HomeEntertainmentFilmပရိသတ်တွေသတိမထားခဲ့တဲ့ House of the Dragon အပိုင်း(၃)ထဲက VFX အမှားတစ်ခု

ပရိသတ်တွေသတိမထားခဲ့တဲ့ House of the Dragon အပိုင်း(၃)ထဲက VFX အမှားတစ်ခု

House of the Dragon ဇာတ်လမ်းတွဲကတော့ Game of Thrones ရဲ့ Prequel ဇာတ်လမ်းတစ်ခု ဖြစ်ပြီး GoT မတိုင်ခင် နှစ်ပေါင်း (၂၀၀)ခန့်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ စာရေးဆရာ George R.R. Martin ရဲ့ Fire & Blood စာအုပ်ကို အခြေခံပြီး ဖန်တီးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ King Viserys I Targaryen ဟာ Rhaenyra ကို ထီးနန်းဆက်ခံသူအဖြစ် သတ်မှတ်လိုက်တာကြောင့် Dance of Dragon ဆိုတဲ့ ပြည်တွင်းစစ် ဖြစ်ပေါ်လာတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

photo via screenrant

နာမည်ကြီးဇာတ်လမ်းတွဲတွေကတော့ ပရိသတ်တွေကြားမှာ အလွန်ပေါ်ပြူလာဖြစ်ပြီး အကောင်းဆုံး ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်နေပေမယ့်လည်း ရုပ်ရှင်ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း အချို့နေရာတွေမှာတော့ Movie Mistake တွေ ပါဝင်နေလေ့ ရှိပါတယ်။ GoT ဇာတ်လမ်းတွဲထဲက အပိုင်းတစ်ပိုင်းထဲမှာလည်း Starbucks ကော်ဖီဘူး မတော်တဆ ပါဝင်နေသလို ပလပ်စတစ်ရေဘူးတွေကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။

အလားတူပဲ House of the Dragon ရဲ့ အပိုင်း(၃)ထဲက ဇာတ်ဝင်ခန်းတစ်ခုမှာလည်း VFX Mistake တစ်ခု ပါဝင်နေပြီး ပရိသတ်တစ်ယောက်ကတော့ အဲဒါကို သတိထားမိခဲ့ပါတယ်။ King Viserys I ဟာ စစ်သည်တစ်ယောက်ကို Daemon ဆီ စာပို့ခိုင်းခဲ့တဲ့ အချိန်မှာတော့ King Viserys I ရဲ့ လက်သန်းနဲ့ လက်သူကြွယ်နှစ်ချောင်းဟာ အစိမ်းရောင်ကြီး ဖြစ်နေတာပဲ ဖြစ်ပါတယ်။

King Viserys ရဲ့ လက်နှစ်ချောင်းဟာ ယခုလိုမျိူး အစိမ်းရောင် ဖြစ်နေရတာကတော့ Post-Production မှာ အဲဒီလက်နှစ်ချောင်းကို ဖျောက်ဖို့အတွက် အစိမ်းရောင်အဝတ်စနဲ့ ပတ်ထားတာ ဖြစ်ပါတယ်။ အကြောင်းကတော့ ပြီးခဲ့တဲ့ အပိုင်းမှာတုန်းက King Viserys ရဲ့ လက်ဟာ Iron Throne နဲ့ ရှသွားခဲ့ပြီး အပိုင်း(၂)နဲ့ (၃)ကြားမှာ ဖြစ်သွားတဲ့ Timeskip အတွင်းမှာ အဲဒီလက်နှစ်ချောင်းကို ဖြတ်လိုက်ရမှာပဲ ဖြစ်ပါတယ်။ HBO ကတော့ ဒီ VFX Mistake ကို ပြန်လည်ပြုပြင်သွားမယ်လို့ ယူဆရပြီး Game of Throne ထဲက Movie Mistake တွေဟာလည်း သတိထားမိပြီး နောက်မှာတော့ ပြန်လည်ပြုပြင်သွားခဲ့ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular