HomeEntertainmentFilmထွေလာအသစ် ထွက်ရှိလာတဲ့ GoT ရဲ့ Prequel ဇာတ်လမ်းတွဲ House of the Dragon

ထွေလာအသစ် ထွက်ရှိလာတဲ့ GoT ရဲ့ Prequel ဇာတ်လမ်းတွဲ House of the Dragon

Game of Thrones ဇာတ်လမ်းတွဲရဲ့ Prequel ဇာတ်လမ်းဖြစ်တဲ့ House of the Dragon ရဲ့ ပထမဆုံးထွေလာကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာပါတယ်။ ဒီထွေလာထဲမှာတော့ Targaryen မိသားစုတွေကြားက စစ်ပွဲနဲ့ နဂါးတွေများစွာကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ Game of Thrones ရဲ့ ပထမဆုံး Prequel ဇာတ်လမ်းတစ်ခု ဖြစ်ပြီး Game of Thrones ထဲက အဖြစ်အပျက်တွေ မတိုင်ခင် နှစ်ပေါင်း (၂၀၀)လောက်မှာ ဇာတ်အိမ်တည်ထားတယ်လို့ သိရပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာတော့ Matt Smith ၊ Olivia Cooke ၊ Paddy Considine ၊ Emma D’Arcy ၊ Rhys Ifans နဲ့ Sonoya Mizuno တို့က အဓိကဇာတ်ကောင်တွေနေရာက ပါဝင်လာမှာ ဖြစ်ပါတယ်။ HBO ကတော့ ပရိုမိုးရှင်း ဆင်းတဲ့အနေနဲ့ ဒီထွေလာထဲမှာတော့ ဇာတ်လမ်းရဲ့ အဓိကအဖြစ်အပျက်တွေကို အရိပ်အမြွက် ပြသသွားသလို Targaryen မိသားစုရဲ့ အမှတ်သင်္ကေတ ဖြစ်တဲ့ နဂါးတွေများစွာကိုလည်း ပြသသွားပါတယ်။ HBO ဟာ ဒီဇာတ်လမ်းတွဲကို နှစ်အနည်းငယ်ကြာ ဖန်တီးခဲ့ပြီး ယခုဆိုရင်တော့ မကြာခင်မှာ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။

ဒီထွေလာထဲမှာတော့ ဇာတ်ကောင်တွေရဲ့ New Look တွေကို မြင်တွေ့ခဲ့ရသလို Rhaenyra Targaryen ကိုလည်း အဓိကထား ပြသသွားပါတယ်။ Rhaenyra ကတော့ Westeros ရဲ့ ဘုရင်မ ဖြစ်လာဖို့အတွက် ကြိုးစားနေတာကို မြင်တွေ့ခဲ့ရပြီး ဒီအချက်ကြောင့်ပဲ မင်းသား Daemon Targaryen နဲ့ King Viserys I Targaryen တို့ကြားမှာ တင်းမာမှုတွေ ဖြစ်လာတာကိုလည်း တွေ့ရပါတယ်။

ဒီဇာတ်လမ်းတွဲထဲမှာ မြင်တွေ့ရမယ့် Targaryen တွေရဲ့ ပြည်တွင်းစစ်နဲ့ နဂါးတွေဟာ စာရေးဆရာကြီး George R.R. Martin ရဲ့ Dance of the Dragons စာအုပ်ကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ King Viserys I Targaryen ကတော့ သူ့ရဲ့သမီးဖြစ်သူ Rhaenyra ကို ထီးနန်းဆက်ခံသူအဖြစ် မြင်နေတာကြောင့် King Viserys ရဲ့ ညီဖြစ်သူ Prince Daemon နဲ့ တင်းမာမှုတွေ ဖြစ်ကာ စစ်ခင်းကြပါတော့တယ်။

ဒီစစ်ပွဲထဲမှာတော့ မတူညီတဲ့ Targaryen အဖွဲ့တွေဟာ သူတို့ရဲ့နဂါးတွေကို အသုံးပြုကာ စစ်ပွဲကို အနိုင်ယူဖို့ ကြိုးစားကြတာကိုလည်း မြင်တွေ့ရမှာပါ။ ဒီစစ်ပွဲကြောင့်လည်း နောက်ပိုင်းမှာတော့ နဂါးတွေ မျိူးတုန်းသွားတာပဲ ဖြစ်ပါတယ်။ House of the Dragons ကိုတော့ လာမယ့် ဩဂုတ်လ(၂၁)ရက်နေ့မှာ HBO Max မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular