HomeEntertainmentFilmHouse of the Dragon အပိုင်း(၈)ထဲက စိတ်ဝင်စားစရာအချက်များ

House of the Dragon အပိုင်း(၈)ထဲက စိတ်ဝင်စားစရာအချက်များ

House of the Dragon ဇာတ်လမ်းတွဲရဲ့ အပိုင်း(၈)ကတော့ မကြာခင်ကပဲ ထွက်ရှိခဲ့ပါတယ်။ ဒီအပိုင်းထဲမှာတော့ Driftmark ရဲ့ ဆက်ခံသူနေရာကို လုနေကြတာ မြင်တွေ့ရမှာဖြစ်ပြီး မထင်မှတ်ထားတာတွေ ဖြစ်ပျက်သွားတာကိုလည်း တွေ့ရပါတယ်။ ဒီအပိုင်းထဲမှာလည်း HOD ရဲ့ ထုံးစံအတိုင်းပဲ Foreshadow တွေ၊ စိတ်ဝင်စားစရာ Detail တွေ ပါဝင်နေပါတယ်။

(1) Syrax ရဲ့နဂါးဥ

photo via screenrant

ဒီအပိုင်းရဲ့ အစမှာတော့ Daemon ဟာ နဂါးသိုက်ထဲမှာ နဂါးဥတူးနေတာ တွေ့ခဲ့ရပြီး စုစုပေါင်း ဥသုံးလုံး ရရှိခဲ့တယ်လို့ ပြောသွားပါတယ်။ ဒီအချက်ကလည်း HOD ရဲ့ အနာဂတ်အတွက် အရေးကြီးတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ Rhaenyra ရဲ့ နဂါးဖြစ်တဲ့ Syrax ရဲ့ နဂါးဥတွေထဲမှာ ဘယ်နဂါးတွေ ပါဝင်လာမလည်းဆိုတာ မသိရသေးပေမယ့် သေချာတာက Rhaena Targaryen စီးနင်းမယ့် Morning ဆိုတဲ့ နဂါးပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကောင်ကတော့ မကြာခင်မှာ စတင်တော့မယ့် Dance of the Dragons ထဲမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။

(2) Lord Caswell

photo via screenrant

Rhaenyra နဲ့ Daemon တို့ King’s Landing ကို ပြန်လည်ရောက်ရှိလာတဲ့ အချိန်မှာတော့ Lord Caswell တစ်ဦးတည်းကပဲ သူတို့ကို ခရီးဦးကြိုဆိုခဲ့ပါတယ်။ Lord Caswell ကတော့ Rhaenyra အပေါ်မှာ သစ္စာရှိသူတစ်ယောက် ဖြစ်ပါတယ်။ စာအုပ်ထဲမှာတော့ သူဟာ King Viserys ကွယ်လွန်သွားပြီးနောက်မှာ Hightower တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး Aegon II ဆီမှာ သစ္စာခံမယ့်အစား အသေခံခဲ့သူလည်း ဖြစ်ပါတယ်။

(3) Rhaenyra တို့ကို စော်ကားခဲ့တဲ့ Otto

photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Rhaenyra နဲ့ Daemon တို့ King’s Landing ကို ရောက်လာတဲ့ အချိန်မှာတော့ လာရောက်ကြိုဆိုသူ တစ်ယောက်တည်းသာ ရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Otto ဟာ ရောက်လာတဲ့ ဧည့်သည်တွေရဲ့ ရာထူးအဆင့်နဲ့ ကိုက်ညီမယ့် ကြိုဆိုမှုမျိူး ရရှိမယ်လို့ မျှော်လင့်ပါတယ်လို့ ပြောသွားပါတယ်။ ဒါကြောင့်ပဲ Hightower တွေဟာ Rhaenyra တို့အပေါ်မှာ ဘယ်လို သဘောထားတယ်ဆိုတာ သိသာစေပါတယ်။

(4) Arryk နဲ့ Erryk

photo via screenrant

Alicent ဟာ Kingsguard အဖွဲ့ထဲက Knight တစ်ယောက်ကို စကားပြောတဲ့အချိန်မှာတော့ Ser Arryk လို့ မှားယွင်းခေါ်ဆိုခဲ့ပြီး အဲဒီ Knight ကတော့ သူဟာ Erryk ပါလို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။ တကယ်တော့ Alicent ဟာ နာမည်မှားခေါ်ခဲ့တာ မဟုတ်ဘဲ Arryk နဲ့ Erryk ဆိုပြီး အမွှာနှစ်ယောက် ရှိနေတာကြောင့် ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးကတော့ Kingsguard ထဲက Knight တွေ ဖြစ်ကြပါတယ်။ Fire & Blood စာအုပ်ထဲမှာတော့ Harwin Strong မရှိတော့ချိန်မှာ Erryk ဟာ Rhaenyra ရဲ့သက်တော်စောင့် ဖြစ်ခဲ့ပြီး Arryk ကတော့ Alicent တို့ဘက်က ရပ်တည်ခဲ့ပါတယ်။

(5) Moon Tea နဲ့ Milk of Poppy

photo via screenrant

Dyana ဆိုတဲ့ ကောင်မလေးကို Aegon II က လိင်ပိုင်းဆိုင်ရာ စော်ကားလိုက်ပြီးနောက်မှာတော့ Alicent ဟာ သူမကို Moon Tea တိုက်ခဲ့ပါတယ်။ Moon Tea ကတော့ Westeros ရဲ့ ကိုယ်ဝန်ဖျက်ချဆေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ အစပိုင်းမှာလည်း Rhaenyra ဟာ Moon Tea ကို သောက်ခဲ့ရတယ်ဆိုတဲ့အချိန်မှာ Alicent ဟာ အလွန်ရှော့ခ်ဖြစ်သွားတာကို တွေ့ရပါတယ်။ ယခုအချိန်မှာတော့ Alicent ကိုယ်တိုင်က သူများကို Moon Tea တိုက်နေပြီ ဖြစ်တာကြောင့် အများကြီး ပြောင်းလဲသွားပြီဆိုတာ သိသာစေပါတယ်။ ဒါ့အပြင် သူမဟာ King Viserys ကိုလည်း အနာသက်သာအောင် ဘိန်းပန်းကို အရည်ဖျော်ပြီး တိုက်နေပါသေးတယ်။

(6) လက်တွေ့ဘဝမှာ ရှိခဲ့တဲ့ King Baldwin IV

photo via screenrant

အပိုင်း(၈)ထဲက King Viserys ရဲ့ ပုံစံကတော့ လက်တွေ့ဘဝမှာ တကယ်ရှိခဲ့တဲ့ King Baldwin IV ကို Reference ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။ King Viserys ဟာ အရေပြားရောဂါကို ခံစားနေရတာဖြစ်ပြီး အပိုင်း(၈)ထဲမှာတော့ မျက်နှာတစ်ခြမ်း ပုံပျက်နေတဲ့အပြင် မျက်လုံးတစ်လုံးလည်း ဆုံးရှုံးနေတာကို တွေ့ရပါတယ်။

King Baldwin IV ကတော့ ၁၁၇၄ ခုနှစ်ကနေ ၁၁၈၅ ခုနှစ်အထိ Jerusalem ကို အုပ်စိုးခဲ့တဲ့ဘုရင် ဖြစ်ပါတယ်။ King Baldwin IV ဟာ ငယ်ဘဝကတည်းက အရေပြားရောဂါရှိခဲ့တာ ဖြစ်ပြီး အသက်ကြီးလာမှသာ ရောဂါလက္ခဏာတွေ ပြသခဲ့ပါတယ်။ သူဟာလည်း ဒီရောဂါကြောင့်ပဲ အမြင်အာရုံ ဆုံးရှုံးခဲ့သလို Kingdom of Heaven ရုပ်ရှင်ထဲမှာတော့ သူဟာ ငွေရောင်မျက်နှာဖုံးကို ဝတ်ဆင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

(7) ရွှေရောင်နဂါး

photo via screenrant

ဒီအပိုင်းထဲမှာတော့ Rhaenyra တို့က Driftmark ရဲ့ ပိုင်ဆိုင်ခွင့်အတွက် အရေးနိမ့်နေတဲ့အချိန်မှာ King Viserys က throne room ထဲကို ဝင်ရောက်လာပါတယ်။ အဲဒီအချိန်မှာတော့ King Viserys ဟာ လက်ဝတ်ရတနာမျိူးစုံကို ဝတ်ဆင်ထားပြီး ရွှေရောင်နဂါးတံဆိပ်ကိုလည်း ချိတ်ဆွဲထားပါသေးတယ်။ နောက်ပိုင်းမှာတော့ Alicent ရဲ့ သားဖြစ်သူ Aegon II ဟာ Iron Throne ကို ယူလိုက်တဲ့အချိန်မှာ Targaryen အိမ်တော်ရဲ့တံဆိပ်ကို ရွှေရောင်နဂါးအဖြစ် ပြောင်းလဲခဲ့ပါတယ်။ အကြောင်းကတော့ သူစီးနင်းတဲ့နဂါး Sunfyre ကတော့ ရွှေရောင်နဂါး ဖြစ်နေတာကြောင့်ပါပဲ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular