HomeEntertainmentFilmDefense Against the Dark Arts ဆရာ ရာထူးကို Voldemort ဘယ်လိုကျိန်စာတိုက်ခဲ့သလဲ? 

Defense Against the Dark Arts ဆရာ ရာထူးကို Voldemort ဘယ်လိုကျိန်စာတိုက်ခဲ့သလဲ? 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Lord Voldemort ဟာ Hogwarts ကျောင်းတော်ကြီးရဲ့ Defense Against the Dark Arts ဘာသာရပ်ဆရာ ရာထူးနေရာကို ကျိန်စာတိုက်ခဲ့ပါတယ်။ သို့ပေမယ့် ရုပ်ရှင်ထဲမှာရော၊ စာအုပ်ထဲမှာပါ ဘယ်လိုကျိန်စာတိုက်ခဲ့လည်းဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာ မရှိပါဘူး။ ဒီကျိန်စာဟာ Harry Potter ရုပ်ရှင်တွေထဲမှာတော့ တိုက်ရိုက်ဖော်ပြခြင်း လုံးဝမရှိခဲ့ဘဲ J. K. Rowling ရဲ့ ဝတ္ထုတွေထဲမှာတော့ အရိပ်အမြွက် ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ဒီကျိန်စာနဲ့ ပတ်သက်ပြီး Lord Voldemort က ဘယ်လိုအကြောင်းတွေကြောင့် ဒီနေရာကို ကျိန်စာတိုက်ခဲ့လည်းဆိုတာကို ရှင်းပြပေးချင်ပါတယ်။

D.A.D.A လို့လည်း အတိုကောက် ခေါ်ကြတဲ့ Defense Against the Dark Arts ဘာသာရပ်ဟာ Hogwarts ကျောင်းတော်ကြီးက ကျောင်းသားတွေကို Dark Arts လို့ခေါ်တဲ့ အောက်လမ်းမှော်ပညာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ခုခံတိုက်ခိုက်နိုင်အောင် လေ့ကျင့်သင်ကြားပေးတဲ့ ဘာသာရပ်တစ်ခု ဖြစ်ပါတယ်။ ဒီဘာသာရပ်မှာ သင်ကြားရတဲ့ လေ့ကျင့်ခန်းတွေကတော့ ကျိန်စာတွေ၊ ကံဆိုးမိုးမှောင်ကျအောင် ပြုစားနိုင်တဲ့ အဆောင်ပစ္စည်းတွေ၊ dementor လို ဆိုးဝါးကြောက်မက်ဖွယ် မှော်သတ္တဝါတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ခုခံကာကွယ်နည်းတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဦးနဲ့တစ်ဦး ရင်ဆိုင်တိုက်ခိုက်ရတဲ့ duelling အတတ်ကိုလည်း လေ့ကျင့်သင်ကြားပေးပါသေးတယ်။

Photo via IMDb

Harry Potter တစ်ယောက် Hogwarts ကျောင်းတော်ကြီးကို ပထမဆုံး စတင်ရောက်ရှိလာတုန်းက D.A.D.A ပရော်ဖက်ဆာအဖြစ် Quirinus Quirrell က လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အဲ့ဒီ့နောက်မှာတော့ Gilderoy Lockhart က အစားထိုး ဝင်ရောက်လာခဲ့ပြီး သူ့ရဲ့နောက်မှာတော့ Remus Lupin ၊ Alastar Moody အသွင်နဲ့ အယောင်ဆောင်ထားတဲ့ Barty Crouch Jr. ၊ Dolores Umbridge နဲ့ Severus Snape တို့က D.A.D.A ပရော်ဖက်ဆာအဖြစ် အသီးသီး ဝင်ရောက်သင်ကြားခဲ့ကြပါတယ်။ Snape ကျောင်းအုပ်ကြီး ဖြစ်လာတဲ့အခါမှာတော့ Amycus Carrow ကို ပရော်ဖက်ဆာအဖြစ် ခန့်အပ်ခဲ့ပြီး ဘာသာရပ်အမည်ကိုတော့ Dark Arts လို့ ပြောင်းလဲခဲ့ပါတယ်။

D.A.D.A ပရော်ဖက်ဆာအဖြစ် ဝင်ရောက်သင်ကြားတဲ့ ဆရာအားလုံးဟာ တစ်နှစ်ထက်ပိုပြီး Hogwarts မှာ မတည်မြဲခဲ့ကြပါဘူး။ ဒီဖြစ်ရပ်ဟာ နောက်ပိုင်းမှာတော့ Lord Voldemort ရဲ့ကျိန်စာကြောင့်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဖြစ်ပုံကတော့ တစ်ချိန်မှာ Lord Voldemort ဖြစ်လာမယ့် Tom Riddle ဟာ Hogwarts က ကျောင်းပြီးကာစ အသက်(၁၈)နှစ်ဆိုတဲ့ အရွယ်လေးမှာတင် D.A.D.A ပရော်ဖက်ဆာနေရာကို လျှောက်ထားခဲ့ပါတယ်။ အဲ့ဒီ့တုန်းကတော့ သူဟာ အသက်သိပ်ငယ်နေသေးတာကြောင့် ကျောင်းအုပ်ကြီးဖြစ်သူ Armando Dippet က ငြင်းပယ်ခဲ့ပါတယ်။

Photo via IMDb

ဒီလိုနဲ့ ဆယ်စုနှစ် နှစ်ခုအကြာမှာတော့ Tom Riddle ဟာ Hogwarts ကို တစ်ဖန်ပြန်လည် ရောက်ရှိလာခဲ့ပြီး D.A.D.A ပရော်ဖက်ဆာ နေရာကိုပဲ ထပ်မံလျှောက်ထားခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း ကျောင်းအုပ်ကြီး Albus Dumbledore ရဲ့ ငြင်းပယ်မှုကို ခံခဲ့ရပါတယ်။ ဒီရာထူးနေရာကို Tom Riddle က ကျိန်စာတိုက်ခဲ့တဲ့ အကြောင်းကိုတော့ Harry Potter and the Half-Blood Prince ဝတ္ထုထဲမှာ Voldemort နဲ့ ဆုံတွေ့ရာက ရလဒ်ကို ကျောင်းအုပ်ကြီး Dumbledore က ပြောပြရာမှာ ဖော်ပြခဲ့ပါတယ်။ အဲ့ဒီ့ထဲမှာ Hogwarts ဟာ D.A.D.A ပရော်ဖက်ဆာ နေရာကို တစ်နှစ်ထက်ပိုပြီး မထိန်းသိမ်းနိုင်တဲ့အကြောင်းကို Dumbledore က ပြောပြခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် မေးစရာရှိတာက ဒီရာထူးနေရာကို Voldemort က ဘယ်လို ကျိန်စာတိုက်ခဲ့လည်းဆိုတာပါပဲ။

D.A.D.A ပရော်ဖက်ဆာရာထူးကို ခက်ခဲတဲ့ အောက်လမ်းမှော်ပညာသုံးပြီး ကျိန်စာတိုက်ခဲ့တဲ့ Voldemort
Photo via IMDb

Voldemort ဟာ Hogwarts ကို နောက်တစ်ခါ ထပ်လာပြီး D.A.D.A ရာထူးကို လျှောက်ထားရာမှာတော့ သူ့မှာ တစ်ခြားသီးသန့် ရည်ရွယ်ချက်တစ်ခု ရှိနေခဲ့ပါတယ်။ အဲ့ဒါကတော့ သူ့ရဲ့ horcrux တစ်ခုဖြစ်တဲ့ Rowena Ravenclaw ရဲ့ သရဖူကို Hogwarts မှာ ဖွက်ဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် Voldemort ဟာ D.A.D.A ရာထူးကို ၁၉၈၄ခုနှစ် ပတ်ဝန်းကျင်မှာ ကျိန်စာတိုက်ခဲ့တယ်လို့ ယူဆနိုင်ပါတယ်။

ဒီနေရာကို ကျိန်စာတိုက်ခဲ့ရတဲ့ အကြောင်းရင်းကတော့ Dumbledore က သူ့ကိုငြင်းပယ်လိုက်လို့ဆိုတဲ့ အကြောင်းပြချက်ထက် ပိုပါတယ်။ အကြောင်းကတော့ ဒီဘာသာရပ်နေရာမှာ ဆရာတွေ အမြဲတမ်း ပြောင်းလဲနေတော့မှ ကျောင်းသားတွေဟာ ဒီဘာသာရပ်နဲ့ ပတ်သက်ပြီး သေသေချာချာ အသေးစိတ် သင်ကြားခွင့် မရရှိတော့ဘဲ dark arts တွေကို ခုခံတိုက်ခိုက်နိုင်ဖို့ မကျွမ်းကျင်တော့အောင် ပြုလုပ်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါမှသာ Voldemort ဟာ သူ့ရဲ့နောက်လိုက်အပေါင်းအပါတွေနဲ့ ပိုပြီးလွယ်လွယ်ကူကူ ထကြွလာနိုင်မှာ ဖြစ်ပါတယ်။

Photo via IMDb

D.A.D.A ရာထူးကို Voldemort ဘယ်လို ကျိန်စာတိုက်ခဲ့လည်းဆိုတာကတော့ Hogwarts ကို သူပြန်ရောက်လာတဲ့ အချိန်နဲ့ ကြားကာလ အနှစ်(၂၀)ဝန်းကျင်မှာ ခရီးတွေ လျှောက်သွားရင်း အန္တရာယ်များလွန်းတဲ့ အောက်လမ်းမှော်ပညာတွေနဲ့ တွေ့လာခဲ့တာကြောင့်လို့ ဝတ္ထုဖတ်သူတွေကြားမှာတော့ ယုံကြည်ထားကြတာ ရှိပါတယ်။ အကြောင်းကတော့ သူဟာ အောက်လမ်းမှော်ကမ္ဘာထဲမှာ နက်နက်ရှိုင်းရှိုင်း သွားလာခဲ့တာကြောင့် D.A.D.A ရာထူးကို ကျိန်စာတိုက်နိုင်မယ့် spell တစ်ခုခု၊ ဒါမှမဟုတ် အစီအရင်တစ်ခုခုကို တွေ့ရှိလာခဲ့လို့ ဖြစ်တယ်လို့ ယူဆကြပါတယ်။

လူပုဂ္ဂိုလ်၊ အရာဝတ္ထုတွေအပေါ်မှာ ကျိန်စာတိုက်တာမျိုးဟာ တွေ့ရများပေမယ့် ဆရာအလုပ်လို လူအများကြီးကို ပစ်မှတ်ထားတဲ့ ကျိန်စာမျိုးကိုတော့ တွေ့ရခဲပါတယ်။ ဒါကြောင့်လည်း Voldemort အနေနဲ့ ဒုတိယအကြိမ် Hogwarts ကို ပြန်လာပြီး D.A.D.A ရာထူးကို ထပ်မလျှောက်ခင်တည်းက Dumbledore က သူ့ကိုငြင်းပယ်မယ်ဆိုတာ သိထားပြီးသား ဖြစ်နေလောက်ပါတယ်။ ဒါကြောင့်လည်း သူဟာ D.A.D.A ရာထူးကို ၁၉၈၄ခုနှစ် ဝန်းကျင်မှာ ကျိန်စာတိုက်ခဲ့တာ ဖြစ်ပါတယ်။

Photo via IMDb

D.A.D.A ရာထူးဟာ အဲ့ဒီ့အချိန်ကစတင်ပြီး Voldemort ကျဆုံးချိန် ၁၉၉၈ခုနှစ်အထိ ဆရာအပြောင်းအလဲ (၁၃)ခါလောက် ဖြစ်ခဲ့ရတာကြောင့် ဒီကျိန်စာဟာ တကယ်လည်း အသက်ဝင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီကျိန်စာဟာ ဒုတိယမှော်လောက စစ်ပွဲအပြီး Voldemort ရဲ့ သေဆုံးမှုနောက်ပိုင်းမှာတော့ ပြယ်လွင့်သွားပြီလို့ ယုံကြည်ထားကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး စာရေးဆရာမ J. K. Rowling ကလည်း ဒီကျိန်စာဟာ ပျက်ပြယ်သွားပြီး Hogwarts ရဲ့ D.A.D.A ရာထူးဟာ တစ်ဖန်ပြန်လည်ကာ ခိုင်မြဲပါပြီလို့ နောက်ပိုင်းမှာ အတည်ပြုခဲ့ပါသေးတယ်။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Lord Voldemort ဟာ Hogwarts ေက်ာင္းေတာ္ႀကီးရဲ႕ Defense Against the Dark Arts ဘာသာရပ္ဆရာ ရာထူးေနရာကို က်ိန္စာတိုက္ခဲ့ပါတယ္။ သို႔ေပမယ့္ ႐ုပ္ရွင္ထဲမွာေရာ၊ စာအုပ္ထဲမွာပါ ဘယ္လိုက်ိန္စာတိုက္ခဲ့လည္းဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း ေဖာ္ျပထားတာ မရွိပါဘူး။ ဒီက်ိန္စာဟာ Harry Potter ႐ုပ္ရွင္ေတြထဲမွာေတာ့ တိုက္႐ိုက္ေဖာ္ျပျခင္း လုံးဝမရွိခဲ့ဘဲ J. K. Rowling ရဲ႕ ဝတၳဳေတြထဲမွာေတာ့ အရိပ္အႁမြက္ ေဖာ္ျပခဲ့ပါတယ္။ ဒါေၾကာင့္ ဒီက်ိန္စာနဲ႔ ပတ္သက္ၿပီး Lord Voldemort က ဘယ္လိုအေၾကာင္းေတြေၾကာင့္ ဒီေနရာကို က်ိန္စာတိုက္ခဲ့လည္းဆိုတာကို ရွင္းျပေပးခ်င္ပါတယ္။

D.A.D.A လို႔လည္း အတိုေကာက္ ေခၚၾကတဲ့ Defense Against the Dark Arts ဘာသာရပ္ဟာ Hogwarts ေက်ာင္းေတာ္ႀကီးက ေက်ာင္းသားေတြကို Dark Arts လို႔ေခၚတဲ့ ေအာက္လမ္းေမွာ္ပညာေတြနဲ႔ ရင္ဆိုင္ရတဲ့အခါ ခုခံတိုက္ခိုက္ႏိုင္ေအာင္ ေလ့က်င့္သင္ၾကားေပးတဲ့ ဘာသာရပ္တစ္ခု ျဖစ္ပါတယ္။ ဒီဘာသာရပ္မွာ သင္ၾကားရတဲ့ ေလ့က်င့္ခန္းေတြကေတာ့ က်ိန္စာေတြ၊ ကံဆိုးမိုးေမွာင္က်ေအာင္ ျပဳစားႏိုင္တဲ့ အေဆာင္ပစၥည္းေတြ၊ dementor လို ဆိုးဝါးေၾကာက္မက္ဖြယ္ ေမွာ္သတၱဝါေတြနဲ႔ ရင္ဆိုင္ရတဲ့အခါ ခုခံကာကြယ္နည္းေတြပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ တစ္ဦးနဲ႔တစ္ဦး ရင္ဆိုင္တိုက္ခိုက္ရတဲ့ duelling အတတ္ကိုလည္း ေလ့က်င့္သင္ၾကားေပးပါေသးတယ္။

Photo via IMDb

Harry Potter တစ္ေယာက္ Hogwarts ေက်ာင္းေတာ္ႀကီးကို ပထမဆုံး စတင္ေရာက္ရွိလာတုန္းက D.A.D.A ပေရာ္ဖက္ဆာအျဖစ္ Quirinus Quirrell က လုပ္ကိုင္ေနတာ ျဖစ္ပါတယ္။ အဲ့ဒီ့ေနာက္မွာေတာ့ Gilderoy Lockhart က အစားထိုး ဝင္ေရာက္လာခဲ့ၿပီး သူ႔ရဲ႕ေနာက္မွာေတာ့ Remus Lupin ၊ Alastar Moody အသြင္နဲ႔ အေယာင္ေဆာင္ထားတဲ့ Barty Crouch Jr. ၊ Dolores Umbridge နဲ႔ Severus Snape တို႔က D.A.D.A ပေရာ္ဖက္ဆာအျဖစ္ အသီးသီး ဝင္ေရာက္သင္ၾကားခဲ့ၾကပါတယ္။ Snape ေက်ာင္းအုပ္ႀကီး ျဖစ္လာတဲ့အခါမွာေတာ့ Amycus Carrow ကို ပေရာ္ဖက္ဆာအျဖစ္ ခန႔္အပ္ခဲ့ၿပီး ဘာသာရပ္အမည္ကိုေတာ့ Dark Arts လို႔ ေျပာင္းလဲခဲ့ပါတယ္။

D.A.D.A ပေရာ္ဖက္ဆာအျဖစ္ ဝင္ေရာက္သင္ၾကားတဲ့ ဆရာအားလုံးဟာ တစ္ႏွစ္ထက္ပိုၿပီး Hogwarts မွာ မတည္ၿမဲခဲ့ၾကပါဘူး။ ဒီျဖစ္ရပ္ဟာ ေနာက္ပိုင္းမွာေတာ့ Lord Voldemort ရဲ႕က်ိန္စာေၾကာင့္ဆိုတာကို အတည္ျပဳႏိုင္ခဲ့ပါတယ္။ ျဖစ္ပုံကေတာ့ တစ္ခ်ိန္မွာ Lord Voldemort ျဖစ္လာမယ့္ Tom Riddle ဟာ Hogwarts က ေက်ာင္းၿပီးကာစ အသက္(၁၈)ႏွစ္ဆိုတဲ့ အ႐ြယ္ေလးမွာတင္ D.A.D.A ပေရာ္ဖက္ဆာေနရာကို ေလွ်ာက္ထားခဲ့ပါတယ္။ အဲ့ဒီ့တုန္းကေတာ့ သူဟာ အသက္သိပ္ငယ္ေနေသးတာေၾကာင့္ ေက်ာင္းအုပ္ႀကီးျဖစ္သူ Armando Dippet က ျငင္းပယ္ခဲ့ပါတယ္။

Photo via IMDb

ဒီလိုနဲ႔ ဆယ္စုႏွစ္ ႏွစ္ခုအၾကာမွာေတာ့ Tom Riddle ဟာ Hogwarts ကို တစ္ဖန္ျပန္လည္ ေရာက္ရွိလာခဲ့ၿပီး D.A.D.A ပေရာ္ဖက္ဆာ ေနရာကိုပဲ ထပ္မံေလွ်ာက္ထားခဲ့ပါတယ္။ ဒီတစ္ႀကိမ္မွာလည္း ေက်ာင္းအုပ္ႀကီး Albus Dumbledore ရဲ႕ ျငင္းပယ္မႈကို ခံခဲ့ရပါတယ္။ ဒီရာထူးေနရာကို Tom Riddle က က်ိန္စာတိုက္ခဲ့တဲ့ အေၾကာင္းကိုေတာ့ Harry Potter and the Half-Blood Prince ဝတၳဳထဲမွာ Voldemort နဲ႔ ဆုံေတြ႕ရာက ရလဒ္ကို ေက်ာင္းအုပ္ႀကီး Dumbledore က ေျပာျပရာမွာ ေဖာ္ျပခဲ့ပါတယ္။ အဲ့ဒီ့ထဲမွာ Hogwarts ဟာ D.A.D.A ပေရာ္ဖက္ဆာ ေနရာကို တစ္ႏွစ္ထက္ပိုၿပီး မထိန္းသိမ္းႏိုင္တဲ့အေၾကာင္းကို Dumbledore က ေျပာျပခဲ့တာ ျဖစ္ပါတယ္။ သို႔ေပမယ့္ ေမးစရာရွိတာက ဒီရာထူးေနရာကို Voldemort က ဘယ္လို က်ိန္စာတိုက္ခဲ့လည္းဆိုတာပါပဲ။

D.A.D.A ပေရာ္ဖက္ဆာရာထူးကို ခက္ခဲတဲ့ ေအာက္လမ္းေမွာ္ပညာသုံးၿပီး က်ိန္စာတိုက္ခဲ့တဲ့ Voldemort
Photo via IMDb

Voldemort ဟာ Hogwarts ကို ေနာက္တစ္ခါ ထပ္လာၿပီး D.A.D.A ရာထူးကို ေလွ်ာက္ထားရာမွာေတာ့ သူ႔မွာ တစ္ျခားသီးသန႔္ ရည္႐ြယ္ခ်က္တစ္ခု ရွိေနခဲ့ပါတယ္။ အဲ့ဒါကေတာ့ သူ႔ရဲ႕ horcrux တစ္ခုျဖစ္တဲ့ Rowena Ravenclaw ရဲ႕ သရဖူကို Hogwarts မွာ ဖြက္ဖို႔ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ Voldemort ဟာ D.A.D.A ရာထူးကို ၁၉၈၄ခုႏွစ္ ပတ္ဝန္းက်င္မွာ က်ိန္စာတိုက္ခဲ့တယ္လို႔ ယူဆႏိုင္ပါတယ္။

ဒီေနရာကို က်ိန္စာတိုက္ခဲ့ရတဲ့ အေၾကာင္းရင္းကေတာ့ Dumbledore က သူ႔ကိုျငင္းပယ္လိုက္လို႔ဆိုတဲ့ အေၾကာင္းျပခ်က္ထက္ ပိုပါတယ္။ အေၾကာင္းကေတာ့ ဒီဘာသာရပ္ေနရာမွာ ဆရာေတြ အၿမဲတမ္း ေျပာင္းလဲေနေတာ့မွ ေက်ာင္းသားေတြဟာ ဒီဘာသာရပ္နဲ႔ ပတ္သက္ၿပီး ေသေသခ်ာခ်ာ အေသးစိတ္ သင္ၾကားခြင့္ မရရွိေတာ့ဘဲ dark arts ေတြကို ခုခံတိုက္ခိုက္ႏိုင္ဖို႔ မကြၽမ္းက်င္ေတာ့ေအာင္ ျပဳလုပ္ဖို႔ ရည္႐ြယ္ခဲ့တာ ျဖစ္ပါတယ္။ ဒါမွသာ Voldemort ဟာ သူ႔ရဲ႕ေနာက္လိုက္အေပါင္းအပါေတြနဲ႔ ပိုၿပီးလြယ္လြယ္ကူကူ ထႂကြလာႏိုင္မွာ ျဖစ္ပါတယ္။

Photo via IMDb

D.A.D.A ရာထူးကို Voldemort ဘယ္လို က်ိန္စာတိုက္ခဲ့လည္းဆိုတာကေတာ့ Hogwarts ကို သူျပန္ေရာက္လာတဲ့ အခ်ိန္နဲ႔ ၾကားကာလ အႏွစ္(၂၀)ဝန္းက်င္မွာ ခရီးေတြ ေလွ်ာက္သြားရင္း အႏၲရာယ္မ်ားလြန္းတဲ့ ေအာက္လမ္းေမွာ္ပညာေတြနဲ႔ ေတြ႕လာခဲ့တာေၾကာင့္လို႔ ဝတၳဳဖတ္သူေတြၾကားမွာေတာ့ ယုံၾကည္ထားၾကတာ ရွိပါတယ္။ အေၾကာင္းကေတာ့ သူဟာ ေအာက္လမ္းေမွာ္ကမာၻထဲမွာ နက္နက္ရႈိင္းရႈိင္း သြားလာခဲ့တာေၾကာင့္ D.A.D.A ရာထူးကို က်ိန္စာတိုက္ႏိုင္မယ့္ spell တစ္ခုခု၊ ဒါမွမဟုတ္ အစီအရင္တစ္ခုခုကို ေတြ႕ရွိလာခဲ့လို႔ ျဖစ္တယ္လို႔ ယူဆၾကပါတယ္။

လူပုဂၢိဳလ္၊ အရာဝတၳဳေတြအေပၚမွာ က်ိန္စာတိုက္တာမ်ိဳးဟာ ေတြ႕ရမ်ားေပမယ့္ ဆရာအလုပ္လို လူအမ်ားႀကီးကို ပစ္မွတ္ထားတဲ့ က်ိန္စာမ်ိဳးကိုေတာ့ ေတြ႕ရခဲပါတယ္။ ဒါေၾကာင့္လည္း Voldemort အေနနဲ႔ ဒုတိယအႀကိမ္ Hogwarts ကို ျပန္လာၿပီး D.A.D.A ရာထူးကို ထပ္မေလွ်ာက္ခင္တည္းက Dumbledore က သူ႔ကိုျငင္းပယ္မယ္ဆိုတာ သိထားၿပီးသား ျဖစ္ေနေလာက္ပါတယ္။ ဒါေၾကာင့္လည္း သူဟာ D.A.D.A ရာထူးကို ၁၉၈၄ခုႏွစ္ ဝန္းက်င္မွာ က်ိန္စာတိုက္ခဲ့တာ ျဖစ္ပါတယ္။

Photo via IMDb

D.A.D.A ရာထူးဟာ အဲ့ဒီ့အခ်ိန္ကစတင္ၿပီး Voldemort က်ဆုံးခ်ိန္ ၁၉၉၈ခုႏွစ္အထိ ဆရာအေျပာင္းအလဲ (၁၃)ခါေလာက္ ျဖစ္ခဲ့ရတာေၾကာင့္ ဒီက်ိန္စာဟာ တကယ္လည္း အသက္ဝင္ခဲ့တယ္လို႔ ဆိုရမွာ ျဖစ္ပါတယ္။ ဒီက်ိန္စာဟာ ဒုတိယေမွာ္ေလာက စစ္ပြဲအၿပီး Voldemort ရဲ႕ ေသဆုံးမႈေနာက္ပိုင္းမွာေတာ့ ျပယ္လြင့္သြားၿပီလို႔ ယုံၾကည္ထားၾကပါတယ္။ ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး စာေရးဆရာမ J. K. Rowling ကလည္း ဒီက်ိန္စာဟာ ပ်က္ျပယ္သြားၿပီး Hogwarts ရဲ႕ D.A.D.A ရာထူးဟာ တစ္ဖန္ျပန္လည္ကာ ခိုင္ၿမဲပါၿပီလို႔ ေနာက္ပိုင္းမွာ အတည္ျပဳခဲ့ပါေသးတယ္။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular