HomeEntertainmentFilmHarry Potter & The Sorcerer's Stone ရဲ့ (၃)နာရီစာ Cut ဗားရှင်းကို ထွက်စေချင်တဲ့ ဒါရိုက်တာ

Harry Potter & The Sorcerer’s Stone ရဲ့ (၃)နာရီစာ Cut ဗားရှင်းကို ထွက်စေချင်တဲ့ ဒါရိုက်တာ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပထမဆုံး Harry Potter ရုပ်ရှင်နှစ်ကားကို ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ Chris Columbus ကတော့ သူ ရိုက်ကူးခဲ့တဲ့ Harry Potter & The Sorcerer’s Stone ရုပ်ရှင်ရဲ့ သုံးနာရီစာ ကြာမြင့်တဲ့ cut ဗားရှင်းကို ထွက်ရှိလာစေချင်တယ်လို့ ပြောလိုက်ပါတယ်။

Columbus ရိုက်ကူးထားတဲ့ ပထမဆုံးဇာတ်ကား Sorcerer’s Stone ဟာ ပြသချိန် (၁၅၂)မိနစ် ရှိပြီး ဒုတိယဇာတ်ကားဖြစ်တဲ့ Harry Potter & The Chamber of Secrets ကတော့ (၁၆၂)မိနစ်တောင် ရှိပါတယ်။ ဒါကြောင့်လည်း ဒုတိယဇာတ်ကား The Chamber of Secrets ဟာ Harry Potter franchise ရဲ့ အရှည်ဆုံးဇာတ်ကား ဖြစ်နေတာပါ။

Photo via IMDb

ဒါရိုက်တာ Columbus ရဲ့ ပြောစကားအရ Sorcerer’s Stone ဟာ မူလက ကြာမြင့်ချိန် (၁၇၂)မိနစ် ရှိခဲ့ပြီး (၃)နာရီပြည့်ဖို့ (၈)မိနစ်မျှသာ လိုတယ်လို့ ဆိုပါတယ်။ အဆိုပါ extended version ကိုတော့ ချီကာဂိုက အစမ်းကြည့်ရှုသူ ပရိသတ်တွေကို ပြသခဲ့တယ်လို့ သိရပါတယ်။

ဒီဗားရှင်းကိုတော့ ကလေးပရိသတ်တွေက နှစ်သက်ခဲ့ပေမယ့် ကလေးတွေနဲ့အတူ လာကြည့်ကြတဲ့ မိဘတွေ၊ လူကြီးပရိသတ်တွေကတော့ ရှည်လျားလွန်းတယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ကို ရုံမတင်ရသေးခင်မှာပဲ မူလဗားရှင်းထဲက နာရီဝက်စာခန့်ကို ဖြတ်တောက်ပစ်ခဲ့ရပါတယ်။

ဒီလိုနဲ့ #ReleaseTheSnyderCut ဆိုတဲ့ ပရိသတ်တွေရဲ့ တောင်းဆိုမှုက အမှန်တကယ် ဖြစ်လာပြီး David Ayer ရဲ့ ၂၀၁၆ ခုနှစ်ထွက် Suicide Squad ရုပ်ရှင်အတွက်ကိုလည်း #ReleaseTheAyerCut ဆိုပြီး တောင်းဆိုနေကြတာတွေ ရှိလာပါတယ်။ ဒါတွေရဲ့ နောက်ဆက်တွဲ သက်ရောက်မှုအနေနဲ့ အခြားရုပ်ရှင်တွေကလည်း အလားတူ cut version တွေကို တောင်းဆိုလာကြပါတယ်။

Photo via IMDb

ဒါကြောင့်လည်း The Wrap သတင်းဌာနက ဒါရိုက်တာ Chris Columbus နဲ့ တွေ့ဆုံမေးမြန်းရာမှာ သူ့ရဲ့ သုံးနာရီစာ ကြာမြင့်တဲ့ Sorcerer’s Stone ရဲ့ cut version ကို ထွက်စေချင်ပါသလားလို့ မေးမြန်းခဲ့ပါတယ်။ Columbus ကလည်း ဒီ cut version ကို ပြန်လည်ထွက်ရှိစေချင်ပါတယ်လို့ ဖြေဆိုခဲ့ပါတယ်။

“ကျွန်တော်လည်း ထွက်စေချင်ပါတယ်။ ကပ်ကြေးစာမိသွားလို့ မပါတော့တဲ့ Peeves ကိုလည်း ပြန်ခေါ်ပေးရမယ်လေ … ” လို့ Columbus က ပြောသွားပါတယ်။

Peeves ကတော့ Hogwarts မှော်ကျောင်းတော်ကြီးမှာ နေထိုင်တဲ့ သရဲတစ္ဆေ ဝိဉာဉ်တစ်ကောင် ဖြစ်ပါတယ်။ မူလ သုံးနာရီကြာမြင့်တဲ့ ဗားရှင်းထဲမှာတော့ သရုပ်ဆောင် Rik Mayall က သရုပ်ဆောင်ထားပါတယ်။ သို့သော်လည်း Peeves ဇာတ်ကောင် ပါဝင်တဲ့ ဇာတ်ဝင်ခန်းအားလုံးကတော့ ဖြတ်တောက်တဲ့ထဲ ပါသွားပြီး အိမ်မှာ ကြည့်ရှုဖို့ ထုတ်ပေးတဲ့ Ultimate Edition ထဲမှာတောင် မပါဝင်ခဲ့ပါဘူး။ (Sorcerer’s Stone Ultimate Edition ကတော့ ရုံတင်တဲ့ ဗားရှင်းထက် ခုနှစ်မိနစ်စာ ပိုမိုကြာမြင့်ပါတယ်။)

Photo Credit: screenrant

အခုဆိုရင် Harry Potter & The Sorcerer’s Stone ထွက်ရှိပြီးတာ နှစ်ပေါင်း နှစ်ဆယ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် Warner Bros. ကတော့ အခုချိန်ထိ cut version ကို ထုတ်ပေးခြင်း မရှိသေးပါဘူး။ ဒါ့အပြင် လတ်တလောမှာလည်း ဒီဗားရှင်းကို ထုတ်ပေးဖို့ရာ အစီအစဉ်မရှိသေးဘူးလို့လည်း စတူဒီယိုဘက်က ပြောထားပါတယ်။

သို့သော်လည်း ဒါရိုက်တာ Chris Columbus ရဲ့ ယခုလို ပြောဆိုလာမှုဟာ စတင်မှုတစ်ရပ် ဖြစ်နိုင်ပြီး  နောက်ပိုင်း ပရိသတ်တွေရဲ့ တွန်းအားပေးမှု၊ တောင်းဆိုမှုတွေ ဆက်တိုက်ရှိခဲ့ရင်တော့ ဒီသုံးနာရီစာ ဗားရှင်းကို ကြည့်ရကောင်း ကြည့်ရနိုင်ပါတယ်။

Glasgow

Source: screenrant

(Zawgyi Version)

ပထမဆုံး Harry Potter ႐ုပ္ရွင္ႏွစ္ကားကို ရိုက္ကူးေပးခဲ့တဲ့ ဒါရိုက္တာ Chris Columbus ကေတာ့ သူ ရိုက္ကူးခဲ့တဲ့ Harry Potter & The Sorcerer’s Stone ႐ုပ္ရွင္ရဲ့ သုံးနာရီစာ ၾကာျမင့္တဲ့ cut ဗားရွင္းကို ထြက္ရွိလာေစခ်င္တယ္လို႔ ေျပာလိုက္ပါတယ္။

Columbus ရိုက္ကူးထားတဲ့ ပထမဆုံးဇာတ္ကား Sorcerer’s Stone ဟာ ျပသခ်ိန္ (၁၅၂)မိနစ္ ရွိၿပီး ဒုတိယဇာတ္ကားျဖစ္တဲ့ Harry Potter & The Chamber of Secrets ကေတာ့ (၁၆၂)မိနစ္ေတာင္ ရွိပါတယ္။ ဒါေၾကာင့္လည္း ဒုတိယဇာတ္ကား The Chamber of Secrets ဟာ Harry Potter franchise ရဲ့ အရွည္ဆုံးဇာတ္ကား ျဖစ္ေနတာပါ။

Photo via IMDb

ဒါရိုက္တာ Columbus ရဲ့ ေျပာစကားအရ Sorcerer’s Stone ဟာ မူလက ၾကာျမင့္ခ်ိန္ (၁၇၂)မိနစ္ ရွိခဲ့ၿပီး (၃)နာရီျပည့္ဖို႔ (၈)မိနစ္မၽွသာ လိုတယ္လို႔ ဆိုပါတယ္။ အဆိုပါ extended version ကိုေတာ့ ခ်ီကာဂိုက အစမ္းၾကည့္ရွုသူ ပရိသတ္ေတြကို ျပသခဲ့တယ္လို႔ သိရပါတယ္။

ဒီဗားရွင္းကိုေတာ့ ကေလးပရိသတ္ေတြက ႏွစ္သက္ခဲ့ေပမယ့္ ကေလးေတြနဲ႔အတူ လာၾကည့္ၾကတဲ့ မိဘေတြ၊ လူႀကီးပရိသတ္ေတြကေတာ့ ရွည္လ်ားလြန္းတယ္လို႔ မွတ္ခ်က္ေပးခဲ့ၾကပါတယ္။ ဒါေၾကာင့္ပဲ ဒီ႐ုပ္ရွင္ကို ႐ုံမတင္ရေသးခင္မွာပဲ မူလဗားရွင္းထဲက နာရီဝက္စာခန႔္ကို ျဖတ္ေတာက္ပစ္ခဲ့ရပါတယ္။

ဒီလိုနဲ႔ #ReleaseTheSnyderCut ဆိုတဲ့ ပရိသတ္ေတြရဲ့ ေတာင္းဆိုမွုက အမွန္တကယ္ ျဖစ္လာၿပီး David Ayer ရဲ့ ၂၀၁၆ ခုႏွစ္ထြက္ Suicide Squad ႐ုပ္ရွင္အတြက္ကိုလည္း #ReleaseTheAyerCut ဆိုၿပီး ေတာင္းဆိုေနၾကတာေတြ ရွိလာပါတယ္။ ဒါေတြရဲ့ ေနာက္ဆက္တြဲ သက္ေရာက္မွုအေနနဲ႔ အျခား႐ုပ္ရွင္ေတြကလည္း အလားတူ cut version ေတြကို ေတာင္းဆိုလာၾကပါတယ္။

Photo via IMDb

ဒါေၾကာင့္လည္း The Wrap သတင္းဌာနက ဒါရိုက္တာ Chris Columbus နဲ႔ ေတြ႕ဆုံေမးျမန္းရာမွာ သူ႔ရဲ့ သုံးနာရီစာ ၾကာျမင့္တဲ့ Sorcerer’s Stone ရဲ့ cut version ကို ထြက္ေစခ်င္ပါသလားလို႔ ေမးျမန္းခဲ့ပါတယ္။ Columbus ကလည္း ဒီ cut version ကို ျပန္လည္ထြက္ရွိေစခ်င္ပါတယ္လို႔ ေျဖဆိုခဲ့ပါတယ္။

“ကၽြန္ေတာ္လည္း ထြက္ေစခ်င္ပါတယ္။ ကပ္ေၾကးစာမိသြားလို႔ မပါေတာ့တဲ့ Peeves ကိုလည္း ျပန္ေခၚေပးရမယ္ေလ … ” လို႔ Columbus က ေျပာသြားပါတယ္။

Peeves ကေတာ့ Hogwarts ေမွာ္ေက်ာင္းေတာ္ႀကီးမွာ ေနထိုင္တဲ့ သရဲတေစၧ ဝိဉာဥ္တစ္ေကာင္ ျဖစ္ပါတယ္။ မူလ သုံးနာရီၾကာျမင့္တဲ့ ဗားရွင္းထဲမွာေတာ့ သ႐ုပ္ေဆာင္ Rik Mayall က သ႐ုပ္ေဆာင္ထားပါတယ္။ သို႔ေသာ္လည္း Peeves ဇာတ္ေကာင္ ပါဝင္တဲ့ ဇာတ္ဝင္ခန္းအားလုံးကေတာ့ ျဖတ္ေတာက္တဲ့ထဲ ပါသြားၿပီး အိမ္မွာ ၾကည့္ရွုဖို႔ ထုတ္ေပးတဲ့ Ultimate Edition ထဲမွာေတာင္ မပါဝင္ခဲ့ပါဘူး။ (Sorcerer’s Stone Ultimate Edition ကေတာ့ ႐ုံတင္တဲ့ ဗားရွင္းထက္ ခုႏွစ္မိနစ္စာ ပိုမိုၾကာျမင့္ပါတယ္။)

Photo Credit: screenrant

အခုဆိုရင္ Harry Potter & The Sorcerer’s Stone ထြက္ရွိၿပီးတာ ႏွစ္ေပါင္း ႏွစ္ဆယ္ခန႔္ ၾကာျမင့္ခဲ့ၿပီ ျဖစ္ေပမယ့္ Warner Bros. ကေတာ့ အခုခ်ိန္ထိ cut version ကို ထုတ္ေပးျခင္း မရွိေသးပါဘူး။ ဒါ့အျပင္ လတ္တေလာမွာလည္း ဒီဗားရွင္းကို ထုတ္ေပးဖို႔ရာ အစီအစဥ္မရွိေသးဘူးလို႔လည္း စတူဒီယိုဘက္က ေျပာထားပါတယ္။

သို႔ေသာ္လည္း ဒါရိုက္တာ Chris Columbus ရဲ့ ယခုလို ေျပာဆိုလာမွုဟာ စတင္မွုတစ္ရပ္ ျဖစ္နိုင္ၿပီး  ေနာက္ပိုင္း ပရိသတ္ေတြရဲ့ တြန္းအားေပးမွု၊ ေတာင္းဆိုမွုေတြ ဆက္တိုက္ရွိခဲ့ရင္ေတာ့ ဒီသုံးနာရီစာ ဗားရွင္းကို ၾကည့္ရေကာင္း ၾကည့္ရနိုင္ပါတယ္။

Glasgow

Source: screenrant

RELATED ARTICLES

Most Popular