HomeEntertainmentFilmသရုပ်ဆောင်တင်မက အဆိုပညာမှာလည်း ပိုင်နိုင်ကြတဲ့ ဟောလိဝုဒ်စတားများ 

သရုပ်ဆောင်တင်မက အဆိုပညာမှာလည်း ပိုင်နိုင်ကြတဲ့ ဟောလိဝုဒ်စတားများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဟောလိဝုဒ်လိုနေရာမျိုးဟာ talent မျိုးစုံရှိမှသာ ကြာရှည်အောင်ပွဲခံနိုင်တဲ့ နေရာမျိုး ဖြစ်ပါတယ်။ ဟောလိဝုဒ်သရုပ်ဆောင်တွေဆိုရင်လည်း talent ပေါင်းစုံကို ပိုင်ဆိုင်ထားကြပြီး သရုပ်ဆောင်တင်မက အဆိုပညာပိုင်းမှာပါ တကယ့်အဆိုတော်တွေလို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့ ဟောလိဝုဒ်သရုပ်ဆောင်များစွာ ရှိကြပါတယ်။ သရုပ်ဆောင်တာတင်မက အဆိုပါပိုင်တဲ့ ဟောလိဝုဒ်စတားအချို့ကတော့ …

Amanda Seyfried
Photo: mingey/ Instagram

မြန်မာပရိသတ်တွေကြားမှာ Dear John ဇာတ်ကားနဲ့ လူသိများကြတဲ့ မင်းသမီးလေး Amanda Seyfried ဟာ ချိုသာကြည်လင်တဲ့ အသံလေးကို ပိုင်ဆိုင်ထားပြီး အဆိုတော်တစ်ယောက်လိုပဲ ပီပြင်စွာ သီဆိုနိုင်သူ ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ဘက်ကို ခြေမချခင် ဆယ်ကျော်သက်အရွယ်တုန်းက အဆိုတော်တစ်ယောက်အဖြစ် လေ့ကျင့်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ဂီတကို ဝါသနာထုံတာကြောင့် အော်ပရာအဆိုတော်တစ်ယောက် ဖြစ်လုနီးနီးမှာပဲ သရုပ်ဆောင်အလုပ်ကို ပိုပြီးဆန္ဒပြင်းပြလာတာကြောင့် ဂီတကို ကျောခိုင်းခဲ့သူ ဖြစ်ပါတယ်။

သူမဟာ တစ်ခါတုန်းကတော့ အော်ပရာအဆိုတော်ဘဝကို ကျောခိုင်းခဲ့ဖူးတာကို နောင်တရမိကြောင်း အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ဖူးပါသေးတယ်။ Les Miserables နဲ့ Mamma Mia! တို့လို musical ဇာတ်ကားတွေကို ကြည့်ရှုဖူးသူတွေဆိုရင် Amanda ရဲ့ အံ့ဩဖို့ကောင်းတဲ့ အသံကို သိပြီးသား ဖြစ်ကြမှာပါ။ ဒါ့အပြင် သူမရဲ့နာမည်ကျော် ဇာတ်ကားဖြစ်တဲ့ Dear John ထဲက Little House ဆိုတဲ့ ဇာတ်ဝင်သီချင်းကိုလည်း သူမကိုယ်တိုင် သီဆိုထားတာ ဖြစ်ပါတယ်။

Bradley Cooper
Photo: bradleycooper__original/ Instagram

မင်းသား Bradley Cooper ဟာ သရုပ်ဆောင်ပိုင်းမှာ ပီပြင်သလိုပဲ ဂီတကိုလည်း ကောင်းကောင်းသက်ဝင်ပြီး သီဆို၊ တီးခတ်နိုင်သူ ဖြစ်ပါတယ်။ A Star Is Born ဇာတ်ကားကို ကြည့်ရှုပြီးသူတွေဆိုရင် သူ့ရဲ့အသံတွေ၊ ဖျော်ဖြေတဲ့ပုံစံတွေကို အသည်းခိုက်လောက်ပြီး ဖြစ်မှာပါ။

Cooper ဟာ A Star Is Born ရုပ်ရှင်မှာ country အဆိုတော်တစ်ယောက်အဖြစ် သရုပ်ဆောင်ဖို့ တစ်နှစ်ခွဲလောက် ကြိုတင်ပြီး vocal lesson တွေနဲ့ လေ့ကျင့်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဂစ်တာနဲ့ ပီယာနိုကိုလည်း ခြောက်လလောက် လေ့ကျင့်ခဲ့ပါသေးတယ်။ အဲ့ဒီ့ရုပ်ရှင်ထဲက ဇာတ်ဝင်တေးသီချင်းအားလုံးကို သူကိုယ်တိုင် အမှန်တကယ် သီဆိုထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကျော် The Hangover ဟာသဇာတ်ကားတွေထဲက ဇာတ်ဝင်သီချင်းတွေကိုလည်း သီဆိုထားပါသေးတယ်။

Hugh Jackman
Photo: thehughjackman/ Instagram

နိုင်ငံတကာရုပ်ရှင်ပရိသတ်တွေဆိုရင်တော့ မင်းသား Hugh Jackman ဟာ ဂီတဘက်မှာလည်း အံ့မခန်း ထူးချွန်ကြောင်း သိထားကြပြီးသား ဖြစ်မှာပါ။ သို့ပေမယ့် Hugh Jackman ကို X-Men ဇာတ်ကားတွေထဲက Wolverine အဖြစ်နဲ့ပဲ ကြည့်ဖူးသူတွေကတော့ မင်းသားကြီးရဲ့ ဂီတနဲ့ အဆိုပိုင်းစကေးလ်တွေကို မသိလောက်သေးဘူး ထင်ပါတယ်။

Hugh Jackman ဟာ စွယ်စုံရမင်းသားတစ်လက်ဖြစ်ကြောင်းကို ရုပ်ရှင်အမျိုးအစားအစုံမှာ ဇာတ်ရုပ်များစွာ သရုပ်ဆောင်ပြထားသလို သူ့ရဲ့ဂီတစွမ်းရည်တွေကိုလည်း Les Miserables နဲ့ The Greatest Showman လို ဇာတ်ကားတွေမှာ အပီအပြင် ပြသထားသူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဂီတနဲ့ပတ်သက်ပြီး Tony Awards ဆုနှစ်ဆုနဲ့ ဂရမ်မီစံကာတင်ဝင်ထားတာ ဖြစ်ပါတယ်။

Kate Winslet
Photo: kate.winslet.official/ Instagram

နာမည်ကျော် မင်းသမီးတစ်လက်ဖြစ်တဲ့ Kate Winslet ကို အများစုကတော့ သရုပ်ဆောင်ကောင်းတာပဲ သိထားကြမှာပါ။ ဒါပေမယ့် သူမဟာ အဆိုပိုင်းမှာလည်း ထူးချွန်သူဖြစ်ပြီး ၂၀၀၁ခုနှစ်က ထွက်ရှိခဲ့တဲ့ Christmas Carol: The Movie ထဲမှာ What If ဆိုတဲ့ဇာတ်ဝင်သီချင်းကို သီဆိုပေးခဲ့ဖူးပါတယ်။ ဒါတင်မက ဒီသီချင်းကို music video အနေနဲ့ပါ ထွက်ရှိခဲ့ပြီး ဩစထရီးယား၊ ဘယ်လ်ဂျီယမ်နဲ့ အိုင်ယာလန်နိုင်ငံတွေမှာ နံပါတ်(၁)ချိတ်ခဲ့တဲ့ အထိပါပဲ။

Emma Stone
Photo: emmastone/ Instagram

မင်းသမီးချော Emma Stone ဟာ သူမရဲ့ဂီတစွမ်းရည်ကို ၂၀၁၀ခုနှစ်က ထွက်ရှိခဲ့တဲ့ Easy A ဇာတ်ကားမှာတည်းက ပြသခဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီ့နောက်ပိုင်း ၂၀၁၄ခုနှစ်မှာ Cabaret ဆိုတဲ့ ဘရော့တ်ဝေး ဂီတပြဇာတ်ထဲမှာ စတင်ပွဲထွက်ပြီး သူမရဲ့အဆိုစွမ်းရည်ကို ပရိသတ်ဆီ တင်ဆက်ခဲ့ပါတယ်။ ၂၀၁၆ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ musical ရုပ်ရှင် La La Land ထဲမှာတော့ ဇာတ်ဝင်သီချင်းအားလုံးကို ကိုယ်တိုင်သီဆိုခဲ့ပြီး အဲ့ဒီ့ဇာတ်ရုပ်အတွက်လည်း အော်စကာဆု ဆွတ်ခူးခဲ့ပါတယ်။

Scarlett Johansson
Photo: scarlettjohanson_official/ Instagram

Scarlett Johansson လို့ပြောလိုက်ရင် အများစုကတော့ မင်းသမီးချောတစ်လက်အဖြစ်နဲ့သာ ပြေးမြင်ကြမှာပါ။ သို့ပေမယ့် Scarlett ဟာ ၂၀၀၆ခုနှစ်ကနေ ၂၀၀၉ခုနှစ်အတွင်းမှာ ဂီတအလုပ်ကို ဇောက်ချလုပ်ကိုင်ခဲ့ပြီး အယ်လ်ဘမ်နှစ်ချပ် ထွက်ခဲ့ဖူးပါတယ်။ သူမရဲ့ ပွဲဦးထွက်အယ်လ်ဘမ်ကတော့ Anywhere I Lay My Head လို့အမည်ရပြီး အယ်လ်ဘမ်ထဲမှာ အဆိုတော်ကြီး Tom Waits ရဲ့ သီချင်းဆယ်ပုဒ်ကို cover song အဖြစ် ပြန်လည်သီဆိုထားတာနဲ့ original သီချင်းတစ်ပုဒ် ပါဝင်ပါတယ်။ သူမရဲ့ဒုတိယအယ်လ်ဘမ်ကတော့ တေးရေး၊တေးဆိုတစ်ယောက်ဖြစ်တဲ့ Pete Yorn နဲ့ ထွက်ထားတဲ့ အတွဲခွေ ဖြစ်ပါတယ်။

သူမရဲ့အယ်လ်ဘမ်တွေဟာ အတော်အသင့် ရောင်းရခဲ့ပေမယ့် အဲ့ဒီ့နောက်ပိုင်း ဂီတဘက်မှာ အနားယူပြီး သရုပ်ဆောင်အလုပ်တွေ လုပ်နေခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၁၈ခုနှစ်မှာတော့ Pete Yorn နဲ့ တွဲပြီးတော့ နောက်ထပ် EP တစ်ခွေ ထပ်မံထွက်ရှိထားပါတယ်။ ဂီတဘက်မှာလည်း ဝါသနာထုံတဲ့ သူမဟာ Coachella ပွဲမှာတောင် တစ်ခါတုန်းက ပါဝင်ဖျော်ဖြေခဲ့ဖူးပါသေးတယ်။

Anne Hathaway
Photo: annehathaway/ Instagram

သရုပ်ဆောင်တင်မက အဆိုပိုင်းမှာပါ ပိုင်နိုင်တဲ့ နောက်ထပ်မင်းသမီးတစ်လက်ကတော့ Anne Hathaway ဖြစ်ပါတယ်။ သူမဟာ ၂၀၀၄ခုနှစ်က ထွက်ရှိခဲ့တဲ့ Ella Enchanted ဆိုတဲ့ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားသလို ဇာတ်ဝင်တေးကိုလည်း ကိုယ်တိုင်သီဆိုထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၂ခုနှစ်က ထွက်ရှိခဲ့တဲ့ Les Miserables ရုပ်ရှင်ဇာတ်ကားထဲမှာ I Dreamed A Dream ဆိုတဲ့ ဇာတ်ဝင်သီချင်းကို ပါဝင်သီဆိုခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့ကာ အဲ့ဒီ့ဇာတ်ရုပ်နဲ့ အော်စကာဆုလည်း ရရှိခဲ့ပါသေးတယ်။

Anne ဟာ အော်ပရာတေးသီချင်းကြီးတွေကိုလည်း ပရိုကျကျ သီဆိုနိုင်ကြောင်းကိုတော့ Kennedy Center Honors ရဲ့ (၃၄)ကြိမ်မြောက် နှစ်ပတ်လည်ပွဲကြီးမှာ သူမ သီဆိုခဲ့တဲ့ She’s Me Pal သီချင်းနဲ့ ဖျော်ဖြေမှုက သက်သေပါပဲ။ အဆိုပါပွဲမှာ သမ္မတ Obama နဲ့ဇနီး Michelle တို့လို နိုင်ငံ့အကြီးအကဲတွေပါ တက်ရောက်ခဲ့ကြတာဖြစ်ပြီး မင်းသမီးကြီး Meryl Streep အတွက် ရည်ရွယ်ပြီး သီဆိုဖျော်ဖြေခဲ့တာက ကြက်သီးထစရာ ဖြစ်ပါတယ်။

ဒါကတော့ အဆိုပိုင်းမှာလည်း ပီပြင်ပိုင်နိုင်စွာ သီဆိုနိုင်တဲ့ ဟောလိဝုဒ်က စတားများစွာထဲက အချို့သောသူတွေကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားသော သီချင်းအဆိုကောင်းတဲ့ သရုပ်ဆောင်တွေ ရှိသေးရင်လည်း comment မှာ ပြောပြခဲ့ပါဦး။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ေဟာလိဝုဒ္လိုေနရာမ်ိဳးဟာ talent မ်ိဳးစုံရွိမွသာ ၾကာရွည္ေအာင္ပြဲခံႏိုင္တဲ့ ေနရာမ်ိဳး ျဖစ္ပါတယ္။ ေဟာလိဝုဒ္သ႐ုပ္ေဆာင္ေတြဆိုရင္လည္း talent ေပါင္းစုံကို ပိုင္ဆိုင္ထားၾကၿပီး သ႐ုပ္ေဆာင္တင္မက အဆိုပညာပိုင္းမွာပါ တကယ့္အဆိုေတာ္ေတြလို ပိုင္ပိုင္ႏိုင္ႏိုင္ သီဆိုႏိုင္တဲ့ ေဟာလိဝုဒ္သ႐ုပ္ေဆာင္မ်ားစြာ ရွိၾကပါတယ္။ သ႐ုပ္ေဆာင္တာတင္မက အဆိုပါပိုင္တဲ့ ေဟာလိဝုဒ္စတားအခ်ိဳ႕ကေတာ့ …

Amanda Seyfried
Photo: mingey/ Instagram

ျမန္မာပရိသတ္ေတြၾကားမွာ Dear John ဇာတ္ကားနဲ႔ လူသိမ်ားၾကတဲ့ မင္းသမီးေလး Amanda Seyfried ဟာ ခ်ိဳသာၾကည္လင္တဲ့ အသံေလးကို ပိုင္ဆိုင္ထားၿပီး အဆိုေတာ္တစ္ေယာက္လိုပဲ ပီျပင္စြာ သီဆိုႏိုင္သူ ျဖစ္ပါတယ္။ သူမဟာ သ႐ုပ္ေဆာင္ဘက္ကို ေျခမခ်ခင္ ဆယ္ေက်ာ္သက္အ႐ြယ္တုန္းက အဆိုေတာ္တစ္ေယာက္အျဖစ္ ေလ့က်င့္ခဲ့ဖူးသူ ျဖစ္ပါတယ္။ ဂီတကို ဝါသနာထုံတာေၾကာင့္ ေအာ္ပရာအဆိုေတာ္တစ္ေယာက္ ျဖစ္လုနီးနီးမွာပဲ သ႐ုပ္ေဆာင္အလုပ္ကို ပိုၿပီးဆႏၵျပင္းျပလာတာေၾကာင့္ ဂီတကို ေက်ာခိုင္းခဲ့သူ ျဖစ္ပါတယ္။

သူမဟာ တစ္ခါတုန္းကေတာ့ ေအာ္ပရာအဆိုေတာ္ဘဝကို ေက်ာခိုင္းခဲ့ဖူးတာကို ေနာင္တရမိေၾကာင္း အင္တာဗ်ဴးတစ္ခုမွာ ေျပာျပခဲ့ဖူးပါေသးတယ္။ Les Miserables နဲ႔ Mamma Mia! တို႔လို musical ဇာတ္ကားေတြကို ၾကည့္ရႈဖူးသူေတြဆိုရင္ Amanda ရဲ႕ အံ့ဩဖို႔ေကာင္းတဲ့ အသံကို သိၿပီးသား ျဖစ္ၾကမွာပါ။ ဒါ့အျပင္ သူမရဲ႕နာမည္ေက်ာ္ ဇာတ္ကားျဖစ္တဲ့ Dear John ထဲက Little House ဆိုတဲ့ ဇာတ္ဝင္သီခ်င္းကိုလည္း သူမကိုယ္တိုင္ သီဆိုထားတာ ျဖစ္ပါတယ္။

Bradley Cooper
Photo: bradleycooper__original/ Instagram

မင္းသား Bradley Cooper ဟာ သ႐ုပ္ေဆာင္ပိုင္းမွာ ပီျပင္သလိုပဲ ဂီတကိုလည္း ေကာင္းေကာင္းသက္ဝင္ၿပီး သီဆို၊ တီးခတ္ႏိုင္သူ ျဖစ္ပါတယ္။ A Star Is Born ဇာတ္ကားကို ၾကည့္ရႈၿပီးသူေတြဆိုရင္ သူ႔ရဲ႕အသံေတြ၊ ေဖ်ာ္ေျဖတဲ့ပုံစံေတြကို အသည္းခိုက္ေလာက္ၿပီး ျဖစ္မွာပါ။

Cooper ဟာ A Star Is Born ႐ုပ္ရွင္မွာ country အဆိုေတာ္တစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ဖို႔ တစ္ႏွစ္ခြဲေလာက္ ႀကိဳတင္ၿပီး vocal lesson ေတြနဲ႔ ေလ့က်င့္ခဲ့သူ ျဖစ္ပါတယ္။ ဒါ့အျပင္ ဂစ္တာနဲ႔ ပီယာႏိုကိုလည္း ေျခာက္လေလာက္ ေလ့က်င့္ခဲ့ပါေသးတယ္။ အဲ့ဒီ့႐ုပ္ရွင္ထဲက ဇာတ္ဝင္ေတးသီခ်င္းအားလုံးကို သူကိုယ္တိုင္ အမွန္တကယ္ သီဆိုထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ နာမည္ေက်ာ္ The Hangover ဟာသဇာတ္ကားေတြထဲက ဇာတ္ဝင္သီခ်င္းေတြကိုလည္း သီဆိုထားပါေသးတယ္။

Hugh Jackman
Photo: thehughjackman/ Instagram

ႏိုင္ငံတကာ႐ုပ္ရွင္ပရိသတ္ေတြဆိုရင္ေတာ့ မင္းသား Hugh Jackman ဟာ ဂီတဘက္မွာလည္း အံ့မခန္း ထူးခြၽန္ေၾကာင္း သိထားၾကၿပီးသား ျဖစ္မွာပါ။ သို႔ေပမယ့္ Hugh Jackman ကို X-Men ဇာတ္ကားေတြထဲက Wolverine အျဖစ္နဲ႔ပဲ ၾကည့္ဖူးသူေတြကေတာ့ မင္းသားႀကီးရဲ႕ ဂီတနဲ႔ အဆိုပိုင္းစေကးလ္ေတြကို မသိေလာက္ေသးဘူး ထင္ပါတယ္။

Hugh Jackman ဟာ စြယ္စုံရမင္းသားတစ္လက္ျဖစ္ေၾကာင္းကို ႐ုပ္ရွင္အမ်ိဳးအစားအစုံမွာ ဇာတ္႐ုပ္မ်ားစြာ သ႐ုပ္ေဆာင္ျပထားသလို သူ႔ရဲ႕ဂီတစြမ္းရည္ေတြကိုလည္း Les Miserables နဲ႔ The Greatest Showman လို ဇာတ္ကားေတြမွာ အပီအျပင္ ျပသထားသူ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဂီတနဲ႔ပတ္သက္ၿပီး Tony Awards ဆုႏွစ္ဆုနဲ႔ ဂရမ္မီစံကာတင္ဝင္ထားတာ ျဖစ္ပါတယ္။

Kate Winslet
Photo: kate.winslet.official/ Instagram

နာမည္ေက်ာ္ မင္းသမီးတစ္လက္ျဖစ္တဲ့ Kate Winslet ကို အမ်ားစုကေတာ့ သ႐ုပ္ေဆာင္ေကာင္းတာပဲ သိထားၾကမွာပါ။ ဒါေပမယ့္ သူမဟာ အဆိုပိုင္းမွာလည္း ထူးခြၽန္သူျဖစ္ၿပီး ၂၀၀၁ခုႏွစ္က ထြက္ရွိခဲ့တဲ့ Christmas Carol: The Movie ထဲမွာ What If ဆိုတဲ့ဇာတ္ဝင္သီခ်င္းကို သီဆိုေပးခဲ့ဖူးပါတယ္။ ဒါတင္မက ဒီသီခ်င္းကို music video အေနနဲ႔ပါ ထြက္ရွိခဲ့ၿပီး ဩစထရီးယား၊ ဘယ္လ္ဂ်ီယမ္နဲ႔ အိုင္ယာလန္ႏိုင္ငံေတြမွာ နံပါတ္(၁)ခ်ိတ္ခဲ့တဲ့ အထိပါပဲ။

Emma Stone
Photo: emmastone/ Instagram

မင္းသမီးေခ်ာ Emma Stone ဟာ သူမရဲ႕ဂီတစြမ္းရည္ကို ၂၀၁၀ခုႏွစ္က ထြက္ရွိခဲ့တဲ့ Easy A ဇာတ္ကားမွာတည္းက ျပသခဲ့သူ ျဖစ္ပါတယ္။ အဲ့ဒီ့ေနာက္ပိုင္း ၂၀၁၄ခုႏွစ္မွာ Cabaret ဆိုတဲ့ ဘေရာ့တ္ေဝး ဂီတျပဇာတ္ထဲမွာ စတင္ပြဲထြက္ၿပီး သူမရဲ႕အဆိုစြမ္းရည္ကို ပရိသတ္ဆီ တင္ဆက္ခဲ့ပါတယ္။ ၂၀၁၆ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ musical ႐ုပ္ရွင္ La La Land ထဲမွာေတာ့ ဇာတ္ဝင္သီခ်င္းအားလုံးကို ကိုယ္တိုင္သီဆိုခဲ့ၿပီး အဲ့ဒီ့ဇာတ္႐ုပ္အတြက္လည္း ေအာ္စကာဆု ဆြတ္ခူးခဲ့ပါတယ္။

Scarlett Johansson
Photo: scarlettjohanson_official/ Instagram

Scarlett Johansson လို႔ေျပာလိုက္ရင္ အမ်ားစုကေတာ့ မင္းသမီးေခ်ာတစ္လက္အျဖစ္နဲ႔သာ ေျပးျမင္ၾကမွာပါ။ သို႔ေပမယ့္ Scarlett ဟာ ၂၀၀၆ခုႏွစ္ကေန ၂၀၀၉ခုႏွစ္အတြင္းမွာ ဂီတအလုပ္ကို ေဇာက္ခ်လုပ္ကိုင္ခဲ့ၿပီး အယ္လ္ဘမ္ႏွစ္ခ်ပ္ ထြက္ခဲ့ဖူးပါတယ္။ သူမရဲ႕ ပြဲဦးထြက္အယ္လ္ဘမ္ကေတာ့ Anywhere I Lay My Head လို႔အမည္ရၿပီး အယ္လ္ဘမ္ထဲမွာ အဆိုေတာ္ႀကီး Tom Waits ရဲ႕ သီခ်င္းဆယ္ပုဒ္ကို cover song အျဖစ္ ျပန္လည္သီဆိုထားတာနဲ႔ original သီခ်င္းတစ္ပုဒ္ ပါဝင္ပါတယ္။ သူမရဲ႕ဒုတိယအယ္လ္ဘမ္ကေတာ့ ေတးေရး၊ေတးဆိုတစ္ေယာက္ျဖစ္တဲ့ Pete Yorn နဲ႔ ထြက္ထားတဲ့ အတြဲေခြ ျဖစ္ပါတယ္။

သူမရဲ႕အယ္လ္ဘမ္ေတြဟာ အေတာ္အသင့္ ေရာင္းရခဲ့ေပမယ့္ အဲ့ဒီ့ေနာက္ပိုင္း ဂီတဘက္မွာ အနားယူၿပီး သ႐ုပ္ေဆာင္အလုပ္ေတြ လုပ္ေနခဲ့ပါတယ္။ ဒီလိုနဲ႔ ၂၀၁၈ခုႏွစ္မွာေတာ့ Pete Yorn နဲ႔ တြဲၿပီးေတာ့ ေနာက္ထပ္ EP တစ္ေခြ ထပ္မံထြက္ရွိထားပါတယ္။ ဂီတဘက္မွာလည္း ဝါသနာထုံတဲ့ သူမဟာ Coachella ပြဲမွာေတာင္ တစ္ခါတုန္းက ပါဝင္ေဖ်ာ္ေျဖခဲ့ဖူးပါေသးတယ္။

Anne Hathaway
Photo: annehathaway/ Instagram

သ႐ုပ္ေဆာင္တင္မက အဆိုပိုင္းမွာပါ ပိုင္ႏိုင္တဲ့ ေနာက္ထပ္မင္းသမီးတစ္လက္ကေတာ့ Anne Hathaway ျဖစ္ပါတယ္။ သူမဟာ ၂၀၀၄ခုႏွစ္က ထြက္ရွိခဲ့တဲ့ Ella Enchanted ဆိုတဲ့ဇာတ္ကားထဲမွာ ပါဝင္သ႐ုပ္ေဆာင္ထားသလို ဇာတ္ဝင္ေတးကိုလည္း ကိုယ္တိုင္သီဆိုထားသူ ျဖစ္ပါတယ္။ ဒါ့အျပင္ ၂၀၁၂ခုႏွစ္က ထြက္ရွိခဲ့တဲ့ Les Miserables ႐ုပ္ရွင္ဇာတ္ကားထဲမွာ I Dreamed A Dream ဆိုတဲ့ ဇာတ္ဝင္သီခ်င္းကို ပါဝင္သီဆိုခဲ့ၿပီး ပရိသတ္အားေပးမႈ ရရွိခဲ့ကာ အဲ့ဒီ့ဇာတ္႐ုပ္နဲ႔ ေအာ္စကာဆုလည္း ရရွိခဲ့ပါေသးတယ္။

Anne ဟာ ေအာ္ပရာေတးသီခ်င္းႀကီးေတြကိုလည္း ပ႐ိုက်က် သီဆိုႏိုင္ေၾကာင္းကိုေတာ့ Kennedy Center Honors ရဲ႕ (၃၄)ႀကိမ္ေျမာက္ ႏွစ္ပတ္လည္ပြဲႀကီးမွာ သူမ သီဆိုခဲ့တဲ့ She’s Me Pal သီခ်င္းနဲ႔ ေဖ်ာ္ေျဖမႈက သက္ေသပါပဲ။ အဆိုပါပြဲမွာ သမၼတ Obama နဲ႔ဇနီး Michelle တို႔လို ႏိုင္ငံ့အႀကီးအကဲေတြပါ တက္ေရာက္ခဲ့ၾကတာျဖစ္ၿပီး မင္းသမီးႀကီး Meryl Streep အတြက္ ရည္႐ြယ္ၿပီး သီဆိုေဖ်ာ္ေျဖခဲ့တာက ၾကက္သီးထစရာ ျဖစ္ပါတယ္။

ဒါကေတာ့ အဆိုပိုင္းမွာလည္း ပီျပင္ပိုင္ႏိုင္စြာ သီဆိုႏိုင္တဲ့ ေဟာလိဝုဒ္က စတားမ်ားစြာထဲက အခ်ိဳ႕ေသာသူေတြကို ေဖာ္ျပေပးထားတာ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ အျခားေသာ သီခ်င္းအဆိုေကာင္းတဲ့ သ႐ုပ္ေဆာင္ေတြ ရွိေသးရင္လည္း comment မွာ ေျပာျပခဲ့ပါဦး။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular