HomeEntertainmentFilmHouse of the Dragon Season 2, Episode 2 ရဲ့ Ending Explained

House of the Dragon Season 2, Episode 2 ရဲ့ Ending Explained

*** SPOILER ALERT ***

House of the Dragon ရဲ့ season 2 ၊ Episode (2) အပြီးမှာတော့ Targaryen ပြည်တွင်းစ-စ်မီး တောက်လောင်စေဖို့ ပိုပြီးအားပေးတဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့ပြီး Team Green နဲ့ Team Black နှစ်ဖွဲ့လုံးမှာလည်း တင်းမာမှုတွေနဲ့ သွေ-းမြေကျမှုတွေက နောက်ပြန်လှည့်လို့မရတဲ့ ပွိုင့်တစ်ခုကို ခေါ်ဆောင်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီအပိုင်းမှာတော့ အပိုင်း(၁)တုန်းက Prince Jaehaerys လေးကို လု-ပ်ကြံလိုက်တာရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေကို အဓိက မြင်တွေ့ရမှာ ဖြစ်သလို ကာရိုက်တာအချို့ရဲ့ ဝမ်းနည်းစရာ အဆုံးသတ်နဲ့ တခြားအံ့အားသင့်စရာ ဖြစ်ရပ်တွေကိုလည်း တွေ့ခဲ့ရပါတယ်။

Cargyll အမွှာညီအစ်ကိုရဲ့ ရင်နင့်စရာအဆုံးသတ်

HotD season 2 ထဲက ပထမဆုံး အက်ရှင်ဇာတ်ဝင်ခန်းလို့ ပြောရမယ့် ဒီအခန်းကတော့ Ser Arryk နဲ့ Ser Erryk အမွှာညီအစ်ကိုနှစ်ယောက်ရဲ့ ရင်ဆိုင်တိုက်ခိုက်တဲ့ အခန်းပဲ ဖြစ်ပါတယ်။ ညီအစ်ကိုနှစ်ယောက်ရဲ့ တိုက်ပွဲဟာ ပြင်းထန်ကြမ်းတမ်းသလို အဓိကအချက်ကတော့ ဘယ်သူက ဘယ်သူဆိုတာ ဘေးကလူတွေက မခွဲခြားနိုင်တော့တဲ့အတွက် သူတို့ရဲ့တိုက်ပွဲထဲကို ဘယ်သူမှလည်း ဝင်မပါနိုင်ခဲ့ပါဘူး။

နှစ်ကိုယ့်တစ်စိတ်နဲ့ နေထိုင်ခဲ့တဲ့ အမွှာညီအစ်ကိုနှစ်ယောက်အနေနဲ့ သူမသ-တ်ရင် ကိုယ်သ-တ်ရမယ့် အခြေအနေကို ရောက်ခဲ့ရပြီမို့ သူတို့ရဲ့တိုက်ပွဲကို ကြည့်ရတာဟာလည်း ရင်နင့်စရာ ဖြစ်ပါတယ်။ Rhaenyra ကို သစ္စာဆိုထားတဲ့ Erryk က လု-ပ်ကြံဖို့လာတဲ့ Arryk ကို အရင်ဆုံး ဇီဝိန်ခြွေနိုင်ခဲ့ပြီး Erryk ဟာ သူကိုယ်တိုင်လည်း သူ့အသ-က်ကို နှုတ်ယူသွားခဲ့ပါတယ်။

Westeros မှာတော့ ဘုရင်ကို လု-ပ်ကြံ သ-တ်ဖြ-တ်မှုဟာ အလွန်ကြီးမားတဲ့ ပြစ်ဒဏ်ဖြစ်ပြီး နတ်ဘုရားတွေက အဲဒီလူကို ကျိန်စာတိုက်တတ်တယ်လို့လည်း ပြောကြတာ ရှိပါတယ်။ Arryk က ဒီအပြစ်ကို ကျူးလွန်ဖို့ ကြိုးစားခဲ့တာမို့ သစ္စာဆိုထားတဲ့ Knight of honor တစ်ယောက်အနေနဲ့ Erryk ဟာ အရှက်လည်းရမိသလို တစ်ဖက်မှာတော့ သူ့အမွှာညီအစ်ကိုကို သူကိုယ်တိုင် အဆုံးသတ်ပေးလိုက်ရတဲ့အတွက် အသက်ဆက်ရှင်ချင်စိတ် မရှိတော့တာ ဖြစ်ပါတယ်။

လောကကကြီးကို ကျောမခိုင်းခင်မှာ Erryk ဟာ Rhaenyra ကို “ခွင့်လွှတ်ပါ”လို့ တောင်းပန်သွားခဲ့ပါတယ်။ ဒါဟာ သူ့အမွှာညီအစ်ကို Arryk အတွက် တောင်းပန်တာလည်း ဖြစ်သလို Queen အတွက် အသက်‌ေ-သဆုံးသည်အထိ ကာကွယ်စောင့်ရှောက်ပါမယ်ဆိုတဲ့ သူ့ရဲ့သစ္စာစကားကို မတည်နိုင်တော့တဲ့အတွက် တောင်းပန်သွားတာလည်း ဖြစ်ပါတယ်။

စာအုပ်ထဲမှာတော့ သူတို့နှစ်ယောက်ရဲ့ ဖြစ်ရပ်ဟာ နည်းနည်းကွဲပြားပါတယ်။ Ser Arryk ဟာ Rhaenyra နဲ့တောင် မတွေ့ရသေးဘဲ သူ့အမွှာ Ser Erryk နဲ့ပဲ အရင်ဆုံးတွေ့ပြီး နှစ်ယောက် တိုက်ခိုက်ကြတာပါ။ သူတို့ရဲ့ ဓားတွေနဲ့ တိုက်ခိုက်သံတွေကို ကြားတော့မှ ဘုရင်မရဲ့အိပ်ဆောင်က အမှုထမ်း၊ အရာထမ်းတွေ နိုးလာခဲ့ပြီး တိုက်ပွဲကို မြင်တွေ့သွားကြပေမယ့် အမွှာနှစ်ယောက်ကို မခွဲခြားနိုင်တဲ့အတွက် ဒီအတိုင်းပဲ ကြည့်နေခဲ့ကြတာပါ။

နောက်ဆုံးမှာတော့ တစ်ယောက်နဲ့တစ်ယောက် ‌ေ-သစေလောက်တဲ့ ဒဏ်ရာတွေကို ပေးခဲ့ကြပြီး တစ်ယောက်လက်ထဲမှာပဲ တစ်ယောက် ‌ေ-သသွားကြတယ်လို့ Grand Maester Munkun က ပြောပြခဲ့တယ်လို့ စာအုပ်ထဲမှာ ဆိုပါတယ်။

စာအုပ်ထဲမှာကိုပဲ Targaryen မင်းဆက် လေးဆက်တိုင်အောင် ပျော်တော်ဆက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Mushroom ကတော့ Cargyll အမွှာတွေဟာ တစ်ယောက်နဲ့တစ်ယောက် သစ္စာဖောက်လို့ စွပ်စွဲပြစ်တင်ခဲ့ကြပြီး ညီအစ်ကိုတွေကြားမှာ ဘာချစ်ခြင်းမေတ္တာကို ထုတ်ပြတာမှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

သူတို့ရဲ့တိုက်ပွဲဟာ ခဏသာကြာခဲ့ပြီး Ser Arryk ကတော့ အစောင့်တပ်သားတွေ ရောက်မလာခင်မှာပဲ ‌ေ-သဆုံးခဲ့ပြီး Ser Erryk ကတော့ ဝမ်းဗိုက်က ဓ-ားဒဏ်ရာနဲ့ လေးရက်လောက် မချိမဆံ့ ခံစားပြီးမှ ‌ေ-သဆုံးသွားခဲ့တယ်လို့ ပြောထားပါတယ်။

Alicent Hightower နဲ့ Criston Cole တို့ ဘာလို့ရှေ့ဆက်တိုးကြတာလဲ

အစိမ်းတွေနဲ့အနက်တွေကြားမှာ ဒရာမာမျိုးစုံနဲ့ ရှုပ်ယှက်ခတ်နေပေမယ့် အပိုင်း(၂)အဆုံးသတ်မှာတော့ Alicent နဲ့ Criston Cole တို့ဟာ ထပ်ပြီးတော့ တစ်ပွဲတစ်လမ်း နွှဲကြပြန်တာကို တွေ့ရပါတယ်။

Criston Cole ဟာ Rhaenyra ကို လု-ပ်ကြံဖို့ သူတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်နဲ့ ခိုင်းစေခဲ့တဲ့အပြင် သူ့လက်ချက်ကြောင့်ပဲ Otto Hightower ဟာလည်း the Hand အဖြစ်ကနေ အနားပေးခံလိုက်ရပြီး ပြည်နှင်ဒဏ်ပါ ပေးခံလိုက်ရတာပါ။

သူ့ရဲ့ အဆင်အခြင်မဲ့မှုတွေကို ဒေါသထွက် စိတ်ဆိုးနေတဲ့ Alicent ဟာ Criston Cole ကို အချက်ပေါင်းများစွာ ပါးရို-က်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ တင်းမခံနိုင်တော့ဘဲ သူတို့လျှောက်နေကျ လမ်းကိုပဲ ဆက်လျှောက်ခဲ့ကြတာဟာ အနည်းငယ်တော့ အံ့အားသင့်စရာကောင်းသွားပါတယ်။

ဒါပေမယ့်လည်း ပြန်စဉ်းစားကြည့်တဲ့အခါ သူတို့နှစ်ယောက်ကြားမှာ ငြင်းဆန်လို့မရနိုင်အောင် ဆွဲဆောင်ထားနိုင်တဲ့အရာတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ တဏှာရာဂပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Alicent နဲ့ Criston Cole တို့ရဲ့ relationship ကို အဓိကမောင်းနှင်နေတဲ့အရာဟာ တဏှာပဲလို့ မြင်နိုင်ပြီး ဒီလောက်တင်းမာမှုတွေနဲ့ စစ်ရိပ်သန်းနေတဲ့ အချိန်မှာတောင် သူတို့ဟာ ဒါကို မလွန်ဆန်နိုင်ကြသေးဘူးဆိုတာ တွေ့ရပါတယ်။

ဒီအချက်ကတော့ သူတို့နှစ်ယောက်ရဲ့ ကာရိုက်တာ သဘာဝနဲ့ စိတ်နေစိတ်ထားတွေကို အထင်ဟပ်ဆုံးဖြစ်အောင် ပြသသွားတယ်လို့ ပြောနိုင်ပါတယ်။

ရာထူးတက်သွားတဲ့ Criston Cole နဲ့ Otto Hightower ရဲ့အနာဂတ်

the Hand ရာထူးနေရာမှာ လူအပြောင်းအလဲဟာ Dance of the Dragon ဖြစ်လာဖို့ သိသာတဲ့ ပြောင်းလဲမှုတွေကို စတင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ Criston Cole က the Hand ဖြစ်သွားတဲ့အတွက် council မှာ နိုင်ငံရေးလှည့်ကွက်တွေ လုပ်ဖို့ ဆွေးနွေးတာမျိုးထက် အပြင်ဘက်မှာ တိုက်ပွဲတွေ၊ သွေ-းထွက်သံယိုတွေ ပိုပြီးဖြစ်လာဖို့ အားသာသွားပြီ ဖြစ်ပါတယ်။

Otto ရဲ့အနာဂတ်ကို ပြောရမယ်ဆိုရင်တော့ Aegon က သူ့ကို ဖြုတ်ချလိုက်တဲ့နောက် ဘာဖြစ်သွားတယ်ဆိုတာ စာအုပ်ထဲမှာတော့ သေသေချာချာ ပြောထားတာမျိုး မရှိပါဘူး။ ဒီအပိုင်းထဲမှာတော့ Oldtown ကို သွားမယ်လို့ ပြောသွားတဲ့အတွက် Otto တစ်ယောက် Oldtown မှာပဲ သောင်တင်နေတော့မယ်လို့ မျှော်လင့်ရပါတယ်။

Vancouver

Ref: screenrant

RELATED ARTICLES

Most Popular