HomeEntertainmentFilmHome Alone ဇာတ်ကားထဲက ရယ်မောဖွယ်ရာအကောင်းဆုံး ထောင်ချောက်(၁၀)ခု

Home Alone ဇာတ်ကားထဲက ရယ်မောဖွယ်ရာအကောင်းဆုံး ထောင်ချောက်(၁၀)ခု

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နှစ်စဉ် ခရစ္စမတ်ကာလတိုင်းမှာ ကြည့်ရှုဖို့ အကောင်းဆုံးဇာတ်ကားကတော့ Home Alone ဆိုတဲ့ ဂန္ထဝင်ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။ Home Alone ကတော့ ခရစ္စမတ်ကာလအတွင်း အိမ်မှာ မတော်တဆ တစ်ယောက်တည်း ကျန်ခဲ့တဲ့ ကောင်လေးတစ်ယောက်ရဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ရယ်မောရစေသလို ခရစ္စမတ်ကာလမှာ ကြည့်မယ်ဆိုရင် စိတ်ကိုပိုပြီး နွေးထွေးစေတာအမှန်ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် လိုတာထက်ပိုပြီး ပြင်းထန်တဲ့ ထောင်ချောက်များစွာကိုလည်း ဇာတ်လမ်းထဲမှာ မြင်တွေ့နိုင်ပါတယ်။ Harry နဲ့ Marv ဆိုတဲ့ လူဆိုးနှစ်ယောက် အိမ်ထဲကို ဖောက်ဝင်ဖို့ ကြိုးစားနေတဲ့အချိန်မှာ Kevin ဆိုတဲ့ အမွှေစိန်လေးက သူတို့ကိုစော်ဖို့ အသင့်အနေအထားနဲ့ စောင့်နေလေ့ ရှိပါတယ်။ ဒီဇာတ်ကားဟာ အကောင်းဆုံးဟာသကားအဖြစ် ပရိသတ်တွေရဲ့ ရင်ထဲမှာ အမြဲရှိနေခဲ့ပါတယ်။ မေးစရာရှိတာကတော့ ဘယ်ထောင်ချောက်ရဲ့ ရလဒ်က ပရိတ်သတ်တွေအတွက် အရယ်ရဆုံးလည်းဆိုတာပါပဲ။

ကြက်မွေးထောင်ချောက်
photo via screenrant

ဒီထောင်ချောက်ကတော့ တော်တော်လေး ရိုးရှင်းပါတယ်။ Harry ရဲ့ တစ်ကိုယ်လုံးမှာ ကြက်မွေးတွေ ဖုံးသွားဖို့ အရင်ဦးဆုံး တံခါးဝမှာ ကော်နဲ့သုတ်ခံရတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ဝင်ခန်းဟာ တစ်ခစ်ခစ်နဲ့ ရယ်ရမှာ ကျိန်းသေပါပဲ။ ဒါ့အပြင် Marv ပြောတဲ့ စကားကြောင့် ပိုပြီးတော့တောင် ရယ်ရပါသေးတယ်။ “မင်းဘာလို့ ကြက်တစ်ကောင်လို ဝတ်ထားတာလဲ … ” လို့ Marv ရဲ့ ပြောစကားဟာ Harry ကို ကြက်သေသေသွားစေပါတယ်။ ဒါ့အပြင် သရုပ်ဆောင် Joe Pesci နဲ့ Daniel Stern တို့အကြားက အကောင်းဆုံးအတွဲညီမှုကို ဒီနေရာမှာ မြင်တွေ့ရပါတယ်။

တာဇံနဲ့ အုတ်တံတိုင်း
photo via screenrant

ဒါကတော့ ရုပ်ရှင်ထဲက နောက်ဆုံးထောင်ချောက် ဖြစ်ပြီး လူဆိုးနှစ်ယောက်ဟာ ထပ်ခိုးကနေ သစ်ပင်အိမ်ကို ကူးတဲ့ကြိုးကနေ Kevin ကို လိုက်ဖမ်းဖို့ ကြိုးစားကြတာ ဖြစ်ပါတယ်။ Kelvin က ချုံညှပ်တဲ့ကပ်ကြေးကို ဆွဲထုတ်ပြပြီး ကြိုးကို ညှပ်ချလိုက်ချိန်မှာတော့ သူတို့အံ့အားသင့်သွားရပါတယ်။

တကယ်တော့ Harry နဲ့ Marv တို့ဟာ အောက်ကနှင်းပေါ် ခုန်ချလိုက်ရင် သိပ်ပြီးမမြင့်လို့ ဒီထောင်ချောက်ကို အလွယ်လေး ရှောင်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပျော်စရာမကောင်းတော့သလို ရယ်လည်းရယ်ရတော့မှာ မဟုတ်ပါဘူး။ ဒီအရူးဓားပြနှစ်ယောက်ဟာ  ကြိုးကိုလွှတ်ပြီး ခုန်မချဘဲ  တာဇံလိုပဲ ကြိုးနဲ့လွှဲပြီး ပါသွားတာကြောင့် အုတ်တံတိုင်းကို တည့်တည့်ဝင်တိုက်ပြီးမှ အောက်ကိုပြုတ်ကျကာ အထိနာကြပါတော့တယ်။

တံခါးလက်ကိုင်ဘု ထောင်ချောက်
photo via screenrant

ဒီတစ်ခုကတော့  Harry ကို နောက်ပိုင်းအထိ ထိတ်လန့်နေစေပြီး တစ်ဘဝစာလုံးအတွက် သေရာပါဒဏ်ရာအဖြစ် အမှတ်ရစေခဲ့ပါတယ်။ Harry ဟာ နှင်းတောကို ချွတ်နင်းလျှောက်လာပြီးတော့မှ အရှေ့တံခါးမကြီးက တံခါးဘုလုံးကို လှည့်ဖွင့်ကြည့်ဖို့ ရူးမိုက်စွာ ဆုံးဖြတ်ခဲ့ပါတယ်။ ထင်တဲ့အတိုင်းပါပဲ။ ဒီကြိုးစားမှုဟာ အလုပ်မဖြစ်ခဲ့ပါဘူး။

တံခါးလက်ကိုင်ဘုလုံးကို မီးမြိုက်ထားတာကြောင့် Harry တစ်ယောက် ပူလောင်လွန်းလို့ ငယ်သံပါအောင် ထအော်မိပါတော့တယ်။ သာမန်ဆိုရင်တော့ ဒါဟာ အတော်လေး နာကျင်မှာဖြစ်ပြီးတော့ Saw ဇာတ်ကားထဲက ထောင်ချောက်တွေလိုမျိုး ကြောက်ရွံ့တွန့်ဆုတ်မိစေမှာပါပဲ။ သို့ပေမယ့် Joe Pesci ဟာ ရုတ်တရက်ပဲ သူ့လက်က အငွေ့ထောင်းထောင်းထနေတဲ့ ဒဏ်ရာကို အေးသွားအောင်လို့ လေနဲ့မှုတ်နေတဲ့ တင်ဆက်မှုကတော့ ကာတွန်းကားတွေထဲကလိုပဲ ဟာသဇာတ်ကွက်ကို ပိုပြီးပေါ်လွင်စေခဲ့ပါတယ်။

မီးပူထောင်ချောက်
photo via screenrant

နောက်ဆုံးမှာတော့ Marv ဟာ မြေတိုက်ခန်းကို ချိုးဖျက်ဖောက်ဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကြမ်းပေါ်မှာ ကြွက်ထောင်ချောက်တွေလည်း မရှိသလို နောက်ထပ် မီးရှို့ခံရမယ့် အနေအထားလည်း မတွေ့တာကြောင့် ဘာခက်မှာလည်းလို့ တွေးပြီးတော့ မြေတိုက်ခန်းထဲကို အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် သနားစရာ Marv လေးဟာ မီးလုံးဖွင့်တဲ့ ကြိုးစထင်ပြီး ကြိုးတစ်ချောင်းကို ဆွဲလိုက်တဲ့အခါမှာတော့ လျှော်ဖို့အဝတ်တွေပစ်တဲ့ လျှောက်လမ်းကနေ ပူကျစ်နေတဲ့ မီးပူတစ်လုံးက သူ့ဆီတည့်တည့် ကျလာပါတော့တယ်။ မီးပူဟာ Marv ရဲ့ မျက်နှာတည့်တည့်ကို ဆောင့်မိပေမယ့် သေနိုင်တဲ့ဒဏ်ရာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မျက်နှာမှာတော့ အပူလောင်သွားတဲ့ မီးပူရာကြီးဟာ ရှင်းလင်းပြတ်သားစွာ ကျန်ခဲ့ပါတော့တယ်။ Marv ဟာ ဖင်ထိုင်လဲကျသွားပြီး  ကင်မရာဘက်ကို မော့ကြည့်လိုက်တော့မှ သူ့မျက်နှာကို မြင်လိုက်ရတာဟာ အတော်လေး ပြည့်စုံတဲ့ဟာသ ဇာတ်ဝင်ခန်းတစ်ခုလို့ ပြောနိုင်ပါတယ်။

ရေခဲလှေကားထစ်
photo via screenrant

ကလေးလေးတစ်ယောက်တည်း ရှိနေတဲ့ အိမ်ထဲကို ဖောက်ဝင်ဖို့ ကြိုးစားရတာဟာ ဒီလောက်ခက်ခဲမယ်လို့ ဘယ်သူက ထင်ခဲ့ပါမလဲ။ သို့ပေမယ့် ဉာဏ်မရှိတဲ့ Harry နဲ့ Marv နှစ်ယောက်ကတော့ အမွှေစိန်လေး Kevin ရဲ့ ထောင်ချောက်တွေကြားထဲမှာ အလူးအလဲပါပဲ။

ဒီတစ်ခါမှာလည်း Harry ဟာ အိမ်ရှေ့ဝင်ပေါက်ကနေပဲ ဝင်ဖို့ ထပ်ကြိုးစားပြီး အုတ်လှေကားကို တက်လာချိန်မှာ ရေခဲတွေနဲ့ချောပြီး ဆင်ဝင်ကနေ အောက်ခြေ နှင်းတောထဲအထိ ပက်လက်လန် ချောကျသွားပါတော့တယ်။ Harry တစ်ယောက် နာကျင်စွာနဲ့ ကောင်းကင်ကို ကြည့်နေတဲ့ အချိန်ခဏလေးဟာ ပရိတ်သတ်တွေကို ရယ်မောစေအောင် ဖမ်းစားခဲ့ပါတယ်။

အဲ့ဒီအချိန်မှာပဲ Marv ကတော့ ပိုဆိုးတဲ့ထောင်ချောက်နှစ်ခုနဲ့ ကြုံတွေ့နေရပါတယ်။ မြေအောက်ခန်းကို ဝင်ဖို့ လှေကားတစ်ထစ် ဆင်းလိုက်တာနဲ့ အောက်ဆုံးထစ်အထိ ခြေချော်ကျသွားပါတယ်။ အဲ့ဒီ့နောက် မြေတိုက်ခန်းကနေ အိမ်ပေါ်ပြန်တက်တဲ့ လှေကားထစ်ကနေ ထပ်မံပြုတ်ကျချိန်မှာလည်း Marv တုန်လှုပ်စွာအော်ဟစ်ခဲ့ပုံက အလွန်ရယ်စရာကောင်းပါတယ်။

ဆေးပုံးထောင်ချောက်
photo via screenrant

ဒီဇာတ်ကားထဲက အကောင်းဆုံး ထောင်ချောက်လို့တောင် ပြောလို့ရတဲ့ ဒီထောင်ချောက်ကတော့ နောက်ပိုင်းဆက်ထွက်တဲ့ Home Alone ဇာတ်ကားတွေမှာတောင် ပြန်လည်မှီငြမ်းထားတာ တွေ့ရပါတယ်။ Harry နဲ့ Marv တို့ အိမ်ထဲမှာ ပြန်ဆုံပြီးတော့ လှေကားထိပ်မှာရှိတဲ့ Kevin နောက်ကို လိုက်ကြပါတယ်။ သိပ်မဆိုးလောက်ဘူးလို့ ထင်ကြပေမယ့် လှေကားထိပ်က Kevin ဟာ သူတို့အတွက် တစ်ခုခုနဲ့ စောင့်ကြိုနေခဲ့ပါတယ်။

သူတို့တက်လာတော့မှ Kevin ဟာ ဂါလန်ဆေးပုံးတစ်ပုံးကို ကြိုးချည်ပြီး သူတို့ဆီ လွှဲချလိုက်ပါတော့တယ်။ အရှေ့က Harry က ကျွမ်းကျင်သူတစ်ယောက်လို အသာလေး ငုံ့ရှောင်လိုက်ပေမယ့် အနောက်က Marv ကတော့ ကံမကောင်းစွာပဲ ဆေးပုံးနဲ့ မျက်နှာထိပြီး အဝင်ခန်းမအထိ နောက်ပြန်လဲကျသွားပါတယ်။ Harry ဟာ အောက်ကျသွားတဲ့ Marv ကို အော်ဟစ်ပြီး လှောင်နေတုန်းမှာပဲ Kevin ပစ်ချလိုက်တဲ့ နောက်ထပ် ဆေးပုံးတစ်ပုံးဟာ သူ့မျက်နှာကို တည့်တည့်မှန်ပြီး အောက်က Marv အပေါ်ကို တည့်တည့် ထပ်ကျသွားပြန်ပါတယ်။

ကပ်စေးနဲလှေကားထစ်နဲ့ သံထောင်ချောက်
photo via screenrant

မီးပူနဲ့ အထုခံရပြီး နောက်ပိုင်း Marv ဟာ အိမ်မကြီးထဲရောက်ဖို့ မြေတိုက်ခန်းက ကတ္တရာသုတ်ထားတဲ့ လှေကားထစ်တွေကို တစ်ထစ်ချင်း ကြိုးစားတက်လာတဲ့ နည်းလမ်းဟာ နာကျင်ပေမယ့် အလုပ်ဖြစ်ပုံရပါတယ်။ သို့ပေမယ့် အမှတ်မထင် ထောင်နေတဲ့ သံတစ်ချောင်းဟာ Marv ရဲ့ ခြေဖဝါးထဲ စူးဝင်သွားချိန်မှာတော့ ပရိတ်သတ်တွေဟာ “အိုး …” လို့ပဲ ရိုးရှင်းစွာ အော်မိမှာပါ။

Marvအနေနဲ့ကတော့‌ Daniel Stern စတိုင်လ်အတိုင်း ကျယ်လောင်ပြင်းထန်စွာ အော်ဟစ်လိုက်တာဟာ နာကျင်မှုကို ပိုပြီးသက်ဝင်သွားစေပါတယ်။ အဲ့ဒီ့နောက် မာကြောတဲ့ မြေတိုက်ခန်းကြမ်းပြင်အထိ ပြန်ပြုတ်ကျသွားတာ မျက်ရည်ထွက်မတတ် ရည်စရာကောင်းခဲ့ပါတယ်။

မီးသေနတ်ထောင်ချောက်
photo via screenrant

သနားစရာ Harry ကတော့ အမြဲလိုလို အပူထောင်ချောက်တွေနဲ့ ကြုံတွေ့နေရပါတယ်။ လက်ပူလောင်ခံခဲ့ရတဲ့ အရှေ့တံခါးကို ကြိုးစားပြီးနောက် Harry ဟာ အနောက်တံခါးကို ထပ်ပြီးတော့ ကြိုးစားကြည့်ပြန်ပါတယ်။ လက်ကိုင်ဘုကို အရင်စမ်းကြည့်ပြီး မပူလို့ အဆင်ပြေပုံရပါတယ်။

ဒါပေမယ့် သူ့ခေါင်းတည့်တည့်ကို ချိန်ထားတဲ့ မီးမှုတ်ဂတ်စ်ဘူးကို တံခါးရွက်နဲ့ ကြိုးချည်ပြီး ဆင်ထားတဲ့ ထောင်ချောက်တစ်ခုကိုတော့ သူ မမြင်နိုင်ခဲ့ပါဘူး။ Harry ဟာ ရယ်မောဖွယ်ရာကောင်းအောင် မီးတောက်နေတဲ့ ခေါင်းကြီးနဲ့ အကြောင်းမဲ့ ကြောင်တောင်အော်ဟစ်နေပြီးမှ အပြင်ပြေးထွက်ကာ နှင်းတောထဲကို ခေါင်းစိုက်၊ ဒိုက်ဗင်ထိုးချလိုက်ချိန်မှာတော့ မီးလည်းငြိမ်း၊ သူ့ဆံပင်တွေလည်း ပြောင်သွားတာကို ပရိသတ်တွေ သဘောကျခဲ့ကြပါသေးတယ်။

လေသေနတ်ထောင်ချောက်
photo via screenrant

ဒီထောင်ချောက်ကတော့ Home Alone ဇာတ်ကားထဲက ပထမဆုံးထောင်ချောက် ဖြစ်တဲ့အပြင် တိုက်ပွဲရဲ့အစလည်း ဖြစ်ပါတယ်။ Harry နဲ့ Marv တို့ဟာ Kevin ကို လှည့်စားပြီး အိမ်ထဲဝင်နိုင်ဖို့ ပထမဆုံးအကြိမ် ကြိုးစားကြပါတယ်။ ဒီသနားစရာ အရူးတွေဟာ သူတို့ ဘယ်သူနဲ့ သွားရှုပ်နေမိလည်းဆိုတာ သိပုံမရပါဘူး။

သူတို့ တံခါးဝမှာ ရပ်နေတုန်း Kevin ဟာ ခွေးတိုးပေါက်ကနေ Harry ရဲ့ ပေါင်ကြားထဲကို သူ့ရဲ့လေ‌သေနတ်နဲ့ ချိန်ကာ သေနတ်မောင်းတစ်ချက် ဆွဲလိုက်ချိန်မှာတော့ Harry ဟာ နောက်ကို ဆွေ့ဆွေ့ခုန်ပြီး လဲကျသွားပါတော့တယ်။ သို့ပေမယ့် ဒါလောက်နဲ့ မပြီးသေးပါဘူး။ ကြောင်တောင်တောင် Marv ဟာ ခွေးတိုးပေါက်ကနေ ခေါင်းတိုးပြီး ချောင်းကြည့်လိုက်တဲ့အခါမှာတော့ သူ့မျက်နှာကို တစ်ချက်ထပ်ပစ်ခံရပြီး အော်ဟစ်ကာ နောက်ပြန် လဲကျသွားပြန်ပါတယ်။ တိုက်ပွဲအစမှာတင် အခြေအနေကို အကောင်းဆုံး တုံ့ပြန်ခဲ့တဲ့ ဉာဏ်ကြီးရှင်လေးပါပဲ။

ပင့်ကူတိုက်ကွက်
photo via screenrant

Home Alone ဇာတ်ကားတစ်ခုလုံး Marv ခံစားရသမျှတွေထဲမှာ သူ့ကို ကြောက်ရွံ့ထိတ်လန့်စေပြီး မိန်းမတစ်ယောက်လို ငယ်သံပါအောင် အော်ဟစ်စေခဲ့တဲ့ အိမ်မွေးပင့်ကူလေးတစ်ကောင် ပါဝင်ခဲ့ပါသေးတယ်။ Kevin ဟာ Buzz မွေးထားတဲ့ ပင့်ကူလေးကို ဖမ်းပြီး Marv ရဲ့ မျက်နှာပေါ်ကို အသာလေး တင်ပေးလိုက်ချိန်မှာ Marv ဟာ ထိတ်လန့်တကြား အော်ဟစ်ကာ သတိလစ်နေတဲ့ Harry ဘက်ကို ဆတ်ကနဲ ပုတ်ထုတ်လိုက်ပါတယ်။ အဲ့ဒီ့နောက် ပင့်ကူကြောက်တဲ့ Marv ဟာ ထိတ်ထိတ်ပြာပြာ ဖြစ်နေပါတော့တယ်။

Harry သတိရလာတော့ သူ့မြင်ကွင်းထဲမှာ သံတူရွင်းကိုင်ကာ ခွပြီးရပ်နေတဲ့ Marv ကို တွေ့လိုက်ရပြီး သူ့ကိုလည်း မလှုပ်ဖို့ ပြောပါတယ်။ Harry ဘာမှ ပြန်မပြောလိုက်ခင်မှာပဲ ပင့်ကူကိုထိတ်လန့်နေတဲ့ Marv ဟာ Harry ရင်ဘက်က ပင့်ကူကို သံတူရွင်းနဲ့ အားရပါးရ ထုချပါတော့တယ်။ ထင်တဲ့အတိုင်းပါပဲ။ လွဲချော်ပြီး Harry ရဲ့ ရင်ဘတ်ကြီး စည်တီးခံလိုက်ရပါတော့တယ်။ ဒေါသထွက်သွားတဲ့ Harry ရဲ့ Marv အပေါ်လက်တုံ့ပြန် ရိုက်နှက်တာကိုလည်း ဘယ်သူမှ အပြစ်မမြင်နိုင်အောင် ရီမောဖွယ်ကောင်းတဲ့ အခန်းလေး ဖြစ်ပါတယ်။

အခုဖော်ပြပေးခဲ့တဲ့ ထောင်ချောက်အကြောင်း ဇာတ်ဝင်ခန်းတွေကတော့ ငယ်ဘဝကတည်းက ခုချိန်ထိ မရိုးနိုင်တဲ့ Home Alone ဇာတ်ကားထဲက ဇာတ်လိုက်ကျော်လေး Kevin ရဲ့ ရယ်မောဖွယ် ထောင်ချောက်များပဲ ဖြစ်ပါတယ်။ ဖတ်ရတာ နှစ်သက်တယ်ဆိုရင် မိတ်ဆွေတွေလည်း ဖတ်နိုင်အောင် ရှဲပေးသွားပါဦး။

C 21

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

ႏွစ္စဥ္ ခရစၥမတ္ကာလတိုင္းမွာ ၾကည့္ရႈဖို႔ အေကာင္းဆုံးဇာတ္ကားကေတာ့ Home Alone ဆိုတဲ့ ဂႏၴဝင္ဇာတ္ကားေကာင္းပဲ ျဖစ္ပါတယ္။ Home Alone ကေတာ့ ခရစၥမတ္ကာလအတြင္း အိမ္မွာ မေတာ္တဆ တစ္ေယာက္တည္း က်န္ခဲ့တဲ့ ေကာင္ေလးတစ္ေယာက္ရဲ႕ဇာတ္လမ္း ျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ ရယ္ေမာရေစသလို ခရစၥမတ္ကာလမွာ ၾကည့္မယ္ဆိုရင္ စိတ္ကိုပိုၿပီး ေႏြးေထြးေစတာအမွန္ပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ လိုတာထက္ပိုၿပီး ျပင္းထန္တဲ့ ေထာင္ေခ်ာက္မ်ားစြာကိုလည္း ဇာတ္လမ္းထဲမွာ ျမင္ေတြ႕ႏိုင္ပါတယ္။ Harry နဲ႔ Marv ဆိုတဲ့ လူဆိုးႏွစ္ေယာက္ အိမ္ထဲကို ေဖာက္ဝင္ဖို႔ ႀကိဳးစားေနတဲ့အခ်ိန္မွာ Kevin ဆိုတဲ့ အေမႊစိန္ေလးက သူတို႔ကိုေစာ္ဖို႔ အသင့္အေနအထားနဲ႔ ေစာင့္ေနေလ့ ရွိပါတယ္။ ဒီဇာတ္ကားဟာ အေကာင္းဆုံးဟာသကားအျဖစ္ ပရိသတ္ေတြရဲ႕ ရင္ထဲမွာ အၿမဲရွိေနခဲ့ပါတယ္။ ေမးစရာရွိတာကေတာ့ ဘယ္ေထာင္ေခ်ာက္ရဲ႕ ရလဒ္က ပရိတ္သတ္ေတြအတြက္ အရယ္ရဆုံးလည္းဆိုတာပါပဲ။

ၾကက္ေမြးေထာင္ေခ်ာက္
photo via screenrant

ဒီေထာင္ေခ်ာက္ကေတာ့ ေတာ္ေတာ္ေလး ႐ိုးရွင္းပါတယ္။ Harry ရဲ႕ တစ္ကိုယ္လုံးမွာ ၾကက္ေမြးေတြ ဖုံးသြားဖို႔ အရင္ဦးဆုံး တံခါးဝမွာ ေကာ္နဲ႔သုတ္ခံရတာပဲ ျဖစ္ပါတယ္။ ဒီဇာတ္ဝင္ခန္းဟာ တစ္ခစ္ခစ္နဲ႔ ရယ္ရမွာ က်ိန္းေသပါပဲ။ ဒါ့အျပင္ Marv ေျပာတဲ့ စကားေၾကာင့္ ပိုၿပီးေတာ့ေတာင္ ရယ္ရပါေသးတယ္။ “မင္းဘာလို႔ ၾကက္တစ္ေကာင္လို ဝတ္ထားတာလဲ … ” လို႔ Marv ရဲ႕ ေျပာစကားဟာ Harry ကို ၾကက္ေသေသသြားေစပါတယ္။ ဒါ့အျပင္ သ႐ုပ္ေဆာင္ Joe Pesci နဲ႔ Daniel Stern တို႔အၾကားက အေကာင္းဆုံးအတြဲညီမႈကို ဒီေနရာမွာ ျမင္ေတြ႕ရပါတယ္။

တာဇံနဲ႔ အုတ္တံတိုင္း
photo via screenrant

ဒါကေတာ့ ႐ုပ္ရွင္ထဲက ေနာက္ဆုံးေထာင္ေခ်ာက္ ျဖစ္ၿပီး လူဆိုးႏွစ္ေယာက္ဟာ ထပ္ခိုးကေန သစ္ပင္အိမ္ကို ကူးတဲ့ႀကိဳးကေန Kevin ကို လိုက္ဖမ္းဖို႔ ႀကိဳးစားၾကတာ ျဖစ္ပါတယ္။ Kelvin က ခ်ဳံညႇပ္တဲ့ကပ္ေၾကးကို ဆြဲထုတ္ျပၿပီး ႀကိဳးကို ညႇပ္ခ်လိုက္ခ်ိန္မွာေတာ့ သူတို႔အံ့အားသင့္သြားရပါတယ္။

တကယ္ေတာ့ Harry နဲ႔ Marv တို႔ဟာ ေအာက္ကႏွင္းေပၚ ခုန္ခ်လိုက္ရင္ သိပ္ၿပီးမျမင့္လို႔ ဒီေထာင္ေခ်ာက္ကို အလြယ္ေလး ေရွာင္သြားႏိုင္မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ေပ်ာ္စရာမေကာင္းေတာ့သလို ရယ္လည္းရယ္ရေတာ့မွာ မဟုတ္ပါဘူး။ ဒီအ႐ူးဓားျပႏွစ္ေယာက္ဟာ  ႀကိဳးကိုလႊတ္ၿပီး ခုန္မခ်ဘဲ  တာဇံလိုပဲ ႀကိဳးနဲ႔လႊဲၿပီး ပါသြားတာေၾကာင့္ အုတ္တံတိုင္းကို တည့္တည့္ဝင္တိုက္ၿပီးမွ ေအာက္ကိုျပဳတ္က်ကာ အထိနာၾကပါေတာ့တယ္။

တံခါးလက္ကိုင္ဘု ေထာင္ေခ်ာက္
photo via screenrant

ဒီတစ္ခုကေတာ့  Harry ကို ေနာက္ပိုင္းအထိ ထိတ္လန႔္ေနေစၿပီး တစ္ဘဝစာလုံးအတြက္ ေသရာပါဒဏ္ရာအျဖစ္ အမွတ္ရေစခဲ့ပါတယ္။ Harry ဟာ ႏွင္းေတာကို ခြၽတ္နင္းေလွ်ာက္လာၿပီးေတာ့မွ အေရွ႕တံခါးမႀကီးက တံခါးဘုလုံးကို လွည့္ဖြင့္ၾကည့္ဖို႔ ႐ူးမိုက္စြာ ဆုံးျဖတ္ခဲ့ပါတယ္။ ထင္တဲ့အတိုင္းပါပဲ။ ဒီႀကိဳးစားမႈဟာ အလုပ္မျဖစ္ခဲ့ပါဘူး။

တံခါးလက္ကိုင္ဘုလုံးကို မီးၿမိဳက္ထားတာေၾကာင့္ Harry တစ္ေယာက္ ပူေလာင္လြန္းလို႔ ငယ္သံပါေအာင္ ထေအာ္မိပါေတာ့တယ္။ သာမန္ဆိုရင္ေတာ့ ဒါဟာ အေတာ္ေလး နာက်င္မွာျဖစ္ၿပီးေတာ့ Saw ဇာတ္ကားထဲက ေထာင္ေခ်ာက္ေတြလိုမ်ိဳး ေၾကာက္႐ြံ႕တြန႔္ဆုတ္မိေစမွာပါပဲ။ သို႔ေပမယ့္ Joe Pesci ဟာ ႐ုတ္တရက္ပဲ သူ႔လက္က အေငြ႕ေထာင္းေထာင္းထေနတဲ့ ဒဏ္ရာကို ေအးသြားေအာင္လို႔ ေလနဲ႔မႈတ္ေနတဲ့ တင္ဆက္မႈကေတာ့ ကာတြန္းကားေတြထဲကလိုပဲ ဟာသဇာတ္ကြက္ကို ပိုၿပီးေပၚလြင္ေစခဲ့ပါတယ္။

မီးပူေထာင္ေခ်ာက္
photo via screenrant

ေနာက္ဆုံးမွာေတာ့ Marv ဟာ ေျမတိုက္ခန္းကို ခ်ိဳးဖ်က္ေဖာက္ဝင္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ ၾကမ္းေပၚမွာ ႂကြက္ေထာင္ေခ်ာက္ေတြလည္း မရွိသလို ေနာက္ထပ္ မီးရႈိ႕ခံရမယ့္ အေနအထားလည္း မေတြ႕တာေၾကာင့္ ဘာခက္မွာလည္းလို႔ ေတြးၿပီးေတာ့ ေျမတိုက္ခန္းထဲကို ေအာင္ျမင္စြာ ဝင္ေရာက္ႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ သနားစရာ Marv ေလးဟာ မီးလုံးဖြင့္တဲ့ ႀကိဳးစထင္ၿပီး ႀကိဳးတစ္ေခ်ာင္းကို ဆြဲလိုက္တဲ့အခါမွာေတာ့ ေလွ်ာ္ဖို႔အဝတ္ေတြပစ္တဲ့ ေလွ်ာက္လမ္းကေန ပူက်စ္ေနတဲ့ မီးပူတစ္လုံးက သူ႔ဆီတည့္တည့္ က်လာပါေတာ့တယ္။ မီးပူဟာ Marv ရဲ႕ မ်က္ႏွာတည့္တည့္ကို ေဆာင့္မိေပမယ့္ ေသႏိုင္တဲ့ဒဏ္ရာမ်ိဳးေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ မ်က္ႏွာမွာေတာ့ အပူေလာင္သြားတဲ့ မီးပူရာႀကီးဟာ ရွင္းလင္းျပတ္သားစြာ က်န္ခဲ့ပါေတာ့တယ္။ Marv ဟာ ဖင္ထိုင္လဲက်သြားၿပီး  ကင္မရာဘက္ကို ေမာ့ၾကည့္လိုက္ေတာ့မွ သူ႔မ်က္ႏွာကို ျမင္လိုက္ရတာဟာ အေတာ္ေလး ျပည့္စုံတဲ့ဟာသ ဇာတ္ဝင္ခန္းတစ္ခုလို႔ ေျပာႏိုင္ပါတယ္။

‌ေရခဲေလွကားထစ္
photo via screenrant

ကေလးေလးတစ္ေယာက္တည္း ရွိေနတဲ့ အိမ္ထဲကို ေဖာက္ဝင္ဖို႔ ႀကိဳးစားရတာဟာ ဒီေလာက္ခက္ခဲမယ္လို႔ ဘယ္သူက ထင္ခဲ့ပါမလဲ။ သို႔ေပမယ့္ ဉာဏ္မရွိတဲ့ Harry နဲ႔ Marv ႏွစ္ေယာက္ကေတာ့ အေမႊစိန္ေလး Kevin ရဲ႕ ေထာင္ေခ်ာက္ေတြၾကားထဲမွာ အလူးအလဲပါပဲ။

ဒီတစ္ခါမွာလည္း Harry ဟာ အိမ္ေရွ႕ဝင္ေပါက္ကေနပဲ ဝင္ဖို႔ ထပ္ႀကိဳးစားၿပီး အုတ္ေလွကားကို တက္လာခ်ိန္မွာ ေရခဲေတြနဲ႔ေခ်ာၿပီး ဆင္ဝင္ကေန ေအာက္ေျခ ႏွင္းေတာထဲအထိ ပက္လက္လန္ ေခ်ာက်သြားပါေတာ့တယ္။ Harry တစ္ေယာက္ နာက်င္စြာနဲ႔ ေကာင္းကင္ကို ၾကည့္ေနတဲ့ အခ်ိန္ခဏေလးဟာ ပရိတ္သတ္ေတြကို ရယ္ေမာေစေအာင္ ဖမ္းစားခဲ့ပါတယ္။

အဲ့ဒီအခ်ိန္မွာပဲ Marv ကေတာ့ ပိုဆိုးတဲ့ေထာင္ေခ်ာက္ႏွစ္ခုနဲ႔ ႀကဳံေတြ႕ေနရပါတယ္။ ေျမေအာက္ခန္းကို ဝင္ဖို႔ ေလွကားတစ္ထစ္ ဆင္းလိုက္တာနဲ႔ ေအာက္ဆုံးထစ္အထိ ေျခေခ်ာ္က်သြားပါတယ္။ အဲ့ဒီ့ေနာက္ ေျမတိုက္ခန္းကေန အိမ္ေပၚျပန္တက္တဲ့ ေလွကားထစ္ကေန ထပ္မံျပဳတ္က်ခ်ိန္မွာလည္း Marv တုန္လႈပ္စြာေအာ္ဟစ္ခဲ့ပုံက အလြန္ရယ္စရာေကာင္းပါတယ္။

ေဆးပုံးေထာင္ေခ်ာက္
photo via screenrant

ဒီဇာတ္ကားထဲက အေကာင္းဆုံး ေထာင္ေခ်ာက္လို႔ေတာင္ ေျပာလို႔ရတဲ့ ဒီေထာင္ေခ်ာက္ကေတာ့ ေနာက္ပိုင္းဆက္ထြက္တဲ့ Home Alone ဇာတ္ကားေတြမွာေတာင္ ျပန္လည္မွီျငမ္းထားတာ ေတြ႕ရပါတယ္။ Harry နဲ႔ Marv တို႔ အိမ္ထဲမွာ ျပန္ဆုံၿပီးေတာ့ ေလွကားထိပ္မွာရွိတဲ့ Kevin ေနာက္ကို လိုက္ၾကပါတယ္။ သိပ္မဆိုးေလာက္ဘူးလို႔ ထင္ၾကေပမယ့္ ေလွကားထိပ္က Kevin ဟာ သူတို႔အတြက္ တစ္ခုခုနဲ႔ ေစာင့္ႀကိဳေနခဲ့ပါတယ္။

သူတို႔တက္လာေတာ့မွ Kevin ဟာ ဂါလန္ေဆးပုံးတစ္ပုံးကို ႀကိဳးခ်ည္ၿပီး သူတို႔ဆီ လႊဲခ်လိုက္ပါေတာ့တယ္။ အေရွ႕က Harry က ကြၽမ္းက်င္သူတစ္ေယာက္လို အသာေလး ငုံ႔ေရွာင္လိုက္ေပမယ့္ အေနာက္က Marv ကေတာ့ ကံမေကာင္းစြာပဲ ေဆးပုံးနဲ႔ မ်က္ႏွာထိၿပီး အဝင္ခန္းမအထိ ေနာက္ျပန္လဲက်သြားပါတယ္။ Harry ဟာ ေအာက္က်သြားတဲ့ Marv ကို ေအာ္ဟစ္ၿပီး ေလွာင္ေနတုန္းမွာပဲ Kevin ပစ္ခ်လိုက္တဲ့ ေနာက္ထပ္ ေဆးပုံးတစ္ပုံးဟာ သူ႔မ်က္ႏွာကို တည့္တည့္မွန္ၿပီး ေအာက္က Marv အေပၚကို တည့္တည့္ ထပ္က်သြားျပန္ပါတယ္။

ကပ္ေစနဲေလွကားထစ္နဲ့ သံေထာင္ေခ်ာက္
photo via screenrant

မီးပူနဲ႔ အထုခံရၿပီး ေနာက္ပိုင္း Marv ဟာ အိမ္မႀကီးထဲေရာက္ဖို႔ ေျမတိုက္ခန္းက ကတၱရာသုတ္ထားတဲ့ ေလွကားထစ္ေတြကို တစ္ထစ္ခ်င္း ႀကိဳးစားတက္လာတဲ့ နည္းလမ္းဟာ နာက်င္ေပမယ့္ အလုပ္ျဖစ္ပုံရပါတယ္။ သို႔ေပမယ့္ အမွတ္မထင္ ေထာင္ေနတဲ့ သံတစ္ေခ်ာင္းဟာ Marv ရဲ႕ ေျခဖဝါးထဲ စူးဝင္သြားခ်ိန္မွာေတာ့ ပရိတ္သတ္ေတြဟာ “အိုး …” လို႔ပဲ ႐ိုးရွင္းစြာ ေအာ္မိမွာပါ။

Marvအေနနဲ႔ကေတာ့‌ Daniel Stern စတိုင္လ္အတိုင္း က်ယ္ေလာင္ျပင္းထန္စြာ ေအာ္ဟစ္လိုက္တာဟာ နာက်င္မႈကို ပိုၿပီးသက္ဝင္သြားေစပါတယ္။ အဲ့ဒီ့ေနာက္ မာေၾကာတဲ့ ေျမတိုက္ခန္းၾကမ္းျပင္အထိ ျပန္ျပဳတ္က်သြားတာ မ်က္ရည္ထြက္မတတ္ ရည္စရာေကာင္းခဲ့ပါတယ္။

မီးေသနတ္ေထာင္ေခ်ာက္
photo via screenrant

သနားစရာ Harry ကေတာ့ အၿမဲလိုလို အပူေထာင္ေခ်ာက္ေတြနဲ႔ ႀကဳံေတြ႕ေနရပါတယ္။ လက္ပူေလာင္ခံခဲ့ရတဲ့ အေရွ႕တံခါးကို ႀကိဳးစားၿပီးေနာက္ Harry ဟာ အေနာက္တံခါးကို ထပ္ၿပီးေတာ့ ႀကိဳးစားၾကည့္ျပန္ပါတယ္။ လက္ကိုင္ဘုကို အရင္စမ္းၾကည့္ၿပီး မပူလို႔ အဆင္ေျပပုံရပါတယ္။

ဒါေပမယ့္ သူ႔ေခါင္းတည့္တည့္ကို ခ်ိန္ထားတဲ့ မီးမႈတ္ဂတ္စ္ဘူးကို တံခါး႐ြက္နဲ႔ ႀကိဳးခ်ည္ၿပီး ဆင္ထားတဲ့ ေထာင္ေခ်ာက္တစ္ခုကိုေတာ့ သူ မျမင္ႏိုင္ခဲ့ပါဘူး။ Harry ဟာ ရယ္ေမာဖြယ္ရာေကာင္းေအာင္ မီးေတာက္ေနတဲ့ ေခါင္းႀကီးနဲ႔ အေၾကာင္းမဲ့ ေၾကာင္ေတာင္ေအာ္ဟစ္ေနၿပီးမွ အျပင္ေျပးထြက္ကာ ႏွင္းေတာထဲကို ေခါင္းစိုက္၊ ဒိုက္ဗင္ထိုးခ်လိုက္ခ်ိန္မွာေတာ့ မီးလည္းၿငိမ္း၊ သူ႔ဆံပင္ေတြလည္း ေျပာင္သြားတာကို ပရိသတ္ေတြ သေဘာက်ခဲ့ၾကပါေသးတယ္။

‌ေလေသနတ္ေထာင္ေခ်ာက္
photo via screenrant

ဒီေထာင္ေခ်ာက္ကေတာ့ Home Alone ဇာတ္ကားထဲက ပထမဆုံးေထာင္ေခ်ာက္ ျဖစ္တဲ့အျပင္ တိုက္ပြဲရဲ႕အစလည္း ျဖစ္ပါတယ္။ Harry နဲ႔ Marv တို႔ဟာ Kevin ကို လွည့္စားၿပီး အိမ္ထဲဝင္ႏိုင္ဖို႔ ပထမဆုံးအႀကိမ္ ႀကိဳးစားၾကပါတယ္။ ဒီသနားစရာ အ႐ူးေတြဟာ သူတို႔ ဘယ္သူနဲ႔ သြားရႈပ္ေနမိလည္းဆိုတာ သိပုံမရပါဘူး။

သူတို႔ တံခါးဝမွာ ရပ္ေနတုန္း Kevin ဟာ ေခြးတိုးေပါက္ကေန Harry ရဲ႕ ေပါင္ၾကားထဲကို သူ႔ရဲ႕ေလ‌ေသနတ္နဲ႔ ခ်ိန္ကာ ေသနတ္ေမာင္းတစ္ခ်က္ ဆြဲလိုက္ခ်ိန္မွာေတာ့ Harry ဟာ ေနာက္ကို ေဆြ႕ေဆြ႕ခုန္ၿပီး လဲက်သြားပါေတာ့တယ္။ သို႔ေပမယ့္ ဒါေလာက္နဲ႔ မၿပီးေသးပါဘူး။ ေၾကာင္ေတာင္ေတာင္ Marv ဟာ ေခြးတိုးေပါက္ကေန ေခါင္းတိုးၿပီး ေခ်ာင္းၾကည့္လိုက္တဲ့အခါမွာေတာ့ သူ႔မ်က္ႏွာကို တစ္ခ်က္ထပ္ပစ္ခံရၿပီး ေအာ္ဟစ္ကာ ေနာက္ျပန္ လဲက်သြားျပန္ပါတယ္။ တိုက္ပြဲအစမွာတင္ အေျခအေနကို အေကာင္းဆုံး တုံ႔ျပန္ခဲ့တဲ့ ဉာဏ္ႀကီးရွင္ေလးပါပဲ။

ပင့္ကူတိုက္ကြက္
photo via screenrant

Home Alone ဇာတ္ကားတစ္ခုလုံး Marv ခံစားရသမွ်ေတြထဲမွာ သူ႔ကို ေၾကာက္႐ြံ႕ထိတ္လန႔္ေစၿပီး မိန္းမတစ္ေယာက္လို ငယ္သံပါေအာင္ ေအာ္ဟစ္ေစခဲ့တဲ့ အိမ္ေမြးပင့္ကူေလးတစ္ေကာင္ ပါဝင္ခဲ့ပါေသးတယ္။ Kevin ဟာ Buzz ေမြးထားတဲ့ ပင့္ကူေလးကို ဖမ္းၿပီး Marv ရဲ႕ မ်က္ႏွာေပၚကို အသာေလး တင္ေပးလိုက္ခ်ိန္မွာ Marv ဟာ ထိတ္လန႔္တၾကား ေအာ္ဟစ္ကာ သတိလစ္ေနတဲ့ Harry ဘက္ကို ဆတ္ကနဲ ပုတ္ထုတ္လိုက္ပါတယ္။ အဲ့ဒီ့ေနာက္ ပင့္ကူေၾကာက္တဲ့ Marv ဟာ ထိတ္ထိတ္ျပာျပာ ျဖစ္ေနပါေတာ့တယ္။

Harry သတိရလာေတာ့ သူ႔ျမင္ကြင္းထဲမွာ သံတူ႐ြင္းကိုင္ကာ ခြၿပီးရပ္ေနတဲ့ Marv ကို ေတြ႕လိုက္ရၿပီး သူ႔ကိုလည္း မလႈပ္ဖို႔ ေျပာပါတယ္။ Harry ဘာမွ ျပန္မေျပာလိုက္ခင္မွာပဲ ပင့္ကူကိုထိတ္လန႔္ေနတဲ့ Marv ဟာ Harry ရင္ဘက္က ပင့္ကူကို သံတူ႐ြင္းနဲ႔ အားရပါးရ ထုခ်ပါေတာ့တယ္။ ထင္တဲ့အတိုင္းပါပဲ။ လြဲေခ်ာ္ၿပီး Harry ရဲ႕ ရင္ဘတ္ႀကီး စည္တီးခံလိုက္ရပါေတာ့တယ္။ ေဒါသထြက္သြားတဲ့ Harry ရဲ႕ Marv အေပၚလက္တုံ႔ျပန္ ႐ိုက္ႏွက္တာကိုလည္း ဘယ္သူမွ အျပစ္မျမင္ႏိုင္ေအာင္ ရီေမာဖြယ္ေကာင္းတဲ့ အခန္းေလး ျဖစ္ပါတယ္။

အခုေဖာ္ျပေပးခဲ့တဲ့ ေထာင္ေခ်ာက္အေၾကာင္း ဇာတ္ဝင္ခန္းေတြကေတာ့ ငယ္ဘဝကတည္းက ခုခ်ိန္ထိ မ႐ိုးႏိုင္တဲ့ Home Alone ဇာတ္ကားထဲက ဇာတ္လိုက္ေက်ာ္ေလး Kevin ရဲ႕ ရယ္ေမာဖြယ္ ေထာင္ေခ်ာက္မ်ားပဲ ျဖစ္ပါတယ္။ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ မိတ္ေဆြေတြလည္း ဖတ္ႏိုင္ေအာင္ ရွဲေပးသြားပါဦး။

C 21

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular