HomeEntertainmentFilmIkaris ဟာ နေလုံးကြီးဆီကို ဘာကြောင့်ပျံသန်းသွားတာလဲ ??? 

Ikaris ဟာ နေလုံးကြီးဆီကို ဘာကြောင့်ပျံသန်းသွားတာလဲ ??? 

***Spoiler Alert***

Eternals ရုပ်ရှင်ရဲ့ အဆုံးသတ်မှာတော့ Ikaris ဟာ နေလုံးကြီးဆီကို ပျံသန်းသွားတာ တွေ့ခဲ့ရပါတယ်။ ဒါဟာ ဘာကိုဆိုလိုတယ်ဆိုတာနဲ့ ဘာကြောင့် အခုလိုပြုလုပ်သွားတယ်ဆိုတာကို ဖော်ပြပေးချင်ပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ Ajak ဟာ Celestial ဖြစ်တဲ့ Arishem ကို အာခံချင်နေတဲ့အကြောင်း Ikaris က သိသွားတဲ့အချိန်မှာတော့ Arishem ရဲ့အမိန့်အတိုင်းပဲ ဆက်လက် လုပ်ဆောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး Ajak ကို သတ်ပစ်ခဲ့ရုံတင် မဟုတ်ဘဲ တခြား Eternal တွေကိုလည်း တစ်ယောက်တည်း ရင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ သူဟာ Sersi ကို မသတ်နိုင်တာကြောင့် Uni-Mind အဖြစ် ပေါင်းစည်းတဲ့အထဲမှာ ပါဝင်ခဲ့ပြီး ကမ္ဘာကြီးကို ကယ်တင်ခဲ့ပါတယ်။

photo via screenrant

နောက်ဆုံးမှာတော့ Ikaris ဟာ နေလုံးကြီးဆီကို ပျံသန်းသွားတာ မြင်တွေ့ခဲ့ရပါတယ်။ ဒီလိုလုပ်လိုက်ရတဲ့ အကြောင်းကတော့ သူဟာ တခြား Eternal‌ တွေကို ထိခိုက်နာကျင်စေခဲ့ပြီး သူကိုယ်တိုင် ယုံကြည်ထားတဲ့ မစ်ရှင်ကိုလည်း အောင်မြင်အောင် မပြုလုပ်နိုင်ခဲ့တာကြောင့် သူ့ကိုယ်သူ အပြစ်တင်စိတ်တွေနဲ့ အခုလိုမျိူး ကိုယ့်ကိုယ်ကို သတ်သေလိုက်တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နေလုံးဆီကို ပျံသန်းသွားတာကိုပဲ ပြသခဲ့ပြီး ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ မမြင်ခဲ့ရတာကြောင့် သူ တကယ် သေသွားပြီလားဆိုတာ ပရိသတ်တွေကြားမှာ အငြင်းပွားစရာတစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့်လည်း ဒီရုပ်ရှင်ရဲ့ ဇာတ်ညွှန်းရေးဆရာ ဖြစ်သူ Kaz Firpo က ဒီအငြင်းပွားမှုကို အဆုံးသတ်ပေးထားပါတယ်။

Photo Credit: Marvel Studios/ Disney Studios

သူ့ရဲ့ ပြောစကားအရ Ikaris ဟာ တကယ်ပဲ သေဆုံးသွားပြီလို့ သိရပါတယ်။ ဒါပေမယ့်လည်း အစောပိုင်းမှာ ဖန်တီးထားတဲ့ ဇာတ်ညွှန်းထဲမှာတော့ Ikaris ဟာ အခုလိုမျိူး ကိုယ့်ကိုယ်ကို သတ်သေသွားမှာ မဟုတ်ဘဲ နယ်နှင်ဒဏ် ပေးခံရမှာ ဖြစ်ကြောင်း ပြောပြထားပါသေးတယ်။

ဒီရုပ်ရှင်ထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Sprite ဟာ နေလုံးနားကို နီးကပ်စွာ ပျံသန်းသွားတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ပြောပြခဲ့ပါတယ်။ အဲ့ဒီပုံပြင်ထဲမှာတော့ အဲဒီကောင်လေးဟာ သူ့ရဲ့အတောင်ပံတွေက အရည်ပျော်ကျသွားပြီး သေသွားတယ်လို့ ပြောပြခဲ့ပါတယ်။

photo via screenrant

ဒီအချက်ကတော့ Ikaris ရဲ့ သေဆုံးမှုကို Foreshadow ပြသထားတာ ဖြစ်တဲ့အပြင် သူ့ရဲ့ သေဆုံးမှုကို Sprite က ကြိုတင် ဟောကိန်းထုတ်ထားသလို ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း အခုဆိုရင်တော့ MCU ဟာ Multiverse တွေကို ထည့်သွင်းနေပြီ ဖြစ်တာကြောင့် အနာဂတ် ပရောဂျက်တွေမှာတော့ Ikaris ရဲ့ Variant တွေကို မြင်တွေ့ရနိုင်ချေ ရှိပါသေးတယ်။

နောက်တစ်ချက်ကတော့ Celestial တွေဟာ Eternal တွေကို ဖန်တီးတဲ့နေရာ World Forge ကို အသုံးပြုကာ နောက်ထပ် Ikaris တစ်ယောက်ကို ထပ်မံဖန်တီးသွားနိုင်ပါသေးတယ်။ ဒီလိုဆိုရင်တော့ အသစ်ဖြစ်လာတဲ့ Ikaris ဟာ သေဆုံးသွားတဲ့ Ikaris ရဲ့ မှတ်ဉာဏ်တွေ ရှိတော့မှာ မဟုတ်ပါဘူး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular