HomeEntertainmentFilm၂၀၁၉ႏွစ္ကုန္ပိုင္းမွာ ၾကည့္ရႈရမယ့္ Hyun Bin နဲ႔ Son Ye Jin တို႔ရဲ႕ ဒရာမာအသစ္

၂၀၁၉ႏွစ္ကုန္ပိုင္းမွာ ၾကည့္ရႈရမယ့္ Hyun Bin နဲ႔ Son Ye Jin တို႔ရဲ႕ ဒရာမာအသစ္

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

k-drama ချစ်သူတွေ စောင့်ကြည့်ရဦးမယ့် စိတ်ဝင်စားစရာစီးရီးတစ်ခု ထွက်လာပြန်ပါပြီ။ အဲ့ဒါကတော့ မင်းသားချော Hyun Bin နဲ့ မင်းသမီး Son Ye Jin တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Crash Landing On You ဆိုတဲ့ ဒရာမာလေး ဖြစ်ပါတယ်။

ဒီဒရာမာလေးကို tvN ရုပ်သံလိုင်းက အောက်တိုဘာလ(၂၅)ရက်နေ့မှာ သူတို့ရဲ့ကိုယ်ပိုင် YouTube Channel မှာ teaser တင်လိုက်တာ ဖြစ်ပါတယ်။ စီးရီးကိုတော့ သိပ်ကိုလှပလွန်းတဲ့ ရှုခင်းတွေရှိရာ နယူးဇီလန်နိုင်ငံနဲ့ မွန်ဂိုးလီးယားနိုင်ငံတွေမှာ သွားရောက်ရိုက်ကူးထားတာပါ။

Photo: koreaboo

ဇာတ်လမ်းအကြောင်းအရာလေးကတော့ တောင်ကိုရီးယားက စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီး (Son Ye Jin)နဲ့ မြောက်ကိုရီးယားက အဆင့်မြင့် ထိပ်တန်းအရာရှိ (Hyun Bin)တို့ကြားက လျှို့ဝှက်အချစ်ဇာတ်လမ်းလေးအကြောင်း ဖြစ်ပါတယ်။ လေကြောင်းခရီးသွားလာရင်း မြောက်ကိုရီးယားမှာ ရုတ်တရက် ဆင်းသက်လိုက်ရတဲ့ ကောင်မလေးကို မြောက်ကိုရီးယားအရာရှိက ကာကွယ်ပေးတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။

ဒါဟာ Hyun Bin နဲ့ Son Ye Jin တို့ တွဲဖက်သရုပ်ဆောင်တဲ့ ပထမဆုံးဇာတ်လမ်းတွဲတော့ မဟုတ်ပါဘူး။ သူတို့နှစ်ယောက်ဟာ ၂၀၁၈ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ The Negotiation ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲဖက် သရုပ်ဆောင်ခဲ့ပါသေးတယ်။ အဲ့ဒီ့နောက်ပိုင်း တွဲနေတယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်လာလိုက်ပါသေးတယ်။

လိုက်ဖက်တဲ့ သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တွေနဲ့ ဒီစီးရီးအသစ်ထဲမှာ ဘယ်လိုတွေ ရိုကြဦးမှာလည်းဆိုတာ စောင့်ကြည့်ကြရမှာပါ။ Crash Landing On You ဒရာမာလေးကိုတော့ ၂၀၁၉ခုနှစ် နှစ်ကုန်ပိုင်းမှာ ထွက်ရှိသွားမယ်လို့ သိရပါတယ်။

LaNina

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

k-drama ခ်စ္သူေတြ ေစာင့္ၾကည့္ရဦးမယ့္ စိတ္၀င္စားစရာစီးရီးတစ္ခု ထြက္လာျပန္ပါၿပီ။ အဲ့ဒါကေတာ့ မင္းသားေခ်ာ Hyun Bin နဲ႔ မင္းသမီး Son Ye Jin တို႔ ပါ၀င္သရုပ္ေဆာင္ထားတဲ့ Crash Landing On You ဆိုတဲ့ ဒရာမာေလး ျဖစ္ပါတယ္။

ဒီဒရာမာေလးကို tvN ရုပ္သံလိုင္းက ေအာက္တုိဘာလ(၂၅)ရက္ေန႔မွာ သူတို႔ရဲ႕ကိုယ္ပိုင္ YouTube Channel မွာ teaser တင္လိုက္တာ ျဖစ္ပါတယ္။ စီးရီးကိုေတာ့ သိပ္ကိုလွပလြန္းတဲ့ ရႈခင္းေတြရိွရာ နယူးဇီလန္ႏိုင္ငံနဲ႔ မြန္ဂိုးလီးယားႏိုင္ငံေတြမွာ သြားေရာက္ရိုက္ကူးထားတာပါ။

Photo: koreaboo

ဇာတ္လမ္းအေၾကာင္းအရာေလးကေတာ့ ေတာင္ကိုရီးယားက စီးပြားေရးလုပ္ငန္းရွင္အမ်ိဳးသမီး (Son Ye Jin)နဲ႔ ေျမာက္ကိုရီးယားက အဆင့္ျမင့္ ထိပ္တန္းအရာရိွ (Hyun Bin)တို႔ၾကားက လွ်ိဳ႕၀ွက္အခ်စ္ဇာတ္လမ္းေလးအေၾကာင္း ျဖစ္ပါတယ္။ ေလေၾကာင္းခရီးသြားလာရင္း ေျမာက္ကိုရီးယားမွာ ရုတ္တရက္ ဆင္းသက္လိုက္ရတဲ့ ေကာင္မေလးကို ေျမာက္ကိုရီးယားအရာရိွက ကာကြယ္ေပးတဲ့ဇာတ္လမ္း ျဖစ္ပါတယ္။

ဒါဟာ Hyun Bin နဲ႔ Son Ye Jin တို႔ တြဲဖက္သရုပ္ေဆာင္တဲ့ ပထမဆုံးဇာတ္လမ္းတြဲေတာ့ မဟုတ္ပါဘူး။ သူတို႔ႏွစ္ေယာက္ဟာ ၂၀၁၈ခုႏွစ္တုန္းက ထြက္ရိွခဲ့တဲ့ The Negotiation ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားမွာလည္း အတူတြဲဖက္ သရုပ္ေဆာင္ခဲ့ပါေသးတယ္။ အဲ့ဒီ့ေနာက္ပိုင္း တြဲေနတယ္ဆိုတဲ့ ေကာလာဟလေတြလည္း ထြက္လာလိုက္ပါေသးတယ္။

လိုက္ဖက္တဲ့ သူတို႔ႏွစ္ေယာက္ရဲ႕ သရုပ္ေဆာင္ခ်က္ေတြနဲ႔ ဒီစီးရီးအသစ္ထဲမွာ ဘယ္လိုေတြ ရိုၾကဦးမွာလည္းဆိုတာ ေစာင့္ၾကည့္ၾကရမွာပါ။ Crash Landing On You ဒရာမာေလးကိုေတာ့ ၂၀၁၉ခုႏွစ္ ႏွစ္ကုန္ပိုင္းမွာ ထြက္ရိွသြားမယ္လို႔ သိရပါတယ္။

LaNina

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular