HomeEntertainmentFilmHogwarts ကျောင်းတော်ကြီးက ကြောက်စရာ မှော်သတ္တဝါဆန်း(၇)မျိုး

Hogwarts ကျောင်းတော်ကြီးက ကြောက်စရာ မှော်သတ္တဝါဆန်း(၇)မျိုး

Harry Potter ဇာတ်လမ်းထဲမှာတော့ Hogwarts မှော်ကျောင်းတော်ကြီးဟာ မှော်ပညာ လေ့လာဆည်းပူးနေတဲ့ ကျောင်းသားတွေအတွက် အိမ်တစ်ခုသဖွယ် အရေးပါပါတယ်။ သို့သော်လည်း ဒီကျောင်းတော်ကြီးနဲ့ အနီးတဝိုက်ဝန်းကျင်မှာတော့ ဘယ်သူမှ မျက်နှာချင်းဆိုင် မဆုံတွေ့ချင်တဲ့ အန္တရာယ်များပြီး ကြောက်စရာကောင်းလှတဲ့ မှော်သတ္တဝါဆန်းတွေ ရှိနေပါတယ်။

(1) Merpeople

Photo Credit: Warner Bros. Studios

ပုံပြင်ဇာတ်လမ်းအများစုမှာတော့ merfolk လို့ခေါ်တဲ့ merpeople တွေဟာ လှပပြီး ရင်းနှီးဖို့ကောင်းတဲ့ သတ္တဝါတွေအဖြစ် ပုံဖော်ထားပါတယ်။ သို့သော်လည်း Harry Potter ထဲက merfolk တွေကတော့ လှလည်းမလှသလို ဖော်လည်းမဖော်ရွေကြပါဘူး။ Triwizard ပြိုင်ပွဲမှာ တွေ့ရတဲ့ပုံစံအရ သူတို့ဟာ အန္တရာယ်များပြီး ထိတ်လန့်ဖို့ကောင်းတဲ့ ရေနေသတ္တဝါတွေ ဖြစ်ပါတယ်။

(2) Thestrals

Photo Credit: Warner Bros. Studios

Thestrals တွေကတော့ ရန်မူတတ်တဲ့ သတ္တဝါတွေ မဟုတ်သလို အန္တရာယ်လည်း သိပ်တော့မများပါဘူး။ သို့သော်လည်း သူ့ရဲ့သွင်ပြင်ကတော့ ခြောက်ခြားစရာ ကောင်းလှပါတယ်။ ဒါ့အပြင် သူတို့ကိုတော့ သေခြင်းတရားနဲ့ တွေ့ကြုံဖူးတဲ့သူတွေမှသာလျှင် မြင်တွေ့နိုင်တာကြောင့် ပိုပြီးစိတ်ခြောက်ခြားစေမှာ အမှန်ပါပဲ။

(3) Basilisk

Photo Credit: Warner Bros. Studios

Basilisk ကတော့ Hogwarts ရဲတိုက်ကြီးရဲ့အောက်က Chamber of Secrets ထဲမှာ နေထိုင်တဲ့ ကြောက်စရာသတ္တဝါကြီး ဖြစ်ပါတယ်။ သူကတော့ ပေ(၅၀)ခန့်အရှည် ရှိပြီး မြွေနဂါးတွေရဲ့ဘုရင်လို့လည်း ခေါ်ဝေါ်ကြပါသေးတယ်။ basilisk ကတော့ သူနဲ့မျက်လုံးချင်းဆုံအောင် ကြည့်မိရုံနဲ့တင် အသက်ဆုံးရှုံးရစေနိုင်တဲ့သတ္တဝါ ဖြစ်ပါတယ်။

(4) Whomping Willow

Photo Credit: Warner Bros. Studios

Hogwarts ကျောင်းဝန်းထဲက နောက်ထပ်ကြောက်စရာတစ်ခုကတော့ အသက်ရှိနေတဲ့အပင်ကြီး Whomping Willow ပဲ ဖြစ်ပါတယ်။ လူတစ်ယောက်ကို စိစိညက်ညက်ကျေအောင် လုပ်နိုင်စွမ်းရှိတဲ့ အပင်တစ်ပင်ဖြစ်ပြီး Harry Potter ကိုယ်တိုင်တောင် ကံကောင်းလို့ ဒီအပင်ကြီးဆီကနေ လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

(5) Boggart

Photo Credit: Warner Bros. Studios

Boggart ရဲ့ ပုံသဏ္ဍာန်အစစ်အမှန်ကို ဘယ်သူမှ မသိကြပေမယ့်လည်း ဒီသတ္တဝါတွေဟာလည်း ထိတ်လန့်စရာကောင်းလှပါတယ်။ သူကတော့ လူတစ်ယောက်ရဲ့ အကြောက်ဆုံးအရာကို အသွင်ပြောင်းနိုင်တာကြောင့် မြင်တွေ့ရင်ဆိုင်ရမယ့်သူအတွက် အသက်ရှူရပ်သွားလောက်အောင် ခြိမ်းခြောက်နိုင်စွမ်း ရှိပါတယ်။ Boggart တွေဟာ ကြောက်ဖို့ကောင်းပေမယ့် မှော်ပညာသင်ယူနေတဲ့ ကျောင်းသားတွေကတော့ ဒီသတ္တဝါတွေနဲ့ ရင်ဆိုင်တွေ့တဲ့အခါ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ သင်ကြားကြရပါတယ်။

(6) Mountain Trolls

Photo Credit: Warner Bros. Studios

Hogwarts ကျောင်းထဲအထိ ဝင်လာပြီး ကလေးတွေကို အန္တရာယ်ပြုဖို့ ကြိုးစားခဲ့တဲ့ troll ကြီးကတော့ ခွန်အားဗလတစ်ခုတည်းနဲ့တင် တော်ရုံလူကို ပြင်းပြင်းထန်ထန် ထိခိုက်စေမှာ ဖြစ်ပါတယ်။ အသိဉာဏ်ကင်းမဲ့ပြီး ကြီးမားတဲ့ ခန္ဓာကိုယ်အရွယ်အစား ရှိရုံသာမက လက်နက်ပါ ပါလာတဲ့အတွက် Hogwarts က အတန်းငယ်ကလေးတွေအတွက်တော့ ကြောက်စရာပဲ ဖြစ်ပါတယ်။ သို့သော်လည်း Harry ၊ Ron နဲ့ Hermione တို့ဟာ သူတို့ရဲ့ပထမနှစ်မှာတင် ဒီ troll ကြီးရဲ့ တိုက်ခိုက်မှုက လွတ်မြောက်နိုင်ခဲ့တာဟာ ချီးကျူးစရာပဲ ဖြစ်ပါတယ်။

Vancouver
RELATED ARTICLES

Most Popular