HomeCharacterSpider-Man ဟာ ကောမစ်ထဲမှာ သူ့ရဲ့ Secret Identity ကို ဘယ်လိုပြန်လည်ရရှိခဲ့လဲ?

Spider-Man ဟာ ကောမစ်ထဲမှာ သူ့ရဲ့ Secret Identity ကို ဘယ်လိုပြန်လည်ရရှိခဲ့လဲ?

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရိသတ်တွေ စောင့်မျှော်နေခဲ့တဲ့ Spider-Man: No Way Home ရဲ့ ထွေလာဟာ မကြာသေးခင်ကပဲ ထွက်ရှိလာပါတယ်။ ဒီထွေလာထဲမှာတော့ Peter Parker ဟာ Spider-Man ဆိုတာကို တစ်ကမ္ဘာလုံးက သိရှိသွားပြီး Mysterio ရဲ့ လှည့်စားမှုကြောင့် Spider-Man က Mysterio ကို သတ်လိုက်တယ်လို့ တစ်ကမ္ဘာလုံးက ထင်နေကြပါတယ်။

ဒါကြောင့်ပဲ Spider-Man က ဘယ်သူလည်းဆိုတာကို တခြားသူတွေ မေ့ပျောက်သွားနိုင်မယ့် နည်းလမ်းကို ရှာဖွေဖို့ Peter ဟာ Doctor Strange ဆီမှာ အကူအညီတောင်းခံခဲ့ပါတယ်။ ရုပ်ရှင်နဲ့မတူတဲ့ ကောမစ်ထဲမှာတော့ Spider-Man ဟာ သူ့ရဲ့ Secret Identity ကို ဘယ်လိုပြန်လည် ရရှိခဲ့လည်းဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

photo via screenrant

ကောမစ်ထဲမှာတော့ Peter Parker ဟာ Spider-Man ဖြစ်ကြောင်း သူကိုယ်တိုင်က လိုလိုလားလားနဲ့ တစ်ကမ္ဘာလုံးကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ အကြောင်းကတော့ အစွမ်းရှိ စူပါဟီးရိုးတွေကို မှတ်ပုံတင်ခိုင်းတဲ့ အက်ဥပဒေကို ပရိုမိုးရှင်းဆင်းနေတဲ့ Tony Stark ကို ကူညီပေးချင်တာကြောင့် ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်တွေကတော့ One More Day ကောမစ်ထဲမှာ ဖြစ်ပျက်ခဲ့တာပါ။ Peter ဟာ သူ့ကိုယ်သူ Spider-Man ပါလို့ ကြေညာပြီး သိပ်မကြာခင်မှာပဲ Kingpin ဟာ Peter ကို လုပ်ကြံဖို့ ကြိုးစားရင်းနဲ့ Aunt May ဟာ သေနိုင်လောက်တဲ့ ဒဏ်ရာကို ရရှိသွားပါတယ်။

အဲ့ဒီနောက်မှာတော့ Peter ဟာ Aunt May ရဲ့ အသက်ကို ကယ်တင်နိုင်ဖို့အတွက် Mephisto နဲ့ အပေးအယူ လုပ်ခဲ့ပါတယ်။ အဲ့ဒီအပေးအယူကတော့ Aunt May ကို ဆက်လက် အသက်ရှင်စေချင်တယ်ဆိုရင် Peter နဲ့ Mary Jane Watson တို့ လက်ထပ်ထားတဲ့ ဖြစ်ရပ်ဟာ ဒီ Timeline ကနေ ပျောက်ပျက်သွားမှာပဲ ဖြစ်ပါတယ်။

Peter ဟာ သူ့လုပ်ရပ်တွေရဲ့ နောက်ဆက်တွဲတွေကို အမြဲတမ်း ရင်ဆိုင်လေ့ ရှိပေမယ့်လည်း ဒီတစ်ခါမှာတော့ အလွယ်လမ်းလိုက်သလို ဖြစ်သွားတာကြောင့် ကောမစ်ပရိသတ်တွေဟာ မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ Marvel ဟာ One Moment In Time ဆိုပြီး Sequel ကောမစ်အနေနဲ့ ထပ်မံဖန်တီးပေးခဲ့ပါတယ်။

photo via screenrant

One Moment In Time ကောမစ်ထဲမှာတော့ Kingpin ဟာ Spider-Man ရဲ့ မိသားစုမှန်သမျှကို သတ်ပစ်ဖို့ လုပ်ကြံရေးသမားတွေ စေလွှတ်ခဲ့ပါတယ်။ အဲဒါကြောင့်ပဲ Mary Jane Watson ဟာ သူမရဲ့အဒေါ် Anna ကို လုပ်ကြံရေးသမားတွေရဲ့လက်က ကာကွယ်နေရင်း သေစေနိုင်လောက်တဲ့ ဒဏ်ရာရရှိသွားပါတော့တယ်။

ဒါကြောင့်ပဲ Peter ဟာ Mary ကို ကုသပေးဖို့ Doctor Strange ဆီ ခေါ်သွားပြီး သူ Spider-Man ဆိုတာ ဘယ်သူမှမသိတဲ့ Reality အဖြစ် ပြောင်းလဲသွားအောင် Spell တစ်ခုခုနဲ့ ပြုလုပ်နိုင်လားဆိုပြီး မေးမြန်းခဲ့ပါတယ်။ Doctor Strange ကတော့ Reed Richards ၊ Tony Stark တို့နဲ့ ဆွေးနွေးခဲ့ပြီး Peter ကို ကူညီပေးဖို့ သဘောတူခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Doctor Strange ဟာ Spell တစ်ခု ပြုလုပ်ပေးခဲ့ပြီး Peter နဲ့ Mary တို့ နှစ်ယောက်ကလွဲရင် တစ်ကမ္ဘာလုံးမှာ ရှိသမျှလူတွေဟာ Peter Parker က Spider-Man ဆိုတာကို မေ့ပျောက်သွားကြပါတယ်။ အခုဖော်ပြသွားတာတွေကတော့ ကောမစ်ထဲက အဖြစ်အပျက်တွေ ဖြစ်ပြီး No Way Home ထဲမှာတော့ ဘယ်လိုမျိူး မတူညီတဲ့ ဇာတ်လမ်းမျိူးနဲ့ ဖန်တီးသွားမလည်းဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနခဲ့တဲ့ Spider-Man: No Way Home ရဲ႕ ေထြလာဟာ မၾကာေသးခင္ကပဲ ထြက္ရွိလာပါတယ္။ ဒီေထြလာထဲမွာေတာ့ Peter Parker ဟာ Spider-Man ဆိုတာကို တစ္ကမာၻလုံးက သိရွိသြားၿပီး Mysterio ရဲ႕ လွည့္စားမႈေၾကာင့္ Spider-Man က Mysterio ကို သတ္လိုက္တယ္လို႔ တစ္ကမာၻလုံးက ထင္ေနၾကပါတယ္။

ဒါေၾကာင့္ပဲ Spider-Man က ဘယ္သူလည္းဆိုတာကို တျခားသူေတြ ေမ့ေပ်ာက္သြားႏိုင္မယ့္ နည္းလမ္းကို ရွာေဖြဖို႔ Peter ဟာ Doctor Strange ဆီမွာ အကူအညီေတာင္းခံခဲ့ပါတယ္။ ႐ုပ္ရွင္နဲ႔မတူတဲ့ ေကာမစ္ထဲမွာေတာ့ Spider-Man ဟာ သူ႔ရဲ႕ Secret Identity ကို ဘယ္လိုျပန္လည္ ရရွိခဲ့လည္းဆိုတာ စိတ္ဝင္စားစရာပဲ ျဖစ္ပါတယ္။

photo via screenrant

ေကာမစ္ထဲမွာေတာ့ Peter Parker ဟာ Spider-Man ျဖစ္ေၾကာင္း သူကိုယ္တိုင္က လိုလိုလားလားနဲ႔ တစ္ကမာၻလုံးကို ေျပာျပခဲ့တာ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ အစြမ္းရွိ စူပါဟီး႐ိုးေတြကို မွတ္ပုံတင္ခိုင္းတဲ့ အက္ဥပေဒကို ပ႐ိုမိုးရွင္းဆင္းေနတဲ့ Tony Stark ကို ကူညီေပးခ်င္တာေၾကာင့္ ျဖစ္ပါတယ္။

ဒီအျဖစ္အပ်က္ေတြကေတာ့ One More Day ေကာမစ္ထဲမွာ ျဖစ္ပ်က္ခဲ့တာပါ။ Peter ဟာ သူ႔ကိုယ္သူ Spider-Man ပါလို႔ ေၾကညာၿပီး သိပ္မၾကာခင္မွာပဲ Kingpin ဟာ Peter ကို လုပ္ႀကံဖို႔ ႀကိဳးစားရင္းနဲ႔ Aunt May ဟာ ေသႏိုင္ေလာက္တဲ့ ဒဏ္ရာကို ရရွိသြားပါတယ္။

အဲ့ဒီေနာက္မွာေတာ့ Peter ဟာ Aunt May ရဲ႕ အသက္ကို ကယ္တင္ႏိုင္ဖို႔အတြက္ Mephisto နဲ႔ အေပးအယူ လုပ္ခဲ့ပါတယ္။ အဲ့ဒီအေပးအယူကေတာ့ Aunt May ကို ဆက္လက္ အသက္ရွင္ေစခ်င္တယ္ဆိုရင္ Peter နဲ႔ Mary Jane Watson တို႔ လက္ထပ္ထားတဲ့ ျဖစ္ရပ္ဟာ ဒီ Timeline ကေန ေပ်ာက္ပ်က္သြားမွာပဲ ျဖစ္ပါတယ္။

Peter ဟာ သူ႔လုပ္ရပ္ေတြရဲ႕ ေနာက္ဆက္တြဲေတြကို အၿမဲတမ္း ရင္ဆိုင္ေလ့ ရွိေပမယ့္လည္း ဒီတစ္ခါမွာေတာ့ အလြယ္လမ္းလိုက္သလို ျဖစ္သြားတာေၾကာင့္ ေကာမစ္ပရိသတ္ေတြဟာ မေက်မနပ္ ျဖစ္ခဲ့ၾကပါတယ္။ ဒါေၾကာင့္ပဲ Marvel ဟာ One Moment In Time ဆိုၿပီး Sequel ေကာမစ္အေနနဲ႔ ထပ္မံဖန္တီးေပးခဲ့ပါတယ္။

photo via screenrant

One Moment In Time ေကာမစ္ထဲမွာေတာ့ Kingpin ဟာ Spider-Man ရဲ႕ မိသားစုမွန္သမွ်ကို သတ္ပစ္ဖို႔ လုပ္ႀကံေရးသမားေတြ ေစလႊတ္ခဲ့ပါတယ္။ အဲဒါေၾကာင့္ပဲ Mary Jane Watson ဟာ သူမရဲ႕အေဒၚ Anna ကို လုပ္ႀကံေရးသမားေတြရဲ႕လက္က ကာကြယ္ေနရင္း ေသေစႏိုင္ေလာက္တဲ့ ဒဏ္ရာရရွိသြားပါေတာ့တယ္။

ဒါေၾကာင့္ပဲ Peter ဟာ Mary ကို ကုသေပးဖို႔ Doctor Strange ဆီ ေခၚသြားၿပီး သူ Spider-Man ဆိုတာ ဘယ္သူမွမသိတဲ့ Reality အျဖစ္ ေျပာင္းလဲသြားေအာင္ Spell တစ္ခုခုနဲ႔ ျပဳလုပ္ႏိုင္လားဆိုၿပီး ေမးျမန္းခဲ့ပါတယ္။ Doctor Strange ကေတာ့ Reed Richards ၊ Tony Stark တို႔နဲ႔ ေဆြးေႏြးခဲ့ၿပီး Peter ကို ကူညီေပးဖို႔ သေဘာတူခဲ့ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ Doctor Strange ဟာ Spell တစ္ခု ျပဳလုပ္ေပးခဲ့ၿပီး Peter နဲ႔ Mary တို႔ ႏွစ္ေယာက္ကလြဲရင္ တစ္ကမာၻလုံးမွာ ရွိသမွ်လူေတြဟာ Peter Parker က Spider-Man ဆိုတာကို ေမ့ေပ်ာက္သြားၾကပါတယ္။ အခုေဖာ္ျပသြားတာေတြကေတာ့ ေကာမစ္ထဲက အျဖစ္အပ်က္ေတြ ျဖစ္ၿပီး No Way Home ထဲမွာေတာ့ ဘယ္လိုမ်ိဴး မတူညီတဲ့ ဇာတ္လမ္းမ်ိဴးနဲ႔ ဖန္တီးသြားမလည္းဆိုတာကို ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular