HomeEntertainmentFilmHot Dog လက်ချောင်းတွေ အပါအဝင် EEAAO ထဲက ပစ္စည်းတွေကို လေလံတင်သွားမယ့် A24

Hot Dog လက်ချောင်းတွေ အပါအဝင် EEAAO ထဲက ပစ္စည်းတွေကို လေလံတင်သွားမယ့် A24

စတူဒီယို A24 ဟာ ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ Hot Dog လက်ချောင်းတွေ အပါအဝင် Everything Everywhere All at Once ရုပ်ရှင်ထဲက ပစ္စည်းတွေကို လေလံတင်သွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ကိုတော့ Daniel Kwan နဲ့ Daniel Scheinert တို့က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ပရိသတ်တွေကြားမှာလည်း အောင်မြင်မှုတွေ ရရှိခဲ့သလို အော်စကာဆု (၁၁)ဆုအတွက်လည်း စံကာတင် ရွေးချယ်ခံထားရပါသေးတယ်။

photo credit A24

ဒီရုပ်ရှင်ထဲမှာတော့ Multiverse အကြောင်းအရာကို ပြသထားပြီး Multiverse ထဲမှာ သွားလာဖို့အတွက် သာမန်လူတွေလုပ်ဖို့ စဉ်းတောင်မစဉ်းစားမိလောက်တဲ့ အရာတွေကို ပြုလုပ်ရပါတယ်။ ဒါကြောင့်ပဲ ဇာတ်ကောင်တွေဟာ ကြောင်တောင်တောင်နိုင်တဲ့ လုပ်ရပ်တွေကို ပြုလုပ်ခဲ့ရပါတယ်။၊ ဥပမာပြောရရင် လူတစ်ယောက်ဟာ Multiverse ကို ခရီးသွားဖို့အတွက် အနားမှာရှိတဲ့ ဆုတစ်ခုအပေါ်ကို ထိုင်ချပစ်တာမျိူးတွေ ဖြစ်ပါတယ်။

စတူဒီယို A24 ဟာ ဖေဖော်ဝါရီလ (၂၃)ရက်နေ့ အနောက်တိုင်းစံတော်ချိန် မနက် (၁၀)နာရီမှာ Everything Everywhere All at Once ရုပ်ရှင်ထဲက ပစ္စည်းတွေကို လေလံတင်သွားမှာ ဖြစ်ပါတယ်။ လေလံတင်သွားမယ့် ပစ္စည်းတွေထဲမှာတော့ Hot Dog လက်ချောင်းတွေ၊ အပေါ်မှာ ဖော်ပြထားတဲ့ ဆုတွေနဲ့ အခြားသော ဝတ်စုံတွေ၊ ပစ္စည်းတွေများစွာ ပါဝင်နေပါတယ်။

photo credit A24

ဒီရုပ်ရှင်ကတော့ ၂၀၂၂ ခုနှစ်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲမှာ ပါဝင်ပြီး အော်စကာဆုလည်း ရရှိသွားနိုင်တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ဟာ စတူဒီယို A24 အတွက် ဝင်ငွေအများဆုံး ရရှိထားတဲ့ ရုပ်ရှင်လည်း ဖြစ်ပါသေးတယ်။ ဒီလေလံပွဲမှာ ပါဝင်ကြမယ့်သူတွေဟာ Indie ရုပ်ရှင်တွေ ဖန်တီးနေတဲ့ စတူဒီယို A24 ကို Support လုပ်ပြီးသား ဖြစ်သလို မိမိကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ထဲက ပစ္စည်းတစ်ခုခုကိုလည်း အမှတ်တရ သိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ပရိသတ်တွေကတော့ ရိုက်ကွင်းပေါ်မှာ အသုံးပြုခဲ့တဲ့ Props တွေကို အပြိုင်အဆိုင် လေလံဆွဲကြဦးမယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular