HomeEntertainmentFilmSeason 3 အတွက် confirm လိုက်တဲ့ House of the Dragon

Season 3 အတွက် confirm လိုက်တဲ့ House of the Dragon

House of the Dragon ဇာတ်လမ်းတွဲဟာ season 2 မထုတ်လွှင့်ရသေးခင် ရက်ပိုင်းအလိုမှာပဲ season 3 ဆက်ထွက်လာဖို့ အတည်ပြုလိုက်ပါတယ်။

Game of Thrones ရဲ့ spin-off ဇာတ်လမ်းတွဲ ဖြစ်တဲ့ House of the Dragon ကိုတော့ လာမယ့် ဇွန်လ (၁၆)ရက်နေ့မှာ HBO နဲ့ HBO Max တို့မှာ စတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီစီးရီးကို GoT ရဲ့ပဲ့ကိုင်ရှင် စာရေးသူ ဆရာကြီး George R.R. Martin နဲ့ Ryan Condal တို့က creator တွေအဖြစ် ပူးတွဲတာဝန်ယူထားပါတယ်။

ဆရာကြီးရဲ့ Fire & Blood ဝတ္ထုကို အခြေခံ ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းကတော့ Game of Thrones ထဲက အဖြစ်အပျက်တွေ မတိုင်ခင် နှစ်ပေါင်းနှစ်ရာခန့်က ဖြစ်ရပ်တွေကို ဖော်ကျူးထားတာ ဖြစ်ပါတယ်။ Targaryen အိမ်တော်က ခုနှစ်ပြည်ထောင်ကို စုစည်းတည်ထောင်ပြီး နှစ်ပေါင်းတစ်ရာလောက် ကြာတဲ့နောက်မှာ ဖြစ်ပွားခဲ့တဲ့ Targaryen ပြည်တွင်းစ-စ်အကြောင်းကို အဓိက မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Season 2 မှာလည်း Matt Smith ၊ Olivia Cooke ၊ Emma D’Arcy ၊ Eve Best အစရှိတဲ့ အဓိကသရုပ်ဆောင်တွေ ပြန်လည်ပါဝင်မှာ ဖြစ်သလို သရုပ်ဆောင်အသစ်တွေလည်း ပါဝင်လာဦးမှာပါ။

House of the Dragon ဟာ Emmys စံကာတင် (၉)ဆုဝင်ထားပြီး season 1 ကတော့ Best Drama TV Series နဲ့ ရွှေကမ္ဘာလုံးဆု ဆွတ်ခူးထားပါတယ်။

Vancouver

Source: variety

RELATED ARTICLES

Most Popular