HomeCharacterMarvel Universe ထဲက Hydra အဖွဲ့အစည်းရဲ့ ဇာစ်မြစ်နောက်ခံနဲ့ စိတ်ဝင်စားစရာအချက်များ 

Marvel Universe ထဲက Hydra အဖွဲ့အစည်းရဲ့ ဇာစ်မြစ်နောက်ခံနဲ့ စိတ်ဝင်စားစရာအချက်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel Universe ထဲက မကောင်းဆိုးဝါး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Hydra ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက လျှို့ဝှက်စွာနဲ့ တည်ရှိခဲ့တာ ဖြစ်ပါတယ်။ Hydra အဖွဲ့အစည်းမှာ ဖက်စစ်စနစ်ကို ကျင့်သုံးကြတဲ့ အကြမ်းဖက်သမားတွေနဲ့ စုစည်းထားပြီး S.H.I.E.L.D. အဖွဲ့နဲ့ ရန်ဘက်တွေလည်း ဖြစ်ပါတယ်။ Hydra အဖွဲ့ဟာ Strange Tales #135 ဆိုတဲ့ကောမစ်ထဲမှာ စတင်ပါဝင်ပြီး Marvel ကောမစ်လောကထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ Hydra ဟာ အချိန်တွေ ပြောင်းလဲလာတာနဲ့အမျှ သူတို့အဖွဲ့ဟာလည်း တဖြည်းဖြည်းတိုးတက်လာပါတယ်။ အဲ့ဒါကြောင့် Hydra အဖွဲ့အစည်းအကြောင်း ကျွန်တော်တို့ မသိသေးတာတွေက ဘာတွေဖြစ်မလည်းဆိုတာ ဖတ်ကြည့်လိုက်ရအောင်။

Hydra အဖွဲ့ရဲ့ မူလဇာစ်မြစ်
photo via cbr

Hydra အဖွဲ့ဟာ ကမ္ဘာပေါ်မှာ လူသားတွေ မဖြစ်ပေါ်လာခင်တည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒဏ္ဍာရီတွေအရဆိုရင်တော့ ကြောက်ဖို့ကောင်းပြီး တွားသွားသတ္တဝါတွေနဲ့ ဆင်တူတဲ့ ဂြိုဟ်သားတွေဟာ ကမ္ဘာပေါ်မှာ ဆိုးရွားတဲ့ အမွေအနှစ်တစ်ခုကို ထားခဲ့ဖို့ ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ဟာ အဲ့ဒီအစီအစဉ်ကို အောင်မြင်လာအောင် ပြုလုပ်ဖို့အတွက် ပထမဦးဆုံးလူသားတွေကို စုစည်းပြီးတော့ သူတို့ရဲ့မသိစိတ်ထဲမှာ inhuman တွေအကြောင်း၊ ခေါင်းတွေအများကြီး ပါဝင်တဲ့သတ္တဝါအကြောင်းနဲ့ မကောင်းတဲ့ စိတ်ဓာတ်တွေကို ထည့်သွင်းခဲ့ပါတယ်။ ဒီလိုနဲ့ ခေတ်တွေ ပြောင်းလဲလာတဲ့အချိန်မှာတော့ အရှေ့တိုင်းက ပညာရှိတွေနဲ့ စစ်သည်တော်တွေ စုစည်းထားတဲ့ ရှေးဟောင်းအဖွဲ့အစည်းကိုတောင် အတွင်းကနေ လှိုက်စားနိုင်ခဲ့ပါတယ်။ အဲ့ဒီအဖွဲ့အစည်းကတော့ Brotherhood of the Spear လို့ ခေါ်ပါတယ်။

S.H.I.E.L.D. နဲ့ Hydra တို့ရဲ့ အစ
photo via cbr

ရှေးဟောင်းအီဂျစ်တွေဆီကို လူသားစားတဲ့ ဂြိုဟ်သားတွေ ကျူးကျော်လာတဲ့အချိန်မှာတော့ အီဂျစ်မျိူးနွယ်တွေရဲ့ ခေါင်းဆောင်ဖြစ်သူ Pharaoh Imhotep ဟာ ပြန်လည်တိုက်ခိုက်ဖို့အတွက် သူ့ရဲ့လူတွေကို စုစည်းခဲ့ပါတယ်။ အဲ့ဒီလူတွေထဲမှာတော့ ပထမဆုံး Moon Knight နဲ့ လူငယ်လေး En Saba Nur လည်း ပါဝင်ခဲ့ပါတယ်။ En Saba Nur ကတော့ နောက်ပိုင်းမှာ Apocalypse လို့ ခေါ်တဲ့ သန္ဓေပြောင်းလူသားတစ်ယောက် ဖြစ်လာမယ့်သူ ဖြစ်ပါတယ်။

အဲ့ဒီဂြိုဟ်သားတွေကို အောင်အောင်မြင်မြင် တိုက်ထုတ်နိုင်ပြီးတဲ့နောက်မှာ Pharaoh Imhotep ရဲ့ ရဲရင့်မှု အမှတ်အသားအဖြစ် သူ့ရဲ့ဒိုင်းနဲ့ လှံတို့ကို အရေးကြီးတဲ့ သင်္ကေတအဖြစ် ရှုမြင်သတ်မှတ်ခဲ့ကြပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ရဲ့ဒိုင်းကို အနောက်ဘက်ကို ပို့ဆောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ အဲ့ဒီဒိုင်းကို အကြောင်းပြုကာ Brotherhood of the Shield ဆိုတဲ့ အဖွဲ့ဖြစ်ပေါ်လာခဲ့ပါတယ်။ သူ့ရဲ့လှံကိုတော့ အရှေ့ဘက်ကို ပို့ဆောင်ခဲ့ပြီး အဲ့ဒီလှံကို အကြောင်းပြုကာ နောက်ပိုင်းမှာတော့ Brotherhood of the Spear ဆိုတဲ့ အဖွဲ့ ဖြစ်ပေါ်လာပါတယ်။

Brotherhood of the Spear အဖွဲ့ဟာ မူလက လူသားအကျိူးအတွက် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
photo via cbr

Brotherhood of the Spear အဖွဲ့ဟာ အကျင့်ပျက်ခြစားမှုတွေ မဖြစ်ခင်တုန်းကတော့ လူသားတွေအကျိူးကို လုပ်ဆောင်ပေးဖို့ လျှို့ဝှက်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အကျင့်ပျက်သူတွေဟာ အဖွဲ့အစည်းထဲကို ဝင်ရောက်ပြီး အတွင်းထဲကနေ လှိုက်စားခဲ့တာကြောင့် Brotherhood of the Shield အပါအဝင် သူတို့ရဲ့ရန်သူတွေက သူတို့အဖွဲ့အစည်းကို The Beast လို့ ခေါ်ခဲ့ကြပါတယ်။ အချိန်တွေ ကြာလာတဲ့အခါမှာတော့ သူတို့ဟာ ကမ္ဘာကြီးကို လွှမ်းမိုးနိုင်ခဲ့ပြီး ပြည်သူတွေကိုလည်း သူတို့ရဲ့ မကောင်းတဲ့ အယူအဆတွေကို ဖြန့်ဝေပေးခဲ့ပါတယ်။

(၁၆)ရာစုလောက်မှာ သူတို့အဖွဲ့ဟာ လုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။
photo via cbr

အလယ်ခေတ်လောက်မှာတော့ Brotherhood of the Spear အဖွဲ့ဟာ တော်တော်လေးကို အင်အားကြီးခဲ့တယ်လို့ ပြောလို့ရပါတယ်။ ဒါ့အပြင် တည်ထွင်သူနဲ့ စစ်သည်တော်ဖြစ်တဲ့ Zhang Heng ဟာ Pharaoh Imhotep ရဲ့ လှံကို ကိုင်ဆွဲပြီး တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ အကြောင်းတစ်ခုကြောင့် အဲ့ဒီလှံကို မကောင်းမှုတွေအတွက် အသုံးပြုမယ့်သူတွေရဲ့ လက်ထဲကို ရောက်သွားစေခဲ့ပါတယ်။ ဒီလိုနဲ့ (၁၆)ရာစုလောက် ရောက်တဲ့အချိန်မှာတော့ Brotherhood of the Spear အဖွဲ့ဟာ Marvel universe ရဲ့သမိုင်းမှာ ဘာခြေရာလက်ရာမှ မချန်ခဲ့ဘဲ နောက်ထပ်ဆယ်စုနှစ်တွေ အများကြီး ပျောက်ကွယ်သွားခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာ The Hand အဖွဲ့နဲ့ ပူးပေါင်းခဲ့ပါတယ်။
photo via cbr

(၂၀)ရာစုလောက်မှာတော့ Brotherhood of the Spear ဟာ ပြန်လည်ပေါ်ပေါက်လာပြီး အဖွဲ့ကို Baron Strucker က ဦးဆောင်ခဲ့ပါတယ်။ ဒါ့အပြင် Baron ဟာလည်း နာဇီတစ်ယောက် ဖြစ်ပါတယ်။ Baron ဟာ သူတို့ရဲ့ ပြန်လည်ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းကို အင်အားတောင့်တင်းလာဖို့အတွက် လုပ်ကြံသတ်ဖြတ်သူတွေရဲ့ အဖွဲ့အစည်းဖြစ်တဲ့ The Hand နဲ့ ပူးပေါင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း သိပ်မကြာခင်မှာတော့ သူတို့ရဲ့ မဟာမိတ်ဆက်ဆံရေးဟာ Captain America ၊ Wolverine နဲ့ Nick Fury တို့ကြောင့် ပျက်သွားခဲ့ပါတယ်။

စစ်ကြီးပြီးဆုံးသွားတဲ့အချိန်မှာတော့ Hydra ဖြစ်လာပါတယ်။
photo via cbr

ဒုတိယကမ္ဘာစစ်အပြီးမှာ နာဇီတွေ စစ်ရှုံးခဲ့သလို Hydra ဟာလည်း နာဇီတွေနဲ့ ရောနှောနေတာကြောင့် သူတို့တွေပါ အထိနာခဲ့ရပါတယ်။ ဒါကြောင့်လည်း စစ်ကြီးပြီးသွားတဲ့အချိန်မှာတော့ Baron Strucker ဟာ Brotherhood of the Spear ကို Hydra အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒါ့အပြင် ခိုးယူထားတဲ့ ဂြိုဟ်သားနည်းပညာတွေကို အသုံးပြုပြီးတော့ Hydra အဖွဲ့ကို နည်းပညာမြင့် လက်နက်တွေ ထောက်ပံ့ပေးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ သူဟာ အသက်ကြီးတဲ့နှုန်းကို နှေးစေတဲ့ဆေးရည်ကို ထိုးပြီးပြီ ဖြစ်ပါတယ်။

Hydra မှာ အကြီးအကဲများစွာ ရှိခဲ့ပါတယ်။
photo via cbr

အချိန်တွေ ပြောင်းလဲလာတာနဲ့အမျှ Hydra ရဲ့ အကြီးအကဲတွေဟာလည်း ပြောင်းလဲလာပါတယ်။ Hydra ရဲ့ အကြီးအကဲအဖြစ် ကောမစ်ထဲမှာ ပထမဆုံးပါဝင်ခဲ့သူကတော့ Arnold Brown ပဲ ဖြစ်ပါတယ်။ Arnold ကတော့ အပြင်ပန်း ကြည့်လိုက်ရင် သိမ်မွေ့ပြီး ကြင်နာတတ်ပုံရတဲ့ စီးပွားရေးသမားတစ်ယောက် ဖြစ်ပါတယ်။ ဒီလိုနဲ့ Strange Tales #141 ကောမစ်ထဲမှာတော့ သူဟာ အသတ်ခံလိုက်ရပါတယ်။

နောက်ပိုင်းမှာတော့ သူဟာ ဟန်ပြသက်သက် ဖြစ်ပြီး တကယ့်ခေါင်းဆောင်ဟာ Baron Strucker ဖြစ်တယ်ဆိုတာကို သိလိုက်ရပါတယ်။ အဲ့ဒီအချိန်ကစပြီးတော့ Hydra ရဲ့ အကြီးအကဲတွေဟာ ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ်ခေါင်းဆောင်တွေကတော့ Madame Hydra ၊ Edgar Lascombe ၊ Red Skull တို့ ဖြစ်ပြီး နောက်ဆုံးမှာတော့ Steve Rogers ရဲ့ evil version ပဲ ဖြစ်ပါတယ်။

Hydra မှာ ဌာနခွဲတွေ အများကြီး ရှိပါတယ်။
photo via cbr

Hydra ဟာ ကမ္ဘာပေါ်က အကြီးမားဆုံး လျှို့ဝှက်အဖွဲ့အစည်းတွေထဲကတစ်ခုလည်း ဖြစ်ပါတယ်။ Hydra ဟာ ကမ္ဘာအနှံ့အပြားမှာ ဌာနခွဲတွေများစွာ ရှိပါတယ်။ AIM ( Advanced Idea Mechanics) နဲ့ Secret Empire တို့လို အဖွဲ့အစည်းတွေကလည်း Hydra ရဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့အစည်းတွေဟာ Hydra အတွက် သုတေသနတွေကို ပြုလုပ်ပေးရပြီး Hydra ကတော့ လိုအပ်တာတွေကို ထောက်ပံ့ပါတယ်။ ဒါပေမယ့်လည်း Baron Strucker သေဆုံးသွားပြီးတဲ့နောက်မှာတော့ အဲ့ဒီအဖွဲ့အစည်းတွေဟာ လုံးဝကို ခွဲထွက်သွားကြပါတယ်။

ဒါကတော့ Marvel Universe ထဲက ကြီးမားတဲ့ ဗီလိန်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Hydra နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်ရာ အချက်တချို့ပဲ ဖြစ်ပါတယ်။ ဖတ်ရတာ နှစ်သက်တယ်ဆိုရင် မိတ်ဆွေတွေလည်း ဖတ်နိုင်အောင် ရှဲပေးသွားလိုက်ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Marvel Universe ထဲက မေကာင္းဆိုးဝါး အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ Hydra ဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာတည္းက လွ်ိဳ႕ဝွက္စြာနဲ႔ တည္ရွိခဲ့တာ ျဖစ္ပါတယ္။ Hydra အဖြဲ႕အစည္းမွာ ဖက္စစ္စနစ္ကို က်င့္သုံးၾကတဲ့ အၾကမ္းဖက္သမားေတြနဲ႔ စုစည္းထားၿပီး S.H.I.E.L.D. အဖြဲ႕နဲ႔ ရန္ဘက္ေတြလည္း ျဖစ္ပါတယ္။ Hydra အဖြဲ႕ဟာ Strange Tales #135 ဆိုတဲ့ေကာမစ္ထဲမွာ စတင္ပါဝင္ၿပီး Marvel ေကာမစ္ေလာကထဲကို ဝင္ေရာက္လာခဲ့တာ ျဖစ္ပါတယ္။ Hydra ဟာ အခ်ိန္ေတြ ေျပာင္းလဲလာတာနဲ႔အမွ် သူတို႔အဖြဲ႕ဟာလည္း တျဖည္းျဖည္းတိုးတက္လာပါတယ္။ အဲ့ဒါေၾကာင့္ Hydra အဖြဲ႕အစည္းအေၾကာင္း ကြၽန္ေတာ္တို႔ မသိေသးတာေတြက ဘာေတြျဖစ္မလည္းဆိုတာ ဖတ္ၾကည့္လိုက္ရေအာင္။

Hydra အဖြဲ႕ရဲ႕ မူလဇာစ္ျမစ္
photo via cbr

Hydra အဖြဲ႕ဟာ ကမာၻေပၚမွာ လူသားေတြ မျဖစ္ေပၚလာခင္တည္းက စတင္ခဲ့တာ ျဖစ္ပါတယ္။ ဒ႑ာရီေတြအရဆိုရင္ေတာ့ ေၾကာက္ဖို႔ေကာင္းၿပီး တြားသြားသတၱဝါေတြနဲ႔ ဆင္တူတဲ့ ၿဂိဳဟ္သားေတြဟာ ကမာၻေပၚမွာ ဆိုး႐ြားတဲ့ အေမြအႏွစ္တစ္ခုကို ထားခဲ့ဖို႔ ေရာက္လာခဲ့ၾကတာ ျဖစ္ပါတယ္။

သူတို႔ဟာ အဲ့ဒီအစီအစဥ္ကို ေအာင္ျမင္လာေအာင္ ျပဳလုပ္ဖို႔အတြက္ ပထမဦးဆုံးလူသားေတြကို စုစည္းၿပီးေတာ့ သူတို႔ရဲ႕မသိစိတ္ထဲမွာ inhuman ေတြအေၾကာင္း၊ ေခါင္းေတြအမ်ားႀကီး ပါဝင္တဲ့သတၱဝါအေၾကာင္းနဲ႔ မေကာင္းတဲ့ စိတ္ဓာတ္ေတြကို ထည့္သြင္းခဲ့ပါတယ္။ ဒီလိုနဲ႔ ေခတ္ေတြ ေျပာင္းလဲလာတဲ့အခ်ိန္မွာေတာ့ အေရွ႕တိုင္းက ပညာရွိေတြနဲ႔ စစ္သည္ေတာ္ေတြ စုစည္းထားတဲ့ ေရွးေဟာင္းအဖြဲ႕အစည္းကိုေတာင္ အတြင္းကေန လႈိက္စားႏိုင္ခဲ့ပါတယ္။ အဲ့ဒီအဖြဲ႕အစည္းကေတာ့ Brotherhood of the Spear လို႔ ေခၚပါတယ္။

S.H.I.E.L.D. နဲ႔ Hydra တို႔ရဲ႕ အစ
photo via cbr

ေရွးေဟာင္းအီဂ်စ္ေတြဆီကို လူသားစားတဲ့ ၿဂိဳဟ္သားေတြ က်ဴးေက်ာ္လာတဲ့အခ်ိန္မွာေတာ့ အီဂ်စ္မ်ိဴးႏြယ္ေတြရဲ႕ ေခါင္းေဆာင္ျဖစ္သူ Pharaoh Imhotep ဟာ ျပန္လည္တိုက္ခိုက္ဖို႔အတြက္ သူ႔ရဲ႕လူေတြကို စုစည္းခဲ့ပါတယ္။ အဲ့ဒီလူေတြထဲမွာေတာ့ ပထမဆုံး Moon Knight နဲ႔ လူငယ္ေလး En Saba Nur လည္း ပါဝင္ခဲ့ပါတယ္။ En Saba Nur ကေတာ့ ေနာက္ပိုင္းမွာ Apocalypse လို႔ ေခၚတဲ့ သေႏၶေျပာင္းလူသားတစ္ေယာက္ ျဖစ္လာမယ့္သူ ျဖစ္ပါတယ္။

အဲ့ဒီၿဂိဳဟ္သားေတြကို ေအာင္ေအာင္ျမင္ျမင္ တိုက္ထုတ္ႏိုင္ၿပီးတဲ့ေနာက္မွာ Pharaoh Imhotep ရဲ႕ ရဲရင့္မႈ အမွတ္အသားအျဖစ္ သူ႔ရဲ႕ဒိုင္းနဲ႔ လွံတို႔ကို အေရးႀကီးတဲ့ သေကၤတအျဖစ္ ရႈျမင္သတ္မွတ္ခဲ့ၾကပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူ႔ရဲ႕ဒိုင္းကို အေနာက္ဘက္ကို ပို႔ေဆာင္ခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ အဲ့ဒီဒိုင္းကို အေၾကာင္းျပဳကာ Brotherhood of the Shield ဆိုတဲ့ အဖြဲ႕ျဖစ္ေပၚလာခဲ့ပါတယ္။ သူ႔ရဲ႕လွံကိုေတာ့ အေရွ႕ဘက္ကို ပို႔ေဆာင္ခဲ့ၿပီး အဲ့ဒီလွံကို အေၾကာင္းျပဳကာ ေနာက္ပိုင္းမွာေတာ့ Brotherhood of the Spear ဆိုတဲ့ အဖြဲ႕ ျဖစ္ေပၚလာပါတယ္။

Brotherhood of the Spear အဖြဲ႕ဟာ အစတုန္းက လူသားအက်ိဴးအတြက္ ဖြဲ႕စည္းခဲ့တာ ျဖစ္ပါတယ္။
photo via cbr

Brotherhood of the Spear အဖြဲ႕ဟာ အက်င့္ပ်က္ျခစားမႈေတြ မျဖစ္ခင္တုန္းကေတာ့ လူသားေတြအက်ိဴးကို လုပ္ေဆာင္ေပးဖို႔ လွ်ိဳ႕ဝွက္ဖြဲ႕စည္းထားတာ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ အက်င့္ပ်က္သူေတြဟာ အဖြဲ႕အစည္းထဲကို ဝင္ေရာက္ၿပီး အတြင္းထဲကေန လႈိက္စားခဲ့တာေၾကာင့္ Brotherhood of the Shield အပါအဝင္ သူတို႔ရဲ႕ရန္သူေတြက သူတို႔အဖြဲ႕အစည္းကို The Beast လို႔ ေခၚခဲ့ၾကပါတယ္။ အခ်ိန္ေတြ ၾကာလာတဲ့အခါမွာေတာ့ သူတို႔ဟာ ကမာၻႀကီးကို လႊမ္းမိုးႏိုင္ခဲ့ၿပီး ျပည္သူေတြကိုလည္း သူတို႔ရဲ႕ မေကာင္းတဲ့ အယူအဆေတြကို ျဖန႔္ေဝေပးခဲ့ပါတယ္။

(၁၆)ရာစုေလာက္မွာ သူတို႔အဖြဲ႕ဟာ လုံးဝေပ်ာက္ကြယ္သြားခဲ့ပါတယ္။
photo via cbr

အလယ္ေခတ္ေလာက္မွာေတာ့ Brotherhood of the Spear အဖြဲ႕ဟာ ေတာ္ေတာ္ေလးကို အင္အားႀကီးခဲ့တယ္လို႔ ေျပာလို႔ရပါတယ္။ ဒါ့အျပင္ တည္ထြင္သူနဲ႔ စစ္သည္ေတာ္ျဖစ္တဲ့ Zhang Heng ဟာ Pharaoh Imhotep ရဲ႕ လွံကို ကိုင္ဆြဲၿပီး တိုက္ခိုက္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ အေၾကာင္းတစ္ခုေၾကာင့္ အဲ့ဒီလွံကို မေကာင္းမႈေတြအတြက္ အသုံးျပဳမယ့္သူေတြရဲ႕ လက္ထဲကို ေရာက္သြားေစခဲ့ပါတယ္။ ဒီလိုနဲ႔ (၁၆)ရာစုေလာက္ ေရာက္တဲ့အခ်ိန္မွာေတာ့ Brotherhood of the Spear အဖြဲ႕ဟာ Marvel universe ရဲ႕သမိုင္းမွာ ဘာေျခရာလက္ရာမွ မခ်န္ခဲ့ဘဲ ေနာက္ထပ္ဆယ္စုႏွစ္ေတြ အမ်ားႀကီး ေပ်ာက္ကြယ္သြားခဲ့ပါတယ္။

ဒုတိယကမာၻစစ္အတြင္းမွာ The Hand အဖြဲ႕နဲ႔ ပူးေပါင္းခဲ့ပါတယ္။
photo via cbr

(၂၀)ရာစုေလာက္မွာေတာ့ Brotherhood of the Spear ဟာ ျပန္လည္ေပၚေပါက္လာၿပီး အဖြဲ႕ကို Baron Strucker က ဦးေဆာင္ခဲ့ပါတယ္။ ဒါ့အျပင္ Baron ဟာလည္း နာဇီတစ္ေယာက္ ျဖစ္ပါတယ္။ Baron ဟာ သူတို႔ရဲ႕ ျပန္လည္ေပၚေပါက္လာတဲ့ အဖြဲ႕အစည္းကို အင္အားေတာင့္တင္းလာဖို႔အတြက္ လုပ္ႀကံသတ္ျဖတ္သူေတြရဲ႕ အဖြဲ႕အစည္းျဖစ္တဲ့ The Hand နဲ႔ ပူးေပါင္းခဲ့ပါတယ္။ ဒါေပမယ့္လည္း သိပ္မၾကာခင္မွာေတာ့ သူတို႔ရဲ႕ မဟာမိတ္ဆက္ဆံေရးဟာ Captain America ၊ Wolverine နဲ႔ Nick Fury တို႔ေၾကာင့္ ပ်က္သြားခဲ့ပါတယ္။

စစ္ႀကီးၿပီးဆုံးသြားတဲ့အခ်ိန္မွာေတာ့ Hydra ျဖစ္လာပါတယ္။
photo via cbr

ဒုတိယကမာၻစစ္အၿပီးမွာ နာဇီေတြ စစ္ရႈံးခဲ့သလို Hydra ဟာလည္း နာဇီေတြနဲ႔ ေရာေႏွာေနတာေၾကာင့္ သူတို႔ေတြပါ အထိနာခဲ့ရပါတယ္။ ဒါေၾကာင့္လည္း စစ္ႀကီးၿပီးသြားတဲ့အခ်ိန္မွာေတာ့ Baron Strucker ဟာ Brotherhood of the Spear ကို Hydra အျဖစ္ ေျပာင္းလဲခဲ့ပါတယ္။ ဒါ့အျပင္ ခိုးယူထားတဲ့ ၿဂိဳဟ္သားနည္းပညာေတြကို အသုံးျပဳၿပီးေတာ့ Hydra အဖြဲ႕ကို နည္းပညာျမင့္ လက္နက္ေတြ ေထာက္ပံ့ေပးခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ သူဟာ အသက္ႀကီးတဲ့ႏႈန္းကို ေႏွးေစတဲ့ေဆးရည္ကို ထိုးၿပီးၿပီ ျဖစ္ပါတယ္။

Hydra မွာ အႀကီးအကဲမ်ားစြာ ရွိခဲ့ပါတယ္။
photo via cbr

အခ်ိန္ေတြ ေျပာင္းလဲလာတာနဲ႔အမွ် Hydra ရဲ႕ အႀကီးအကဲေတြဟာလည္း ေျပာင္းလဲလာပါတယ္။ Hydra ရဲ႕ အႀကီးအကဲအျဖစ္ ေကာမစ္ထဲမွာ ပထမဆုံးပါဝင္ခဲ့သူကေတာ့ Arnold Brown ပဲ ျဖစ္ပါတယ္။ Arnold ကေတာ့ အျပင္ပန္း ၾကည့္လိုက္ရင္ သိမ္ေမြ႕ၿပီး ၾကင္နာတတ္ပုံရတဲ့ စီးပြားေရးသမားတစ္ေယာက္ ျဖစ္ပါတယ္။ ဒီလိုနဲ႔ Strange Tales #141 ေကာမစ္ထဲမွာေတာ့ သူဟာ အသတ္ခံလိုက္ရပါတယ္။

ေနာက္ပိုင္းမွာေတာ့ သူဟာ ဟန္ျပသက္သက္ ျဖစ္ၿပီး တကယ့္ေခါင္းေဆာင္ဟာ Baron Strucker ျဖစ္တယ္ဆိုတာကို သိလိုက္ရပါတယ္။ အဲ့ဒီအခ်ိန္ကစၿပီးေတာ့ Hydra ရဲ႕ အႀကီးအကဲေတြဟာ ေျပာင္းလဲလာခဲ့တာ ျဖစ္ပါတယ္။ ေနာက္ထပ္ေခါင္းေဆာင္ေတြကေတာ့ Madame Hydra ၊ Edgar Lascombe ၊ Red Skull တို႔ ျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ Steve Rogers ရဲ႕ evil version ပဲ ျဖစ္ပါတယ္။

Hydra မွာ ဌာနခြဲေတြ အမ်ားႀကီး ရွိပါတယ္။
photo via cbr

Hydra ဟာ ကမာၻေပၚက အႀကီးမားဆုံး လွ်ိဳ႕ဝွက္အဖြဲ႕အစည္းေတြထဲကတစ္ခုလည္း ျဖစ္ပါတယ္။ Hydra ဟာ ကမာၻအႏွံ႔အျပားမွာ ဌာနခြဲေတြမ်ားစြာ ရွိပါတယ္။ AIM ( Advanced Idea Mechanics) နဲ႔ Secret Empire တို႔လို အဖြဲ႕အစည္းေတြကလည္း Hydra ရဲ႕ လက္ေအာက္ခံ အဖြဲ႕အစည္းေတြ ျဖစ္ပါတယ္။ အဲ့ဒီအဖြဲ႕အစည္းေတြဟာ Hydra အတြက္ သုေတသနေတြကို ျပဳလုပ္ေပးရၿပီး Hydra ကေတာ့ လိုအပ္တာေတြကို ေထာက္ပံ့ပါတယ္။ ဒါေပမယ့္လည္း Baron Strucker ေသဆုံးသြားၿပီးတဲ့ေနာက္မွာေတာ့ အဲ့ဒီအဖြဲ႕အစည္းေတြဟာ လုံးဝကို ခြဲထြက္သြားၾကပါတယ္။

ဒါကေတာ့ Marvel Universe ထဲက ႀကီးမားတဲ့ ဗီလိန္အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ Hydra နဲ႔ ပတ္သက္တဲ့ စိတ္ဝင္စားဖြယ္ရာ အခ်က္တခ်ိဳ႕ပဲ ျဖစ္ပါတယ္။ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ မိတ္ေဆြေတြလည္း ဖတ္ႏိုင္ေအာင္ ရွဲေပးသြားလိုက္ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular