HomeCelebs Update NewsInternationalHouse of Dragon သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်ပုံစံနဲ့ တကယ့်ဘဝကပုံစံများ

House of Dragon သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်ပုံစံနဲ့ တကယ့်ဘဝကပုံစံများ

House of the Dragon ဇာတ်လမ်းတွဲကတော့ လက်ရှိမှာ ရုပ်ရှင်ပရိသတ်တွေ တခဲနက်အားပေးနေကြတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ Game of Thrones ရဲ့ prequel ဇာတ်လမ်းတွဲဖြစ်ပြီး Targaryen တွေရဲ့ပြည်တွင်းစစ်အကြောင်းကို ပြသထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို နာမည်ကျော်ကြားစေတဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေရဲ့ သေသပ်ပီပြင်တဲ့ သရုပ်ဆောင်မှုကြောင့်လည်း ပါဝင်ပါတယ်။ ဒါကြောင့်ပဲ ပရိသတ်တွေ ချစ်ခင်အားပေးနေကြတဲ့ House of Dragon သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်ပုံစံနဲ့‌ ပြင်ပဘဝက တကယ့်ပုံစံတွေကို နှိုင်းယှဉ်ပြသပေးလိုက်ပါတယ်။

Milly Alcock

Photo: HBO/ millyalcock/ Instagram

Milly Alcock ကတော့ Princess Rhaenyra ရဲ့ငယ်ဘဝမှာ ပါဝင်သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။ သူမဟာ ဩစတျေးလျသရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး AACTA Award for Best Comedy ဆုကို စံကာတင်ဝင်ထားသူ ဖြစ်ပါတယ်။ Milly ဟာ အသက်(၂၂)နှစ်သာ ရှိပါသေးတယ်။

Emily Carey

Photo: theemilycarey/ Instagram

Emily Carey ကတော့ အင်္ဂလိပ်သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး ငယ်ငယ်တည်းက ကလေးသရုပ်ဆောင်အဖြစ် လှုပ်ရှားလာခဲ့တာ ဖြစ်ပါတယ်။ သူမဟာ Wonder Woman ထဲမှာ Diana Prince ရဲ့ငယ်ဘဝအဖြစ် သရုပ်ဆောင်ခဲ့ဖူးသလို Tomb Raider ထဲမှာလည်း Lara Croft ငယ်ဘဝအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ House of the Dragon ထဲမှာတော့ Emily ဟာ Alicent Hightower ရဲ့ ငယ်ဘဝအဖြစ် သရုပ်ဆောင်ထားပါတယ်။ သူမကတော့ အသက်(၁၉)နှစ်သာ ရှိပါသေးတယ်။

Emma D’Arcy

Photo: HBO/ emmaziadarcy/ Instagram

Emma D’Arcy ကတော့ အရွယ်ရောက်ပြီးတဲ့ Princess Rhaenyra အဖြစ် သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။ Emma ဟာ အင်္ဂလိပ်သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး ဇာတ်လမ်းတွဲများစွာမှာ သရုပ်ဆောင်ထားပါတယ်။ Emma ဟာ non-binary တစ်ယောက်ဖြစ်ပြီး they/them ဆိုတဲ့ နာမ်စားကို အသုံးပြုပါတယ်။ သူကတော့ အသက်(၃၀)နှစ် ရှိနေပါပြီ။

Olivia Cooke

Photo: HBO/ livkatecooke/ Instagram

Alicent Hightower ရဲ့ အရွယ်ရောက်ပြီးသူအနေနဲ့တော့ Olivia Cooke က သရုပ်ဆောင်ထားပါတယ်။ Olivia ကတော့ အသက်(၂၈)နှစ်သာ ရှိသေးပြီး Ready Player One ၊ Bates Motel တို့လို နာမည်ကြီးဇာတ်လမ်းတွေမှာ ပါဝင်ထားပါတယ်။

Matt Smith

Photo: HBO/ mattsmithhofficial/ Instagram

House of Dragon ပရိသတ်တွေရဲ့ အသည်းစွဲသရုပ်ဆောင် Matt Smith ကတော့ King Viserys ရဲ့ညီဖြစ်သူ Daemon Targaryen အဖြစ် သရုပ်ဆောင်ထားပါတယ်။ Matt ဟာ အောင်မြင်ပြီးသား အင်္ဂလိပ်သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး Doctor Who ၊ The Crown တို့လို နာမည်ကြီးရှိုးတွေမှာ ပါဝင်ထားပြီး Emmy စံကာတင်ဝင်ထားသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ Morbius ထဲမှာလည်း Loxias Crown အဖြစ် ပီပြင်စွာ သရုပ်ဆောင်ထားပါတယ်။ Matt ကတော့ အသက်(၃၉)နှစ် ရှိနေပါပြီ။

Paddy Considine

Photo: HBO/ paddy_considine/ Instagram

King Viserys အဖြစ် သရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့အသည်းကို သိမ်းပိုက်သွားတဲ့ နောက်ထပ်သရုပ်ဆောင်ကတော့ Paddy Considine ပဲ ဖြစ်ပါတယ်။ Paddy ကတော့ အတွေ့အကြုံရှိ၊ ဝါရင့်သရုပ်ဆောင်တစ်ယောက် ဖြစ်သလို ဇာတ်ညွှန်း‌ရေးသားသူ၊ ဒါရိုက်တာအဖြစ်လည်း လုပ်ကိုင်ပါသေးတယ်။ သူကတော့ အသက်(၄၉)နှစ် ရှိပါပြီ။

Steve Toussaint

Photo: HBO/ thegenuinetoussaint/ Instagram

Lord Corlys Velaryon အဖြစ် သရုပ်ဆောင်ထားတာကတော့ Steve Toussaint ပဲ ဖြစ်ပါတယ်။ Steve ကတော့ ဗြိတိန်သရုပ်ဆောင် ဖြစ်ပြီး Prince of Persia: The Sands of Time ၊ Flight of Fury အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားများစွာမှာ ပါဝင်ထားတဲ့ ဝါရင့်တစ်ယောက်လည်း ဖြစ်ပါတယ်။ အသက်ကတော့ (၅၇)နှစ် ရှိပါပြီ။

Rhys Ifans

Photo: HBO/ rhys_ifans_welsh_actor/ Instagram

အကြံကြီးတဲ့ Otto Hightower အဖြစ် သရုပ်ဆောင်ထားသူကတော့ Rhys Ifans ပဲ ဖြစ်ပါတယ်။ Rhys ကတော့ ဝေလနယ်က သရုပ်ဆောင်တစ်ယောက် ဖြစ်သလို musician တစ်ယောက်လည်း ဖြစ်ပါတယ်။ သူကတော့ Notting Hill ၊ The King’s Man ၊ Harry Potter and the Deathly Hallows: Part I အစရှိတဲ့ နာမည်ကြီးရုပ်ရှင်ကားတွေမှာ ပါဝင်ဖူးသလို Dr. Curt Connors တဖြစ်လည်း Lizard အဖြစ်နဲ့လည်း The Amazing Spider-Man ၊ Spider-Man: No Way Home တို့မှာ ပါဝင်ထားပါသေးတယ်။ သူကတော့ အသက်(၅၅)နှစ် ရှိပါပြီ။

Eve Best

Photo: HBO/ evebestsource Instagram

Eve Best ကတော့ Princess Rhaenys Targaryen အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူမဟာလည်း ဝါရင့်သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး ဒါရိုက်တာအဖြစ်လည်း လုပ်ကိုင်ပါတယ်။ သူမဟာ နာမည်ကြီး အင်္ဂလိပ်ဇာတ်လမ်းတွဲတွေမှာ ပါဝင်ထားပြီး အသက်ကတော့ (၅၁)နှစ် ရှိပါပြီ။

Fabien Frankel

Photo: HBO/ fabienfrankelfans/ Instagram

Ser Criston Cole အဖြစ် သရုပ်ဆောင်ထားသူကတော့ Fabien Frankel ပဲ ဖြစ်ပါတယ်။ Fabien ကတော့ Emilia Clarke ရဲ့ Last Christmas ရုပ်ရှင်ထဲမှာလည်း ပါဝင်ထားပါသေးတယ်။ အသက်ကတော့ (၂၈)နှစ် ရှိနေပါပြီ။

ဒါကတော့ House of the Dragon ဇာတ်လမ်းတွဲထဲက သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်ပုံစံနဲ့ ပြင်ပဘဝက တကယ့်ပုံစံတွေပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Vancouver

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular