HomeEntertainmentFilmHouse of Dragon အပိုင်း(၇)ရဲ့ Lighting ကို လှောင်ပြောင်နေကြတဲ့ ပရိသတ်များ

House of Dragon အပိုင်း(၇)ရဲ့ Lighting ကို လှောင်ပြောင်နေကြတဲ့ ပရိသတ်များ

House of the Dragon ဇာတ်လမ်းတွဲရဲ့ အပိုင်း(၇)ကတော့ မကြာခင်ကပဲ ထွက်ရှိလာခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ဩဂုတ်လ (၂၁)ရက်နေ့မှာ စတင်ပြသခဲ့တာ ဖြစ်ပြီး အဲဒီအချိန်ကတည်းက ဝေဖန်သူတွေနဲ့ ပရိသတ်တွေရဲ့ ကောင်းမွန်တဲ့ မှတ်ချက်တွေကို ရရှိထားတဲ့ ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။ အသစ်ထွက်ရှိထားတဲ့ အပိုင်း(၇)ရဲ့ အလယ်ပိုင်းလောက်မှာတော့ ဇာတ်ဝင်ခန်းတွေဟာ ထူးထူးခြားခြားပဲ မှောင်မိုက်နေပြီး Aemond က Vhagar ကိုစီးဖို့ ကြိုးစားခဲ့တဲ့ အခန်းဆိုရင် သေချာတောင်မြင်ဖို့ မလွယ်ကူခဲ့ပါဘူး။

 

ဒီအပိုင်းရဲ့ အစမှာတော့ အပိုင်း(၆)ထဲမှာ သေဆုံးသွားတဲ့ Laena Velaryon အတွက် ဈာပနပြုလုပ်နေတာကို တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ Rhaenyra နဲ့ Daemon တို့ကလည်း ပြန်အဆင်ပြေသွားပြီး နောက်ဆုံးမှာ လက်ထပ်သွားပါတယ်။ ဒီအပိုင်းထဲက အံ့ဩစရာအကောင်းဆုံး အချက်ကတော့ Aemond ဟာ Vhagar ကို စီးနင်းဖို့ ကြိုးစားခဲ့တာပဲ ဖြစ်ပြီး ကလေးအချင်းချင်း ရန်ဖြစ်ကြတဲ့ ဇာတ်ဝင်ခန်းဟာလည်း ဇာတ်လမ်းအလှည့်အပြောင်းကို ဖြစ်လာစေခဲ့ပါတယ်။

ဒီအပိုင်းဟာလည်း Game of Thrones ထဲက “Long Night” အပိုင်းလိုပဲ မှောင်မည်းနေပါတယ်။ House of the Dragon ပရိသတ်တွေကတော့ အပိုင်း(၇)ကို ကြည့်ရှုပြီးနောက်မှာ ဒီအပိုင်းရဲ့ Lighting မီးအလင်းအမှောင်နဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ လှောင်ပြောင်နေကြပါတယ်။ ဒီအပိုင်းထဲက ဇာတ်ဝင်ခန်းအချို့ဟာလည်း မှောင်လွန်းနေတာကြောင့် မနည်းကြည့်ရှုခဲ့ရပါတယ်။

 

Game of Thrones ထဲက “Long Night” နဲ့ ပတ်သက်ရင်တော့ Producer တွေဟာ ဒီဇာတ်ဝင်ခန်းတွေကို သဘာဝကျကျ ဖန်တီးဖို့အတွက် ယခုလိုမှောင်မည်းနေအောင် ဖန်တီးခဲ့တာလို့ ပြောခဲ့ဖူးပါတယ်။ တစ်ဖန် ယခုအခါမှာလည်း House of the Dragon ရဲ့ “Driftmark” အပိုင်းက မှောင်နေတာနဲ့ ပတ်သက်ပြီး “Creative Purpose” အတွက် တမင်ဖန်တီးထားတာလို့ HBO က ပြောထားပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular