ အချိန်မအားလပ်တာကြောင့် Geralt နေရာက ထွက်ခွာခဲ့တာ မဟုတ်ဘဲ ဖန်တီးသူတွေရဲ့ ဇာတ်လမ်းပိုင်း ဖန်တီးမှုကို သဘောမကျတာကြောင့်လို့ ဆိုပါတယ်။ ဒီကောလာဟလသာ အမှန်ဆိုရင်တော့ Henry Cavill ကို Geralt အနေနဲ့ ပြန်လည်မြင်တွေ့ရဖို့ မရှိတော့ပါဘူး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular