HomeCelebs Update NewsInternationalလူချင်းမှားအောင် ရုပ်ဆင်တူကြတဲ့ ဟောလိဝုဒ်ဆယ်လီများ 

လူချင်းမှားအောင် ရုပ်ဆင်တူကြတဲ့ ဟောလိဝုဒ်ဆယ်လီများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

လူတူမရှား၊ နာမည်တူမရှားဆိုသလိုပဲ ဟောလိဝုဒ်မှာလည်း ရုပ်ချင်းဆင်တူကြတဲ့ နာမည်ကျော်တွေ များစွာရှိပါတယ်။ သူတို့ရဲ့ ပရိသတ်တွေအတွက်ကတော့ ဘယ်သူက၊ ဘယ်သူမှန်း ကွဲပြားကြမှာ ဖြစ်ပေမယ့် တချို့သိပ်မရင်းနှီးတဲ့ ပရိသတ်တွေအတွက်ဆိုရင်တော့ ခဏခဏ လူမှားနေတတ်ကြပါတယ်။ ရုပ်ချင်းဆင်တူကြတဲ့ ဟောလိဝုဒ်ဆယ်လီအချို့ကတော့ အောက်ပါအတိုင်းပါပဲ။

Zooey Deschanel နဲ့ Katy Perry
Photo via brightside

ပရိသတ်တွေ မကြာခဏ မှားကြတာကတော့ သရုပ်ဆောင် Zooey Deschanel နဲ့ အဆိုတော် Katy Perry တို့ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အတော်လေး ဆင်တူကြပြီး အတူဆုံး အစိတ်အပိုင်းကတော့ မျက်လုံးတွေလို့ပဲ ပြောရမှာပါ။ သို့သော်လည်း အင်တာနေရှင်နယ်က ရုပ်ရှင်တွေနဲ့ ဂီတတွေကို ရင်းနှီးပြီးသား လူတွေဆိုရင်တော့ သူတို့နှစ်ယောက်ကို အလွယ်လေး ခွဲခြားနိုင်ကြမှာပါ။

Zooey ကတော့ မြန်မာပရိသတ်တွေကြားမှာ 500 Days of Summer ရုပ်ရှင်နဲ့ လူသိများပြီး Katy ကတော့ The One That Got Away တို့လို ဟစ်သီချင်းတွေနဲ့ လူသိပြီးသား အဆိုတော်တစ်ယောက် ဖြစ်ပါတယ်။ အခုဆိုရင် Zooey ဟာ အသက်(၄၁)နှစ် ရှိနေပြီ ဖြစ်ပြီး Katy ကတော့ အသက်(၃၆)နှစ် ရှိပါပြီ။

Cindy Crawford နဲ့ Eva Mendes
Photo via brightside

Cindy Crawford ကတော့ ကမ္ဘာ့ထိပ်တန်း စူပါမော်ဒယ်လ်တစ်ယောက် ဖြစ်ပြီး ဖက်ရှင် runway တွေ၊ ဖက်ရှင်မဂ္ဂဇင်းတွေနဲ့ ကြော်ငြာတွေမှာ နေရာယူခဲ့သူ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ သူမဟာ ဖက်ရှင်နဲ့ ပတ်သက်တဲ့ စီးပွားရေးတွေကို ချဲ့ထွင်လုပ်ကိုင်နေပါပြီ။ သူမနဲ့ မျက်နှာမှာ မှဲ့ပါတာချင်း တူပြီး ရုပ်ဆင်တူနေတာကတော့ သရုပ်ဆောင် Eva Mendes ပဲ ဖြစ်ပါတယ်။

Eva Mendes ကတော့ နာမည်ကြီး သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး မြန်မာပရိသတ်တွေကြားမှာ Fast & Furious ဇာတ်ကားတွေနဲ့ လူသိများသူ ဖြစ်ပါတယ်။ သူမကတော့ နာမည်ကြီးသရုပ်ဆောင် Ryan Gosling နဲ့ လက်ထပ်ထားသူလည်း ဖြစ်ပါတယ်။ Eva ကတော့ အသက်(၄၇)နှစ်ရှိပြီ ဖြစ်ပြီး Cindy Crawford ကတော့ အသက်(၅၅)နှစ် ရှိပါပြီ။

Zoe Saldana နဲ့ Thandie Newton
Photo via brightside

ဒီအမျိုးသမီးနှစ်ဦးလုံးကတော့ သရုပ်ဆောင်တွေ ဖြစ်ပါတယ်။ Zoe Saldana ကတော့ MCU ပရိသတ်တွေ ရင်းနှီးပြီးသား ဖြစ်တဲ့ Guardians of the Galaxy ထဲက Gamora ဇာတ်ရုပ်မှာ သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။ Zoe Saldana ကတော့ အသက်(၄၃)နှစ် ရှိနေပါပြီ။

Zoe နဲ့ မျက်နှာပေါက်ချင်းရော၊ ကိုယ်လုံးကိုယ်ထည်ချင်းရော ဆင်တူနေတာကတော့ Thandie Newton ပဲ ဖြစ်ပါတယ်။ သူမကတော့ Mission Impossible လို ဇာတ်ကားတွေမှာရော၊ Westworld လို ဇာတ်လမ်းတွဲတွေထဲမှာပါ ပါဝင်ထားသူ ဖြစ်ပါတယ်။ Thandie Newton ကတော့ အသက်(၄၈)နှစ် ရှိပါပြီ။

Mila Jovovich နဲ့ Linda Evangelista
Photo via brightside

Mila Jovovich ကတော့ အက်ရှင်ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ Resident Evil ဇာတ်ကားတွေထဲက အဓိကဇာတ်ဆောင် မင်းသမီးပဲ ဖြစ်ပါတယ်။ သူမဟာ အက်ရှင်ဇာတ်ကားအများစုမှာ သရုပ်ဆောင်လေ့ ရှိပြီး မော်ဒယ်လ်တစ်ယောက်လည်း ဖြစ်သလို သီချင်းလည်း ဆိုပါသေးတယ်။ အခုဆိုရင်တော့ သူမဟာ အသက်(၄၅)နှစ် ရှိနေပါပြီ။

Mila နဲ့ ရုပ်ချင်းဆင်တူတဲ့ နောက်တစ်ယောက်ကတော့ နာမည်ကြီး ကနေဒါမော်ဒယ်လ် Linda Evangelista ပဲ ဖြစ်ပါတယ်။ သူမကတော့ ၉၀ ခုနှစ်ဝန်းကျင်မှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ မော်ဒယ်လ်တစ်ယောက် ဖြစ်ပြီး မဂ္ဂဇင်းကာဗာ (၉၀၀)ကျော်လောက်မှာ မျက်နှာဖုံးရှင်အဖြစ် ပါဝင်ပေးထားရသူ ဖြစ်ပါတယ်။ သို့သော်လည်း အခုနောက်ပိုင်း ပလတ်စတစ် ဆာဂျရီတွေ ပြုလုပ်အပြီးမှာတော့ သူမရဲ့ ရုပ်ရည်ဟာ တော်တော်ကြီး ပြောင်းလဲသွားပြီ ဖြစ်ပါတယ်။

Jeffery Dean Morgan နဲ့ Javier Bardem
Photo via brightside

Jeffery Dean Morgan နဲ့ Javier Bardem တို့ကတော့ မျက်နှာပေါက်ချင်း အတော်လေး ဆင်တူပြီး တချို့ပရိသတ်တွေအတွက် မကြာခဏ လူချင်းမှားလေ့ရှိသူနှစ်ဦး ဖြစ်ပါတယ်။ Jeffery ကတော့ နာမည်ကျော် ဇာတ်လမ်းတွဲတွေဖြစ်တဲ့ Supernatural ၊ Grey’s Anatomy ၊ The Walking Dead စတဲ့ တီဗွီရှိုးတွေမှာ ပါဝင်ထားသူ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူဟာ အသက်(၅၅)နှစ်ရှိနေပါပြီ။

Javier Bardem ဟာလည်း သရုပ်ဆောင်တစ်ဦး ဖြစ်ပြီး James Bond ဇာတ်ကားတွေဖြစ်တဲ့ Skyfall ၊ Spectre ၊ No Time To Die တို့မှာ ပါဝင်ထားသူ ဖြစ်ပါတယ်။ သူကတော့ အသက်(၅၂)နှစ် ရှိနေပါပြီ။

Michelle Williams နဲ့ Carey Mulligan
Photo via brightside

Michelle နဲ့ Carey တို့ နှစ်ယောက်လုံးကတော့ သရုပ်ဆောင်တွေ ဖြစ်ပါတယ်။ အထူးသဖြင့် သူတို့နှစ်ယောက်လုံးဟာ မျက်နှာပေါက်နဲ့ ဆံနွယ်အရောင်ချင်း ဆင်တူကြပြီး ဆံပင်အတိုနဲ့ဆိုရင် အတော်လေး ဆင်တူကြတာ ဖြစ်ပါတယ်။

Michelle Williams က‌တော့ အသက်(၄၁)နှစ်အရွယ် ရှိပြီဖြစ်ပြီး The Greatest Showman ၊ Blue Valentine ၊ Venom စတဲ့ ရုပ်ရှင်ကားတွေနဲ့ မြန်မာပရိသတ်တွေကြားမှာ လူသိများသူ ဖြစ်ပါတယ်။ Carey Mulligan ကတော့ The Great Gatsby ၊ Drive တို့လို ဇာတ်ကားတွေနဲ့ လူသိများသူ ဖြစ်ပြီး အသက်(၃၆)နှစ် ရှိနေပြီ ဖြစ်ပါတယ်။

ဒါကတော့ ရုပ်ချင်းဆင်တူပြီး ပရိသတ်တွေ မကြာခဏ မှားတတ်ကြတဲ့ ဟောလိဝုဒ်ဆယ်လီတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ မှားတတ်တဲ့ အခြားဆယ်လီတွေ ရှိရင်လည်း မျှဝေခဲ့ပါဦး။

Linda December

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

လူတူမရွား၊ နာမည္တူမရွားဆိုသလိုပဲ ေဟာလိဝုဒ္မွာလည္း ႐ုပ္ခ်င္းဆင္တူၾကတဲ့ နာမည္ေက်ာ္ေတြ မ်ားစြာရွိပါတယ္။ သူတို႔ရဲ့ ပရိသတ္ေတြအတြက္ကေတာ့ ဘယ္သူက၊ ဘယ္သူမွန္း ကြဲျပားၾကမွာ ျဖစ္ေပမယ့္ တခ်ိဳ႕သိပ္မရင္းႏွီးတဲ့ ပရိသတ္ေတြအတြက္ဆိုရင္ေတာ့ ခဏခဏ လူမွားေနတတ္ၾကပါတယ္။ ႐ုပ္ခ်င္းဆင္တူၾကတဲ့ ေဟာလိဝုဒ္ဆယ္လီအခ်ိဳ႕ကေတာ့ ေအာက္ပါအတိုင္းပါပဲ။

Zooey Deschanel နဲ႔ Katy Perry
Photo via brightside

ပရိသတ္ေတြ မၾကာခဏ မွားၾကတာကေတာ့ သ႐ုပ္ေဆာင္ Zooey Deschanel နဲ႔ အဆိုေတာ္ Katy Perry တို႔ပဲ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ အေတာ္ေလး ဆင္တူၾကၿပီး အတူဆုံး အစိတ္အပိုင္းကေတာ့ မ်က္လုံးေတြလို႔ပဲ ေျပာရမွာပါ။ သို႔ေသာ္လည္း အင္တာေနရွင္နယ္က ႐ုပ္ရွင္ေတြနဲ႔ ဂီတေတြကို ရင္းႏွီးၿပီးသား လူေတြဆိုရင္ေတာ့ သူတို႔ႏွစ္ေယာက္ကို အလြယ္ေလး ခြဲျခားနိုင္ၾကမွာပါ။

Zooey ကေတာ့ ျမန္မာပရိသတ္ေတြၾကားမွာ 500 Days of Summer ႐ုပ္ရွင္နဲ႔ လူသိမ်ားၿပီး Katy ကေတာ့ The One That Got Away တို႔လို ဟစ္သီခ်င္းေတြနဲ႔ လူသိၿပီးသား အဆိုေတာ္တစ္ေယာက္ ျဖစ္ပါတယ္။ အခုဆိုရင္ Zooey ဟာ အသက္(၄၁)ႏွစ္ ရွိေနၿပီ ျဖစ္ၿပီး Katy ကေတာ့ အသက္(၃၆)ႏွစ္ ရွိပါၿပီ။

Cindy Crawford နဲ႔ Eva Mendes
Photo via brightside

Cindy Crawford ကေတာ့ ကမၻာ့ထိပ္တန္း စူပါေမာ္ဒယ္လ္တစ္ေယာက္ ျဖစ္ၿပီး ဖက္ရွင္ runway ေတြ၊ ဖက္ရွင္မဂၢဇင္းေတြနဲ႔ ေၾကာ္ျငာေတြမွာ ေနရာယူခဲ့သူ ျဖစ္ပါတယ္။ အခုေနာက္ပိုင္းမွာေတာ့ သူမဟာ ဖက္ရွင္နဲ႔ ပတ္သက္တဲ့ စီးပြားေရးေတြကို ခ်ဲ႕ထြင္လုပ္ကိုင္ေနပါၿပီ။ သူမနဲ႔ မ်က္ႏွာမွာ မွဲ႕ပါတာခ်င္း တူၿပီး ႐ုပ္ဆင္တူေနတာကေတာ့ သ႐ုပ္ေဆာင္ Eva Mendes ပဲ ျဖစ္ပါတယ္။

Eva Mendes ကေတာ့ နာမည္ႀကီး သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ၿပီး ျမန္မာပရိသတ္ေတြၾကားမွာ Fast & Furious ဇာတ္ကားေတြနဲ႔ လူသိမ်ားသူ ျဖစ္ပါတယ္။ သူမကေတာ့ နာမည္ႀကီးသ႐ုပ္ေဆာင္ Ryan Gosling နဲ႔ လက္ထပ္ထားသူလည္း ျဖစ္ပါတယ္။ Eva ကေတာ့ အသက္(၄၇)ႏွစ္ရွိၿပီ ျဖစ္ၿပီး Cindy Crawford ကေတာ့ အသက္(၅၅)ႏွစ္ ရွိပါၿပီ။

Zoe Saldana နဲ႔ Thandie Newton
Photo via brightside

ဒီအမ်ိဳးသမီးႏွစ္ဦးလုံးကေတာ့ သ႐ုပ္ေဆာင္ေတြ ျဖစ္ပါတယ္။ Zoe Saldana ကေတာ့ MCU ပရိသတ္ေတြ ရင္းႏွီးၿပီးသား ျဖစ္တဲ့ Guardians of the Galaxy ထဲက Gamora ဇာတ္႐ုပ္မွာ သ႐ုပ္ေဆာင္ထားသူ ျဖစ္ပါတယ္။ Zoe Saldana ကေတာ့ အသက္(၄၃)ႏွစ္ ရွိေနပါၿပီ။

Zoe နဲ႔ မ်က္ႏွာေပါက္ခ်င္းေရာ၊ ကိုယ္လုံးကိုယ္ထည္ခ်င္းေရာ ဆင္တူေနတာကေတာ့ Thandie Newton ပဲ ျဖစ္ပါတယ္။ သူမကေတာ့ Mission Impossible လို ဇာတ္ကားေတြမွာေရာ၊ Westworld လို ဇာတ္လမ္းတြဲေတြထဲမွာပါ ပါဝင္ထားသူ ျဖစ္ပါတယ္။ Thandie Newton ကေတာ့ အသက္(၄၈)ႏွစ္ ရွိပါၿပီ။

Mila Jovovich နဲ႔ Linda Evangelista
Photo via brightside

Mila Jovovich ကေတာ့ အက္ရွင္ပရိသတ္ေတြ ရင္းႏွီးၿပီးသားျဖစ္တဲ့ Resident Evil ဇာတ္ကားေတြထဲက အဓိကဇာတ္ေဆာင္ မင္းသမီးပဲ ျဖစ္ပါတယ္။ သူမဟာ အက္ရွင္ဇာတ္ကားအမ်ားစုမွာ သ႐ုပ္ေဆာင္ေလ့ ရွိၿပီး ေမာ္ဒယ္လ္တစ္ေယာက္လည္း ျဖစ္သလို သီခ်င္းလည္း ဆိုပါေသးတယ္။ အခုဆိုရင္ေတာ့ သူမဟာ အသက္(၄၅)ႏွစ္ ရွိေနပါၿပီ။

Mila နဲ႔ ႐ုပ္ခ်င္းဆင္တူတဲ့ ေနာက္တစ္ေယာက္ကေတာ့ နာမည္ႀကီး ကေနဒါေမာ္ဒယ္လ္ Linda Evangelista ပဲ ျဖစ္ပါတယ္။ သူမကေတာ့ ၉၀ ခုႏွစ္ဝန္းက်င္မွာ လၽွမ္းလၽွမ္းေတာက္ ေအာင္ျမင္ခဲ့တဲ့ ေမာ္ဒယ္လ္တစ္ေယာက္ ျဖစ္ၿပီး မဂၢဇင္းကာဗာ (၉၀၀)ေက်ာ္ေလာက္မွာ မ်က္ႏွာဖုံးရွင္အျဖစ္ ပါဝင္ေပးထားရသူ ျဖစ္ပါတယ္။ သို႔ေသာ္လည္း အခုေနာက္ပိုင္း ပလတ္စတစ္ ဆာဂ်ရီေတြ ျပဳလုပ္အၿပီးမွာေတာ့ သူမရဲ့ ႐ုပ္ရည္ဟာ ေတာ္ေတာ္ႀကီး ေျပာင္းလဲသြားၿပီ ျဖစ္ပါတယ္။

Jeffery Dean Morgan နဲ႔ Javier Bardem
Photo via brightside

Jeffery Dean Morgan နဲ႔ Javier Bardem တို႔ကေတာ့ မ်က္ႏွာေပါက္ခ်င္း အေတာ္ေလး ဆင္တူၿပီး တခ်ိဳ႕ပရိသတ္ေတြအတြက္ မၾကာခဏ လူခ်င္းမွားေလ့ရွိသူႏွစ္ဦး ျဖစ္ပါတယ္။ Jeffery ကေတာ့ နာမည္ေက်ာ္ ဇာတ္လမ္းတြဲေတြျဖစ္တဲ့ Supernatural ၊ Grey’s Anatomy ၊ The Walking Dead စတဲ့ တီဗြီရွိုးေတြမွာ ပါဝင္ထားသူ ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ သူဟာ အသက္(၅၅)ႏွစ္ရွိေနပါၿပီ။

Javier Bardem ဟာလည္း သ႐ုပ္ေဆာင္တစ္ဦး ျဖစ္ၿပီး James Bond ဇာတ္ကားေတြျဖစ္တဲ့ Skyfall ၊ Spectre ၊ No Time To Die တို႔မွာ ပါဝင္ထားသူ ျဖစ္ပါတယ္။ သူကေတာ့ အသက္(၅၂)ႏွစ္ ရွိေနပါၿပီ။

Michelle Williams နဲ႔ Carey Mulligan
Photo via brightside

Michelle နဲ႔ Carey တို႔ ႏွစ္ေယာက္လုံးကေတာ့ သ႐ုပ္ေဆာင္ေတြ ျဖစ္ပါတယ္။ အထူးသျဖင့္ သူတို႔ႏွစ္ေယာက္လုံးဟာ မ်က္ႏွာေပါက္နဲ႔ ဆံႏြယ္အေရာင္ခ်င္း ဆင္တူၾကၿပီး ဆံပင္အတိုနဲ႔ဆိုရင္ အေတာ္ေလး ဆင္တူၾကတာ ျဖစ္ပါတယ္။

Michelle Williams က‌ေတာ့ အသက္(၄၁)ႏွစ္အရြယ္ ရွိၿပီျဖစ္ၿပီး The Greatest Showman ၊ Blue Valentine ၊ Venom စတဲ့ ႐ုပ္ရွင္ကားေတြနဲ႔ ျမန္မာပရိသတ္ေတြၾကားမွာ လူသိမ်ားသူ ျဖစ္ပါတယ္။ Carey Mulligan ကေတာ့ The Great Gatsby ၊ Drive တို႔လို ဇာတ္ကားေတြနဲ႔ လူသိမ်ားသူ ျဖစ္ၿပီး အသက္(၃၆)ႏွစ္ ရွိေနၿပီ ျဖစ္ပါတယ္။

ဒါကေတာ့ ႐ုပ္ခ်င္းဆင္တူၿပီး ပရိသတ္ေတြ မၾကာခဏ မွားတတ္ၾကတဲ့ ေဟာလိဝုဒ္ဆယ္လီေတြပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ မွားတတ္တဲ့ အျခားဆယ္လီေတြ ရွိရင္လည္း မၽွေဝခဲ့ပါဦး။

Linda December

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မၽွ ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular