HomeEntertainmentFilmHouse of Dragon ဇာတ်လမ်းတွဲရဲ့ ဆယ်နှစ်တာ Timeskip မှာ ဘာတွေဖြစ်ပျက်သွားလဲ?

House of Dragon ဇာတ်လမ်းတွဲရဲ့ ဆယ်နှစ်တာ Timeskip မှာ ဘာတွေဖြစ်ပျက်သွားလဲ?

*** Spoiler Alert ***

မကြာသေးခင်က ထွက်ရှိခဲ့တဲ့ House of Dragon ဇာတ်လမ်းတွဲရဲ့ အပိုင်း(၆)ထဲမှာတော့ ဆယ်နှစ်တာ Timeskip ဖြစ်သွားပါတယ်။ ဒါကြောင့်ပဲ အပိုင်း(၆)ထဲမှာတော့ သရုပ်ဆောင်အသစ်တွေနဲ့ ဇာတ်ကောင်အသစ်တွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ဒီအပိုင်းထဲမှာတော့ Rhaenyra နဲ့ Alicent တို့ရဲ့ သရုပ်ဆောင်တွေဟာလည်း ပြောင်းလဲသွားပြီ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ အပိုင်း(၅)နဲ့ အပိုင်း(၆)ကြားထဲက ဆယ်နှစ်တာအချိန်မှာ ဘာတွေဖြစ်ပျက်သွားလည်းဆိုတာ ဖော်ပြပေးချင်ပါတယ်။

Rhaenyra နဲ့ Harwin Strong တို့ဟာ ချစ်ကြိုက်နေကြပါတယ်။

photo via screenrant

Rhaenyra နဲ့ Laenor တို့ရဲ့ မင်္ဂလာဆောင်အပြီးမှာတော့ Rhaenyra နဲ့ Harwin Strong တို့ဟာ ချစ်ကြိုက်သွားကြပါတယ်။ Harwin Strong ကတော့ City Watch ရဲ့ Commander ဖြစ်လာပြီး သူတို့နှစ်ယောက်ဟာ ဘယ်အချိန်မှာ စတင်ပြီး ချစ်ကြိုက်သွားတယ်ဆိုတာတော့ မသိရပါဘူး။ Laenor ဟာ လိင်တူကြိုက်နှစ်သက်သူ ဖြစ်ပေမယ့် Rhaenyra နဲ့ ပြုလုပ်ထားတဲ့ အပေးအယူကြောင့် မွေးလာသမျှ ကလေးတွေအားလုံးကို သူ့ရဲ့သားအရင်းတွေအဖြစ် ကြေညာထားပါတယ်။ Rhaenyra နဲ့ Harwin Strong တို့ရဲ့ ဇာတ်လမ်းကိုတော့ လူအများစုက သိနေကြပေမယ့်လည်း ထုတ်ဖော်ပြောခွင့်တော့ မရှိပါဘူး။

သားသုံးယောက် မွေးထားတဲ့ Rhaenyra

photo via screenrant

အပိုင်း(၆)ရဲ့အစမှာတော့ Rhaenyra ကလေးမွေးနေတာကို ပြသသွားပြီး နောက်ပိုင်း ဇာတ်ဝင်ခန်းတွေမှာတော့ နောက်ထပ်ကလေးနှစ်ယောက် ရှိသေးတာကို ပြသသွားပါတယ်။ Jacaerys ကတော့ အကြီးဆုံးသားဖြစ်ပြီး Lucerys ကတော့ အလတ်ပဲ ဖြစ်ပါတယ်။ ဒီကလေးနှစ်ယောက်ဟာ အသက်ဘယ်လောက် ရှိပြီလည်းဆိုတာ မဖော်ပြသွားပေမယ့် Jacaerys ကတော့ (၉)နှစ်ခန့် ရှိပြီဖြစ်ပြီး Lucerys ကတော့ (၇)နှစ်၊ (၈)နှစ်အရွယ် ရှိနေပါပြီ။ အငယ်ဆုံးသားဖြစ်တဲ့ Joffrey အတိုင်းပဲ သူတို့နှစ်ယောက်ဟာလည်း Harwin Strong နဲ့ပဲ ရထားတာ ဖြစ်ပါတယ်။

ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာတဲ့ King Viserys

photo via screenrant

House of Dragon ဇာတ်လမ်းတွဲထဲမှာတော့ King Viserys ဟာ တဖြည်းဖြည်းနဲ့ ကျန်းမာရေး ပိုမိုဆိုးရွားလာတာကို တွေ့ရပါတယ်။ King Viserys နေရာမှာ သရုပ်ဆောင်ထားတဲ့ Paddy Considine ကိုယ်တိုင်ကလည်း King Viserys ဟာ အရေပြားရောဂါကို ခံစားနေရတယ်လို့ အတည်ပြုထားပါတယ်။ အရင်အပိုင်းတွေမှာတော့ King Viserys ဟာ လက်ချောင်းနှစ်ချောင်း ဖြတ်ထားရပြီး ဒီအပိုင်းထဲမှာတော့ လက်တစ်ချောင်းလုံး ဖြတ်ထားရတာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ဆံပင်တွေ အမြောက်အများ ကျွတ်နေတာ တွေ့ရပြီး King Viserys ဟာ မကြာခင်မှာ သေဆုံးတော့မှာ ဖြစ်ပါတယ်။

ဒုတိယမြောက် သားမွေးထားတဲ့ Alicent

photo via screenrant

ဆယ်နှစ်တာ အချိန်အတွင်းမှာတော့ Alicent ဟာ King Viserys နဲ့ ဒုတိယမြောက်သား ဖြစ်တဲ့ Aemond ကို ထပ်မံမွေးထားပါသေးတယ်။ စာအုပ်ထဲမှာတော့ Aemond ဟာ Jacaerys နဲ့ Lucerys တို့ထက် အသက်ပိုကြီးပေမယ့် ဒီဇာတ်လမ်းတွဲထဲမှာတော့ Aemond ဟာ Jacaerys ထက် နည်းနည်းငယ်ပုံရပါတယ်။ စာအုပ်ထဲကအတိုင်း ဆိုရင်တော့ Alicent နဲ့ King Viserys ဟာ Season 1 မပြီးခင်မှာ Daeron ဆိုတဲ့ သားတစ်ယောက် ထပ်မံမွေးလာဦးမှာ ဖြစ်ပါတယ်။

Laena Velaryon နဲ့ လက်ထပ်လိုက်တဲ့ Daemon

photo via screenrant

အပိုင်း(၅)ထဲမှာတော့ Daemon ဟာ သူ့ရဲ့ဇနီးကို သတ်ပစ်ခဲ့ပြီး Rhaenyra ရဲ့ လက်ထပ်ပွဲမှာ Laena နဲ့ စတင်တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Daemon ဟာ နိုင်ငံရေးအရ Laena Velaryon နဲ့ လက်ထပ်ခဲ့ပြီး ယခုအချိန်မှာ‌တော့ အသက်(၉)နှစ်လောက် ရှိမယ့် မိန်းကလေးနှစ်ယောက်ကို မွေးထားပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ သူတို့ဟာ နိုင်ငံရေးတွေနဲ့ ဝေးရာကို ရှောင်တဲ့အနေနဲ့ Pentos ကို ပြောင်းရွှေ့သွားကြပါတယ်။ စာအုပ်ထဲမှာတော့ သူတို့နှစ်ယောက်ဟာ King Viserys ရဲ့ ခွင့်ပြုချက်မရှိဘဲ လက်ထပ်ခဲ့တာကြောင့် ရှောင်ပြေးခဲ့တယ်လို့ ရေးသားထားပါတယ်။ ဒါပေမယ့်လည်း Laena သေဆုံးသွားပြီး နောက်မှာတော့ သူတို့ဟာ Westeros ကို ပြန်လည် ပြောင်းရွှေ့လာကြတော့မှာ ဖြစ်ပါတယ်။

Alicent ရဲ့ Sworn Protector ဖြစ်လာတဲ့ Criston Cole

photo via screenrant

Criston Cole ကတော့ တစ်ချိန်က Rhaenyra ရဲ့ သက်တော်စောင့် ဖြစ်ခဲ့ပေမယ့်လည်း ယခုအချိန်မှာတော့ Alicent ရဲ့ Sworn Protector ဖြစ်လာပါတယ်။ Criston Cole ဟာ သူ့ရဲ့ကျမ်းသစ္စာ ကျိန်ဆိုမှုကို ဖောက်ဖျက်မိပြီး Rhaenyra နဲ့ အိပ်ခဲ့မိတာကြောင့် ကိုယ့်ကိုယ်ကို အပြစ်တင်နေသလို Rhaenyra ကိုလည်း မကျေမနပ်ဖြစ်နေပါတယ်။ ဒါကြောင့်ပဲ အရှက်ရနေတဲ့ Criston Cole ဟာ သူ့ကိုယ်သူ သတ်သေတော့မယ့် အချိန်မှာပဲ Alicent က ရောက်လာပြီး နားချခဲ့တာကြောင့် သူဟာ ချက်ချင်းပဲ Alicent ဘက်ကို ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular