HomeEntertainmentFilmLoki ဇာတ်လမ်းတွဲထဲမှာ Kid Loki က Thor ကို ဘယ်လိုသတ်ခဲ့တာလဲ? (Fan Theory)

Loki ဇာတ်လမ်းတွဲထဲမှာ Kid Loki က Thor ကို ဘယ်လိုသတ်ခဲ့တာလဲ? (Fan Theory)

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Loki ဇာတ်လမ်းတွဲထဲမှာ ပရိသတ်တွေကို အံ့ဩစေခဲ့တဲ့ အခိုက်အတန့်တစ်ခုကတော့ Kid Loki က Thor ကို သတ်ခဲ့တယ်လို့ ပြောလိုက်တဲ့ ဇာတ်ဝင်ခန်းလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။

ဒီဇာတ်ဝင်ခန်းကတော့ Loki ဇာတ်လမ်းတွဲ အပိုင်း(၅)မှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအပိုင်းထဲမှာတော့ TVA ဟာ အချိန်ကွဲတွေကို ဖြစ်တည်မှုကနေ ဖျောက်ပစ်လိုက်တာ မဟုတ်ဘဲ Alioth တည်ရှိနေတဲ့ ဗလာနတ္ထိထဲကို ပို့လိုက်တယ်ဆိုတာကို သိလိုက်ရပါတယ်။

photo via screenrant

ဗလာနတ္ထိထဲကို ၂၀၁၂ Loki ရောက်သွားတဲ့ အချိန်မှာတော့ Kid Loki ၊ Classic Loki ၊ အကြွားသန်တဲ့ Loki နဲ့ မိကျောင်း Loki တို့ကို တွေ့လိုက်ရပါတယ်။ ဒီ Loki တွေ အားလုံးဟာ အချိန်ကွဲ Loki တွေ ဖြစ်ကြပြီး သူတို့တွေဟာ Sacred Timeline ထဲမှာ မလုပ်သင့်တဲ့ အရာတွေကို ပြုလုပ်ခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။ အဲ့ဒီထဲမှာမှ Kid Loki ကတော့ Thor ကို သတ်ခဲ့လို့ အခုလို ဗလာနတ္ထိထဲမှာ ရောက်နေတာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ရေပန်းစားနေတဲ့ သီအိုရီတစ်ခုလည်း ရှိပါတယ်။

ဒီသီအိုရီမှာတော့ Loki ရဲ့ ငယ်ဘဝတုန်းက ပြုလုပ်ခဲ့တဲ့ Prank တစ်ခုက မှားယွင်းသွားတာကြောင့် Thor ဟာ သေဆုံးသွားရတာလို့ ပြောထားပါတယ်။ Thor: Ragnarok ထဲမှာတော့ Thor ဟာ အဲ့ဒီ Prank အကြောင်းကို Bruce Banner နဲ့ Valkyrie တို့ကို ပြောပြခဲ့ပါတယ်။

အဲ့ဒီ Prank ကတော့ Thor ဟာ ငယ်ငယ်တုန်းက မြွေတွေကို ချစ်မြတ်နိုးတာကြောင့် Loki ဟာ သူ့ကိုယ်သူ မြွေအဖြစ် အသွင်ပြောင်းပြီး Thor ဆီကို ချဉ်းကပ်ခဲ့ပါတယ်။ Thor ရဲ့ အနားကို ရောက်တော့မှ Loki ဟာ သူ့ရဲ့ပုံစံအမှန် ပြန်ပြောင်းပြီး Thor ကို ဓားနဲ့ထိုးခဲ့ပါတယ်။ ဒီသီအိုရီအရဆိုရင် Kid Loki ရဲ့ အဖြစ်အပျက်မှာ ဒီ Prank ဟာ အမှားအယွင်း ဖြစ်သွားပြီး Thor ဟာ တကယ်သေဆုံးသွားတာလို့ ဆိုထားတာ ဖြစ်ပါတယ်။

photo via screenrant

Sacred Timeline ထဲက Loki ဟာလည်း Thor ကို အကြိမ်များစွာ သတ်ပစ်ဖို့ ကြိုးစားခဲ့ပေမယ့် တစ်ခါမှ မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့်ပဲ ကလေးအရွယ် Kid Loki အတွက် Thor ကို သတ်ဖို့ဆိုတာ ပိုပြီးခက်ခဲပါလိမ့်မယ်။ ဒီအချက်ကို စဉ်းစားလိုက်ရင်တော့ ဒီသီအိုရီဟာ အတော်လေး ဖြစ်နိုင်ချေ ရှိပါတယ်။ Thor: Ragnarok ထဲမှာတော့ အဲ့ဒီမြွေ Prank ဟာ သူတို့အသက်ရှစ်နှစ်အရွယ်မှာ ဖြစ်ခဲ့တာလို့ Thor က ပြောခဲ့ပါတယ်။ ဒါကြောင့်ပဲ Kid Loki ဟာ အဲ့ဒီအရွယ်တည်းက ဗလာနတ္ထိမှာ ကြီးပြင်းလာခဲ့ရတာ ဖြစ်နိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Loki ဇာတ္လမ္းတြဲထဲမွာ ပရိသတ္ေတြကို အံ့ဩေစခဲ့တဲ့ အခိုက္အတန႔္တစ္ခုကေတာ့ Kid Loki က Thor ကို သတ္ခဲ့တယ္လို႔ ေျပာလိုက္တဲ့ ဇာတ္ဝင္ခန္းလည္း အပါအဝင္ပဲ ျဖစ္ပါတယ္။

ဒီဇာတ္ဝင္ခန္းကေတာ့ Loki ဇာတ္လမ္းတြဲ အပိုင္း(၅)မွာ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ ဒီအပိုင္းထဲမွာေတာ့ TVA ဟာ အခ်ိန္ကြဲေတြကို ျဖစ္တည္မႈကေန ေဖ်ာက္ပစ္လိုက္တာ မဟုတ္ဘဲ Alioth တည္ရွိေနတဲ့ ဗလာနတၳိထဲကို ပို႔လိုက္တယ္ဆိုတာကို သိလိုက္ရပါတယ္။

photo via screenrant

ဗလာနတၳိထဲကို ၂၀၁၂ Loki ေရာက္သြားတဲ့ အခ်ိန္မွာေတာ့ Kid Loki ၊ Classic Loki ၊ အႂကြားသန္တဲ့ Loki နဲ႔ မိေက်ာင္း Loki တို႔ကို ေတြ႕လိုက္ရပါတယ္။ ဒီ Loki ေတြ အားလုံးဟာ အခ်ိန္ကြဲ Loki ေတြ ျဖစ္ၾကၿပီး သူတို႔ေတြဟာ Sacred Timeline ထဲမွာ မလုပ္သင့္တဲ့ အရာေတြကို ျပဳလုပ္ခဲ့ၾကသူေတြပဲ ျဖစ္ပါတယ္။ အဲ့ဒီထဲမွာမွ Kid Loki ကေတာ့ Thor ကို သတ္ခဲ့လို႔ အခုလို ဗလာနတၳိထဲမွာ ေရာက္ေနတာ ျဖစ္ပါတယ္။ ဒီအျဖစ္အပ်က္နဲ႔ ပတ္သက္ၿပီး ေရပန္းစားေနတဲ့ သီအိုရီတစ္ခုလည္း ရွိပါတယ္။

ဒီသီအိုရီမွာေတာ့ Loki ရဲ႕ ငယ္ဘဝတုန္းက ျပဳလုပ္ခဲ့တဲ့ Prank တစ္ခုက မွားယြင္းသြားတာေၾကာင့္ Thor ဟာ ေသဆုံးသြားရတာလို႔ ေျပာထားပါတယ္။ Thor: Ragnarok ထဲမွာေတာ့ Thor ဟာ အဲ့ဒီ Prank အေၾကာင္းကို Bruce Banner နဲ႔ Valkyrie တို႔ကို ေျပာျပခဲ့ပါတယ္။

အဲ့ဒီ Prank ကေတာ့ Thor ဟာ ငယ္ငယ္တုန္းက ေႁမြေတြကို ခ်စ္ျမတ္ႏိုးတာေၾကာင့္ Loki ဟာ သူ႔ကိုယ္သူ ေႁမြအျဖစ္ အသြင္ေျပာင္းၿပီး Thor ဆီကို ခ်ဥ္းကပ္ခဲ့ပါတယ္။ Thor ရဲ႕ အနားကို ေရာက္ေတာ့မွ Loki ဟာ သူ႔ရဲ႕ပုံစံအမွန္ ျပန္ေျပာင္းၿပီး Thor ကို ဓားနဲ႔ထိုးခဲ့ပါတယ္။ ဒီသီအိုရီအရဆိုရင္ Kid Loki ရဲ႕ အျဖစ္အပ်က္မွာ ဒီ Prank ဟာ အမွားအယြင္း ျဖစ္သြားၿပီး Thor ဟာ တကယ္ေသဆုံးသြားတာလို႔ ဆိုထားတာ ျဖစ္ပါတယ္။

photo via screenrant

Sacred Timeline ထဲက Loki ဟာလည္း Thor ကို အႀကိမ္မ်ားစြာ သတ္ပစ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ တစ္ခါမွ မေအာင္ျမင္ခဲ့ပါဘူး။ ဒါေၾကာင့္ပဲ ကေလးအ႐ြယ္ Kid Loki အတြက္ Thor ကို သတ္ဖို႔ဆိုတာ ပိုၿပီးခက္ခဲပါလိမ့္မယ္။ ဒီအခ်က္ကို စဥ္းစားလိုက္ရင္ေတာ့ ဒီသီအိုရီဟာ အေတာ္ေလး ျဖစ္ႏိုင္ေခ် ရွိပါတယ္။ Thor: Ragnarok ထဲမွာေတာ့ အဲ့ဒီေႁမြ Prank ဟာ သူတို႔အသက္ရွစ္ႏွစ္အ႐ြယ္မွာ ျဖစ္ခဲ့တာလို႔ Thor က ေျပာခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Kid Loki ဟာ အဲ့ဒီအ႐ြယ္တည္းက ဗလာနတၳိမွာ ႀကီးျပင္းလာခဲ့ရတာ ျဖစ္ႏိုင္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular