HomeEntertainmentFilmHouse of Dragon ထဲက Iron Throne ဟာ ဘာကြောင့် GOT ထဲကထက် ကြီးမားနေတာလဲ?

House of Dragon ထဲက Iron Throne ဟာ ဘာကြောင့် GOT ထဲကထက် ကြီးမားနေတာလဲ?

House of the Dragon ဇာတ်လမ်းတွဲကတော့ Game of Thrones ရဲ့ Prequel ဇာတ်လမ်းပဲ ဖြစ်ပြီး GoT မတိုင်ခင် နှစ်ပေါင်း(၂၀၀)ခန့်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီဇာတ်လမ်းတွဲနှစ်ခုမှာ အကြီးမားဆုံး ကွဲပြားနေတဲ့ အချက်ကတော့ Iron Throne ပဲ ဖြစ်ပါတယ်။ GoT ထဲက Iron Throne ဟာ သာမန်ပလ္လင်ပုံစံမျိူး ဖြစ်နေပေမယ့် House of the Dragon ထဲမှာတော့ Iron Throne ဟာ Got ထဲကထက် အလွန်ကြီးမားနေတာကို တွေ့ရပါတယ်။ Iron Throne ဟာ ခုနှစ်ပြည်ထောင်ထဲက အန္တရာယ်အများဆုံး ထိုင်ခုံတစ်ခုဖြစ်ပြီး ဒီထိုင်ခုံကို လိုချင်ကြတာကြောင့် သေကြေပျက်စီးရသူတွေလည်း မနည်းသလို ထိုင်နေသူကိုလည်း ဒဏ်ရာရစေတာကို တွေ့ခဲ့ရပါတယ်။

photo via screenrant

Game of Thrones ထဲမှာတော့ Iron Throne ဆီသွားတဲ့ လှေကားနဲ့ ပလက်ဖောင်းမှာ ဓားတွေမရှိတော့တာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ ထီးနန်းကို ဆက်ခံခဲ့သူတွေဟာ အန္တရာယ်ရှိစေနိုင်တဲ့ ဒီဓားတွေကို ဖယ်ထုတ်ပစ်ခဲ့ကြတာ ဖြစ်နိုင်ပါတယ်။ House of the Dragon ထဲက Iron Throne ကတော့ Daenerys ငယ်ငယ်တုန်းက စိတ်ကူးယဉ်ခဲ့တဲ့ ပုံစံနဲ့လည်း ဆင်တူနေပါတယ်။ ဒါကြောင့်ပဲ Targaryen တွေ ကြီးစိုးခဲ့တဲ့ အချိန်တလျှောက်မှာတော့ Iron Throne ဟာ House of the Dragon ထဲမှာ မြင်တွေ့ခဲ့ရတဲ့ ပုံစံအဖြစ် တည်ရှိနေတာ ဖြစ်နိုင်ပါတယ်။

Robert Baratheon က ထီးနန်းကို သိမ်းပိုက်ပြီးတဲ့နောက် Iron Throne ပေါ်မှာ ထိုင်နေတဲ့အခါ အန္တရာယ်မဖြစ်နိုင်အောင် ဓားတွေအများစုကို ဖယ်ရှားခဲ့တာလို့ တချို့က ထင်ကြပေမယ့်လည်း တကယ်တော့ Mad King Aerys ကို နောက်ကြောင်းပြန်ပြတဲ့ အချိန်မှာကတည်းက Iron Throne ရဲ့ ပုံစံဟာ ပြောင်းလဲနေတာ ဖြစ်ပါတယ်။ Mad King Aerys ကတော့ အလွန်သံသယများတဲ့သူ ဖြစ်တာကြောင့် Iron Throne ပေါ်မှာ ထိုင်နေချိန် သူ့ကို မထိခိုက်စေဖို့အတွက် Iron Throne ကို ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့တယ်လို့ ယူဆရပါတယ်။

photo via screenrant

Iron Throne ကို ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့တာကတော့ Mad King Aerys တစ်ယောက်တည်း မဟုတ်နိုင်ပါဘူး။ နောက်ပိုင်း ထီးနန်းတက်လာကြတဲ့ ဘုရင်တွေဟာ Throne Room ကို ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ကြသလို Iron Throne ကိုလည်း အနည်းငယ်ဆီ ပြောင်းလဲမှုတွေ လုပ်လာကြတာ ဖြစ်နိုင်ပါတယ်။ ဒီအချက်ကြောင့်ပဲ House of the Dragon ရဲ့ နောက်ပိုင်းမှာတော့ Iron Throne ရဲ့ ပြောင်းလဲမှုတွေကို ထပ်မံမြင်တွေ့ရနိုင်ပါသေးတယ်။

ဒီလိုတဖြည်းဖြည်းနဲ့ ပြောင်းလဲလာရင်း GoT ထဲက အချိန်ကို ရောက်တဲ့အခါမှာတော့ Iron Throne ဟာ သာမန်ပလ္လင်ပုံစံအတိုင်းပဲ ကျန်ရှိတော့တာ ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် Daenerys သေဆုံးသွားပြီးနောက်မှာတော့ သူမရဲ့ နဂါးဟာ Iron Throne ကို မီးနဲ့မှုတ်ပြီး အရည်ဖျော်ပစ်လိုက်တာကြောင့် နောက်ဆုံးမှာတော့ လူတိုင်းလိုချင်နေတဲ့ Iron Throne ကြီးဟာ ပျက်စီးသွားခဲ့ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular