HomeCelebs Update NewsInternationalဆွဲဆောင်မှုအရှိဆုံးအမျိုးသားတွေကို ပိုင်ဆိုင်ထားကြတဲ့ လေဒီ(၁၀)ယောက်

ဆွဲဆောင်မှုအရှိဆုံးအမျိုးသားတွေကို ပိုင်ဆိုင်ထားကြတဲ့ လေဒီ(၁၀)ယောက်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကံကောင်းတဲ့ အမျိုးသမီးတစ်ယောက်ဆိုတာဟာ ရုပ်ရည်ရော အရည်အချင်းသာမက gentleman တစ်ယောက်ရဲ့ အင်္ဂါရပ်တွေနဲ့ ပြည့်စုံကိုက်ညီနေတဲ့ ယောက်ျားတစ်ယောက်နဲ့ ပေါင်းဖက်ခွင့်ရရှိခြင်းလို့လည်း အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ နိုင်ငံတင်မဟုတ်၊ ကမ္ဘာကပါ သိကြတဲ့ အောင်မြင်နေတဲ့ ယောက်ျားတစ်ယောက်နဲ့ ပေါင်းဖက်ရမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပဲလို့ ပြောရမှာပါ။ အခုပြောပြချင်တာကတော့ ကမ္ဘာကျော် People မဂ္ဂဇင်းကြီးက နှစ်စဉ်ရွေးချယ်သတ်မှတ်ပေးတဲ့ တစ်နှစ်တာအတွင်း ဆွဲဆောင်မှုအရှိဆုံးအမျိုးသားတွေကို ပိုင်ဆိုင်ခွင့်ရရှိထားတဲ့ အမျိုးသမီး(၁၀)ယောက်ရဲ့အကြောင်းပဲ ဖြစ်ပါတယ်။

(၁) Chrissy Teigen
Photo: chrissyteigen/ Instagram

Chrissy Teigen ဟာ အမေရိကန်မော်ဒယ်လ်တစ်ယောက်ဖြစ်ပြီး television personality တစ်ဦးလည်းဖြစ်တဲ့အပြင် စာလည်းရေးပါသေးတယ်။ သူမဟာ ကမ္ဘာကျော်အဆိုတော် John Legend ရဲ့ ချစ်လှစွာသောဇနီး ဖြစ်ပါတယ်။ John Legend ဟာ တကယ့် ထိတ်ထိတ်ကြဲဆုတွေဖြစ်တဲ့ Emmy Award ၊ Grammy Award ၊ Oscar Award နဲ့ Tony Award တွေကို ပိုင်ဆိုင်ထားတဲ့ ရှားရှားပါးပါး အနုပညာရှင်တွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၉ခုနှစ်ရဲ့ ဆွဲဆောင်မှုအရှိဆုံး အမျိုးသားအဖြစ် ပူပူနွေးနွေး ရွေးချယ်ခံထားရသူလည်း ဖြစ်ပါတယ်။ John ကတော့ “တစ်ခြားဆုတွေထက် ဒီဆွဲဆောင်မှုအရှိဆုံး အမျိုးသားဆိုတဲ့ ဂုဏ်ပုဒ်လေးက ကျွန်တော့်မိန်းမကို ဂုဏ်ယူစေတယ် ထင်ပါတယ်။ မိန်းမက ကျွန်တော့်ကို တစ်ချိန်လုံး ဟာသလုပ်နေတာလေ။ အခုကျတော့ သူတကယ်ကြီး ဂုဏ်ယူနေတယ်ဗျ။ နောက်ဆုံးတော့ ကျွန်တော့်မိန်းမအထင်ကြီးအောင် လုပ်ပြနိုင်ပြီဗျို့” လို့ ရင်ဖွင့်ထားပါတယ်။

(၂) Sabrina Dhowre
Photo: sabrinaelba/ Instagram

Sabrina Dhowre ကတော့ ၂၀၁၈ခုနှစ်ရဲ့ ဆွဲဆောင်မှုအရှိဆုံးအမျိုးသားကို ပိုင်ဆိုင်ခွင့်ရရှိထားတဲ့ အမျိုးသမီး  ဖြစ်ပါတယ်။ သူမနဲ့ Idris Elba တို့ဟာ The Mountain Between Us ဆိုတဲ့ ရုပ်ရှင်ကို ရိုက်ကူးနေရင်း ချစ်ကျွမ်းဝင်ခဲ့ရာက ၂၀၁၉ခုနှစ် ဧပြီလမှာ တရားဝင်လက်ထပ်ခဲ့ကြတဲ့ ပူပူနွေးနွေး ဇနီးမောင်နှံတွေ ဖြစ်ပါတယ်။ Idris ကတော့ မြန်မာပြည်တွင်းမှာ သိပ်ပြီးနာမည်မကြီးပေမယ့် ဇာတ်လမ်းတွဲတွေ ကြည့်တဲ့ ပရိသတ်တွေနဲ့ဆိုရင်တော့ သိပ်မစိမ်းလှသူတစ်ယောက်ပါ။ Idris ဟာ အင်္ဂလန်အခြေစိုက် သရုပ်ဆောင်မင်းသား၊ စာရေးဆရာ၊ ပရိုဂျူဆာ၊ ဂီတပညာရှင်၊ ဒီဂျေ၊ ရက်ပ်ပါစတဲ့ နယ်ပယ်မျိုးစုံမှာ ထူးချွန်အောင်မြင်သူ ဖြစ်ပါတယ်။ ၂၀၂၁ခုနှစ်မှာ ရုံတင်ပြသမယ့် Suicide Squad 2 မှာလည်း ပါဝင်သွားဖို့ ရှိပါသေးတယ်။

(၃) Gwen Stefani
Photo: gwenstefani/ Instagram

Gwen Stefani ကတော့ သီချင်းကြိုက်သူတိုင်း သိကြမယ့် အောင်မြင်တဲ့ ကမ္ဘာကျော်အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ သူမရဲ့ချစ်သူကတော့ နာမည်ကြီး ကန်းထရီးအဆိုတော် Blake Shelton ဖြစ်ပြီး Blake ဟာ ၂၀၁၇ခုနှစ်ရဲ့ ဆွဲဆောင်မှုအရှိဆုံး အမျိုးသားလည်း ဖြစ်ပါတယ်။ ဒီထိတ်ထိတ်ကြဲစတားနှစ်ယောက်ဟာ အိမ်ထောင်တွေကနေ ကိုယ်စီကိုယ်ငှ ကွာရှင်းခဲ့ကြပြီးနောက် The Voice ရဲ့ ဒိုင်တွေအဖြစ် အတူတူ အလုပ်လုပ်ရစဉ်မှာ ငြိတွယ်ခဲ့ကြတာ ဖြစ်ပါတယ်။ နှစ်ယောက်သား ချစ်နေပုံများကတော့ အခုထိလည်း မခွဲအတူ တတွဲတွဲ မြင်နေကြရဆဲပါပဲ။

(၄) Lauren Hashian
Photo: therock/ Instagram

Lauren Hashian ကတော့ ၂၀၁၆ခုနှစ်ရဲ့ ဆွဲဆောင်မှုအရှိဆုံးအမျိုးသား Dwayne Jonson (ခေါ်) The Rock ရဲ့ ချစ်ဇနီးလေး ဖြစ်ပါတယ်။ သူမဟာ ဂီတမျိုးရိုးရှိတဲ့ မိသားစုကနေ ပေါက်ဖွားလာခဲ့သူဖြစ်ပြီး ကိုယ်တိုင်ကလည်း သီချင်းဆိုသလို သီချင်းလည်းရေးတဲ့အပြင် music producer အဖြစ်လည်း လုပ်ကိုင်ပါသေးတယ်။ Lauren နဲ့ The Rock တို့ဟာ ၂၀၀၆ခုနှစ်က စတွေ့ခဲ့ကြပြီး ၂၀၀၇ခုနှစ်မှာ စတွဲခဲ့ကြတာပါ။ နှစ်တွေအကြာကြီး တွဲခဲ့ပြီး (၃)နှစ်အရွယ် Jasmine နဲ့ (၁၇)လအရွယ် Tiana ဆိုတဲ့ သမီးလေးနှစ်ယောက်ရပြီး ၂၀၁၉ ဩဂုတ်လကျတော့မှ တရားဝင် လက်ထပ်ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ နှစ်တွေလတွေကြာမှ တရားဝင် လက်ထပ်တယ်ဆိုပေမယ့် သူတို့နှစ်ယောက်ရဲ့အချစ်နဲ့ အေးချမ်းပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကတော့ လူတိုင်းအားကျကြရတဲ့အထိပါပဲ။

(၅) Victoria Beckham
Photo: victoriabeckham/ Instagram

Victoria Beckham ဟာ အမျိုးသမီးအချင်းချင်း အားကျခံရတဲ့ မိန်းမတစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့ခင်ပွန်းသည် နာမည်ကျော်ဘောလုံးသမား David Beckham ကတော့ ၂၀၁၅ခုနှစ်ရဲ့ ဆွဲဆောင်မှုအရှိဆုံးအမျိုးသားပါ။ Victoria ဟာ ၉၀ခုနှစ်တွေက သိပ်ကိုနာမည်ကြီးခဲ့တဲ့ Spice Girl အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး နောက်ပိုင်းမှာတော့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက် ဖြစ်လာကာ သူမရဲ့ကိုယ်ပိုင်ဒီဇိုင်းတွေကို ထုတ်လုပ်ရောင်းချနေသူလည်း ဖြစ်ပါတယ်။ သူမနဲ့ David တို့ဟာ ၁၉၉၉ခုနှစ်တည်းက လက်ထပ်ခဲ့ကြပြီး ကလေး(၄)ယောက်ရပြီးနောက် ဒီကနေ့အထိ နှစ်ပေါင်းများစွာ မြဲမြံနေတဲ့ စံပြဇနီးမောင်နှံနှစ်ဦးလည်း ဖြစ်ပါတယ်။ သူမနဲ့ David တို့ လိုက်ဖက်ပြီး မြဲနေရတဲ့အကြောင်းကိုတော့ “သူက တစ်ခုခုဆို တိတိကျကျ၊ သပ်သပ်ရပ်ရပ်မှ ကြိုက်တယ်။ ကျွန်မကကျတော့ သွားလေရာနေရာမှာ အမြဲဖွတတ်တဲ့သူ။ ကျွန်မက ဖွတယ်။ သူက ရှင်းတယ်၊လင်းတယ်။ ဒါကြောင့် ကျွန်မတို့နှစ်ယောက်က အဆင်ပြေနေတာပါ” လို့ Victoria က ပြောဖူးပါတယ်။

(၆) Elsa Pataky
Photo: elsapatakyconfidential/ Instagram

Elsa Pataky ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲမင်းသားတစ်လက်ဖြစ်တဲ့ Chris Hemsworth ရဲ့ ဇနီးသည်ပါ။ Elsa ကိုတော့ Fast And Furious ဇာတ်ကားတွေထဲက Elena Neves ဆိုတဲ့ ရဲမေဇာတ်ရုပ်နဲ့ သိပြီးသား ဖြစ်ကြမှာပါ။ သူမဟာ Chris နဲ့ ကလေးသုံးယောက် ရထားပေမယ့် ကလေးအမေလို့ မထင်ရလောက်အောင်ကို ကိုယ်ကာယပိုင်းမှာ ကြံ့ခိုင်သန်စွမ်းသူလည်း ဖြစ်ပါတယ်။ သူမရဲ့ခင်ပွန်းသည် Chris Hemsworth ကတော့ ၂၀၁၄ခုနှစ်ရဲ့ ဆွဲဆောင်မှုအရှိဆုံး အမျိုးသား ဖြစ်ပါတယ်။

(၇) Behati Prinsloo 
Photo: behatiprinsloo/ Instagram

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်အဖြစ် ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေရာကနေ Behati Prinsloo ဆိုတဲ့ မော်ဒယ်လ် အချောအလှလေးနဲ့ အတွေ့မှာ Maroon 5 အဖွဲ့က အဆိုတော် Adam Levine လည်း လက်နက်ချလိုက်ရပါတော့တယ်။ Behati ဟာ နမ်မီးဘီးယားနိုင်ငံသူဖြစ်ပြီး နာမည်ကျော် Victoria’s Secret ရဲ့ မော်ဒယ်လ်တစ်ယောက် ဖြစ်ပါတယ်။ ၂၀၁၃ခုနှစ်အတွက် ဆွဲဆောင်မှုအရှိဆုံး အမျိုးသားဖြစ်ခဲ့တဲ့ Adam နဲ့ တွေ့ပြီး သိပ်မကြာခင် ၂၀၁၄ခုနှစ်မှာပဲ တရားဝင် လက်ထပ်လိုက်ကြပါတယ်။ အဲ့ဒီ့နောက် အချိန်သိပ်မခြားဘဲ သမီးလေးနှစ်ယောက်ကို မွေးဖွားခဲ့ကြပါတယ်။ အခုထိလည်း ချစ်စရာကောင်းတဲ့ မိသားစုလေးအဖြစ် တည်မြဲနေကြဆဲ ဖြစ်ပါတယ်။

(၈) Blake Lively
Photo: blakelively/ Instagram

ဒါကတော့ မင်းသားနဲ့မင်းသမီးစုံတွဲပါ။ နာမည်ကျော်မင်းသမီးချော Blake Lively နဲ့ မင်းသားချော Ryan Reynolds တို့ဟာ သူတို့ရဲ့အိမ်ထောင်ရေးအကြောင်းနဲ့ ပတ်သက်ရင် လူထုကို သိပ်ထုတ်ပြောလေ့ မရှိဘဲ သီးသန့်ဆန်ဆန် နေတတ်ကြပါတယ်။ သို့ပေမယ့် ကလေးသုံးယောက်နဲ့ သာယာလှပတဲ့ သူတို့ရဲ့မိသားစုဘဝလေးကတော့ ဟောလိဝုဒ်ရဲ့ ထိပ်တန်းစာရင်းမှာ ပါဝင်နေပါတယ်။ Ryan Reynolds ဟာ ၂၀၁၀ခုနှစ်ရဲ့ ဆွဲဆောင်မှုအရှိဆုံး အမျိုးသား ဖြစ်ပါတယ်။

(၉) Deborra-Lee Furness
Photo: thehughjackman/ Instagram

Deborra ဟာ ဩစတျေးလျမင်းသမီးတစ်လက်ဖြစ်ပြီး နာမည်ကျော်မင်းသားကြီး Hugh Jackman ရဲ့ဇနီး ဖြစ်ပါတယ်။ ၂၀၀၈ခုနှစ်ရဲ့ ဆွဲဆောင်မှုအရှိဆုံး အမျိုးသားဖြစ်ခဲ့တဲ့ Hugh Jackman ကတော့ သူတို့ဇနီးမောင်နှံဟာ စတွေ့တဲ့ ပထမဆုံးနေ့ကစလို့ နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်ကြကြောင်း ပြောပြဖူးပါတယ်။ သူတို့မောင်နှံမှာတော့ ကလေးနှစ်ယောက် ထွန်းကားထားပါတယ်။

(၁၀) Luciana Damon
Photo: mattdamon.fanpage/ Instagram

Luciana ကတော့ အက်ရှင်ဇာတ်ကားတွေနဲ့ မြန်မာပရိသတ်တွေကြားမှာ လူသိများတဲ့ မင်းသား Matt Damon ရဲ့ဇနီးသည် ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ဇာတ်လမ်းကတော့ တကယ့်ကို ပုံပြင်ဆန်ပါတယ်။ Matt တစ်ယောက် မိုင်ယာမီကမ်းခြေမှာ ရုပ်ရှင်လာရိုက်တဲ့အချိန် ဘားတစ်ခုမှာ အလုပ်လုပ်နေတဲ့ Luciana နဲ့ တွေ့ဆုံခဲ့ကြတာပါ။ အခုအချိန်မှာတော့ သူတို့နှစ်ဦးမှာ ကလေး(၄)ယောက် ရရှိထားပြီး ဟောလိဝုဒ်ရဲ့ကင်မရာမီးရောင်တွေအောက်က ရှောင်ဖယ်ကာ သိုသိုသိပ်သိပ်ပဲ မိသားစုဘဝလေးကို နေထိုင်နေကြပါတယ်။ Matt ဟာ ၂၀၀၇ခုနှစ်ရဲ့ ဆွဲဆောင်မှုအရှိဆုံး အမျိုးသား ဖြစ်ပါတယ်။

ဒါကတော့ ဆွဲဆောင်မှုအရှိဆုံးအမျိုးသားတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီး(၁၀)ယောက် ဖြစ်ပါတယ်။ သူတို့ရဲ့လှပပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးနဲ့ အသက်ထက်ဆုံး ပေါင်းဖက်သွားနိုင်ကြမယ်လို့လည်း မျှော်လင့်လျက် …။

LaNina

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

ကံေကာင္းတဲ့ အမ်ိဳးသမီးတစ္ေယာက္ဆိုတာဟာ ႐ုပ္ရည္ေရာ အရည္အခ်င္းသာမက gentleman တစ္ေယာက္ရဲ႕ အဂၤါရပ္ေတြနဲ႔ ျပည့္စုံကိုက္ညီေနတဲ့ ေယာက္်ားတစ္ေယာက္နဲ႔ ေပါင္းဖက္ခြင့္ရရွိျခင္းလို႔လည္း အဓိပၸာယ္ဖြင့္ဆိုႏိုင္ပါတယ္။ ႏိုင္ငံတင္မဟုတ္၊ ကမာၻကပါ သိၾကတဲ့ ေအာင္ျမင္ေနတဲ့ ေယာက္်ားတစ္ေယာက္နဲ႔ ေပါင္းဖက္ရမယ္ဆိုရင္ေတာ့ အတိုင္းထက္အလြန္ပဲလို႔ ေျပာရမွာပါ။ အခုေျပာျပခ်င္တာကေတာ့ ကမာၻေက်ာ္ People မဂၢဇင္းႀကီးက ႏွစ္စဥ္ေ႐ြးခ်ယ္သတ္မွတ္ေပးတဲ့ တစ္ႏွစ္တာအတြင္း ဆြဲေဆာင္မႈအရွိဆုံးအမ်ိဳးသားေတြကို ပိုင္ဆိုင္ခြင့္ရရွိထားတဲ့ အမ်ိဳးသမီး(၁၀)ေယာက္ရဲ႕အေၾကာင္းပဲ ျဖစ္ပါတယ္။

(၁) Chrissy Teigen
Photo: chrissyteigen/ Instagram

Chrissy Teigen ဟာ အေမရိကန္ေမာ္ဒယ္လ္တစ္ေယာက္ျဖစ္ၿပီး television personality တစ္ဦးလည္းျဖစ္တဲ့အျပင္ စာလည္းေရးပါေသးတယ္။ သူမဟာ ကမာၻေက်ာ္အဆိုေတာ္ John Legend ရဲ႕ ခ်စ္လွစြာေသာဇနီး ျဖစ္ပါတယ္။ John Legend ဟာ တကယ့္ ထိတ္ထိတ္ႀကဲဆုေတြျဖစ္တဲ့ Emmy Award ၊ Grammy Award ၊ Oscar Award နဲ႔ Tony Award ေတြကို ပိုင္ဆိုင္ထားတဲ့ ရွားရွားပါးပါး အႏုပညာရွင္ေတြထဲက တစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ၂၀၁၉ခုႏွစ္ရဲ႕ ဆြဲေဆာင္မႈအရွိဆုံး အမ်ိဳးသားအျဖစ္ ပူပူေႏြးေႏြး ေ႐ြးခ်ယ္ခံထားရသူလည္း ျဖစ္ပါတယ္။ John ကေတာ့ “တစ္ျခားဆုေတြထက္ ဒီဆြဲေဆာင္မႈအရွိဆုံး အမ်ိဳးသားဆိုတဲ့ ဂုဏ္ပုဒ္ေလးက ကြၽန္ေတာ့္မိန္းမကို ဂုဏ္ယူေစတယ္ ထင္ပါတယ္။ မိန္းမက ကြၽန္ေတာ့္ကို တစ္ခ်ိန္လုံး ဟာသလုပ္ေနတာေလ။ အခုက်ေတာ့ သူတကယ္ႀကီး ဂုဏ္ယူေနတယ္ဗ်။ ေနာက္ဆုံးေတာ့ ကြၽန္ေတာ့္မိန္းမအထင္ႀကီးေအာင္ လုပ္ျပႏိုင္ၿပီဗ်ိဳ႕” လို႔ ရင္ဖြင့္ထားပါတယ္။

(၂) Sabrina Dhowre
Photo: sabrinaelba/ Instagram

Sabrina Dhowre ကေတာ့ ၂၀၁၈ခုႏွစ္ရဲ႕ ဆြဲေဆာင္မႈအရွိဆုံးအမ်ိဳးသားကို ပိုင္ဆိုင္ခြင့္ရရွိထားတဲ့ အမ်ိဳးသမီး  ျဖစ္ပါတယ္။ သူမနဲ႔ Idris Elba တို႔ဟာ The Mountain Between Us ဆိုတဲ့ ႐ုပ္ရွင္ကို ႐ိုက္ကူးေနရင္း ခ်စ္ကြၽမ္းဝင္ခဲ့ရာက ၂၀၁၉ခုႏွစ္ ဧၿပီလမွာ တရားဝင္လက္ထပ္ခဲ့ၾကတဲ့ ပူပူေႏြးေႏြး ဇနီးေမာင္ႏွံေတြ ျဖစ္ပါတယ္။ Idris ကေတာ့ ျမန္မာျပည္တြင္းမွာ သိပ္ၿပီးနာမည္မႀကီးေပမယ့္ ဇာတ္လမ္းတြဲေတြ ၾကည့္တဲ့ ပရိသတ္ေတြနဲ႔ဆိုရင္ေတာ့ သိပ္မစိမ္းလွသူတစ္ေယာက္ပါ။ Idris ဟာ အဂၤလန္အေျခစိုက္ သ႐ုပ္ေဆာင္မင္းသား၊ စာေရးဆရာ၊ ပ႐ိုဂ်ဴဆာ၊ ဂီတပညာရွင္၊ ဒီေဂ်၊ ရက္ပ္ပါစတဲ့ နယ္ပယ္မ်ိဳးစုံမွာ ထူးခြၽန္ေအာင္ျမင္သူ ျဖစ္ပါတယ္။ ၂၀၂၁ခုႏွစ္မွာ ႐ုံတင္ျပသမယ့္ Suicide Squad 2 မွာလည္း ပါဝင္သြားဖို႔ ရွိပါေသးတယ္။

(၃) Gwen Stefani
Photo: gwenstefani/ Instagram

Gwen Stefani ကေတာ့ သီခ်င္းႀကိဳက္သူတိုင္း သိၾကမယ့္ ေအာင္ျမင္တဲ့ ကမာၻေက်ာ္အဆိုေတာ္တစ္ဦး ျဖစ္ပါတယ္။ သူမရဲ႕ခ်စ္သူကေတာ့ နာမည္ႀကီး ကန္းထရီးအဆိုေတာ္ Blake Shelton ျဖစ္ၿပီး Blake ဟာ ၂၀၁၇ခုႏွစ္ရဲ႕ ဆြဲေဆာင္မႈအရွိဆုံး အမ်ိဳးသားလည္း ျဖစ္ပါတယ္။ ဒီထိတ္ထိတ္ႀကဲစတားႏွစ္ေယာက္ဟာ အိမ္ေထာင္ေတြကေန ကိုယ္စီကိုယ္ငွ ကြာရွင္းခဲ့ၾကၿပီးေနာက္ The Voice ရဲ႕ ဒိုင္ေတြအျဖစ္ အတူတူ အလုပ္လုပ္ရစဥ္မွာ ၿငိတြယ္ခဲ့ၾကတာ ျဖစ္ပါတယ္။ ႏွစ္ေယာက္သား ခ်စ္ေနပုံမ်ားကေတာ့ အခုထိလည္း မခြဲအတူ တတြဲတြဲ ျမင္ေနၾကရဆဲပါပဲ။

(၄) Lauren Hashian
Photo: therock/ Instagram

Lauren Hashian ကေတာ့ ၂၀၁၆ခုႏွစ္ရဲ႕ ဆြဲေဆာင္မႈအရွိဆုံးအမ်ိဳးသား Dwayne Jonson (ေခၚ) The Rock ရဲ႕ ခ်စ္ဇနီးေလး ျဖစ္ပါတယ္။ သူမဟာ ဂီတမ်ိဳး႐ိုးရွိတဲ့ မိသားစုကေန ေပါက္ဖြားလာခဲ့သူျဖစ္ၿပီး ကိုယ္တိုင္ကလည္း သီခ်င္းဆိုသလို သီခ်င္းလည္းေရးတဲ့အျပင္ music producer အျဖစ္လည္း လုပ္ကိုင္ပါေသးတယ္။ Lauren နဲ႔ The Rock တို႔ဟာ ၂၀၀၆ခုႏွစ္က စေတြ႕ခဲ့ၾကၿပီး ၂၀၀၇ခုႏွစ္မွာ စတြဲခဲ့ၾကတာပါ။ ႏွစ္ေတြအၾကာႀကီး တြဲခဲ့ၿပီး (၃)ႏွစ္အ႐ြယ္ Jasmine နဲ႔ (၁၇)လအ႐ြယ္ Tiana ဆိုတဲ့ သမီးေလးႏွစ္ေယာက္ရၿပီး ၂၀၁၉ ဩဂုတ္လက်ေတာ့မွ တရားဝင္ လက္ထပ္ခဲ့ၾကသူေတြလည္း ျဖစ္ပါတယ္။ ႏွစ္ေတြလေတြၾကာမွ တရားဝင္ လက္ထပ္တယ္ဆိုေပမယ့္ သူတို႔ႏွစ္ေယာက္ရဲ႕အခ်စ္နဲ႔ ေအးခ်မ္းေပ်ာ္႐ႊင္စရာေကာင္းတဲ့ မိသားစုဘဝေလးကေတာ့ လူတိုင္းအားက်ၾကရတဲ့အထိပါပဲ။

(၅) Victoria Beckham
Photo: victoriabeckham/ Instagram

Victoria Beckham ဟာ အမ်ိဳးသမီးအခ်င္းခ်င္း အားက်ခံရတဲ့ မိန္းမတစ္ေယာက္ ျဖစ္ပါတယ္။ သူမရဲ႕ခင္ပြန္းသည္ နာမည္ေက်ာ္ေဘာလုံးသမား David Beckham ကေတာ့ ၂၀၁၅ခုႏွစ္ရဲ႕ ဆြဲေဆာင္မႈအရွိဆုံးအမ်ိဳးသားပါ။ Victoria ဟာ ၉၀ခုႏွစ္ေတြက သိပ္ကိုနာမည္ႀကီးခဲ့တဲ့ Spice Girl အဖြဲ႕ရဲ႕ အဖြဲ႕ဝင္တစ္ဦးျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ ဖက္ရွင္ဒီဇိုင္နာတစ္ေယာက္ ျဖစ္လာကာ သူမရဲ႕ကိုယ္ပိုင္ဒီဇိုင္းေတြကို ထုတ္လုပ္ေရာင္းခ်ေနသူလည္း ျဖစ္ပါတယ္။ သူမနဲ႔ David တို႔ဟာ ၁၉၉၉ခုႏွစ္တည္းက လက္ထပ္ခဲ့ၾကၿပီး ကေလး(၄)ေယာက္ရၿပီးေနာက္ ဒီကေန႔အထိ ႏွစ္ေပါင္းမ်ားစြာ ၿမဲၿမံေနတဲ့ စံျပဇနီးေမာင္ႏွံႏွစ္ဦးလည္း ျဖစ္ပါတယ္။ သူမနဲ႔ David တို႔ လိုက္ဖက္ၿပီး ၿမဲေနရတဲ့အေၾကာင္းကိုေတာ့ “သူက တစ္ခုခုဆို တိတိက်က်၊ သပ္သပ္ရပ္ရပ္မွ ႀကိဳက္တယ္။ ကြၽန္မကက်ေတာ့ သြားေလရာေနရာမွာ အၿမဲဖြတတ္တဲ့သူ။ ကြၽန္မက ဖြတယ္။ သူက ရွင္းတယ္၊လင္းတယ္။ ဒါေၾကာင့္ ကြၽန္မတို႔ႏွစ္ေယာက္က အဆင္ေျပေနတာပါ” လို႔ Victoria က ေျပာဖူးပါတယ္။

(၆) Elsa Pataky
Photo: elsapatakyconfidential/ Instagram

Elsa Pataky ကေတာ့ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲမင္းသားတစ္လက္ျဖစ္တဲ့ Chris Hemsworth ရဲ႕ ဇနီးသည္ပါ။ Elsa ကိုေတာ့ Fast And Furious ဇာတ္ကားေတြထဲက Elena Neves ဆိုတဲ့ ရဲေမဇာတ္႐ုပ္နဲ႔ သိၿပီးသား ျဖစ္ၾကမွာပါ။ သူမဟာ Chris နဲ႔ ကေလးသုံးေယာက္ ရထားေပမယ့္ ကေလးအေမလို႔ မထင္ရေလာက္ေအာင္ကို ကိုယ္ကာယပိုင္းမွာ ႀကံ့ခိုင္သန္စြမ္းသူလည္း ျဖစ္ပါတယ္။ သူမရဲ႕ခင္ပြန္းသည္ Chris Hemsworth ကေတာ့ ၂၀၁၄ခုႏွစ္ရဲ႕ ဆြဲေဆာင္မႈအရွိဆုံး အမ်ိဳးသား ျဖစ္ပါတယ္။

(၇) Behati Prinsloo 
Photo: behatiprinsloo/ Instagram

ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္အျဖစ္ ေကာင္မေလးေတြ ဝိုင္းဝိုင္းလည္ေနရာကေန Behati Prinsloo ဆိုတဲ့ ေမာ္ဒယ္လ္ အေခ်ာအလွေလးနဲ႔ အေတြ႕မွာ Maroon 5 အဖြဲ႕က အဆိုေတာ္ Adam Levine လည္း လက္နက္ခ်လိုက္ရပါေတာ့တယ္။ Behati ဟာ နမ္မီးဘီးယားႏိုင္ငံသူျဖစ္ၿပီး နာမည္ေက်ာ္ Victoria’s Secret ရဲ႕ ေမာ္ဒယ္လ္တစ္ေယာက္ ျဖစ္ပါတယ္။ ၂၀၁၃ခုႏွစ္အတြက္ ဆြဲေဆာင္မႈအရွိဆုံး အမ်ိဳးသားျဖစ္ခဲ့တဲ့ Adam နဲ႔ ေတြ႕ၿပီး သိပ္မၾကာခင္ ၂၀၁၄ခုႏွစ္မွာပဲ တရားဝင္ လက္ထပ္လိုက္ၾကပါတယ္။ အဲ့ဒီ့ေနာက္ အခ်ိန္သိပ္မျခားဘဲ သမီးေလးႏွစ္ေယာက္ကို ေမြးဖြားခဲ့ၾကပါတယ္။ အခုထိလည္း ခ်စ္စရာေကာင္းတဲ့ မိသားစုေလးအျဖစ္ တည္ၿမဲေနၾကဆဲ ျဖစ္ပါတယ္။

(၈) Blake Lively
Photo: blakelively/ Instagram

ဒါကေတာ့ မင္းသားနဲ႔မင္းသမီးစုံတြဲပါ။ နာမည္ေက်ာ္မင္းသမီးေခ်ာ Blake Lively နဲ႔ မင္းသားေခ်ာ Ryan Reynolds တို႔ဟာ သူတို႔ရဲ႕အိမ္ေထာင္ေရးအေၾကာင္းနဲ႔ ပတ္သက္ရင္ လူထုကို သိပ္ထုတ္ေျပာေလ့ မရွိဘဲ သီးသန႔္ဆန္ဆန္ ေနတတ္ၾကပါတယ္။ သို႔ေပမယ့္ ကေလးသုံးေယာက္နဲ႔ သာယာလွပတဲ့ သူတို႔ရဲ႕မိသားစုဘဝေလးကေတာ့ ေဟာလိဝုဒ္ရဲ႕ ထိပ္တန္းစာရင္းမွာ ပါဝင္ေနပါတယ္။ Ryan Reynolds ဟာ ၂၀၁၀ခုႏွစ္ရဲ႕ ဆြဲေဆာင္မႈအရွိဆုံး အမ်ိဳးသား ျဖစ္ပါတယ္။

(၉) Deborra-Lee Furness
Photo: thehughjackman/ Instagram

Deborra ဟာ ဩစေတ်းလ်မင္းသမီးတစ္လက္ျဖစ္ၿပီး နာမည္ေက်ာ္မင္းသားႀကီး Hugh Jackman ရဲ႕ဇနီး ျဖစ္ပါတယ္။ ၂၀၀၈ခုႏွစ္ရဲ႕ ဆြဲေဆာင္မႈအရွိဆုံး အမ်ိဳးသားျဖစ္ခဲ့တဲ့ Hugh Jackman ကေတာ့ သူတို႔ဇနီးေမာင္ႏွံဟာ စေတြ႕တဲ့ ပထမဆုံးေန႔ကစလို႔ ႏွစ္ေယာက္သား ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ေနထိုင္ၾကေၾကာင္း ေျပာျပဖူးပါတယ္။ သူတို႔ေမာင္ႏွံမွာေတာ့ ကေလးႏွစ္ေယာက္ ထြန္းကားထားပါတယ္။

(၁၀) Luciana Damon
Photo: mattdamon.fanpage/ Instagram

Luciana ကေတာ့ အက္ရွင္ဇာတ္ကားေတြနဲ႔ ျမန္မာပရိသတ္ေတြၾကားမွာ လူသိမ်ားတဲ့ မင္းသား Matt Damon ရဲ႕ဇနီးသည္ ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးရဲ႕ ဇာတ္လမ္းကေတာ့ တကယ့္ကို ပုံျပင္ဆန္ပါတယ္။ Matt တစ္ေယာက္ မိုင္ယာမီကမ္းေျခမွာ ႐ုပ္ရွင္လာ႐ိုက္တဲ့အခ်ိန္ ဘားတစ္ခုမွာ အလုပ္လုပ္ေနတဲ့ Luciana နဲ႔ ေတြ႕ဆုံခဲ့ၾကတာပါ။ အခုအခ်ိန္မွာေတာ့ သူတို႔ႏွစ္ဦးမွာ ကေလး(၄)ေယာက္ ရရွိထားၿပီး ေဟာလိဝုဒ္ရဲ႕ကင္မရာမီးေရာင္ေတြေအာက္က ေရွာင္ဖယ္ကာ သိုသိုသိပ္သိပ္ပဲ မိသားစုဘဝေလးကို ေနထိုင္ေနၾကပါတယ္။ Matt ဟာ ၂၀၀၇ခုႏွစ္ရဲ႕ ဆြဲေဆာင္မႈအရွိဆုံး အမ်ိဳးသား ျဖစ္ပါတယ္။

ဒါကေတာ့ ဆြဲေဆာင္မႈအရွိဆုံးအမ်ိဳးသားေတြကို ပိုင္ဆိုင္ထားတဲ့ အမ်ိဳးသမီး(၁၀)ေယာက္ ျဖစ္ပါတယ္။ သူတို႔ရဲ႕လွပၿပီး ေပ်ာ္႐ႊင္စရာေကာင္းတဲ့ မိသားစုဘဝေလးနဲ႔ အသက္ထက္ဆုံး ေပါင္းဖက္သြားႏိုင္ၾကမယ္လို႔လည္း ေမွ်ာ္လင့္လ်က္ …။

LaNina

(ဆံရစ္ဝိုင္းမီဒီယာမွ တင္ဆက္ေသာ ကိုယ္တိုင္ေရး (သို႔မဟုတ္) ဘာသာျပန္သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔၏အက်ိဳးစီးပြားအတြက္ အျခားေသာ မီဒီယာစာမ်က္ႏွာမ်ားေပၚတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းမ်ား မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular