HomeEntertainmentFilmDeadpool 3 ထဲမှာ Time Travel ပါဝင်သွားမယ် ဆိုတဲ့ Hugh Jackman

Deadpool 3 ထဲမှာ Time Travel ပါဝင်သွားမယ် ဆိုတဲ့ Hugh Jackman

Deadpool 3 ထဲမှာတော့ Time Travel ပါဝင်သွားမယ်လို့ Hugh Jackman ကိုယ်တိုင်က အတည်ပြုသွားခဲ့ပါတယ်။ Hugh Jackman ကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ခဲ့တဲ့ Logan ရုပ်ရှင်အပြီးမှာ ဒီဇာတ်ကောင်ကနေ အနားယူသွားခဲ့ပြီး ယခုအချိန်မှသာ Ryan Reynolds ရဲ့ တိုက်တွန်းမှုကြောင့် ပြန်လည်သရုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ Deadpool 3 ကတော့ MCU က ဖန်တီးသွားမှာ ဖြစ်တာကြောင့် Deadpool ကို MCU ထဲမှာ ပထမဆုံးအကြိမ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

photo via screenrant

Deadpool 3 ကတော့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ ထွက်ရှိလာမှာ ဖြစ်ပြီး ယခုအချိန်မှာတော့ Hugh Jackman ဇာတ်လမ်းနဲ့ပတ်သက်ပြီး ဘာတွေမြင်တွေ့ရမလည်း ဆိုတာကို ပြောသွားခဲ့ပါတယ်။ Sirius XM နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Hugh Jackman ဟာ Deadpool 3 ထဲမှာ အတိုင်းအတာတစ်ခုထိ Time Travel ပါဝင်သွားမယ်လို့ ပြောခဲ့ပါတယ်။ ဒါကြောင့်ပဲ Logan ဇာတ်လမ်းရဲ့ အဆုံးသတ်သွားပုံကို မထိခိုက်စေဘူးလို့ ဆိုပါတယ်။

“Marvel မှာ ရှိတဲ့ Timeline မှာ ခရီးသွားနိုင်တဲ့ စက်ပစ္စည်းတစ်ခုကြောင့် အခုတော့ အတိတ်ကိုလည်း ပြန်သွားနိုင်ပါပြီ။ အဲဒါက သိပ္ပံပညာလေ သိတယ်မလား။ ပြီးတော့ Logan Timeline နဲ့လည်း သွားရှုပ်စရာ မလိုတော့ဘူးပေါ့။ ဒါက ကျွန်တော့်အတွက်လည်း အရေးပါသလို ပရိသတ်တွေအတွက်လည်း အရေးပါမယ်လို့ ထင်ပါတယ်။”

photo via screenrant

Deadpool 3 ထဲမှာ Hugh Jackman ပါဝင်လာမယ်လို့ ကြေညာလိုက်ကတည်းက ပရိသတ်တွေဟာ Wolverine ဇာတ်ကောင်ကို ဘယ်လိုပြန်လည်ခေါ်ဆောင်သွားမလည်း ဆိုတာကို ခန့်မှန်းခဲ့ကြပါတယ်။ Logan ဇာတ်လမ်းဟာ ဒီဇာတ်ကောင်အတွက် အရေးပါတဲ့ Arc တစ်ခု ဖြစ်ခဲ့တာကြောင့် ပရိသတ်တွေကလည်း ဒီဇာတ်လမ်းကို မဖျက်ပစ်လိုက်စေချင်ပါဘူး။ လူပြောအများဆုံး သီအိုရီကတော့ အတိတ်က Wolverine သို့မဟုတ် Wolverine Variant ဖြစ်လိမ့်မယ် ဆိုတာပဲ ဖြစ်ပါတယ်။ Deadpool 3 ကတော့ ရှေ့နှစ်မှသာ ရိုက်ကူးရေး စတင်သွားမှာ ဖြစ်တာကြောင့် ဇာတ်လမ်းနဲ့ ပတ်သက်ပြီး သိပ်မသိရသေးပါဘူး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular