HomeEntertainmentFilmI Am Legend 2 ထဲမှာ Will Smith နဲ့အတူ ပါဝင်သရုပ်ဆောင်သွားမယ့် Michael B. Jordan

I Am Legend 2 ထဲမှာ Will Smith နဲ့အတူ ပါဝင်သရုပ်ဆောင်သွားမယ့် Michael B. Jordan

မကြာသေးခင်ကပဲ Warner Bros. စတူဒီယိုဟာ I Am Legend 2 ကို ဖန်တီးနေပါပြီလို့ ကြေညာလိုက်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Will Smith လည်း ပြန်လည် ပါဝင်လာမှာ ဖြစ်ပြီး မင်းသား Michael B. Jordan လည်း ပါဝင်လာဦးမယ်လို့ သိရပါတယ်။ I Am Legend ရုပ်ရှင်ကတော့ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Warner Bros. အတွက် အောင်မြင်မှုတွေများစွာ ယူဆောင်ပေးခဲ့တဲ့ ရုပ်ရှင်တစ်ကားဆိုလည်း မမှားပါဘူး။

photo via screenrant

I Am Legend 2 နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေကိုတော့ ၂၀၀၈ ခုနှစ်ကတည်းက ပြုလုပ်နေတာ ဖြစ်ပြီး အကြောင်းအမျိူးမျိူးကြောင့် နောက်ထပ် ရုပ်ရှင်တစ်ကား ထွက်မလာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ဒီရုပ်ရှင်ရဲ့ Sequel ၊ ဒါမှမဟုတ် Reboot ပြန်လည် ထွက်ရှိလာမယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။

ယခုဆိုရင်တော့ I Am Legend 2 ကို ဖန်တီးနေပြီ ဖြစ်ပြီး Will Smith လည်း ပြန်လည်ပါဝင်လာမယ်လို့ ကြေညာထားပါတယ်။ Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရ Will Smith ဟာ သရုပ်ဆောင်အနေနဲ့တင် မဟုတ်ဘဲ ထုတ်လုပ်သူအနေနဲ့ပါ ပါဝင်မှာ ဖြစ်သလို Michael B. Jordan ဟာလည်း ထုတ်လုပ်သူအဖြစ်နဲ့ရော၊ သရုပ်ဆောင်အနေနဲ့ပါ ပါဝင်သွားမယ်လို့ သိရပါတယ်။

photo via screenrant

လောလောဆယ်မှာတော့ I Am Legend 2 ကို ဖန်တီးတာဟာ ဘယ်အခြေအနေကို ရောက်နေပြီလည်းဆိုတာ မသိရသေးပါဘူး။ ဒါကြောင့်ပဲ ပရိသတ်တွေအနေနဲ့တော့ ဒီရုပ်ရှင်ကို ကြည့်ရှုနိုင်ဖို့အတွက် အချိန်တွေ ထပ်မံ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။ ပထမကားရဲ့ ဇာတ်သိမ်းမှာတော့ Will Smith ရဲ့ ဇာတ်ကောင်ဟာ သေဆုံးသွားတယ်လို့ ယူဆရပေမယ့်လည်း နောက်ထပ်တစ်ကား ထပ်ထွက်လာမှာ ဖြစ်တာကြောင့် သူဟာ တစ်နည်းနည်းနဲ့ အသက်ရှင်သွားနိုင်ပြီး ဇာတ်လမ်းကို ဆက်သွားမယ်လို့ ယူဆရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular