HomeEntertainmentFilmတနင်္လာနေ့မှာ ပထမဆုံး ထွေလာ ထွက်ရှိလာမယ့် Hotel Transylvania 4

တနင်္လာနေ့မှာ ပထမဆုံး ထွေလာ ထွက်ရှိလာမယ့် Hotel Transylvania 4

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မကြာခင်ကပဲ Sony Pictures ဟာ Hotel Transylvania 4 ထွက်ရှိလာမယ်လို့ ကြေညာခဲ့ပြီး ဒီရုပ်ရှင်ရဲ့ နာမည်ကတော့ Transformania လို့ အမည်ရပါတယ်။

ဒါတင်မကသေးဘဲ Hotel Transylvania 4 ရဲ့ ပထမဆုံး ထွေလာကိုလည်း လာမယ့် တနင်္လာနေ့မှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။ လေးကားမြောက် ဖြစ်တဲ့ Transformania ကတော့ ဒီ franchise ရဲ့ နောက်ဆုံးရုပ်ရှင်အဖြစ် ထွက်ရှိလာမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Hotel Transylvania 4 ကို ၂၀၂၁ ခုနှစ် ဂျူလိုင်လ (၂၃)ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

photo via screenrant

အခုချိန်ထိ ထွက်ရှိထားခဲ့တဲ့ Hotel Transylvania သုံးကားလုံးဟာ ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်မှုကို ရရှိခဲ့သလို box office မှာလည်း အတော်လေး အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ Sony ဟာ လေးကားမြောက်ကို ထပ်မံထုတ်လုပ်ဖို့  ၂၀၁၉ ခုနှစ်ကတည်းက ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပထမ သုံးကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Genndy Tartakovsky ကတော့ Hotel Transylvania 4 ကို ရိုက်ကူးတော့မှာ မဟုတ်ပါဘူး။

ဒါကြောင့်ပဲ Jennifer Kluska က ဒါရိုက်တာ အနေနဲ့ ပါဝင်သွားမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ပါဝင်ခဲ့တဲ့ အသံသရုပ်ဆောင် အများစုဟာလည်း ပြန်လည်ပါဝင်လာမှာပါ။ ဒါပေမယ့်လည်း Dracula နေရာမှာတော့ Adam Sandler မဟုတ်တော့ဘဲ Brian Hull က အစားထိုး ပါဝင်သွားမှာ ဖြစ်ပါတယ်။ Adam Sandler ကတော့ ဘာကြောင့် ဒီဇာတ်ကောင်နေရာက ထွက်ခွာသွားတာလည်း ဆိုတာကို မသိရသေးပါဘူး။

Hotel Transylvania 4 ရဲ့ ပထမဆုံး official ထွေလာကိုတော့ လာမယ့် တနင်္လာနေ့မှာ ထွက်ရှိလာမယ်ဆို့ တွစ်တာစာမျက်နှာပေါ်ကနေ ကြေညာလိုက်ပါတယ်။ ဒါတင်မကသေးဘဲ Hotel Transylvania 4 ထဲက Dracula ၊ Marvis နဲ့ Johnny တို့ ပါဝင်ထားတဲ့ Teaser လေးကို ပရိသတ်တွေကို ပြသထားပါတယ်။ Teaser ထဲမှာတော့ Hotel Transylvania 4 ရဲ့ ဇာတ်လမ်းအကြောင်းကိုတော့ မမြင်ခဲ့ရပါဘူး။ ဒါပေမယ့်လည်း မနက်ဖြန်မှာတော့ ထွေလာ ထွက်လာမှာ ဖြစ်သလို ဂျူလိုင်လရောက်ရင်လည်း ရုပ်ရှင်ပိတ်ကားပေါ်မှာပါ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

မၾကာခင္ကပဲ Sony Pictures ဟာ Hotel Transylvania 4 ထြက္ရွိလာမယ္လို႔ ေၾကညာခဲ့ၿပီး ဒီ႐ုပ္ရွင္ရဲ႕ နာမည္ကေတာ့ Transformania လို႔ အမည္ရပါတယ္။

ဒါတင္မကေသးဘဲ Hotel Transylvania 4 ရဲ႕ ပထမဆုံး ေထြလာကိုလည္း လာမယ့္ တနလၤာေန႔မွာ ထြက္ရွိလာမယ္လို႔ သိရပါတယ္။ ေလးကားေျမာက္ ျဖစ္တဲ့ Transformania ကေတာ့ ဒီ franchise ရဲ႕ ေနာက္ဆုံး႐ုပ္ရွင္အျဖစ္ ထြက္ရွိလာမွာ ျဖစ္ပါတယ္။ ေလာေလာဆယ္မွာေတာ့ Hotel Transylvania 4 ကို ၂၀၂၁ ခုႏွစ္ ဂ်ဴလိုင္လ (၂၃)ရက္ေန႔မွာ ႐ုံတင္ျပသသြားမယ္လို႔ သိရပါတယ္။

photo via screenrant

အခုခ်ိန္ထိ ထြက္ရွိထားခဲ့တဲ့ Hotel Transylvania သုံးကားလုံးဟာ ပရိသတ္ေတြရဲ႕ ႀကိဳက္ႏွစ္သက္မႈကို ရရွိခဲ့သလို box office မွာလည္း အေတာ္ေလး ေအာင္ျမင္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Sony ဟာ ေလးကားေျမာက္ကို ထပ္မံထုတ္လုပ္ဖို႔  ၂၀၁၉ ခုႏွစ္ကတည္းက ျပင္ဆင္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ပထမ သုံးကားကို ႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာ Genndy Tartakovsky ကေတာ့ Hotel Transylvania 4 ကို ႐ိုက္ကူးေတာ့မွာ မဟုတ္ပါဘူး။

ဒါေၾကာင့္ပဲ Jennifer Kluska က ဒါ႐ိုက္တာ အေနနဲ႔ ပါဝင္သြားမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာ ပါဝင္ခဲ့တဲ့ အသံသ႐ုပ္ေဆာင္ အမ်ားစုဟာလည္း ျပန္လည္ပါဝင္လာမွာပါ။ ဒါေပမယ့္လည္း Dracula ေနရာမွာေတာ့ Adam Sandler မဟုတ္ေတာ့ဘဲ Brian Hull က အစားထိုး ပါဝင္သြားမွာ ျဖစ္ပါတယ္။ Adam Sandler ကေတာ့ ဘာေၾကာင့္ ဒီဇာတ္ေကာင္ေနရာက ထြက္ခြာသြားတာလည္း ဆိုတာကို မသိရေသးပါဘူး။

Hotel Transylvania 4 ရဲ႕ ပထမဆုံး official ေထြလာကိုေတာ့ လာမယ့္ တနလၤာေန႔မွာ ထြက္ရွိလာမယ္ဆို႔ တြစ္တာစာမ်က္ႏွာေပၚကေန ေၾကညာလိုက္ပါတယ္။ ဒါတင္မကေသးဘဲ Hotel Transylvania 4 ထဲက Dracula ၊ Marvis နဲ႔ Johnny တို႔ ပါဝင္ထားတဲ့ Teaser ေလးကို ပရိသတ္ေတြကို ျပသထားပါတယ္။ Teaser ထဲမွာေတာ့ Hotel Transylvania 4 ရဲ႕ ဇာတ္လမ္းအေၾကာင္းကိုေတာ့ မျမင္ခဲ့ရပါဘူး။ ဒါေပမယ့္လည္း မနက္ျဖန္မွာေတာ့ ေထြလာ ထြက္လာမွာ ျဖစ္သလို ဂ်ဴလိုင္လေရာက္ရင္လည္း ႐ုပ္ရွင္ပိတ္ကားေပၚမွာပါ ၾကည့္ရႈရေတာ့မွာ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular