HomeEntertainmentFilmအပိုင်း(၁)မှာတင် ကြည့်ရှုသူ(၁၀)သန်းနဲ့ စံချိန်တင်သွားတဲ့ House of the Dragon

အပိုင်း(၁)မှာတင် ကြည့်ရှုသူ(၁၀)သန်းနဲ့ စံချိန်တင်သွားတဲ့ House of the Dragon

Westeros ကတော့ HBO ရုပ်သံလိုင်းကို ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဩဂုတ်လ(၂၁)ရက်နေ့မှာ premiere စတင်ပြသခဲ့တဲ့ House of the Dragon ကတော့ တကယ့် ပရိသတ်ပေါင်းများစွာကို ပြန်လည်ယူဆောင်လာခဲ့ပြန်ပါပြီ။

Warner Bros. Discovery ရဲ့ ထုတ်ပြန်ချက်အရ House of the Dragon ဇာတ်လမ်းတွဲဟာ အပိုင်း(၁) ထုတ်လွှင့်အပြီး HBO နဲ့ HBO Max နှစ်ခုပေါင်းမှာ ကြည့်ရှုသူ (၉.၉)သန်းကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကတော့ စတင်ထုတ်လွှင့်ခဲ့တဲ့ ညပိုင်းမှာ HBO ရုပ်သံလိုင်းနဲ့ HBO Max မှာ streaming ပြသခဲ့တဲ့ စုစုပေါင်းပမာဏလို့ သိရပါတယ်။

Photo Credit: HBO

ဒါဟာ pay TV channel တွေရဲ့ သမိုင်းတလျှောက် အကြီးမားဆုံး ကြည့်ရှုနှုန်းအဖြစ်လည်း စံချိန်တင်သွားပါတယ်။ ဒါတင်မက streaming ပြသတဲ့ခေတ် မတိုင်ခင်က စံချိန်ရှိထားတဲ့ ကြည့်ရှုနှုန်းတွေကိုပါ ကျော်တက်သွားတာလို့လည်း သိရပါတယ်။

Game of Thrones (GoT) ဇာတ်လမ်းတွဲကတော့ HBO ရုပ်သံလိုင်းရဲ့ အအောင်မြင်ဆုံး စီးရီးအဖြစ် ရပ်တည်နေဆဲဖြစ်ပေမယ့် သူ့ရဲ့ prequel ဇာတ်လမ်းတွဲ ဖြစ်တဲ့ House of the Dragon ကတော့ GoT ရဲ့ premiere ပြသစဉ်က စံချိန်ကိုပါ ကျော်တက်သွားပြီ ဖြစ်ပါတယ်။

Photo Credit: HBO

GoT ကတော့ ၂၀၁၁ ခုနှစ်မှာ စတင်ထုတ်လွှင့်ခဲ့တာ ဖြစ်ပြီး အပိုင်း(၁)မှာတော့ ကြည့်ရှုသူ (၄.၂)သန်းကျော် ရှိခဲ့ပါတယ်။ သို့သော်လည်း GoT ဟာ သူ့ရဲ့နောက်ဆုံး season ရဲ့ အပိုင်း(၁) premiere မှာတော့ ကြည့်ရှုသူ (၁၇.၉)သန်းကျော် ရှိခဲ့တာကြောင့် House of the Dragon ဟာ ဒီစံချိန်ကိုတော့ ချိုးဖျက်နိုင်ဦးမှာလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

House of the Dragon ဇာတ်လမ်းတွဲကတော့ စာရေးဆရာကြီး George R. R. Martin ရဲ့ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Fire And Blood ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Game of Thrones ထဲက အဖြစ်အပျက်တွေမတိုင်ခင် နှစ်ပေါင်း(၂၀၀)မှာ အခြေတည်ထားပြီး Targaryen အိမ်တော် မပျက်စီးသေးခင် ထီးနန်းဩဇာ ရှိနေသေးတဲ့ အချိန်ကအကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Vancouver

Source: variety

 

RELATED ARTICLES

Most Popular