HomeEntertainmentFilmAmazon ကလွှင့်မယ့် Blade Runner 2099 မှာပါဝင်လာမယ့် Hunter Schafer

Amazon ကလွှင့်မယ့် Blade Runner 2099 မှာပါဝင်လာမယ့် Hunter Schafer

Euphoria ဇာတ်လမ်းတွဲနဲ့ စတင်အောင်မြင်လာတဲ့ သရုပ်ဆောင်မင်းသမီး Hunter Schafer ကတော့ Amazon က ထုတ်လုပ်သွားမယ့် Blade Runner 2099 မှာ ပါဝင်သွားမယ်လို့ သိရပါတယ်။

Blade Runner 2099 ကတော့ အရှေ့က ထွက်ရှိခဲ့ဖူးတဲ့ Blade Runner ၊ Blade Runner 2049 ရုပ်ရှင်တွေရဲ့ sequel အဆက်ရုပ်ရှင်ဖြစ်ပြီး ထူးခြားတာကတော့ ဇာတ်လမ်းတွဲအနေနဲ့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်လမ်းအကျဉ်းကို ဖော်ပြခြင်း မရှိသေးဘဲ Hunter Schafer က ဘယ်ကာရိုက်တာမှာ ပါဝင်သွားမယ်ဆိုတာလည်း မကြေငြာသေးပါဘူး။ ဒီစီးရီးထဲမှာ Hunter Schafer နဲ့အတူ ဝါရင့်မင်းသမီးကြီး Michelle Yeoh လည်း ပါဝင်မယ်လို့ သိရပါတယ်။

Blade Runner ရဲ့ နောက်ကွယ်က ဖန်တီးသူ ဒါရိုက်တာကြီး Ridley Scott ကတော့ ဒီစီးရီးမှာ executive producer အနေနဲ့ ပါဝင်သွားမှာ ဖြစ်ပါတယ်။

Vancouver

Source: variety

RELATED ARTICLES

Most Popular