HomeEntertainmentFilmHugh Jackman မဟုတ်တဲ့ Wolverine ပါဝင်လာမယ်လို့ သတင်းထွက်နေတဲ့ Doctor Strange 2

Hugh Jackman မဟုတ်တဲ့ Wolverine ပါဝင်လာမယ်လို့ သတင်းထွက်နေတဲ့ Doctor Strange 2

Doctor Strange in the Multiverse of Madness ကတော့ ကောလာဟလတွေ မျိူးစုံထွက်နေတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပြီး ယခုဆိုရင်လည်း Wolverine ပါဝင်လာမယ်ဆိုပြီး သတင်းထွက်နေပါပြီ။

ဒါပေမယ့်လည်း ပရိသတ်တွေ မျှော်လင့်ထားတဲ့ သရုပ်ဆောင် Hugh Jackman တော့ မဟုတ်ဘူးလို့ ဆိုနေကြပါတယ်။ ဒီရုပ်ရှင်ကလည်း Multiverse ကို ပြသသွားမှာ ဖြစ်တာကြောင့် No Way Home တုန်းကလိုပဲ ပရိသတ်တွေ မြင်ချင်နေတဲ့ Cameo တွေကို မြင်တွေ့ရနိုင်ပါတယ်။

photo via screenrant

No Way Home ထဲမှာတော့ Tobey Maguire ၊ Andrew Garfield တို့ရဲ့ Spider-Man တွေလည်း ပါဝင်ခဲ့သလို Netflix ရဲ့ Daredevil သရုပ်ဆောင် Charlie Cox လည်း ပြန်လည်ပါဝင်ခဲ့ပါတယ်။ Doctor Strange 2 ထဲမှာတော့ Professor X ပြန်လည်ပါဝင်လာမှာ ဖြစ်ပြီး ပါဝင်လာမယ်လို့ သတင်းထွက်နေတဲ့ တခြားဇာတ်ကောင်တွေလည်း များစွာ ရှိနေပါတယ်။ Wolverine ကတော့ အဲ့ဒီဇာတ်ကောင်တွေထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်။

The Illuminerdi နဲ့ Screen Rant သတင်းဌာနတို့ရဲ့ စာရေးသူတစ်ယောက် ဖြစ်တဲ့ Joseph Deckelmeier ဟာ Doctor Strange 2 ထဲမှာ Wolverine ပါဝင်လာမယ်လို့ တွစ်တာပေါ်မှာ တင်ထားပါတယ်။ ဒါပေမယ့်လည်း Hugh Jackman တော့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ Hugh Jackman ကတော့ Wolverine ဇာတ်ကောင်ကို Live Action မှာ စတင်ဖန်တီးကတည်းက သရုပ်ဆောင်ခဲ့သူ ဖြစ်ပြီး ပရိသတ်တွေကတော့ သူ့ကိုပဲ ပြန်မြင်ချင်နေကြပါတယ်။

အကယ်၍ ဒီသတင်းသာ အမှန်ဖြစ်လာမယ် ဆိုရင်တော့ ပရိသတ်တွေအတွက် ဝမ်းသာဝမ်းနည်း ဖြစ်ရမှာပါ။ Wolverine ကို MCU ထဲမှာ မြင်ချင်နေကြတဲ့ ပရိသတ်တွေများစွာ ရှိနေပြီး Hugh Jackman ကိုလည်း ပြန်လာစေချင်နေကြတာ ဖြစ်ပါတယ်။

ဒီသတင်းအရ ဆိုရင်တော့ Wolverine ကို ပြန်မြင်ရမှာ ဖြစ်ပေမယ့်လည်း Hugh Jackman မဟုတ်တော့တာဟာ  ဝမ်းနည်းစရာပဲ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Daniel Radcliffe က Wolverine နေရာမှာ ပါဝင်သွားမယ်လို့ သတင်းထွက်နေပြီး ဟုတ်၊ မဟုတ်ကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular