HomeEntertainmentFilmရုံမတင်တော့ဘဲ Amazon Prime မှာပဲ ပြသသွားမယ့် Hotel Transylvania 4

ရုံမတင်တော့ဘဲ Amazon Prime မှာပဲ ပြသသွားမယ့် Hotel Transylvania 4

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Sony ဟာ အသစ်ထွက်ရှိလာမယ့် Hotel Transylvania: Transformania ရုပ်ရှင်ကို ရုပ်ရှင်ရုံတွေမှာ မတင်တော့ဘဲ Amazon Prime ကနေပဲ ပြသသွားတော့မယ်လို့ သိရပါတယ်။

၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပထမဆုံး Hotel Transylvania ထွက်ရှိလာကတည်းက ဒီဇာတ်လမ်းဟာ Sony ရဲ့ လူကြိုက်အများဆုံး Franchise ထဲမှာ ပါဝင်ခဲ့ပါတယ်။ လေးကားမြောက်နဲ့ နောက်ဆုံးဇာတ်လမ်းဖြစ်တဲ့ Hotel Transylvania: Transformania ထဲမှာတော့ မွန်းစတားအဖြစ် ပြောင်းလဲစေတဲ့ ရောင်ခြည်ကြောင့် လူသားဖြစ်သူ Johnny က နဂါးအဖြစ် ပြောင်းလဲသွားတာကို မြင်တွေ့ရမှာပါ။ ဒါ့အပြင် Dracula နဲ့ တခြားမွန်းစတားတွေကတော့ လူသားအဖြစ် ပြောင်းလဲသွားပြီး သူတို့တွေအားလုံးအတွက် ပုံမှန်ပြန်ဖြစ်စေဖို့ ကြိုးစားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

photo via screenrant

မူလကတော့ ဒီရုပ်ရှင်ဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လ (၂၃)ရက်မှာ ရုံတင်ဖို့ စီစဉ်ထားတာ ဖြစ်ပေမယ့်လည်း ကိုဗစ်ကြောင့် အောက်တိုဘာလ (၁)ရက်နေ့ကို ပြောင်းရွေ့ခဲ့ရပါတယ်။ ဒါတင်မကသေးဘဲ သူတို့နိုင်ငံတွေမှာ ဗီဇပြောင်း ဖြစ်ပေါ်နေတဲ့ ကိုဗစ်ဗိုင်းရပ်စ်ဟာ အလွန်ဆိုးရွားနေပြီး အသက် (၁၂)နှစ်အောက် ကလေးတွေအတွက် ဆေးမရှိသေးပါဘူး။ ဒါကြောင့်ပဲ ကလေးမိဘတွေဟာ သူတို့ရဲ့ကလေးတွေကို အခုလိုချိန်မှာ ရုပ်ရှင်ရုံကို လိုက်မပို့နိုင်ကြတဲ့အတွက် Sony ဟာ ဒီဇာတ်လမ်းကို ရုံမတင်တော့ဘဲ Amazon Prime မှာ ပြသဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ အခုချိန်မှာတော့ ဒီဇာတ်လမ်းဟာ ရုံမတင်တော့ဘူး ဆိုတာ သေချာသွားပါပြီ ဖြစ်ပါတယ်။ Variety သတင်းဌာနရဲ့ ဖော်ပြချက်အရ Sony နဲ့ Amazon ဟာ ဒီဇာတ်လမ်းအတွက် ဒေါ်လာသန်းတစ်ရာနီးပါး သဘောတူညီမှု ပြုလုပ်ထားတယ်လို့ သိရပါတယ်။ အောက်တိုဘာလ (၁)ရက်နေ့မှာတော့ Hotel Transylvania နဲ့ ဆင်တူတဲ့ The Addams Family 2 ကလည်း ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ကနဦးတုန်းက စီစဉ်ထားတဲ့အတိုင်းဆိုရင် ဒီဇာတ်လမ်းနှစ်ခုဟာ ရုံတင်မယ့်ရက် တိုက်နေပြီး Box Office ဝင်ငွေအတွက် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

photo via screenrant

Hotel Transylvania ပထမဆုံး သုံးကားကတော့ Box Office မှာ ဝင်ငွေ ဒေါ်လာ (၁.၃)ဘီလျံ ရရှိထားတာကြောင့် လေးကားမြောက်ဟာလည်း ဘယ်လိုပဲဖြစ်ဖြစ် ဝင်ငွေကောင်းမယ်လို့ Sony က ယုံကြည်ထားပါတယ်။ ဒါကြောင့်ပဲ Sony ဟာ Box Office ရဲ့ အဓိကကျတဲ့ နည်းလမ်းဖြစ်တဲ့ ရုံတင်တာကိုတောင် လုံးဝမလုပ်တော့ဘူးလို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုလိုမျိူး Amazon Prime ကနေ ပြသသွားမယ် ဆိုရင်တော့ ပရိသတ်တွေအနေနဲ့ ကျန်းမာရေးအတွက် စိတ်ပူစရာမလိုတော့ဘဲ အိမ်မှာပဲ အေးအေးဆေးဆေး ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Sony ဟာ အသစ္ထြက္ရွိလာမယ့္ Hotel Transylvania: Transformania ႐ုပ္ရွင္ကို ႐ုပ္ရွင္႐ုံေတြမွာ မတင္ေတာ့ဘဲ Amazon Prime ကေနပဲ ျပသသြားေတာ့မယ္လို႔ သိရပါတယ္။

၂၀၁၂ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ ပထမဆုံး Hotel Transylvania ထြက္ရွိလာကတည္းက ဒီဇာတ္လမ္းဟာ Sony ရဲ႕ လူႀကိဳက္အမ်ားဆုံး Franchise ထဲမွာ ပါဝင္ခဲ့ပါတယ္။ ေလးကားေျမာက္နဲ႔ ေနာက္ဆုံးဇာတ္လမ္းျဖစ္တဲ့ Hotel Transylvania: Transformania ထဲမွာေတာ့ မြန္းစတားအျဖစ္ ေျပာင္းလဲေစတဲ့ ေရာင္ျခည္ေၾကာင့္ လူသားျဖစ္သူ Johnny က နဂါးအျဖစ္ ေျပာင္းလဲသြားတာကို ျမင္ေတြ႕ရမွာပါ။ ဒါ့အျပင္ Dracula နဲ႔ တျခားမြန္းစတားေတြကေတာ့ လူသားအျဖစ္ ေျပာင္းလဲသြားၿပီး သူတို႔ေတြအားလုံးအတြက္ ပုံမွန္ျပန္ျဖစ္ေစဖို႔ ႀကိဳးစားတာကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

photo via screenrant

မူလကေတာ့ ဒီ႐ုပ္ရွင္ဟာ ၂၀၂၁ ခုႏွစ္ ဇူလိုင္လ (၂၃)ရက္မွာ ႐ုံတင္ဖို႔ စီစဥ္ထားတာ ျဖစ္ေပမယ့္လည္း ကိုဗစ္ေၾကာင့္ ေအာက္တိုဘာလ (၁)ရက္ေန႔ကို ေျပာင္းေ႐ြ႕ခဲ့ရပါတယ္။ ဒါတင္မကေသးဘဲ သူတို႔ႏိုင္ငံေတြမွာ ဗီဇေျပာင္း ျဖစ္ေပၚေနတဲ့ ကိုဗစ္ဗိုင္းရပ္စ္ဟာ အလြန္ဆိုး႐ြားေနၿပီး အသက္ (၁၂)ႏွစ္ေအာက္ ကေလးေတြအတြက္ ေဆးမရွိေသးပါဘူး။ ဒါေၾကာင့္ပဲ ကေလးမိဘေတြဟာ သူတို႔ရဲ႕ကေလးေတြကို အခုလိုခ်ိန္မွာ ႐ုပ္ရွင္႐ုံကို လိုက္မပို႔ႏိုင္ၾကတဲ့အတြက္ Sony ဟာ ဒီဇာတ္လမ္းကို ႐ုံမတင္ေတာ့ဘဲ Amazon Prime မွာ ျပသဖို႔ ဆုံးျဖတ္လိုက္တာ ျဖစ္ပါတယ္။

ဒါေၾကာင့္ပဲ အခုခ်ိန္မွာေတာ့ ဒီဇာတ္လမ္းဟာ ႐ုံမတင္ေတာ့ဘူး ဆိုတာ ေသခ်ာသြားပါၿပီ ျဖစ္ပါတယ္။ Variety သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ Sony နဲ႔ Amazon ဟာ ဒီဇာတ္လမ္းအတြက္ ေဒၚလာသန္းတစ္ရာနီးပါး သေဘာတူညီမႈ ျပဳလုပ္ထားတယ္လို႔ သိရပါတယ္။ ေအာက္တိုဘာလ (၁)ရက္ေန႔မွာေတာ့ Hotel Transylvania နဲ႔ ဆင္တူတဲ့ The Addams Family 2 ကလည္း ထြက္ရွိလာမွာ ျဖစ္ပါတယ္။ ကနဦးတုန္းက စီစဥ္ထားတဲ့အတိုင္းဆိုရင္ ဒီဇာတ္လမ္းႏွစ္ခုဟာ ႐ုံတင္မယ့္ရက္ တိုက္ေနၿပီး Box Office ဝင္ေငြအတြက္ ယွဥ္ၿပိဳင္ၾကရမွာ ျဖစ္ပါတယ္။

photo via screenrant

Hotel Transylvania ပထမဆုံး သုံးကားကေတာ့ Box Office မွာ ဝင္ေငြ ေဒၚလာ (၁.၃)ဘီလ်ံ ရရွိထားတာေၾကာင့္ ေလးကားေျမာက္ဟာလည္း ဘယ္လိုပဲျဖစ္ျဖစ္ ဝင္ေငြေကာင္းမယ္လို႔ Sony က ယုံၾကည္ထားပါတယ္။ ဒါေၾကာင့္ပဲ Sony ဟာ Box Office ရဲ႕ အဓိကက်တဲ့ နည္းလမ္းျဖစ္တဲ့ ႐ုံတင္တာကိုေတာင္ လုံးဝမလုပ္ေတာ့ဘူးလို႔ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အခုလိုမ်ိဴး Amazon Prime ကေန ျပသသြားမယ္ ဆိုရင္ေတာ့ ပရိသတ္ေတြအေနနဲ႔ က်န္းမာေရးအတြက္ စိတ္ပူစရာမလိုေတာ့ဘဲ အိမ္မွာပဲ ေအးေအးေဆးေဆး ၾကည့္ရႈႏိုင္ၿပီ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular