HomeEntertainmentFilmGucci မိသားစုရဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင် House of Gucci 

Gucci မိသားစုရဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင် House of Gucci 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ထိတ်ထိတ်ကြဲ သရုပ်ဆောင်တွေ ပါဝင်ထားပြီး ဖက်ရှင်လောကရဲ့ ထိပ်တန်းအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Gucci ရဲ့ မိသားစုအရှုပ်တော်ပုံနဲ့ နာမည်ကြီးခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို ရိုက်ကူးပုံဖော်ထားတဲ့ House of Gucci ဇာတ်ကားရဲ့  ထွေလာကတော့ ထွက်ရှိလာပြီ ဖြစ်ပါတယ်။

နာမည်ကျော် ဒါရိုက်တာ Ridley Scott ရိုက်ကူးထားတဲ့ ဒီဇာတ်ကားကတော့ နာမည်ကြီး အီတလီဖက်ရှင်မိသားစုနဲ့ သူတို့ရဲ့ ရုပ်ဆိုးအကျည်းတန်ခဲ့တဲ့ အတိတ်ဇာတ်ကြောင်း ဖြစ်ရပ်မှန်ကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Lady Gaga ၊ Adam Driver ၊ Jared Leto ၊ Al Pacino ၊ Jeremy Irons ၊ Jack Huston ၊ Salma Hayek နဲ့ Reeve Carney တို့ အဓိက ပါဝင်ထားပါတယ်။

Photo via IMDb

ဒီဇာတ်ကားကိုတော့ ၂၀၀၁ခုနှစ်က ထွက်ရှိခဲ့တဲ့ စာရေးဆရာ Sara Gay Forden ရဲ့ The House of Gucci: A Sensational Story of Murder, Madness, Glamour and Greed လို့ အမည်ရတဲ့ ဝတ္ထုကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Patrizia Reggiani အဖြစ် Lady Gaga ၊ Maurizio Gucci အဖြစ် Adam Driver တို့က မိန်းကာရိုက်တာအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းကတော့ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်ကာလမှာ ခင်ပွန်းဟောင်းဖြစ်သူ Maurizio Gucci ကို လုပ်ကြံသတ်ဖြတ်စေခဲ့မှုနဲ့ အဖမ်းခံခဲ့ရပြီး ပြစ်မှုထင်ရှားကြောင်း စီရင်ချက်ချခံခဲ့ရတဲ့ Patrizia Reggiani ရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ အီတလီအထက်တန်းလွှာ လူတန်းစားလည်းဖြစ်၊ နာမည်ကြီး ချမ်းသာကြွယ်ဝလွန်းတဲ့ ထိပ်တန်း မိသားစုလည်းဖြစ်တာကြောင့် ဒီဖြစ်ရပ်ဟာ အဲဒီကာလက မီဒီယာတွေရဲ့ သတင်းစာမျက်နှာတွေထက်မှာ နေရာယူခဲ့တဲ့ ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။

Photo via IMDb

House of Gucci ရုပ်ရှင်ဇာတ်ကားမှာတော့ Gucci ရဲ့ သေဆုံးမှုနဲ့အတူ သူ သေဆုံးပြီးနောက် ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ မိသားစုကြားက အရှုပ်တော်ပုံတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ယခုထွက်ရှိလာတဲ့ ထွေလာထဲမှာတော့ Gucci မိသားစုရဲ့ ခမ်းနားကြီးကျယ်မှု၊ ချမ်းသာကြွယ်ဝမှုတွေနဲ့အတူ လော်လည်ဖောက်ပြားမှု၊ သစ္စာဖောက်မှုတွေနဲ့ လူသတ်မှုတစ်ခုအကြောင်းကို အမြည်းဖော်ပြသွားပါတယ်။

ရင်သပ်ရှုမောဖွယ် ဖက်ရှင်တွေနဲ့အတူ Lady Gaga နဲ့ Adam Driver တို့ရဲ့ အပြိုင်ကျဲထားတဲ့ သရုပ်ဆောင်မှုတွေကိုပါ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ လာမယ့် နိုဝင်ဘာလ(၂၄)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Glasgow

Source: screenrant

(Zawgyi Version)

ထိတ္ထိတ္ႀကဲ သ႐ုပ္ေဆာင္ေတြ ပါဝင္ထားၿပီး ဖက္ရွင္ေလာကရဲ႕ ထိပ္တန္းအမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ Gucci ရဲ႕ မိသားစုအရႈပ္ေတာ္ပုံနဲ႔ နာမည္ႀကီးခဲ့တဲ့ အျဖစ္အပ်က္တစ္ခုကို ႐ိုက္ကူးပုံေဖာ္ထားတဲ့ House of Gucci ဇာတ္ကားရဲ႕  ေထြလာကေတာ့ ထြက္ရွိလာၿပီ ျဖစ္ပါတယ္။

နာမည္ေက်ာ္ ဒါ႐ိုက္တာ Ridley Scott ႐ိုက္ကူးထားတဲ့ ဒီဇာတ္ကားကေတာ့ နာမည္ႀကီး အီတလီဖက္ရွင္မိသားစုနဲ႔ သူတို႔ရဲ႕ ႐ုပ္ဆိုးအက်ည္းတန္ခဲ့တဲ့ အတိတ္ဇာတ္ေၾကာင္း ျဖစ္ရပ္မွန္ကို ပုံေဖာ္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာေတာ့ Lady Gaga ၊ Adam Driver ၊ Jared Leto ၊ Al Pacino ၊ Jeremy Irons ၊ Jack Huston ၊ Salma Hayek နဲ႔ Reeve Carney တို႔ အဓိက ပါဝင္ထားပါတယ္။

Photo via IMDb

ဒီဇာတ္ကားကိုေတာ့ ၂၀၀၁ခုႏွစ္က ထြက္ရွိခဲ့တဲ့ စာေရးဆရာ Sara Gay Forden ရဲ႕ The House of Gucci: A Sensational Story of Murder, Madness, Glamour and Greed လို႔ အမည္ရတဲ့ ဝတၳဳကို အေျခခံ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာေတာ့ Patrizia Reggiani အျဖစ္ Lady Gaga ၊ Maurizio Gucci အျဖစ္ Adam Driver တို႔က မိန္းကာ႐ိုက္တာအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

ဇာတ္လမ္းကေတာ့ ၁၉၉၀ ျပည့္ႏွစ္ဝန္းက်င္ကာလမွာ ခင္ပြန္းေဟာင္းျဖစ္သူ Maurizio Gucci ကို လုပ္ႀကံသတ္ျဖတ္ေစခဲ့မႈနဲ႔ အဖမ္းခံခဲ့ရၿပီး ျပစ္မႈထင္ရွားေၾကာင္း စီရင္ခ်က္ခ်ခံခဲ့ရတဲ့ Patrizia Reggiani ရဲ႕ အေၾကာင္းပဲ ျဖစ္ပါတယ္။ အီတလီအထက္တန္းလႊာ လူတန္းစားလည္းျဖစ္၊ နာမည္ႀကီး ခ်မ္းသာႂကြယ္ဝလြန္းတဲ့ ထိပ္တန္း မိသားစုလည္းျဖစ္တာေၾကာင့္ ဒီျဖစ္ရပ္ဟာ အဲဒီကာလက မီဒီယာေတြရဲ႕ သတင္းစာမ်က္ႏွာေတြထက္မွာ ေနရာယူခဲ့တဲ့ ျဖစ္ရပ္တစ္ခုလည္း ျဖစ္ပါတယ္။

Photo via IMDb

House of Gucci ႐ုပ္ရွင္ဇာတ္ကားမွာေတာ့ Gucci ရဲ႕ ေသဆုံးမႈနဲ႔အတူ သူ ေသဆုံးၿပီးေနာက္ ျဖစ္ပ်က္ခဲ့တဲ့ ျဖစ္ရပ္ေတြနဲ႔ မိသားစုၾကားက အရႈပ္ေတာ္ပုံေတြကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ ယခုထြက္ရွိလာတဲ့ ေထြလာထဲမွာေတာ့ Gucci မိသားစုရဲ႕ ခမ္းနားႀကီးက်ယ္မႈ၊ ခ်မ္းသာႂကြယ္ဝမႈေတြနဲ႔အတူ ေလာ္လည္ေဖာက္ျပားမႈ၊ သစၥာေဖာက္မႈေတြနဲ႔ လူသတ္မႈတစ္ခုအေၾကာင္းကို အျမည္းေဖာ္ျပသြားပါတယ္။

ရင္သပ္ရႈေမာဖြယ္ ဖက္ရွင္ေတြနဲ႔အတူ Lady Gaga နဲ႔ Adam Driver တို႔ရဲ႕ အၿပိဳင္က်ဲထားတဲ့ သ႐ုပ္ေဆာင္မႈေတြကိုပါ ျမင္ေတြ႕ရဦးမွာ ျဖစ္ပါတယ္။ ဒီဇာတ္ကားကိုေတာ့ လာမယ့္ ႏိုဝင္ဘာလ(၂၄)ရက္ေန႔မွာ ႐ုံတင္ျပသသြားမွာ ျဖစ္ပါတယ္။

Glasgow

Source: screenrant

RELATED ARTICLES

Most Popular