HomeEntertainmentFilmHorror ကြိုက်သူတိုင်း ကြည့်သင့်တဲ့ horror ဇာတ်လမ်းတွဲများ

Horror ကြိုက်သူတိုင်း ကြည့်သင့်တဲ့ horror ဇာတ်လမ်းတွဲများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ရုပ်ရှင်တွေထဲမှာ အမျိုးအစားရှိသလို Horror အမျိုးအစားထဲမှာမှ အမျိုးအစားတွေ အများကြီးထပ်ပြီး ရှိပါသေးတယ်။ ဥပမာ – American Horror Story တို့လို jump scare တွေမပါဘဲ ကြောက်စရာကောင်းတဲ့ horror လိုမျိုး၊ Stranger Things တို့လို စိတ်ကူးယဉ်သိပ္ပံနဲ့ horror ကို ရောထားတာမျိုးအပြင် နောက်ထပ်အများကြီးရှိပါသေးတယ်။ အဲ့ဒါကြောင့် ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ဒီတစ်ခါမှာတော့ horror ဇာတ်လမ်းတွဲကောင်းကောင်းလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

(7) AMERICAN HORROR STORY
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၁ ခုနှစ်ကထွက်ခဲ့ပြီး IMDb (8.0) ရထားပြီးတော့ အခုချိန်ထိ ဆက်ပြီးထွက်နေဆဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ season (၉) ခုထွက်ထားပြီးတော့ season တစ်ခုဆီတိုင်းမှာ မတူညီတဲ့နေရာတွေနဲ့ မတူညီတဲ့ဇာတ်လမ်းတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် horror ဇာတ်လမ်းတွဲတွေထဲက အအောင်မြင်ဆုံးတွေထဲက တစ်ခုလို့ပြောလို့ရပြီးတော့ jump scare တွေမပါဘဲ သင့်ကို ကျောရိုးထဲထိ စိမ့်နေအောင် ခံစားရစေမယ့် ဇာတ်လမ်းတွဲတစ်ခုပါ။

(6) BATES MOTEL
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၃ ခုနှစ်ကထွက်ခဲ့တာဖြစ်ပြီး IMDb (8.1) ရထားပြီးတော့ ၂၀၁၇ ခုနှစ်မှာ ဇာတ်သိမ်းခဲ့ပါတယ်။ ဇာတ်လမ်းကတော့ Norman Bates နဲ့ သူ့ရဲ့အမေအကြောင်းကို ရိုက်ထားဖြစ်ပြီးတော့ ၁၉၆၀ ခုနှစ်ကထွက်ခဲ့တဲ့ Psycho ဆိုတဲ့ horror ကားရဲ့ prequel ဖြစ်ပါတယ်။

သူတို့သားအမိနှစ်ယောက်ဟာ ကမ်းခြေမြို့လေးတစ်မြို့ဖြစ်တဲ့ White Pine Bay ကိုပြောင်းလာခဲ့ပါတယ်။ အဲ့နောက်မှာတော့ သူ့ရဲ့အမေဟာ မိုတယ်တစ်ခုဝယ်ပြီး စီးပွားရေးလုပ်ကာ ဘဝကို အသစ်ကပြန်စခဲ့ကြပါတယ်။ ဒါပေမဲ့သူတို့ရဲ့ အိမ်နီးနားချင်းတွေက ပုံမှန်မဟုတ်တာကြောင့် သူ့ရဲ့သားလေးကို ကာကွယ်ရပါတော့တယ်။

(5) PENNY DREADFUL
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၄ ခုနစ်ကထွက်ခဲ့တာဖြစ်ပြီး IMDb (8.2) ရထားပြီးတော့ ၂၀၁၆ ခုနှစ်မှာ ဇာတ်သိမ်းခဲ့ပါတယ်။ ဇာတ်လမ်းကတော့ Vanessa Ives ဟာ လူသတ်သမားတစ်ယောက်ကို စုံစမ်းဖို့အတွက် သေနတ်သမားတစ်ယောက်ဖြစ်တဲ့ Ethan Chandler ၊ စူးစမ်းလေ့လာသူ Sir Malcolm Murray နဲ့ သိပ္ပံပညာရှင် တစ်ယောက်ဖြစ်တဲ့  Victor Frankenstein တို့ကို စုစည်းပြီးတော့ အဖွဲ့ဖွဲ့လိုက်ပါတယ်။ အဲ့လိုမျိုး စုံစမ်းနေရင်းနဲ့ သူတို့အုပ်စုရဲ့ပစ်မှတ်ဟာ လူသားမဟုတ်တဲ့ အရာတစ်ခုမှန်း သိလိုက်ရပါတော့တယ်။

(4) THE WALKING DEAD
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၀ ခုနှစ်က ထွက်ခဲ့တာဖြစ်ပြီး IMDb (8.2) ရထားပြီးတော့ အခုချိန်ထိ ဆက်ပြီးထွက်နေဆဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ လူတော်တော်များများသိကြတာကြောင့် သိပ်ပြီး အများကြီးပြောဖို့လိုမယ်မထင်ပါဘူး။

ဇာတ်လမ်းကတော့ ရဲအရာရှိတစ်ယောက် ဖြစ်တဲ့ Rick Grimes ဟာ ကိုမာကနေနှိုးထလာနိုင်တဲ့အချိန်မှာ လူသားတွေတော်တော်များများဟာ ဇွန်ဘီတွေဖြစ်ကုန်ကြတာကို သိလိုက်ရပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ လုံခြုံတဲ့နေရာကို လိုက်ရှာရင်းနဲ့ တစ်ခြားအသက်ရှင်ကျန်သူတွေနဲ့တွေ့လိုက်ရပါတယ်။ အဲ့နောက်မှာတော့ သူက တစ်ခြားသူတွေကို ဦးဆောင်ပြီးတော့ လုံခြုံတဲ့နေရာကို ရှာဖို့အတွက် ခရီးထွက်ရပါတော့တယ်။

(3) THE HAUNTING OF HILL HOUSE
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး IMDb (8.7) ရထားပြီးတော့ season တစ်ခုပဲထွက်ပါသေးတယ်။ ဇာတ်လမ်းကတော့ မိသားစုတစ်စုဟာ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ အိမ်ကြီးမှာ နေထိုင်ခဲ့ကြပြီးတော့ ကလေးတွေဟာလည်း ကြီးပြင်းလာခဲ့ပါတယ်။

အဲ့ဒီအိမ်မှာ သူတို့ဟာ ငယ်ငယ်တည်းက ဒုက္ခတွေမျိုးစုံခံစားခဲ့ရပေမယ့် သူတို့အရွယ်ရောက်လာတဲ့အချိန်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် အဲ့ဒီအိမ်ကြီးကို ပြန်ပြီးသွားဖို့ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအိမ်ကြီးမှာနေခဲ့တဲ့အချိန်တွေနဲ့ လက်ရှိအချိန်ကို ယှဉ်ပြီး ရိုက်ပြထားတာကို ကြည့်ရှုရမှာဖြစ်ပြီး ကျွန်တော်တို့ကြည့်နေကျ ပုံမှန်သရဲကားတွေနဲ့ မတူဘဲ လုံးဝကို ကွဲပြားတဲ့ ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။

(2) STRANGER THINGS
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး IMDb (8.8) ရထားပြီးတော့ ဆက်လက်ထွက်ရှိနေဆဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Indiana ပြည်နယ်မှာ ရှိတဲ့ မြို့လေးတစ်မြို့မှာ စိတ်စွမ်းအင်တစ်မျိုးကို ပိုင်ဆိုင်ထားတဲ့ ကောင်မလေးတစ်ယောက် ပေါ်လာတဲ့အခါမှာတော့ သူနဲ့အတူ ကမ္ဘာကြီးကိုပါ ဖျက်စီးပစ်နိုင်တဲ့ အရာတစ်ခုပါလာခဲ့ပါတယ်။ အဲ့နောက်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရမှာ ဖြစ်ပြီးတော့ ပုံမှန်ဇာတ်ကားတွေနဲ့မတူဘဲ ဇာတ်ဆောင်တွေအကုန်လုံးက ကလေးတွေဖြစ်ပါတယ်။

(1) BLACK MIRROR
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး IMDb (8.8) ရထားပြီးတော့ ဆက်လက်ထွက်ရှိနေဆဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကလည်း Stranger Things လိုမျိုး စိတ်ကူးယဉ်သိပ္ပံနဲ့ horror ကို ရောထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နည်းပညာတွေ အရမ်းကို ဖွံ့ဖြိုးတိုးတက်နေတဲ့ ခေတ်အကြောင်းကို ရိုက်ထားတာ ဖြစ်ပါတယ်။

အဲ့လိုမျိုး နည်းပညာတွေတိုးတက်လာတာနဲ့ လူသားတွေဟာလည်း ဘယ်လိုမျိုးတွေ ပြောင်းလဲသွားမလည်းဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပြီးတော့ အရင်ကကျွန်တော်တို့ ကြည့်ဖူးခဲ့တဲ့ နည်းပညာတွေတိုးတက်နေတဲ့ ခေတ်သစ်ကြီးတေွ အကြောင်းကို ရိုက်ထားတာနဲ့ လုံးဝကို မတူတဲ့ ခံစားမှုကို ရမှာဖြစ်ပါတယ်။

Lego Les
(Zawgyi version)

႐ုပ္ရွင္ေတြထဲမွာ အမ်ိဳးအစားရွိသလို Horror အမ်ိဳးအစားထဲမွာမွ အမ်ိဳးအစားေတြ အမ်ားႀကီးထပ္ၿပီး ရွိပါေသးတယ္။ ဥပမာ – American Horror Story တို႔လို jump scare ေတြမပါဘဲ ေၾကာက္စရာေကာင္းတဲ့ horror လိုမ်ိဳး၊ Stranger Things တို႔လို စိတ္ကူးယဥ္သိပၸံနဲ႔ horror ကို ေရာထားတာမ်ိဳးအျပင္ ေနာက္ထပ္အမ်ားႀကီးရွိပါေသးတယ္။ အဲ့ဒါေၾကာင့္ ႐ုပ္ရွင္ခ်စ္ ပရိသတ္ေတြအတြက္ ဒီတစ္ခါမွာေတာ့ horror ဇာတ္လမ္းတြဲေကာင္းေကာင္းေလးေတြနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။

(7) AMERICAN HORROR STORY
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၁ ခုႏွစ္ကထြက္ခဲ့ၿပီး IMDb (8.0) ရထားၿပီးေတာ့ အခုခ်ိန္ထိ ဆက္ၿပီးထြက္ေနဆဲျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲထဲမွာေတာ့ season (၉) ခုထြက္ထားၿပီးေတာ့ season တစ္ခုဆီတိုင္းမွာ မတူညီတဲ့ေနရာေတြနဲ႔ မတူညီတဲ့ဇာတ္လမ္းေတြကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ horror ဇာတ္လမ္းတြဲေတြထဲက အေအာင္ျမင္ဆုံးေတြထဲက တစ္ခုလို႔ေျပာလို႔ရၿပီးေတာ့ jump scare ေတြမပါဘဲ သင့္ကို ေက်ာ႐ိုးထဲထိ စိမ့္ေနေအာင္ ခံစားရေစမယ့္ ဇာတ္လမ္းတြဲတစ္ခုပါ။

(6) BATES MOTEL
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၃ ခုႏွစ္ကထြက္ခဲ့တာျဖစ္ၿပီး IMDb (8.1) ရထားၿပီးေတာ့ ၂၀၁၇ ခုႏွစ္မွာ ဇာတ္သိမ္းခဲ့ပါတယ္။ ဇာတ္လမ္းကေတာ့ Norman Bates နဲ႔ သူ႔ရဲ႕အေမအေၾကာင္းကို ႐ိုက္ထားျဖစ္ၿပီးေတာ့ ၁၉၆၀ ခုႏွစ္ကထြက္ခဲ့တဲ့ Psycho ဆိုတဲ့ horror ကားရဲ႕ prequel ျဖစ္ပါတယ္။

သူတို႔သားအမိႏွစ္ေယာက္ဟာ ကမ္းေျခၿမိဳ႕ေလးတစ္ၿမိဳ႕ျဖစ္တဲ့ White Pine Bay ကိုေျပာင္းလာခဲ့ပါတယ္။ အဲ့ေနာက္မွာေတာ့ သူ႔ရဲ႕အေမဟာ မိုတယ္တစ္ခုဝယ္ၿပီး စီးပြားေရးလုပ္ကာ ဘဝကို အသစ္ကျပန္စခဲ့ၾကပါတယ္။ ဒါေပမဲ့သူတို႔ရဲ႕ အိမ္နီးနားခ်င္းေတြက ပုံမွန္မဟုတ္တာေၾကာင့္ သူ႔ရဲ႕သားေလးကို ကာကြယ္ရပါေတာ့တယ္။

(5) PENNY DREADFUL
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၄ ခုနစ္ကထြက္ခဲ့တာျဖစ္ၿပီး IMDb (8.2) ရထားၿပီးေတာ့ ၂၀၁၆ ခုႏွစ္မွာ ဇာတ္သိမ္းခဲ့ပါတယ္။ ဇာတ္လမ္းကေတာ့ Vanessa Ives ဟာ လူသတ္သမားတစ္ေယာက္ကို စုံစမ္းဖို႔အတြက္ ေသနတ္သမားတစ္ေယာက္ျဖစ္တဲ့ Ethan Chandler ၊ စူးစမ္းေလ့လာသူ Sir Malcolm Murray နဲ႔ သိပၸံပညာရွင္ တစ္ေယာက္ျဖစ္တဲ့  Victor Frankenstein တို႔ကို စုစည္းၿပီးေတာ့ အဖြဲ႕ဖြဲ႕လိုက္ပါတယ္။ အဲ့လိုမ်ိဳး စုံစမ္းေနရင္းနဲ႔ သူတို႔အုပ္စုရဲ႕ပစ္မွတ္ဟာ လူသားမဟုတ္တဲ့ အရာတစ္ခုမွန္း သိလိုက္ရပါေတာ့တယ္။

(4) THE WALKING DEAD
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၀ ခုႏွစ္က ထြက္ခဲ့တာျဖစ္ၿပီး IMDb (8.2) ရထားၿပီးေတာ့ အခုခ်ိန္ထိ ဆက္ၿပီးထြက္ေနဆဲ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲကိုေတာ့ လူေတာ္ေတာ္မ်ားမ်ားသိၾကတာေၾကာင့္ သိပ္ၿပီး အမ်ားႀကီးေျပာဖို႔လိုမယ္မထင္ပါဘူး။

ဇာတ္လမ္းကေတာ့ ရဲအရာရွိတစ္ေယာက္ ျဖစ္တဲ့ Rick Grimes ဟာ ကိုမာကေနႏႈိးထလာႏိုင္တဲ့အခ်ိန္မွာ လူသားေတြေတာ္ေတာ္မ်ားမ်ားဟာ ဇြန္ဘီေတြျဖစ္ကုန္ၾကတာကို သိလိုက္ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ လုံၿခဳံတဲ့ေနရာကို လိုက္ရွာရင္းနဲ႔ တစ္ျခားအသက္ရွင္က်န္သူေတြနဲ႔ေတြ႕လိုက္ရပါတယ္။ အဲ့ေနာက္မွာေတာ့ သူက တစ္ျခားသူေတြကို ဦးေဆာင္ၿပီးေတာ့ လုံၿခဳံတဲ့ေနရာကို ရွာဖို႔အတြက္ ခရီးထြက္ရပါေတာ့တယ္။

(3) THE HAUNTING OF HILL HOUSE
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ခဲ့တာျဖစ္ၿပီး IMDb (8.7) ရထားၿပီးေတာ့ season တစ္ခုပဲထြက္ပါေသးတယ္။ ဇာတ္လမ္းကေတာ့ မိသားစုတစ္စုဟာ သရဲေျခာက္တယ္လို႔ နာမည္ႀကီးတဲ့ အိမ္ႀကီးမွာ ေနထိုင္ခဲ့ၾကၿပီးေတာ့ ကေလးေတြဟာလည္း ႀကီးျပင္းလာခဲ့ပါတယ္။

အဲ့ဒီအိမ္မွာ သူတို႔ဟာ ငယ္ငယ္တည္းက ဒုကၡေတြမ်ိဳးစုံခံစားခဲ့ရေပမယ့္ သူတို႔အ႐ြယ္ေရာက္လာတဲ့အခ်ိန္မွာေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အဲ့ဒီအိမ္ႀကီးကို ျပန္ၿပီးသြားဖို႔ျဖစ္လာခဲ့ပါတယ္။ အဲ့ဒီအိမ္ႀကီးမွာေနခဲ့တဲ့အခ်ိန္ေတြနဲ႔ လက္ရွိအခ်ိန္ကို ယွဥ္ၿပီး ႐ိုက္ျပထားတာကို ၾကည့္ရႈရမွာျဖစ္ၿပီး ကြၽန္ေတာ္တို႔ၾကည့္ေနက် ပုံမွန္သရဲကားေတြနဲ႔ မတူဘဲ လုံးဝကို ကြဲျပားတဲ့ ဇာတ္လမ္းတြဲတစ္ခုပဲ ျဖစ္ပါတယ္။

(2) STRANGER THINGS
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၆ ခုႏွစ္မွာ ထြက္ခဲ့တာျဖစ္ၿပီး IMDb (8.8) ရထားၿပီးေတာ့ ဆက္လက္ထြက္ရွိေနဆဲ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ Indiana ျပည္နယ္မွာ ရွိတဲ့ ၿမိဳ႕ေလးတစ္ၿမိဳ႕မွာ စိတ္စြမ္းအင္တစ္မ်ိဳးကို ပိုင္ဆိုင္ထားတဲ့ ေကာင္မေလးတစ္ေယာက္ ေပၚလာတဲ့အခါမွာေတာ့ သူနဲ႔အတူ ကမာၻႀကီးကိုပါ ဖ်က္စီးပစ္ႏိုင္တဲ့ အရာတစ္ခုပါလာခဲ့ပါတယ္။ အဲ့ေနာက္မွာ ဘာေတြဆက္ျဖစ္မလဲဆိုတာကို ၾကည့္ရမွာ ျဖစ္ၿပီးေတာ့ ပုံမွန္ဇာတ္ကားေတြနဲ႔မတူဘဲ ဇာတ္ေဆာင္ေတြအကုန္လုံးက ကေလးေတြျဖစ္ပါတယ္။

(1) BLACK MIRROR
photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၁ ခုႏွစ္မွာ ထြက္ခဲ့တာျဖစ္ၿပီး IMDb (8.8) ရထားၿပီးေတာ့ ဆက္လက္ထြက္ရွိေနဆဲ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲကလည္း Stranger Things လိုမ်ိဳး စိတ္ကူးယဥ္သိပၸံနဲ႔ horror ကို ေရာထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ နည္းပညာေတြ အရမ္းကို ဖြံ႕ၿဖိဳးတိုးတက္ေနတဲ့ ေခတ္အေၾကာင္းကို ႐ိုက္ထားတာ ျဖစ္ပါတယ္။

အဲ့လိုမ်ိဳး နည္းပညာေတြတိုးတက္လာတာနဲ႔ လူသားေတြဟာလည္း ဘယ္လိုမ်ိဳးေတြ ေျပာင္းလဲသြားမလည္းဆိုတာကို ၾကည့္ရႈရမွာ ျဖစ္ၿပီးေတာ့ အရင္ကကြၽန္ေတာ္တို႔ ၾကည့္ဖူးခဲ့တဲ့ နည္းပညာေတြတိုးတက္ေနတဲ့ ေခတ္သစ္ႀကီးေတြ အေၾကာင္းကို ႐ိုက္ထားတာနဲ႔ လုံးဝကို မတူတဲ့ ခံစားမႈကို ရမွာျဖစ္ပါတယ္။

Lego Les
RELATED ARTICLES

Most Popular