HomeEntertainmentFilmTimeskip တွေ ထပ်မပါတော့ဘူးဆိုတဲ့ House of Dragon Season 2

Timeskip တွေ ထပ်မပါတော့ဘူးဆိုတဲ့ House of Dragon Season 2

House of the Dragon ဇာတ်လမ်းတွဲဟာ Timeskip တွေ ထပ်မံပါဝင်မှာ မဟုတ်တော့ဘဲ ပုံမှန်အတိုင်း ရှေ့ဆက်သွားတော့မယ်လို့ ဇာတ်လမ်းတွဲဖန်တီးသူ Ryan Condal က ပြောပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ Game of Thrones ဇာတ်လမ်းတွဲမတိုင်ခင် နှစ်ပေါင်း (၂၀၀)ခန့်မှာ ဇာတ်အိမ်တည်ထားပြီး Targaryen အိမ်တော်ရဲ့ ပြည်တွင်းစစ်အကြောင်းကို ဖန်တီးသွားမှာ ဖြစ်ပါတယ်။ စာရေးဆရာ George R.R. Martin ကတော့ ဒီဇာတ်လမ်းတွဲကို အပိုင်း(၄၀)ပါဝင်တဲ့ ဇာတ်လမ်းတွဲအဖြစ် ဖန်တီးဖို့ စီစဉ်ထားပြီး လောလောဆယ်မှာတော့ (၁၀)ပိုင်း ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

House of Dragon Season 1 ရဲ့ အစမှာတော့ အသက်အရွယ်ကြီးရင့်နေတဲ့ King Jaehaerys Targaryen ဟာ Viserys ကို ထီးနန်းဆက်ခံသူအဖြစ် ရွေးချယ်ပြီး ချက်ချင်းပဲ (၉)နှစ်တာအချိန်ကို Timeskip ပြုလုပ်သွားပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ (၅)နှစ်ထက်ပိုတဲ့ Timeskip တွေများစွာကို မြင်တွေ့ခဲ့ရပြီး အဓိကဇာတ်ကောင်တွေ ဖြစ်တဲ့ Alicent နဲ့ Rhaenyra တို့ဟာလည်း သရုပ်ဆောင်တွေ ပြောင်းလဲသွားပါတယ်။

photo via screenrant

ဇာတ်လမ်းတွဲဖန်တီးသူ ဖြစ်တဲ့ Ryan Condal ကတော့ ဒီဇာတ်လမ်းတွဲရဲ့ Timeskip တွေဟာ ပြီးဆုံးသွားပြီ ဖြစ်ပြီး ပုံမှန်အတိုင်းပဲ ရှေ့ဆက်သွားတော့မယ်လို့ Deadline သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။

“ကျွန်တော်တို့ရဲ့ time Jump တွေနဲ့ သရုပ်ဆောင် ပြောင်းလဲမှုတွေကို ကြည့်ရှုပေးခဲ့တဲ့ ပရိသတ်တွေအတွက် ဒါမျိုးတွေ ထပ်မရှိတော့ပါဘူးလို့ ပြောချင်ပါတယ်။ အခုကနေစပြီး ပုံမှန်အချိန်အတိုင်းပဲ ဖန်တီးသွားတော့မှာပါ။ သရုပ်ဆောင်တွေကလည်း အဆုံးထိ ဒီဇာတ်ကောင်ကိုပဲ သရုပ်ဆောင်သွားတော့မှာပါ။ ဘယ်သူ့ကိုမှထပ်ပြီး သရုပ်ဆောင်မပြောင်းတော့ပါဘူး။ အချိန်တွေအများကြီးကို ကျော်ပစ်လိုက်တာမျိူးလည်း ထပ်မရှိတော့ပါဘူး။ ကျွန်တော်တို့ အခု Dance of dragons ကာလထဲကို ရောက်နေပါပြီ …”

photo via screenrant

Rhaenyra နဲ့ Alicent တို့ရဲ့ ငယ်ဘဝကို သရုပ်ဆောင်ခဲ့တဲ့ Milly Alcock နဲ့ Emily Carey တို့ကတော့ Season 1 ရဲ့ တစ်ဝက်လောက်သာ ပါဝင်ခဲ့ရပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုတွေ ရရှိခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင် ပီပြင်မှုကြောင့် Timeskip ဖြစ်သွားပြီး သရုပ်ဆောင်ပြောင်းသွားချိန်မှာ ပရိသတ်အချို့ကတော့ မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Creative Team ဟာ Season 2 ရဲ့ နောက်ကြောင်းပြန်ပြတဲ့အချိန်မှာ Milly နဲ့ Emily တို့ကို ပြန်ခေါ်ချင်နေကြတယ်လို့ Milly Alcock ကိုယ်တိုင်က ပြောထားပါတယ်။ လောလောဆယ်မှာတော့ သူတို့နှစ်ယောက်ကို ပြန်မြင်ရဦးမလားဆိုတာ အတည်ပြုထားခြင်း မရှိသေးပါဘူး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular