HomeEntertainmentFilmဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ horror ဇာတ်လမ်းကောင်းများ

ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ horror ဇာတ်လမ်းကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Horror ရုပ်ရှင်တွေအများစုဟာ အရင်တုန်းက လူတွေပြောခဲ့ကြတဲ့ ပုံပြင်တွေနဲ့ ဒဏ္ဍာရီတွေကို အခြေခံပြီး ရိုက်ကူးကြသလို စိတ်ကူးယဉ်ဝတ္ထုတွေကို အခြေခံပြီး ရိုက်ကူးကြတဲ့ ဇာတ်လမ်းတွေလည်း ရှိပါတယ်။ အဲ့လိုမျိူး Horror ရုပ်ရှင်တွေအများကြီးထဲမှာမှ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီးတော့ ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွေဆိုရင်တော့ ပရိသတ်တွေဟာ ပိုပြီးတော့ ကြိုက်နှစ်သက်လေ့ရှိကြပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ တကယ့်ဖြစ်ရပ်မှန်တွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(7) The Haunting in Connecticut
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (5.9) ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Campbell မိသားစုဟာ သူတို့သားရဲ့ ကျန်းမာရေးအခြေအနေကြောင့် Connecticut ပြည်နယ်မှာရှိတဲ့ အိမ်အသစ်ကို ရွှေ့ပြောင်းခဲ့ရပါတယ်။ ဒါပေမယ့်လည်း သိပ်မကြာခင်မှာပဲ သူတို့ဟာ သဘာဝလွန်ဖြစ်ရပ်တွေကို ကြုံတွေ့ခဲ့ရတဲ့အပြင် အဲ့ဒီအိမ်ရဲ့ အရင်ကမကောင်းတဲ့ သမိုင်းကြောင်းတွေကိုပါ သိခဲ့ရပါတယ်။ သရုပ်ဆောင်တွေကတော့ Virginia Madsen ၊ Kyle Gallner နဲ့ Elias Koteas တို့က အဓိကပါဝင် ထားပါတယ်။

(6) The Amityville Horror
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၀၅ ခုနှစ်မှာ ထွက်ခဲ့တာ ဖြစ်ပြီးတော့ IMDb (6.0) ရရှိထားပါတယ်။ ဒီဇာတ်လမ်းကတော့ ၁၉၇၉ ခုနှစ်တုန်းက ထွက်ထားတဲ့ ဇာတ်လမ်းကို အသစ်ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဇနီးမောင်နှံနှစ်ယောက်ဟာ သူတို့ရဲ့ သားသမီးတွေနဲ့ အိမ်အသစ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြောင်းရွေ့လာခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ အဲ့ဒီအိမ်ထဲမှာ ရှင်းပြလို့မရတဲ့ ဖြစ်ရပ်တွေ ဖြစ်ပေါ်လာတဲ့အချိန်မှာတော့ သူတို့ရဲ့ပျော်ရွှင်မှုတွေဟာ အဆုံးသတ်သွားခဲ့ပါတယ်။ Ryan Reynolds နဲ့ Melissa George တို့က‌ အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။

(5) Wolf Creek
photo via screenrant

ဒီဇာတ်လမ်းကလည်း ၂၀၀၅ ခုနှစ်မှာ ထွက်ခဲ့တာ ဖြစ်ပြီး IMDb (6.2) ရရှိထားပါတယ်။ ၁၉၈၉ခုနှစ်ကနေ ၁၉၉၃ခုနှစ်အတွင်း ဩစတျေးလျနိုင်ငံရဲ့ လူသူမနီး ဝေးလံခေါင်သီတဲ့နေရာမှာ ခရီးသွားတွေ အများအပြား အသတ်ခံခဲ့ရတဲ့ အမှုကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တောင်တက်ဖို့ လာတဲ့ ခရီးသွားသုံးယောက်ဟာ ကားပျက်သွားတာကြောင့် Wolf Creek လို့ခေါ်တဲ့ ပန်းခြံထဲမှာ ဒုက္ခရောက်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့မသိတဲ့အရာတစ်ခုကတော့ ဒီထက်အများကြီးဆိုးရွားတဲ့ ဒုက္ခတွေဟာ သူတို့ကို စောင့်နေတယ် ဆိုတာပါပဲ။ John Jarratt ၊ Cassandra Magrath နဲ့ Kestie Morassi တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။

(4) The Monthman Prophecies
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၀၂ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (6.4) ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သတင်းထောက် တစ်ယောက်ဟာ Virginia မြို့အနောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေကို စုံစမ်းဖို့အတွက် ရောက်လာခဲ့ပါတယ်။ အဲ့ဒီထူးဆန်းတဲ့ အဖြစ်အပျက်တွေကတော့ ထူးဆန်းတဲ့ အရာတစ်ခုဟာ အဲ့ဒီနေရာမှာ ပေါ်ပေါက်လာတဲ့အပြင် တစ်ခြားရှင်းပြလို့မရတဲ့ ဖြစ်ရပ်တွေလည်း ပါဝင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ Richard Gere နဲ့ Laura Linney တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။

(3) The Exorcism of Emily Rose
photo via screenrant

ဒီဇာတ်ကားကလည်း  ၂၀၀၅ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ဝိဉာဉ်ပူးကပ်နေတဲ့ ကောင်မလေးတစ်ယောက်ကို ဘုန်းတော်ကြီးတစ်ပါးက အပနှင်နေရင်းနဲ့ သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ အမှုဖြစ်ပွားပြီး အဲ့ဒီဘုန်းတော်ကြီးဟာ တရားရင်ဆိုင်ရပါတော့တယ်။ စစပြချင်းမှာတော့ ဘုန်းတော်ကြီးကို တရားခွင်မှာ စစ်ဆေးနေတဲ့ အခန်းကစပြပြီး ဘုန်းတော်ကြီးက ပြန်ဖြေတာတွေကို နောက်ကြောင်းပြန်ရင်းနဲ့ ဘာတွေဖြစ်ခဲ့တာလည်း ဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Jennifer Carpenter ၊ Laura Linney နဲ့ Tom Wilkinson တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။

(2) From Hell
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၀၁ ခုနှစ်မှာ ထွက်ခဲ့တာ ဖြစ်ပြီးတော့ IMDb (6.8) ရထားပါတယ်။ ဒီဇာတ်လမ်းကတော့ ၁၈၈၀ ခုနှစ်နောက်ပိုင်းမှာ လန်ဒန်မြို့ထဲက အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့တဲ့ Jack the Ripper ရဲ့ အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Johnny Depp ကတော့ အဲ့ဒီလူသတ်မှုတွေကို လိုက်လံစုံစမ်းနေတဲ့ ရဲအရာရှိနေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(1) Zodiac
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၀၇ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.7) ရရှိထားပါတယ်။ Zodiac ဆိုတာကတော့ ၁၉၆၀နှောင်းပိုင်းလောက်က ကယ်လီဖိုးနီးယားပြည်နယ် မြောက်ဘက်ပိုင်းမှာ  အကြမ်းဖက်၊ ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တဲ့ ကွင်းဆက်လူသတ်သမား တစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒီလူသတ်သမားဟာ ဖြစ်ရိုးဖြစ်စဉ်အတိုင်း လူတွေလျှောက်သတ်ရုံတင် မဟုတ်ဘဲ အဲ့ဒီ့နယ်တစ်ဝိုက်က သတင်းဌာနတွေကို ခြိမ်းခြောက်စာတွေ၊ အပြစ်ဝန်ခံတဲ့စာတွေနဲ့ ဝှက်စာတွေ ပေးပို့ပြီး သူ့အမှုကိုလိုက်နေတဲ့ ရဲတွေကိုပါ မထိတထိ လုပ်တတ်သူ ဖြစ်ပါတယ်။ Jake Gyllenhaal ၊ Mark Ruffalo နဲ့ Robert Downey Jr. တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Horror ႐ုပ္ရွင္ေတြအမ်ားစုဟာ အရင္တုန္းက လူေတြေျပာခဲ့ၾကတဲ့ ပုံျပင္ေတြနဲ႔ ဒ႑ာရီေတြကို အေျခခံၿပီး ႐ိုက္ကူးၾကသလို စိတ္ကူးယဥ္ဝတၳဳေတြကို အေျခခံၿပီး ႐ိုက္ကူးၾကတဲ့ ဇာတ္လမ္းေတြလည္း ရွိပါတယ္။ အဲ့လိုမ်ိဴး Horror ႐ုပ္ရွင္ေတြအမ်ားႀကီးထဲမွာမွ တကယ့္ျဖစ္ရပ္မွန္ကို အေျခခံၿပီးေတာ့ ႐ိုက္ကူးထားတဲ့ ဇာတ္လမ္းေတြဆိုရင္ေတာ့ ပရိသတ္ေတြဟာ ပိုၿပီးေတာ့ ႀကိဳက္ႏွစ္သက္ေလ့ရွိၾကပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ တကယ့္ျဖစ္ရပ္မွန္ေတြကို အေျခခံၿပီး ႐ိုက္ကူးထားတဲ့ ဇာတ္လမ္းေကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) The Haunting in Connecticut
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၀၉ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (5.9) ရထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Campbell မိသားစုဟာ သူတို႔သားရဲ႕ က်န္းမာေရးအေျခအေနေၾကာင့္ Connecticut ျပည္နယ္မွာရွိတဲ့ အိမ္အသစ္ကို ေ႐ႊ႕ေျပာင္းခဲ့ရပါတယ္။ ဒါေပမယ့္လည္း သိပ္မၾကာခင္မွာပဲ သူတို႔ဟာ သဘာဝလြန္ျဖစ္ရပ္ေတြကို ႀကဳံေတြ႕ခဲ့ရတဲ့အျပင္ အဲ့ဒီအိမ္ရဲ႕ အရင္ကမေကာင္းတဲ့ သမိုင္းေၾကာင္းေတြကိုပါ သိခဲ့ရပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Virginia Madsen ၊ Kyle Gallner နဲ႔ Elias Koteas တို႔က အဓိကပါဝင္ ထားပါတယ္။

(6) The Amityville Horror
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၀၅ ခုႏွစ္မွာ ထြက္ခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (6.0) ရရွိထားပါတယ္။ ဒီဇာတ္လမ္းကေတာ့ ၁၉၇၉ ခုႏွစ္တုန္းက ထြက္ထားတဲ့ ဇာတ္လမ္းကို အသစ္ျပန္လည္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ဇနီးေမာင္ႏွံႏွစ္ေယာက္ဟာ သူတို႔ရဲ႕ သားသမီးေတြနဲ႔ အိမ္အသစ္ကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ေျပာင္းေ႐ြ႕လာခဲ့ပါတယ္။ ကံမေကာင္းစြာနဲ႔ပဲ အဲ့ဒီအိမ္ထဲမွာ ရွင္းျပလို႔မရတဲ့ ျဖစ္ရပ္ေတြ ျဖစ္ေပၚလာတဲ့အခ်ိန္မွာေတာ့ သူတို႔ရဲ႕ေပ်ာ္႐ႊင္မႈေတြဟာ အဆုံးသတ္သြားခဲ့ပါတယ္။ Ryan Reynolds နဲ႔ Melissa George တို႔က‌ အဓိကပါဝင္ သ႐ုပ္ေဆာင္ထားပါတယ္။

(5) Wolf Creek
photo via screenrant

ဒီဇာတ္လမ္းကလည္း ၂၀၀၅ ခုႏွစ္မွာ ထြက္ခဲ့တာ ျဖစ္ၿပီး IMDb (6.2) ရရွိထားပါတယ္။ ၁၉၈၉ခုႏွစ္ကေန ၁၉၉၃ခုႏွစ္အတြင္း ဩစေတ်းလ်ႏိုင္ငံရဲ႕ လူသူမနီး ေဝးလံေခါင္သီတဲ့ေနရာမွာ ခရီးသြားေတြ အမ်ားအျပား အသတ္ခံခဲ့ရတဲ့ အမႈကို ျပန္လည္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ေတာင္တက္ဖို႔ လာတဲ့ ခရီးသြားသုံးေယာက္ဟာ ကားပ်က္သြားတာေၾကာင့္ Wolf Creek လို႔ေခၚတဲ့ ပန္းၿခံထဲမွာ ဒုကၡေရာက္ေနခဲ့ပါတယ္။ ဒါေပမယ့္လည္း သူတို႔မသိတဲ့အရာတစ္ခုကေတာ့ ဒီထက္အမ်ားႀကီးဆိုး႐ြားတဲ့ ဒုကၡေတြဟာ သူတို႔ကို ေစာင့္ေနတယ္ ဆိုတာပါပဲ။ John Jarratt ၊ Cassandra Magrath နဲ႔ Kestie Morassi တို႔က အဓိကပါဝင္ သ႐ုပ္ေဆာင္ထားပါတယ္။

(4) The Monthman Prophecies
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၀၂ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (6.4) ရထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ သတင္းေထာက္ တစ္ေယာက္ဟာ Virginia ၿမိဳ႕အေနာက္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ ထူးဆန္းတဲ့ အျဖစ္အပ်က္ေတြကို စုံစမ္းဖို႔အတြက္ ေရာက္လာခဲ့ပါတယ္။ အဲ့ဒီထူးဆန္းတဲ့ အျဖစ္အပ်က္ေတြကေတာ့ ထူးဆန္းတဲ့ အရာတစ္ခုဟာ အဲ့ဒီေနရာမွာ ေပၚေပါက္လာတဲ့အျပင္ တစ္ျခားရွင္းျပလို႔မရတဲ့ ျဖစ္ရပ္ေတြလည္း ပါဝင္ပါတယ္။ သ႐ုပ္ေဆာင္ေတြအေနနဲ႔ကေတာ့ Richard Gere နဲ႔ Laura Linney တို႔က အဓိကပါဝင္ သ႐ုပ္ေဆာင္ထားပါတယ္။

(3) The Exorcism of Emily Rose
photo via screenrant

ဒီဇာတ္ကားကလည္း  ၂၀၀၅ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (6.7) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ဝိဉာဥ္ပူးကပ္ေနတဲ့ ေကာင္မေလးတစ္ေယာက္ကို ဘုန္းေတာ္ႀကီးတစ္ပါးက အပႏွင္ေနရင္းနဲ႔ ေသဆုံးသြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ အမႈျဖစ္ပြားၿပီး အဲ့ဒီဘုန္းေတာ္ႀကီးဟာ တရားရင္ဆိုင္ရပါေတာ့တယ္။ စစျပခ်င္းမွာေတာ့ ဘုန္းေတာ္ႀကီးကို တရားခြင္မွာ စစ္ေဆးေနတဲ့ အခန္းကစျပၿပီး ဘုန္းေတာ္ႀကီးက ျပန္ေျဖတာေတြကို ေနာက္ေၾကာင္းျပန္ရင္းနဲ႔ ဘာေတြျဖစ္ခဲ့တာလည္း ဆိုတာကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ Jennifer Carpenter ၊ Laura Linney နဲ႔ Tom Wilkinson တို႔က အဓိကပါဝင္ သ႐ုပ္ေဆာင္ထားပါတယ္။

(2) From Hell
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၀၁ ခုႏွစ္မွာ ထြက္ခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (6.8) ရထားပါတယ္။ ဒီဇာတ္လမ္းကေတာ့ ၁၈၈၀ ခုႏွစ္ေနာက္ပိုင္းမွာ လန္ဒန္ၿမိဳ႕ထဲက အျပစ္မဲ့ျပည္သူေတြကို ရက္ရက္စက္စက္ သတ္ျဖတ္ပစ္ခဲ့တဲ့ Jack the Ripper ရဲ႕ အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ Johnny Depp ကေတာ့ အဲ့ဒီလူသတ္မႈေတြကို လိုက္လံစုံစမ္းေနတဲ့ ရဲအရာရွိေနရာက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(1) Zodiac
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ၂၀၀၇ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.7) ရရွိထားပါတယ္။ Zodiac ဆိုတာကေတာ့ ၁၉၆၀ေႏွာင္းပိုင္းေလာက္က ကယ္လီဖိုးနီးယားျပည္နယ္ ေျမာက္ဘက္ပိုင္းမွာ  အၾကမ္းဖက္၊ ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္ခဲ့တဲ့ ကြင္းဆက္လူသတ္သမား တစ္ေယာက္ ျဖစ္ပါတယ္။ အဲ့ဒီလူသတ္သမားဟာ ျဖစ္႐ိုးျဖစ္စဥ္အတိုင္း လူေတြေလွ်ာက္သတ္႐ုံတင္ မဟုတ္ဘဲ အဲ့ဒီ့နယ္တစ္ဝိုက္က သတင္းဌာနေတြကို ၿခိမ္းေျခာက္စာေတြ၊ အျပစ္ဝန္ခံတဲ့စာေတြနဲ႔ ဝွက္စာေတြ ေပးပို႔ၿပီး သူ႔အမႈကိုလိုက္ေနတဲ့ ရဲေတြကိုပါ မထိတထိ လုပ္တတ္သူ ျဖစ္ပါတယ္။ Jake Gyllenhaal ၊ Mark Ruffalo နဲ႔ Robert Downey Jr. တို႔က အဓိကပါဝင္ သ႐ုပ္ေဆာင္ထားပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular