HomeEntertainmentFilmအသစ်ထွက်ရှိလာတဲ့ Hotel Transylvania 4 ရဲ့  official ထွေလာ

အသစ်ထွက်ရှိလာတဲ့ Hotel Transylvania 4 ရဲ့  official ထွေလာ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Hotel Transylvania franchise ရဲ့ နောက်ဆုံးကား ဖြစ်တဲ့ Transformania ရဲ့ ပထမဆုံး ထွေလာ ထွက်ရှိလာပြီ ဖြစ်ပါတယ်။

ဒီ franchise ရဲ့ ပထမဆုံးဇာတ်ကား ထွက်ရှိခဲ့တဲ့ အချိန်ကတည်းက Sony အတွက် ကြီးမားတဲ့ အောင်မြင်မှုကို ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားတွေထဲမှာတော့ ဂန္ထဝင် မကောင်းဆိုးဝါးတွေဖြစ်တဲ့ Dracula ၊ Frankenstein နဲ့ The Invisible Man တို့ကို ဗီလိန်အနေနဲ့ မဟုတ်ဘဲ ဟာသဆန်ဆန် ပုံဖော်ထားပါတယ်။

photo via screenrant

၂၀၂၁ ခုနှစ် ဧပြီလမှာတော့ လေးကားမြောက်အတွက် ဇာတ်ကားအမည်ကိုလည်း သိခဲ့ရသလို ဂျူလိုင်လ (၂၃)ရက်နေ့မှာ ရုံတင်သွားမယ်လို့လည်း သိရပါတယ်။ ဒီရုပ်ရှင်အတွက် အသံသရုပ်ဆောင် အများစု ပြန်လည်ပါဝင်လာပေမယ့် Dracula နေရာမှာ အသံသရုပ်ဆောင်ခဲ့သူ Adam Sandler ကတော့ မပါဝင်တော့ပါဘူး။ ဒါကြောင့်ပဲ Dracula နေရာက အသံသရုပ်ဆောင် ပြောင်းလဲသွားပါတယ်။

အခုချိန်မှာတော့ Sony Pictures ကနေ Transformania အတွက် ထွေလာကို ထွက်ရှိပေးလိုက်ပါပြီ။ ဒီထွေလာထဲမှာတော့ Johnny ဟာ လူသား ဖြစ်နေတာကို စိတ်ကုန်နေပြီး မကောင်းဆိုးဝါး ဖြစ်ချင်နေတာကို တွေ့ရပါတယ်။ ဒါကြောင့်ပဲ သူဟာ မကောင်းဆိုးဝါး ဖြစ်ဖို့အတွက် ရောင်ခြည်တစ်ခုနဲ့ အပစ်ခံလိုက်ပြီး တကယ် မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း Dracula အပါအဝင် တခြားမကောင်းဆိုးဝါးတွေကတော့ လူအဖြစ်ပြောင်းလဲသွားတာကို ဟာသဆန်ဆန် မြင်တွေ့လိုက်ရပါတယ်။

ဒီထွေလာကို ကြည့်ပြီး ပြောရရင်တော့ Transformania ဟာ အရင်က ထွက်ရှိခဲ့တဲ့ Hotel Transylvania သုံးကားထက် ထူးခြားလိမ့်မယ်လို့ ယူဆလို့ ရပါတယ်။ ဒါ့အပြင် Transformania ဟာ Hotel Transylvania franchise ရဲ့ နောက်ဆုံးကား ဖြစ်တာကြောင့် Sony ကလည်း အရင်ဇာတ်လမ်းတွေထက် ပိုပြီးကောင်းအောင် ဖန်တီးသွားမယ်လို့ မျှော်လင့်ရပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Hotel Transylvania franchise ရဲ႕ ေနာက္ဆုံးကား ျဖစ္တဲ့ Transformania ရဲ႕ ပထမဆုံး ေထြလာ ထြက္ရွိလာၿပီ ျဖစ္ပါတယ္။

ဒီ franchise ရဲ႕ ပထမဆုံးဇာတ္ကား ထြက္ရွိခဲ့တဲ့ အခ်ိန္ကတည္းက Sony အတြက္ ႀကီးမားတဲ့ ေအာင္ျမင္မႈကို ရရွိခဲ့ပါတယ္။ ဒီဇာတ္ကားေတြထဲမွာေတာ့ ဂႏၴဝင္ မေကာင္းဆိုးဝါးေတြျဖစ္တဲ့ Dracula ၊ Frankenstein နဲ႔ The Invisible Man တို႔ကို ဗီလိန္အေနနဲ႔ မဟုတ္ဘဲ ဟာသဆန္ဆန္ ပုံေဖာ္ထားပါတယ္။

photo via screenrant

၂၀၂၁ ခုႏွစ္ ဧၿပီလမွာေတာ့ ေလးကားေျမာက္အတြက္ ဇာတ္ကားအမည္ကိုလည္း သိခဲ့ရသလို ဂ်ဴလိုင္လ (၂၃)ရက္ေန႔မွာ ႐ုံတင္သြားမယ္လို႔လည္း သိရပါတယ္။ ဒီ႐ုပ္ရွင္အတြက္ အသံသ႐ုပ္ေဆာင္ အမ်ားစု ျပန္လည္ပါဝင္လာေပမယ့္ Dracula ေနရာမွာ အသံသ႐ုပ္ေဆာင္ခဲ့သူ Adam Sandler ကေတာ့ မပါဝင္ေတာ့ပါဘူး။ ဒါေၾကာင့္ပဲ Dracula ေနရာက အသံသ႐ုပ္ေဆာင္ ေျပာင္းလဲသြားပါတယ္။

အခုခ်ိန္မွာေတာ့ Sony Pictures ကေန Transformania အတြက္ ေထြလာကို ထြက္ရွိေပးလိုက္ပါၿပီ။ ဒီေထြလာထဲမွာေတာ့ Johnny ဟာ လူသား ျဖစ္ေနတာကို စိတ္ကုန္ေနၿပီး မေကာင္းဆိုးဝါး ျဖစ္ခ်င္ေနတာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ပဲ သူဟာ မေကာင္းဆိုးဝါး ျဖစ္ဖို႔အတြက္ ေရာင္ျခည္တစ္ခုနဲ႔ အပစ္ခံလိုက္ၿပီး တကယ္ မေကာင္းဆိုးဝါးအျဖစ္ ေျပာင္းလဲသြားတာ ေတြ႕ရပါတယ္။ ဒါေပမယ့္လည္း Dracula အပါအဝင္ တျခားမေကာင္းဆိုးဝါးေတြကေတာ့ လူအျဖစ္ေျပာင္းလဲသြားတာကို ဟာသဆန္ဆန္ ျမင္ေတြ႕လိုက္ရပါတယ္။

ဒီေထြလာကို ၾကည့္ၿပီး ေျပာရရင္ေတာ့ Transformania ဟာ အရင္က ထြက္ရွိခဲ့တဲ့ Hotel Transylvania သုံးကားထက္ ထူးျခားလိမ့္မယ္လို႔ ယူဆလို႔ ရပါတယ္။ ဒါ့အျပင္ Transformania ဟာ Hotel Transylvania franchise ရဲ႕ ေနာက္ဆုံးကား ျဖစ္တာေၾကာင့္ Sony ကလည္း အရင္ဇာတ္လမ္းေတြထက္ ပိုၿပီးေကာင္းေအာင္ ဖန္တီးသြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular